Premier League Transfer News

23 Feb နံနက်ခင်းနောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ် စခိုးက ယူနိုက်တက်အနေနဲ့ လွှမ်းမိုးနိုင်တဲ့ ဗဟိုခံစစ်ကစားသမားတစ်ဦး လိုအပ်နေဆဲဖြစ်တယ်လို့ ယုံကြည်နေပြီး ဟယ်ရီ မက်ဂွိုင်းယားနဲ့ တွဲဘက်ဖြစ်လာနိုင်တဲ့ ကစားသမားမျိုးကို ခေါ်ယူသင့်တယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံကစားသမား လုခ်ရှောက အသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ လူငယ်တောင်ပံကြယ်ပွင့် အာမက် ဂျယ်လိုက မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့် မာရက်ဇ်ကို သတိရစေတယ်လို့ ဝန်ခံပြောကြားခဲ့ပြီး အံ့အားသင့်ဖွယ် ပါရမီနဲ့ အံ့အားသင့်ဖွယ် ကစားသမားဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ အတ္တလန္တာကြယ်ပွင့်ဟောင်းကို မကြာမီ ကွင်းထဲမှာ ပိုမြင်ရတော့မယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ လာမယ့်ရာသီအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပထမဦးစားပေးပွဲထွက်ခွင့်ရ ဂိုးသမားအဖြစ် သတ်မှတ်ခြင်း မခံရဘူးဆိုရင် အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ကြိုးပမ်းသွားတော့မှာဖြစ်တယ်လို့ Manchester Evening News က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီကုန်မှာ အငှားချထားတဲ့ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမား ဂျက်ဆီ လင်ဂတ်ကို ဝက်စ်ဟမ်းယူနိုက်တက်အသင်းက အလိုအလျောက် ခေါ်ယူသွားနိုင်အောင် ခွင့်ပြုပေးနိုင်မယ့် စာချုပ်ပါ အချက်ကို ခွင့်ပြုပေးဖို့ ငြင်းပယ်ခဲ့တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဝက်စ်ဟမ်း ကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်လိုမျိုး ကစားသမားကို ခေါ်ယူဖို့ လိုအပ်တယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာ ခရောက်ချ်က ပြောကြားခဲ့ပြီး ဂျက်ဆီ လင်ဂတ်ဟာ ပြောင်းရွှေ့ကြေးအပြင် ကစားသမားအလိုက်ပေး ကမ်းလှမ်းမှုမှာ အသုံးပြုခံရနိုင်တယ်လို့ ခန့်မှန်းပြောကြားခဲ့။

-ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ခြိမ်းခြောက်ခြင်းခံနေရတဲ့ ဒေးဗစ် ဒဟေးယားကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ Calciomercato က ဖော်ပြခဲ့ပြီး မိုနာကို၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း စပိန်လက်ရွေးစင်ဂိုးသမားကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယို ဖာဒီနန်က ဝက်စ်ဟမ်းမှာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေတဲ့ ဂျက်ဆီလင်ဂတ်ကို အိုးထရက်ဖို့ဒ်မှာ ဒုတိယအခွင့်အရေး ကမ်းလှမ်းခြင်းခံခဲ့ရရင်တောင် ဆက်မနေဘဲ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ တောင်းဆိုခဲ့ပြီး အခြားကစားသမားတွေနောက်မှာ ဒုတိယဦးစားပေးပွဲထွက်ကစားသမားအဖြစ် ကစားဖို့ အရမ်းကောင်းလွန်းနေတယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ဒါဘီကောင်တီနည်းပြ ဝိန်း ရွန်နီနဲ့ ဆက်သွယ်ခဲ့ပြီးနောက် ဒါဘီကောင်တီ လူငယ်ကစားသမား ၃ ဦးကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပြီး အသက် ၁၅ နှစ်အောက် ကစားသမား ၃ ဦးကို စုစုပေါင်း ပေါင် ၇၅၀၀၀၀ နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ The Athletic က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ကလေတန် ဘလက်မိုးက ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဖြစ် စတင်တာဝန်ယူကိုင်တွယ်ခဲ့တုန်းက အသင်းမှာ ဝန်ထမ်းမရှိတာကြောင့် ကစားသမားတွေရဲ့ခြေထောက်ကို နှိပ်နယ်ပေးပြီး အကူအညီ ပေးခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ကြင္းလယ္ကစားသမား ေပါလ္ စခိုးက ယူနိုက္တက္အေနနဲ႔ လႊမ္းမိုးနိုင္တဲ့ ဗဟိုခံစစ္ကစားသမားတစ္ဦး လိုအပ္ေနဆဲျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး ဟယ္ရီ မက္ဂြိဳင္းယားနဲ႔ တြဲဘက္ျဖစ္လာနိုင္တဲ့ ကစားသမားမ်ိဳးကို ေခၚယူသင့္တယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဘယ္ေနာက္ခံကစားသမား လုခ္ေရွာက အသင္းရဲ့ ကစားသမားသစ္ျဖစ္တဲ့ လူငယ္ေတာင္ပံၾကယ္ပြင့္ အာမက္ ဂ်ယ္လိုက မန္ခ်က္စတာစီးတီးေတာင္ပံၾကယ္ပြင့္ မာရက္ဇ္ကို သတိရေစတယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး အံ့အားသင့္ဖြယ္ ပါရမီနဲ႔ အံ့အားသင့္ဖြယ္ ကစားသမားျဖစ္တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ အတၱလႏၲာၾကယ္ပြင့္ေဟာင္းကို မၾကာမီ ကြင္းထဲမွာ ပိုျမင္ရေတာ့မယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဂိုးသမား ဒင္း ဟန္ဒါဆန္ဟာ လာမယ့္ရာသီအတြက္ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ပထမဦးစားေပးပြဲထြက္ခြင့္ရ ဂိုးသမားအျဖစ္ သတ္မွတ္ျခင္း မခံရဘူးဆိုရင္ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ ႀကိဳးပမ္းသြားေတာ့မွာျဖစ္တယ္လို႔ Manchester Evening News က ေဖာ္ျပခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယခုရာသီကုန္မွာ အငွားခ်ထားတဲ့ အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္ကစားသမား ဂ်က္ဆီ လင္ဂတ္ကို ဝက္စ္ဟမ္းယူနိုက္တက္အသင္းက အလိုအေလ်ာက္ ေခၚယူသြားနိုင္ေအာင္ ခြင့္ျပဳေပးနိုင္မယ့္ စာခ်ဳပ္ပါ အခ်က္ကို ခြင့္ျပဳေပးဖို႔ ျငင္းပယ္ခဲ့တယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ ဝက္စ္ဟမ္း ကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ရိုက္စ္လိုမ်ိဳး ကစားသမားကို ေခၚယူဖို႔ လိုအပ္တယ္လို႔ အဂၤလန္တိုက္စစ္မႉးေဟာင္း ပီတာ ခေရာက္ခ်္က ေျပာၾကားခဲ့ၿပီး ဂ်က္ဆီ လင္ဂတ္ဟာ ေျပာင္းေရႊ႕ေၾကးအျပင္ ကစားသမားအလိုက္ေပး ကမ္းလွမ္းမႈမွာ အသုံးျပဳခံရနိုင္တယ္လို႔ ခန႔္မွန္းေျပာၾကားခဲ့။

