Premier League

ေႏြရာသီအေျပာင္းအေရႊ႕ကာလကို ပရီးမီးယားလိဂ္အသင္းေတြ ျပန္လည္ျပင္ဆင္သြားဖို႔ရွိ

ပရီးမီးယားလိဂ္ကလပ္အသင္းေတြအေနနဲ႔ လာမယ့္တစ္ပတ္အတြင္းမွာ စုစည္းတုိင္ပင္ၿပီး သူတုိ႔ရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕ကာလပိတ္ရက္ကို မူလအတုိင္းျဖစ္တဲ့ ၾသဂုတ္လ ၃၁ ရက္ဆီကို ျပန္လည္ေျပာင္းေရႊ႕သြားဖို႔ ျပင္ဆင္ေနတယ္လို႔ ပရီးမီးယားလိဂ္အမွဳေဆာင္ခ်ဳပ္ ရစ္ခ်တ္ မာစတာစ္က ေျပာၾကားလုိက္ပါတယ္။

မူလရည္ရြယ္ခ်က္အရေတာ့ ပရီးမီးယားလိဂ္အသင္းအခ်င္းခ်င္း၊ အထူးသျဖင့္ အသင္းႀကီးက အသင္းငယ္ေတြဆီက ကစားသမားေတြကို ၿပဳိင္ပြဲစတင္ခ်ိန္မွာ ေခၚယူႏုိင္ျခင္းမရွိေအာင္ ပြဲစဥ္ ၁ မစတင္ခင္မွာ အေျပာင္းအေရႊ႕ကာလကို ပိတ္သိမ္းခဲ့တာလည္းျဖစ္ၿပီး ဒါက ရည္ရြယ္ခ်က္ေကာင္းေပမယ့္ လက္ရွိမွာ ျပႆနာရွိလာခဲ့ပါတယ္။

ပရီးမီးယားလိဂ္အသင္းအခ်င္းခ်င္းအတြက္ ေရးဆြဲလုိက္တဲ့ အစီအစဥ္ဟာ ကစားသမားေကာင္းေတြကို ပုိင္ဆုိင္ထားတဲ့ အသင္းေတြအေနနဲ႔ အေျပာင္းအေရႊ႕ကို သုံးပတ္ေလာက္ ထပ္မံေဆာင္ရြက္ခြင့္ရွိေနတဲ့ ဥေရာပအသင္းႀကီးေတြဆီက အႏၲရာယ္နဲ႔ ရင္ဆုိင္ေနခဲ့ရၿပီး ဒါကို ျပန္လည္သုံးသပ္သြားဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

ရစ္ခ်တ္ မာစတာစ္က သူတို႔ေတြ လက္ရွိေဆြးေႏြးထားတဲ့ ပုံစံႏွစ္မ်ဳိးရွိတယ္လို႔ ဆုိခဲ့ၿပီး တစ္ခုက ဥေရာပႏိုင္ငံေတြနဲ႔ အတူတူ ျပန္လည္ဖြင့္လွစ္ေပးလုိက္တာျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ဒီလိုေနာက္ဆုံးရက္ကို ျပန္လည္ေရႊ႕ေျပာင္းၿပီးရင္ ပရီးမီးယားလိဂ္အသင္းအခ်င္းခ်င္း အေျပာင္းအေရႊ႕ကို တားျမစ္တာမ်ဳိးျဖစ္တယ္လုိ႔လည္း ရွင္းလင္းျပသြားပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အေျပာင္းအေရႊ႕ကာလကို ေရွ႕တုိးခဲ့တာဟာ ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမွာမွ စတင္ခဲ့တာျဖစ္ၿပီး ႏွစ္ႏွစ္ၾကာျမင့္ခဲ့ခ်ိန္မွာေတာ့ ဥေရာပအသင္းေတြရဲ႕ ၿခိမ္းေျခာက္မွဳေတြ ရွိလာရင္လည္း ျပန္လည္အင္အားျဖည့္ႏုိင္ဖို႔ အသင္း ၂၀ လုံး စုစည္းၿပီး စီစဥ္ေနတာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကလပ်အသင်းတွေအနေနဲ့ လာမယ့်တစ်ပတ်အတွင်းမှာ စုစည်းတိုင်ပင်ပြီး သူတို့ရဲ့ နွေရာသီအပြောင်းအရွှေ့ကာလပိတ်ရက်ကို မူလအတိုင်းဖြစ်တဲ့ သြဂုတ်လ ၃၁ ရက်ဆီကို ပြန်လည်ပြောင်းရွှေ့သွားဖို့ ပြင်ဆင်နေတယ်လို့ ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချတ် မာစတာစ်က ပြောကြားလိုက်ပါတယ်။

မူလရည်ရွယ်ချက်အရတော့ ပရီးမီးယားလိဂ်အသင်းအချင်းချင်း၊ အထူးသဖြင့် အသင်းကြီးက အသင်းငယ်တွေဆီက ကစားသမားတွေကို ပြိုင်ပွဲစတင်ချိန်မှာ ခေါ်ယူနိုင်ခြင်းမရှိအောင် ပွဲစဉ် ၁ မစတင်ခင်မှာ အပြောင်းအရွှေ့ကာလကို ပိတ်သိမ်းခဲ့တာလည်းဖြစ်ပြီး ဒါက ရည်ရွယ်ချက်ကောင်းပေမယ့် လက်ရှိမှာ ပြဿနာရှိလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်အသင်းအချင်းချင်းအတွက် ရေးဆွဲလိုက်တဲ့ အစီအစဉ်ဟာ ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေအနေနဲ့ အပြောင်းအရွှေ့ကို သုံးပတ်လောက် ထပ်မံဆောင်ရွက်ခွင့်ရှိနေတဲ့ ဥရောပအသင်းကြီးတွေဆီက အန္တရာယ်နဲ့ ရင်ဆိုင်နေခဲ့ရပြီး ဒါကို ပြန်လည်သုံးသပ်သွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

ရစ်ချတ် မာစတာစ်က သူတို့တွေ လက်ရှိဆွေးနွေးထားတဲ့ ပုံစံနှစ်မျိုးရှိတယ်လို့ ဆိုခဲ့ပြီး တစ်ခုက ဥရောပနိုင်ငံတွေနဲ့ အတူတူ ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်ပြီး နောက်တစ်ခုကတော့ ဒီလိုနောက်ဆုံးရက်ကို ပြန်လည်ရွှေ့ပြောင်းပြီးရင် ပရီးမီးယားလိဂ်အသင်းအချင်းချင်း အပြောင်းအရွှေ့ကို တားမြစ်တာမျိုးဖြစ်တယ်လို့လည်း ရှင်းလင်းပြသွားပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ကာလကို ရှေ့တိုးခဲ့တာဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာမှ စတင်ခဲ့တာဖြစ်ပြီး နှစ်နှစ်ကြာမြင့်ခဲ့ချိန်မှာတော့ ဥရောပအသင်းတွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိလာရင်လည်း ပြန်လည်အင်အားဖြည့်နိုင်ဖို့ အသင်း ၂၀ လုံး စုစည်းပြီး စီစဉ်နေတာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.