Premier League Transfer News

23 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးကို ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ပေပေနဲ့ အော်ဒီဂွါဒ်တို့ကို သုံးစွဲကို ကစားကွက်က တစ်လွဲဖြစ်ခဲ့ကြောင်းနဲ့ တကယ်တမ်းမှာ အာတီတာ စဉ်းစားရမှာက စမစ်ရိုး၊ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ သုံးဦးကို လူမှန်နေရာမှန် ချထားနိုင်အောင်ပဲ လုပ်ဆောင်ရမှာဖြစ်ကြောင်း အသင်းဂန္ထဝင် အီယန်ရိုက် ထောက်ပြသွား။

– အာဆင်နယ်အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ သူ့ရဲ့ အကောင်းဆုံးအချိန်တွေက ကျော်လွန်သွားပြီ ဖြစ်ပြီး အသင်းကြီးနောက်ခံလူတွေတိုင်းက သူ့ကို အနိုင်ကျင့်နေခဲ့သလို တစ်ဖက်ခံစစ်ကို တစ်ဦးချင်း ကျော်ပြေးတာမျိုးလည်း မလုပ်နိုင်တော့ဘူးလို့ ဂျေမီ ရက်ဒ်နက်ပ် ဝေဖန်သွား။

– မန်စီးတီးကို ပေးခဲ့ရတဲ့ ဂိုးအတွက် နောက်ခံလူ ဟိုးလ်ဒင်းကို အသင်းရဲ့ ရှုံးပွဲမရှိ ဂန္ထဝင် မာတင် ကီးယွန်းက ဝေဖန်လိုက်ပြီး စတာလင်ကို ပထမဆုံးအနေနဲ့ မမီရင်တောင် တတ်နိုင်သလောက် လိုက်လံဖိအားပေးရမယ့် နောက်တန်းတစ်ယောက်ရဲ့ တာဝန်ကို ပျက်ကွက်ခဲ့တယ်လို့ ဒေးလီးမေးလ်မှာ ရေးသား။

– လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ပေမယ့် မန်စီးတီးနဲ့ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ မာတင် အော်ဒီဂွါဒ်ကို စမစ်ရိုးရှေ့က ကျော်သုံးပြီး ကွင်းလယ်အထိုင်ကို ဖျက်ဆီးတာမျိုး မဖြစ်သင့်သလို သူဟာ ဂန်းနားတွေအတွက် အငှားပြီးရင် ပြန်ပို့ရမယ့် ကစားသမားမျိုးပဲဖြစ်တယ်လို့ အာဆင်နယ်နဲ့ အင်္ဂလန်အမျိုးသမီး လက်ရွေးစင်နောက်ခံလူဟောင်း အဲလက်စ် စကော့က BT Sport မှာ ဝေဖန်သွား။

– အသင်းရဲ့ နောက်ပိုင်းပွဲတွေမှာ ပုံမှန်အတွဲအဖက်တွေဖြစ်ခဲ့ကြတဲ့ ဟိုးလ်ဒင်း၊ ဒေးဗစ် လူးဝစ်ဇ်နဲ့ ဂါဘရီယယ်လ်တို့ သုံးဦးထဲက နှစ်ဦးကို အလှည့်ကျ ရွေးချယ်နေမှုကို ဖျက်ပြီး ပါဘလို မာရီကို ပြန်လည်ထည့်သွင်းခဲ့တဲ့ မန်စီးတီးနဲ့ပွဲက အာတီတာရဲ့ ရွေးချယ်မှုက အသင်းကို ယူရိုတစ်သန်း ကုန်ကျစေရုံထက် မပိုဘူးလို့ ဝေဖန်နေကြ။

– အာဆင်နယ်အသင်းနဲ့ လာလီဂါအသင်းကြီးတွေက အလိုရှိနေခဲ့ကြတဲ့ သူတို့ရဲ့ လူငယ်တိုက်စစ်မှူး ဘရိုင်ယန် ဟေးလ်ကို ဈေးပေါပေါနဲ့ ရဖို့ မမျှော်လင့်နဲ့လို့ ဆီဗီလာဥက္ကဌ ဟိုဆေး ကတ်စ်ထရိုက သတိပေးလိုက်ပြီး ကစားသမားမှာ အသင်းနဲ့ ပေါင်သန်း ၁၃၀ တန် လျော်ကြေးစာချုပ်ရှိတယ်လို့ ထုတ်ဖော်သွား။