-ဂ်ဴဗင္တပ္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္အတြက္ ၿခိမ္းေျခာက္ျခင္းခံေနရတဲ့ ေဒးဗစ္ ဒေဟးယားကို ေခၚယူဖို႔ ႀကိဳးပမ္းေနတယ္လို႔ Calciomercato က ေဖာ္ျပခဲ့ၿပီး မိုနာကို၊ ပီအက္စ္ဂ်ီ၊ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ကလည္း စပိန္လက္ေရြးစင္ဂိုးသမားကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနတယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ရီယို ဖာဒီနန္က ဝက္စ္ဟမ္းမွာ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိေနတဲ့ ဂ်က္ဆီလင္ဂတ္ကို အိုးထရက္ဖို႔ဒ္မွာ ဒုတိယအခြင့္အေရး ကမ္းလွမ္းျခင္းခံခဲ့ရရင္ေတာင္ ဆက္မေနဘဲ မန္ခ်က္စတာယူနိုက္တက္ကို စြန႔္ခြာဖို႔ ေတာင္းဆိုခဲ့ၿပီး အျခားကစားသမားေတြေနာက္မွာ ဒုတိယဦးစားေပးပြဲထြက္ကစားသမားအျဖစ္ ကစားဖို႔ အရမ္းေကာင္းလြန္းေနတယ္လို႔ ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အသင္းရဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ ဒါဘီေကာင္တီနည္းၿပ ဝိန္း ရြန္နီနဲ႔ ဆက္သြယ္ခဲ့ၿပီးေနာက္ ဒါဘီေကာင္တီ လူငယ္ကစားသမား ၃ ဦးကို အၿပီးသတ္ေခၚယူဖို႔ ျပင္ဆင္ေနၿပီျဖစ္ၿပီး အသက္ ၁၅ ႏွစ္ေအာက္ ကစားသမား ၃ ဦးကို စုစုေပါင္း ေပါင္ ၇၅၀၀၀၀ နဲ႔ ေခၚယူနိုင္ဖို႔ နီးစပ္ေနၿပီလို႔ The Athletic က ေဖာ္ျပခဲ့။

-မန္ခ်က္စတာယူနိုက္တက္ကစားသမားေဟာင္း ကေလတန္ ဘလက္မိုးက ဆာအဲလက္စ္ဖာဂူဆန္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းနည္းျပအျဖစ္ စတင္တာဝန္ယူကိုင္တြယ္ခဲ့တုန္းက အသင္းမွာ ဝန္ထမ္းမရွိတာေၾကာင့္ ကစားသမားေတြရဲ့ေျခေထာက္ကို ႏွိပ္နယ္ေပးၿပီး အကူအညီ ေပးခဲ့တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.