Premier League

ေႏြရာသီမွာ အသင္းႀကီးေတြဆီ ေရာက္ရွိဖို႔မ်ားေနတဲ့ အဒါမာ ထရာအုိေရး

ပရီးမီးယားလိဂ္ကလပ္ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းအတြက္ ေျခစြမ္းျပေနတဲ့ ေတာင္ပံကစားသမား အဒါမာ ထရာအုိေရးဟာ လာမယ့္ ေႏြရာသီအေျပာင္းအေရႊ႕မွာေတာ့ အသင္းႀကီးေတြဆီ ေရာက္ဖို႔မ်ားေနၿပီး မိခင္ကလပ္အေနနဲ႔ ဆက္ထိန္းသိမ္းဖို႔ မလြယ္ေလာက္ဘူးလို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကပါတယ္။

တုိက္စစ္လုိက္ပါကစားရတဲ့ ေနာက္ခံအစြန္လူေတြအတြက္ အိပ္မက္ဆုိးတစ္ခုလည္းျဖစ္တဲ့ ထရာအုိေရးဟာ ဝုလ္ဗ္စ္တုိ႔အတြက္ ဒီရာသီမွာ အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံတုိင္း ေျခစြမ္းကို မွတ္မွတ္ထင္ထင္ ျပသထားႏုိင္ၿပီး ဒီအသက္ ၂၄ ႏွစ္အရြယ္ ေတာင္ပံကစားသမားဟာ ဒီရာသီမွာ ၿပဳိင္ပြဲစုံ သြင္းဂိုး ၅ ဂိုးနဲ႔ ဖန္တီးမွဳ ၇ ႀကိမ္ကိုလည္း ျပဳလုပ္ထားသူျဖစ္ပါတယ္။

မာလီလူမ်ဳိးမိဘေတြကေန ေမြးဖြားခဲ့တဲ့ ဘာစီလိုနာရဲ႕ လာမာစီယာအကယ္ဒမီထြက္ကစားသမားကို မိဘေတြရဲ႕ႏိုင္ငံ မာလီက ကိုယ္စားျပဳဖို႔ ေခၚယူခဲ့ဖူးေပမယ့္ ဆုံးျဖတ္ခ်က္မခ်ရေသးဘူးလို႔ ျငင္းဆန္ထားခဲ့ၿပီး လူငယ္အသင္းအဆင့္ဆင့္မွာ ကစားေပးခဲ့တဲ့ စပိန္ကိုေတာ့ ကိုယ္စားျပဳႏိုင္ေျခ မ်ားေနခဲ့ၿပီး စပိန္ရဲ႕ ေခၚယူမွဳကိုေတာ့ ဒဏ္ရာေၾကာင့္ ပါဝင္မကစားႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာေတာ့ သူ႕ကို အျမန္ႏွဳန္း၊ ေဘာလုံးအထိန္းအသိမ္း၊ အလိမ္အေခါက္နဲ႔ ႀကံ့ခိုင္မွဳေတြေၾကာင့္ “Super Jumbo”လို႔ လူသိမ်ားေနၿပီး ကြင္းလယ္ ဗဟိုကစားသမားတစ္ေယာက္ရဲ႕ ကိုယ္လုံးကိုယ္ထည္နဲ႔ ေတာင္ပံသမားတစ္ေယာက္ရဲ႕ လ်င္ျမန္မွဳကို ပုိင္ဆုိင္ထားတဲ့ ထရာအုိေရးဟာ လာမယ့္ရာသီမွာ အသင္းႀကီးေတြရဲ႕ ပစ္မွတ္ ျဖစ္လာေတာ့မွာပါ။

မစ္ဒယ္ဘေရာ့အသင္းကေန ဝုလ္ဗ္စ္အသင္းကို ေျပာင္းေရႊ႕ေၾကး ယူ႐ိုသန္း ၂၀ နဲ႔ ေရာက္ရွိလာခဲ့တဲ့ ဒီကစားသမားကို အသင္းအေနနဲ႔ ေႏြရာသီမွာ အနည္းဆုံးတန္ေၾကးႏွစ္ဆနဲ႔ ေရာင္းခ်သြားဖြယ္ရွိေနၿပီး သူ႕ရဲ႕ကစားသမားဘဝ တုိးတက္မွဳအတြက္ ေျပာင္းေရႊ႕ႏုိင္ဖြယ္လည္းရွိေနေၾကာင္း ခန္႔မွန္းရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းအတွက် ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား အဒါမာ ထရာအိုရေးဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာတော့ အသင်းကြီးတွေဆီ ရောက်ဖို့များနေပြီး မိခင်ကလပ်အနေနဲ့ ဆက်ထိန်းသိမ်းဖို့ မလွယ်လောက်ဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။

တိုက်စစ်လိုက်ပါကစားရတဲ့ နောက်ခံအစွန်လူတွေအတွက် အိပ်မက်ဆိုးတစ်ခုလည်းဖြစ်တဲ့ ထရာအိုရေးဟာ ဝုလ်ဗ်စ်တို့အတွက် ဒီရာသီမှာ အသင်းကြီးတွေနဲ့ တွေ့ဆုံတိုင်း ခြေစွမ်းကို မှတ်မှတ်ထင်ထင် ပြသထားနိုင်ပြီး ဒီအသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၅ ဂိုးနဲ့ ဖန်တီးမှု ၇ ကြိမ်ကိုလည်း ပြုလုပ်ထားသူဖြစ်ပါတယ်။

မာလီလူမျိုးမိဘတွေကနေ မွေးဖွားခဲ့တဲ့ ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီထွက်ကစားသမားကို မိဘတွေရဲ့နိုင်ငံ မာလီက ကိုယ်စားပြုဖို့ ခေါ်ယူခဲ့ဖူးပေမယ့် ဆုံးဖြတ်ချက်မချရသေးဘူးလို့ ငြင်းဆန်ထားခဲ့ပြီး လူငယ်အသင်းအဆင့်ဆင့်မှာ ကစားပေးခဲ့တဲ့ စပိန်ကိုတော့ ကိုယ်စားပြုနိုင်ခြေ များနေခဲ့ပြီး စပိန်ရဲ့ ခေါ်ယူမှုကိုတော့ ဒဏ်ရာကြောင့် ပါဝင်မကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာတော့ သူ့ကို အမြန်နှုန်း၊ ဘောလုံးအထိန်းအသိမ်း၊ အလိမ်အခေါက်နဲ့ ကြံ့ခိုင်မှုတွေကြောင့် “Super Jumbo”လို့ လူသိများနေပြီး ကွင်းလယ် ဗဟိုကစားသမားတစ်ယောက်ရဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ တောင်ပံသမားတစ်ယောက်ရဲ့ လျင်မြန်မှုကို ပိုင်ဆိုင်ထားတဲ့ ထရာအိုရေးဟာ လာမယ့်ရာသီမှာ အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်လာတော့မှာပါ။

မစ်ဒယ်ဘရော့အသင်းကနေ ဝုလ်ဗ်စ်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဒီကစားသမားကို အသင်းအနေနဲ့ နွေရာသီမှာ အနည်းဆုံးတန်ကြေးနှစ်ဆနဲ့ ရောင်းချသွားဖွယ်ရှိနေပြီး သူ့ရဲ့ကစားသမားဘဝ တိုးတက်မှုအတွက် ပြောင်းရွှေ့နိုင်ဖွယ်လည်းရှိနေကြောင်း ခန့်မှန်းရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.