Premier League Transfer News

23 Feb နေ့လယ်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို အရခေါ်ယူနိုင်လိမ့်မယ်လို့ အတိတ်က ဆက်နွယ်မှုတွေနဲ့ ကစားခွင့် အပြည့်အဝ ပေးနိုင်တဲ့ အခြေအနေတွေအရ ကျွမ်းကျင်သူတွေ ခန့်မှန်းခဲ့ကြပြီး ရီးရဲလ်၊ ဘာဆာ၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့ကို နောက်ကောက်ချနိုင်မယ်လို့ အလေးပေးနေကြ။

– ပြီးခဲ့တဲ့ အာဆင်နယ်အသင်းကို အမ်းမရိတ်မှာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ် ၁၁ ပွဲအထိ နိုင်ပွဲဆက်ခဲ့တဲ့ မန်ချက်စတာစီးတီး အသင်းအနေနဲ့ ၂၀၁၇ မှာ နှစ်ရာသီပေါင်းပြီး ရယူခဲ့တဲ့ စံချိန်ဟောင်းကို ၂၀၂၀-၂၁ တစ်ရာသီအတွင်းမှာ ရယူခဲ့တဲ့ စံချိန်သစ်နဲ့ တူညီနိုင်ခဲ့။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လက်ထောက်အသင်းခေါင်းဆောင် ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားကို စာချုပ်သက်တမ်းတိုးဖို့ ထပ်မံကြိုးစားနေပြီး ဘယ်လ်ဂျီယမ်သားကို အစ်တီဟတ်ကွင်းမှာ ကစားသမားဘဝက အနားယူတဲ့အထိ ဆက်လက်ထိန်းသိမ်းသွားဖို့ စီစဉ်နေ။

– ဒီရာသီမှာ အသင်းအတွက် အပြည့်အဝ ပါဝင်ကစားရသေးခြင်းမရှိတဲ့ မန်စီးတီးရဲ့ ထာဝရဂိုးသွင်းဘုရင် ဝါရင့်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို လာမယ့်ပွဲတွေမှာ ပွဲထွက်လူစာရင်းထဲကို ထည့်သွင်းနိုင်ဖို့ မိမိအနေနဲ့ အထူးမျှော်လင့်နေတယ်လို့ နည်းပြ ပက်ပ် ဂွါဒီယိုလာ ပြောကြား။

– ဗြိတိန်အစိုးရရဲ့ ကိုဗစ်စည်းမျဉ်း ဖြေလျှော့မှုဖြစ်တဲ့ အားကစားကွင်းတွေထဲကို ပရိသတ်တွေ စတင်ဝင်ရောက်နိုင်မယ့် မေလ ၁၇ ရက်နေ့ကို အားလုံးက မျှော်လင့်နေကြပြီး ဘောလုံးကစားနည်းအတွက် စတင်ခွင့်ပြုမယ့် မေလ ၂၃ ရက်နေ့၊ အဲဗာတန်နဲ့ ပွဲစဉ်မှာ မန်စီးတီးပရိသတ်တွေအနေနဲ့ အစ်တီဟတ်မှာ အားပေးနိုင်ဖို့ ရင်ခုန်နေကြ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ကို ဗိုလ်စွဲကောင်း ဗိုလ်စွဲနိုင်ပေမယ့် ပြီးခဲ့တဲ့ ရာသီက မိမိတို့ လုပ်ပြခဲ့သလို ထူးခြားကောင်းမွန်ပြီး အပြစ်ဆိုစရာ မရှိတဲ့ စွမ်းဆောင်ရည်မျိုးကိုတော့ ရရှိဖို့ လွယ်မှာ မဟုတ်ဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ထိုးနှက်သွားခဲ့။

– နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ဥရောပအသင်းကြီးလေးသင်းက စိတ်ဝင်စားနေပြီး ဘာစီလိုနာ၊ ပါရီစိန့်ဂျာမိန်း၊ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတို့ ပြိုင်ဆိုင်နေကြ။

– အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုက လာမယ့်ရာသီကုန်ချိန်ကို မရောက်မချင်း သူ့ရဲ့ စာချုပ်အတွက် စဉ်းစားဦးမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပြီး အသက် ၃၅ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူအနေနဲ့ မန်စီးတီးကစားသမားဘဝကို လာမယ့်ရာသီမှာ တိုးမြှင့်ဖို့ စိတ်ကူးခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ ရှက်ခ်တာဒိုးနက်စ်ခ်ကစားသမားဘဝ ရှစ်ရာသီစံချိန်ကို ချိုးဖျက်နိုင်ဖို့ရှိနေ။

– အရပ် ၅ ပေ ၇ လက်မနဲ့ မလွယ်ကူတဲ့ ဂိုးတစ်ဂိုးကို သွင်းပြနိုင်ခဲ့တာက ပျော်စရာကောင်းတယ်လို့ မန်ချက်စတာစီးတီးတောင်ပံသမား ရာဟင်းမ် စတာလင်က အာဆင်နယ်နဲ့ပွဲက ခေါင်းတိုက်ဂိုးကို ရည်ရွယ်ပြောကြားလိုက်ပြီး ဒီလိုမျိုးဂိုးတွေ သွင်းယူရတာဟာ သူ့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အပိုဆုလို့လည်း ဆိုသွားခဲ့။

– လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ မန်ချက်စတာစီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ရင်ဆိုင်ရမယ့် မွန်ချန်ဂလာဘတ်ချ် ဘယ်နောက်ခံလူ ရာမီ ဘင်ဆီဘိုင်နီက လက်ရွေးစင်အသင်းဖော် ရီယက် မာရက်ဇ်ကို ထိန်းချုပ်ရတာ မလွယ်ကြောင်းနဲ့ ပွဲအတွင်းမှာ သူဘာလုပ်မယ် ဆိုတာကို ခန်မှန်းဖို့ ခက်ခဲကြောင်း ပြောကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို အရေခၚယူႏိုင္လိမ့္မယ္လို႔ အတိတ္က ဆက္ႏြယ္မႈေတြနဲ႔ ကစားခြင့္ အျပည့္အဝ ေပးႏိုင္တဲ့ အေျခအေနေတြအရ ကြၽမ္းက်င္သူေတြ ခန႔္မွန္းခဲ့ၾကၿပီး ရီးရဲလ္၊ ဘာဆာ၊ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ေနာက္ေကာက္ခ်ႏိုင္မယ္လို႔ အေလးေပးေနၾက။

– ၿပီးခဲ့တဲ့ အာဆင္နယ္အသင္းကို အမ္းမရိတ္မွာ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ပရီးမီးယားလိဂ္ ၁၁ ပြဲအထိ ႏိုင္ပြဲဆက္ခဲ့တဲ့ မန္ခ်က္စတာစီးတီး အသင္းအေနနဲ႔ ၂၀၁၇ မွာ ႏွစ္ရာသီေပါင္းၿပီး ရယူခဲ့တဲ့ စံခ်ိန္ေဟာင္းကို ၂၀၂၀-၂၁ တစ္ရာသီအတြင္းမွာ ရယူခဲ့တဲ့ စံခ်ိန္သစ္နဲ႔ တူညီႏိုင္ခဲ့။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လက္ေထာက္အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ထပ္မံႀကိဳးစားေနၿပီး ဘယ္လ္ဂ်ီယမ္သားကို အစ္တီဟတ္ကြင္းမွာ ကစားသမားဘဝက အနားယူတဲ့အထိ ဆက္လက္ထိန္းသိမ္းသြားဖို႔ စီစဥ္ေန။

– ဒီရာသီမွာ အသင္းအတြက္ အျပည့္အဝ ပါဝင္ကစားရေသးျခင္းမရွိတဲ့ မန္စီးတီးရဲ႕ ထာဝရဂိုးသြင္းဘုရင္ ဝါရင့္တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို လာမယ့္ပြဲေတြမွာ ပြဲထြက္လူစာရင္းထဲကို ထည့္သြင္းႏိုင္ဖို႔ မိမိအေနနဲ႔ အထူးေမွ်ာ္လင့္ေနတယ္လို႔ နည္းျပ ပက္ပ္ ဂြါဒီယိုလာ ေျပာၾကား။

