Premier League

23 Feb နေ့လယ်ခင်းနောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ဂရေမီ ဆောင်းနက်စ်က ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မေဆန် မောင့်ဟာ နည်းပြ သောမတ်စ် တူဟယ်လက်အောက် ချဲလ်ဆီးအသင်းမှာ ထိပ်တန်းကစားသမားအဖြစ် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် လိုအပ်တဲ့အရည်အသွေးတွေအားလုံးရှိတဲ့ ကစားသမားလို့ ယုံကြည်နေပြီး အလွန်ကောင်းမွန်တဲ့နည်းစနစ်ပိုင်းနဲ့ အားကစားသမားပီသမှုတို့ရှိသူဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ဟတ်ဒ်ဆန်-အိုဒွိုင်းကို လူစားလဲလှယ်ခဲ့တာက ပြင်းထန်လွန်းခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပြီး အသက် ၂၀ အရွယ် တောင်ပံကစားသမားအနေနဲ့ ပွဲထွက်ကစားတဲ့အတိုင်းပဲ လူစားဝင်ကစားတဲ့အခါမှာလည်း အသင်းအတွက် အားကိုးရတဲ့သူဆိုတာကို ပြသဖို့လိုတယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲမတိုင်မီ တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်ကို ချီးကျူးစကားပြောကြားခဲ့ပြီး တူဟယ်က လီဗာပူးလ်ကြယ်ပွင့်ဟောင်းရဲ့ ပရိသတ်ဖြစ်ခဲ့တာ ဟိုးအရင်ကတည်းကဖြစ်ပြီး ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းဟာ လာမယ့် နွေရာသီမှာ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းကို ကြီးမားတဲ့ငွေကြေးပမာဏနဲ့ အပြောင်းအရွှေ့ မပြုလုပ်နိုင်ခဲ့ဘူးဆိုရင် လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မယ့် အခွင့်အရေးကို လွဲချော်လိမ့်မယ်လို့ ပီတာ ခရောက်ချ်က သတိပေးပြောကြားခဲ့ပြီး ဒေါ့မွန်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံဝင်ခွင့်မရရှိခဲ့ဘူးဆိုရင် နော်ဝေကြယ်ပွင့်ကို ရောင်းထုတ်သွားဖွယ်ရှိတယ်လို့ သိရ။

-ချဲလ်ဆီးတိုက်စစ်မှူး တီမို ဗာနာဟာ ပြီးခဲ့တဲ့နွေရာသီမှာ စတန်းဖို့ဒ်ဘရစ်ဂျ်ကို ရောက်ရှိခဲ့တဲ့အချိန်ကတည်းက အသားကျဖို့ ခက်ခဲနေခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ပြင်းထန်မှုကို အံ့အားသင့်မိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖိအားတွေအားလုံးကို လွှတ်ချပြီး ဂိုးသွင်းမယူနိုင်သေးသရွေ့ စူပါတိုက်စစ်မှူးလို့ ခေါ်လို့ မရဘူးဆိုတာကို သတိပြုမိခဲ့တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးနောက်ခံကစားသမားဟောင်းဖြစ်တဲ့ ဖိလစ်ပီ လူးဝစ္စက လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလားဟာ ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေအားလုံးကို ငြင်းပယ်ခဲ့ပြီး အီဂျစ်တိုက်စစ်မှူးဟာ လေ့ကျင့်ရေးမှာ လီယွန်နယ် မက်ဆီလိုမျိုး ကစားခဲ့ပေမယ့်လည်း နည်းပြဟောင်းဟိုဆေး မော်ရင်ညိုရဲ့ ရောင်းထုတ်ခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့။

-အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဒီယေဂို ဆီမြွန်နီက ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် ယနေ့ညယှဉ်ပြိုင်ကစားမယ့်ပွဲမတိုင်မီ ချီးကျူးပြောကြားမှုတွေ ပြုလုပ်ခဲ့ပြီး ပီအက်စ်ဂျီနည်းပြဟောင်းဟာ ချဲလ်ဆီးကို စတင်ရောက်ရှိလာတဲ့အချိန်ကတည်းက အလွန်ကောင်းမွန်တဲ့အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့။