– သီယာရီ အွန်နရီအနေနဲ့ ဘုန်းမောက်အသင်းကို ပြောင်းရွှေ့ဖို့ မလောသင့်ကြောင်းနဲ့ သူ့အနေနဲ့ စောင့်နိုင်မယ်ဆိုရင် လာမယ့် နွေရာသီမှာ အသင်းဟောင်း အာဆင်နယ်ကို ပြန်လည်ကိုင်တွယ်ခွင့်ရှိနိုင်တယ်လို့ နည်းပြ အာတီတာရဲ့ ဆိုးရွားတဲ့ ရလဒ်တွေကို စိတ်ပျက်နေတဲ့ အားပေးသူဝက်ဘ်ဆိုက်တစ်ခု ရေးသား။

– ဘန်လေနဲ့ပွဲမှာ ဝက်စ်ဘရွန်းကွင်းလယ်ကနေ ခြေစွမ်းပြနိုင်ခဲ့တဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်သာ လာမယ့်ရာသီမှာ အငှားနဲ့ ပြန်လာပြီး အသင်းမှာ ဆက်ကစားခဲ့မယ်ဆိုရင် ကွင်းလယ်မှာ အားကိုးနိုင်မှာဖြစ်ကြောင်း အင်္ဂလန်လက်ရွေးစင်ကို စောင့်ကြည့်နေကြတဲ့ အာဆင်နယ်ပရိသတ်တွေ ချီးကျူးခဲ့ကြ။

– မန်စီးတီးနဲ့ပွဲမှာ ပေပေနဲ့ အော်ဒီဂွါဒ်ကို သုံးစွဲခဲ့လို့ အသင်းရဲ့ ကစားကွက် ပျက်စီးခဲ့ရတယ်လို့ နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက ဝေဖန်လိုက်ပြီး လာမယ့်ပွဲတွေမှာ လာကာဇက်ကို အထောင်ထားပြီး သူ့နောက်က စမစ်ရိုးနဲ့ ဘယ်ညာမှာ အူဘာမီယန်းနဲ့ ဆာကာတို့ကိုပဲ မြင်ချင်တယ်လို့ နည်းပြ အာတီတာကို သတိပေး။

– ရိုင်ယန်ဟာ မိမိတို့အသင်းအတွက် တာဝန်ကျေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ခဲ့တယ်လို့ ဘရိုက်တန်အသင်းခေါင်းဆောင် လူးဝစ် ဒန့်ခ်က ပြောကြားလိုက်ပြီး လက်ရှိမှာ ရောဘတ် ဆန်ချက်ဇ်က ပိုကောင်းတဲ့ ဂိုးသမားလို့ ဆိုခဲ့တာကြောင့် သြစတြေးလျလက်ရွေးစင်အနေနဲ့ လာမယ့်ရာသီမှာ အာဆင်နယ်ရဲ့ နံပတ် ၂ အဖြစ် ဆက်ရှိမလားဆိုတာကိုပဲ စောင့်ကြည့်ရဖို့ရှိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ မန္စီးတီးကို ရႈံးခဲ့တဲ့ ပြဲစဥ္မွာ ေပေပနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို သုံးစြဲကို ကစားကြက္က တစ္လြဲျဖစ္ခဲ့ေၾကာင္းနဲ႔ တကယ္တမ္းမွာ အာတီတာ စဥ္းစားရမွာက စမစ္႐ိုး၊ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ သုံးဦးကို လူမွန္ေနရာမွန္ ခ်ထားႏိုင္ေအာင္ပဲ လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း အသင္းဂႏၴဝင္ အီယန္႐ိုက္ ေထာက္ျပသြား။

– အာဆင္နယ္အသင္းေခါင္းေဆာင္တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ သူ႔ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြက ေက်ာ္လြန္သြားၿပီ ျဖစ္ၿပီး အသင္းႀကီးေနာက္ခံလူေတြတိုင္းက သူ႔ကို အႏိုင္က်င့္ေနခဲ့သလို တစ္ဖက္ခံစစ္ကို တစ္ဦးခ်င္း ေက်ာ္ေျပးတာမ်ိဳးလည္း မလုပ္ႏိုင္ေတာ့ဘူးလို႔ ေဂ်မီ ရက္ဒ္နက္ပ္ ေဝဖန္သြား။