– ၿဗိတိန္အစိုးရရဲ႕ ကိုဗစ္စည္းမ်ဥ္း ေျဖေလွ်ာ့မႈျဖစ္တဲ့ အားကစားကြင္းေတြထဲကို ပရိသတ္ေတြ စတင္ဝင္ေရာက္ႏိုင္မယ့္ ေမလ ၁၇ ရက္ေန႔ကို အားလုံးက ေမွ်ာ္လင့္ေနၾကၿပီး ေဘာလုံးကစားနည္းအတြက္ စတင္ခြင့္ျပဳမယ့္ ေမလ ၂၃ ရက္ေန႔၊ အဲဗာတန္နဲ႔ ပြဲစဥ္မွာ မန္စီးတီးပရိသတ္ေတြအေနနဲ႔ အစ္တီဟတ္မွာ အားေပးႏိုင္ဖို႔ ရင္ခုန္ေနၾက။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္ကို ဗိုလ္စြဲေကာင္း ဗိုလ္စြဲႏိုင္ေပမယ့္ ၿပီးခဲ့တဲ့ ရာသီက မိမိတို႔ လုပ္ျပခဲ့သလို ထူးျခားေကာင္းမြန္ၿပီး အျပစ္ဆိုစရာ မရွိတဲ့ စြမ္းေဆာင္ရည္မ်ိဳးကိုေတာ့ ရရွိဖို႔ လြယ္မွာ မဟုတ္ဘူးလို႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ထိုးႏွက္သြားခဲ့။

– ေႏြရာသီမွာ စာခ်ဳပ္ကုန္ဆုံးမယ့္ အသက္ ၃၂ ႏွစ္အ႐ြယ္ အာဂ်င္တီးနားဝါရင့္တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူသြားဖို႔ ဥေရာပအသင္းႀကီးေလးသင္းက စိတ္ဝင္စားေနၿပီး ဘာစီလိုနာ၊ ပါရီစိန႔္ဂ်ာမိန္း၊ ဂ်ဴဗင္တပ္စ္နဲ႔ အင္တာမီလန္အသင္းတို႔ ၿပိဳင္ဆိုင္ေနၾက။

– အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳက လာမယ့္ရာသီကုန္ခ်ိန္ကို မေရာက္မခ်င္း သူ႔ရဲ႕ စာခ်ဳပ္အတြက္ စဥ္းစားဦးမွာ မဟုတ္ဘူးလို႔ ေျပာၾကားလိုက္ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ ဘရာဇီးလ္ကြင္းလယ္လူအေနနဲ႔ မန္စီးတီးကစားသမားဘဝကို လာမယ့္ရာသီမွာ တိုးျမႇင့္ဖို႔ စိတ္ကူးခဲ့မယ္ဆိုရင္ေတာ့ သူ႔ရဲ႕ ရွက္ခ္တာဒိုးနက္စ္ခ္ကစားသမားဘဝ ရွစ္ရာသီစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔ရွိေန။

– အရပ္ ၅ ေပ ၇ လက္မနဲ႔ မလြယ္ကူတဲ့ ဂိုးတစ္ဂိုးကို သြင္းျပႏိုင္ခဲ့တာက ေပ်ာ္စရာေကာင္းတယ္လို႔ မန္ခ်က္စတာစီးတီးေတာင္ပံသမား ရာဟင္းမ္ စတာလင္က အာဆင္နယ္နဲ႔ပြဲက ေခါင္းတိုက္ဂိုးကို ရည္႐ြယ္ေျပာၾကားလိုက္ၿပီး ဒီလိုမ်ိဳးဂိုးေတြ သြင္းယူရတာဟာ သူ႔အတြက္ စိတ္လႈပ္ရွားစရာေကာင္းတဲ့ အပိုဆုလို႔လည္း ဆိုသြားခဲ့။

– လာမယ့္ ဗုဒၶဟူးေန႔ညမွာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ရင္ဆိုင္ရမယ့္ မြန္ခ်န္ဂလာဘတ္ခ်္ ဘယ္ေနာက္ခံလူ ရာမီ ဘင္ဆီဘိုင္နီက လက္ေ႐ြးစင္အသင္းေဖာ္ ရီယက္ မာရက္ဇ္ကို ထိန္းခ်ဳပ္ရတာ မလြယ္ေၾကာင္းနဲ႔ ပြဲအတြင္းမွာ သူဘာလုပ္မယ္ ဆိုတာကို ခန္မွန္းဖို႔ ခက္ခဲေၾကာင္း ေျပာၾကားသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.