ချဲလ်ဆီးဝါရင့်နောက်ခံကစားသမား အက်ဇ်ပလီကွေတာက အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့လောက်ကို ကောင်းမွန်တဲ့အသင်းလို့ ယုံကြည်နေပြီး ထိပ်တန်းအရည်အသွေးရှိကစားသမားတွေနဲ့ ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိတဲ့ အလွန်ကျစ်လစ်တဲ့အသင်းဖြစ်တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-ဂေရမီ ေဆာင္းနက္စ္က ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ေမဆန္ ေမာင့္ဟာ နည္းၿပ ေသာမတ္စ္ တူဟယ္လက္ေအာက္ ခ်ဲလ္ဆီးအသင္းမွာ ထိပ္တန္းကစားသမားအျဖစ္ ဖြံ့ၿဖိဳးတိုးတက္လာဖို႔အတြက္ လိုအပ္တဲ့အရည္အေသြးေတြအားလုံးရွိတဲ့ ကစားသမားလို႔ ယုံၾကည္ေနၿပီး အလြန္ေကာင္းမြန္တဲ့နည္းစနစ္ပိုင္းနဲ႔ အားကစားသမားပီသမႈတို႔ရွိသူျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္မွာ ဟတ္ဒ္ဆန္-အိုဒြိဳင္းကို လူစားလဲလွယ္ခဲ့တာက ျပင္းထန္လြန္းခဲ့တာျဖစ္ေကာင္းျဖစ္နိုင္တယ္လို႔ ေျပာၾကားခဲ့ၿပီး အသက္ ၂၀ အရြယ္ ေတာင္ပံကစားသမားအေနနဲ႔ ပြဲထြက္ကစားတဲ့အတိုင္းပဲ လူစားဝင္ကစားတဲ့အခါမွာလည္း အသင္းအတြက္ အားကိုးရတဲ့သူဆိုတာကို ျပသဖို႔လိုတယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က ယေန႔ည ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ အက္သလက္တီကိုမက္ဒရစ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ပြဲမတိုင္မီ တိုက္စစ္မႉး လူးဝစၥ ဆြာရက္ဇ္ကို ခ်ီးက်ဴးစကားေျပာၾကားခဲ့ၿပီး တူဟယ္က လီဗာပူးလ္ၾကယ္ပြင့္ေဟာင္းရဲ့ ပရိသတ္ျဖစ္ခဲ့တာ ဟိုးအရင္ကတည္းကျဖစ္ၿပီး ဘာစီလိုနာအသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ၿပီးခဲ့တဲ့ေႏြရာသီတုန္းကလည္း ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးအသင္းဟာ လာမယ့္ ေႏြရာသီမွာ ေဒါ့မြန္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းကို ႀကီးမားတဲ့ေငြေၾကးပမာဏနဲ႔ အေျပာင္းအေရႊ႕ မျပဳလုပ္နိုင္ခဲ့ဘူးဆိုရင္ လာမယ့္ရာသီ ပရီးမီးယားလိဂ္ဖလားကို ရရွိနိုင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္လိမ့္မယ္လို႔ ပီတာ ခေရာက္ခ်္က သတိေပးေျပာၾကားခဲ့ၿပီး ေဒါ့မြန္အသင္းဟာ လာမယ့္ရာသီ ခ်န္ပီယံဝင္ခြင့္မရရွိခဲ့ဘူးဆိုရင္ ေနာ္ေဝၾကယ္ပြင့္ကို ေရာင္းထုတ္သြားဖြယ္ရွိတယ္လို႔ သိရ။

-ခ်ဲလ္ဆီးတိုက္စစ္မႉး တီမို ဗာနာဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ စတန္းဖို႔ဒ္ဘရစ္ဂ်္ကို ေရာက္ရွိခဲ့တဲ့အခ်ိန္ကတည္းက အသားက်ဖို႔ ခက္ခဲေနခဲ့တဲ့ ပရီးမီးယားလိဂ္ရဲ့ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ ျပင္းထန္မႈကို အံ့အားသင့္မိခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဖိအားေတြအားလုံးကို လႊတ္ခ်ၿပီး ဂိုးသြင္းမယူနိုင္ေသးသေရြ႕ စူပါတိုက္စစ္မႉးလို႔ ေခၚလို႔ မရဘူးဆိုတာကို သတိျပဳမိခဲ့တယ္လို႔ ေျပာၾကားခဲ့။

-ခ်ဲလ္ဆီးေနာက္ခံကစားသမားေဟာင္းျဖစ္တဲ့ ဖိလစ္ပီ လူးဝစၥက လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ဆာလားဟာ ခ်ဲလ္ဆီးမွာ ႐ုန္းကန္ခဲ့ရတယ္ဆိုတဲ့ ေျပာဆိုမႈေတြအားလုံးကို ျငင္းပယ္ခဲ့ၿပီး အီဂ်စ္တိုက္စစ္မႉးဟာ ေလ့က်င့္ေရးမွာ လီယြန္နယ္ မက္ဆီလိုမ်ိဳး ကစားခဲ့ေပမယ့္လည္း နည္းျပေဟာင္းဟိုေဆး ေမာ္ရင္ညိဳရဲ့ ေရာင္းထုတ္ျခင္းကို ခံခဲ့ရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-အက္သလက္တီကိုမက္ဒရစ္အသင္းနည္းၿပ ဒီေယဂို ဆီႁမြန္နီက ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္ကို ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ယေန႔ညယွဥ္ၿပိဳင္ကစားမယ့္ပြဲမတိုင္မီ ခ်ီးက်ဴးေျပာၾကားမႈေတြ ျပဳလုပ္ခဲ့ၿပီး ပီအက္စ္ဂ်ီနည္းျပေဟာင္းဟာ ခ်ဲလ္ဆီးကို စတင္ေရာက္ရွိလာတဲ့အခ်ိန္ကတည္းက အလြန္ေကာင္းမြန္တဲ့အေျပာင္းအလဲေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ေျပာၾကားခဲ့။

ခ်ဲလ္ဆီးဝါရင့္ေနာက္ခံကစားသမား အက္ဇ္ပလီေကြတာက အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ေလာက္ကို ေကာင္းမြန္တဲ့အသင္းလို႔ ယုံၾကည္ေနၿပီး ထိပ္တန္းအရည္အေသြးရွိကစားသမားေတြနဲ႔ ဘယ္လိုကစားရမလဲဆိုတာ ေကာင္းေကာင္းသိတဲ့ အလြန္က်စ္လစ္တဲ့အသင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.