– မန္စီးတီးကို ေပးခဲ့ရတဲ့ ဂိုးအတြက္ ေနာက္ခံလူ ဟိုးလ္ဒင္းကို အသင္းရဲ႕ ရႈံးပြဲမရွိ ဂႏၴဝင္ မာတင္ ကီးယြန္းက ေဝဖန္လိုက္ၿပီး စတာလင္ကို ပထမဆုံးအေနနဲ႔ မမီရင္ေတာင္ တတ္ႏိုင္သေလာက္ လိုက္လံဖိအားေပးရမယ့္ ေနာက္တန္းတစ္ေယာက္ရဲ႕ တာဝန္ကို ပ်က္ကြက္ခဲ့တယ္လို႔ ေဒးလီးေမးလ္မွာ ေရးသား။

– လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့ေပမယ့္ မန္စီးတီးနဲ႔ပြဲမွာ ႐ုန္းကန္ခဲ့ရတဲ့ မာတင္ ေအာ္ဒီဂြါဒ္ကို စမစ္႐ိုးေရွ႕က ေက်ာ္သုံးၿပီး ကြင္းလယ္အထိုင္ကို ဖ်က္ဆီးတာမ်ိဳး မျဖစ္သင့္သလို သူဟာ ဂန္းနားေတြအတြက္ အငွားၿပီးရင္ ျပန္ပို႔ရမယ့္ ကစားသမားမ်ိဳးပဲျဖစ္တယ္လို႔ အာဆင္နယ္နဲ႔ အဂၤလန္အမ်ိဳးသမီး လက္ေ႐ြးစင္ေနာက္ခံလူေဟာင္း အဲလက္စ္ စေကာ့က BT Sport မွာ ေဝဖန္သြား။

– အသင္းရဲ႕ ေနာက္ပိုင္းပြဲေတြမွာ ပုံမွန္အတြဲအဖက္ေတြျဖစ္ခဲ့ၾကတဲ့ ဟိုးလ္ဒင္း၊ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ဂါဘရီယယ္လ္တို႔ သုံးဦးထဲက ႏွစ္ဦးကို အလွည့္က် ေ႐ြးခ်ယ္ေနမႈကို ဖ်က္ၿပီး ပါဘလို မာရီကို ျပန္လည္ထည့္သြင္းခဲ့တဲ့ မန္စီးတီးနဲ႔ပြဲက အာတီတာရဲ႕ ေ႐ြးခ်ယ္မႈက အသင္းကို ယူ႐ိုတစ္သန္း ကုန္က်ေစ႐ုံထက္ မပိုဘူးလို႔ ေဝဖန္ေနၾက။

– အာဆင္နယ္အသင္းနဲ႔ လာလီဂါအသင္းႀကီးေတြက အလိုရွိေနခဲ့ၾကတဲ့ သူတို႔ရဲ႕ လူငယ္တိုက္စစ္မႉး ဘ႐ိုင္ယန္ ေဟးလ္ကို ေဈးေပါေပါနဲ႔ ရဖို႔ မေမွ်ာ္လင့္နဲ႔လို႔ ဆီဗီလာဥကၠဌ ဟိုေဆး ကတ္စ္ထ႐ိုက သတိေပးလိုက္ၿပီး ကစားသမားမွာ အသင္းနဲ႔ ေပါင္သန္း ၁၃၀ တန္ ေလ်ာ္ေၾကးစာခ်ဳပ္ရွိတယ္လို႔ ထုတ္ေဖာ္သြား။

– သီယာရီ အြန္နရီအေနနဲ႔ ဘုန္းေမာက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ မေလာသင့္ေၾကာင္းနဲ႔ သူ႔အေနနဲ႔ ေစာင့္ႏိုင္မယ္ဆိုရင္ လာမယ့္ ေႏြရာသီမွာ အသင္းေဟာင္း အာဆင္နယ္ကို ျပန္လည္ကိုင္တြယ္ခြင့္ရွိႏိုင္တယ္လို႔ နည္းျပ အာတီတာရဲ႕ ဆိုး႐ြားတဲ့ ရလဒ္ေတြကို စိတ္ပ်က္ေနတဲ့ အားေပးသူဝက္ဘ္ဆိုက္တစ္ခု ေရးသား။

– ဘန္ေလနဲ႔ပြဲမွာ ဝက္စ္ဘ႐ြန္းကြင္းလယ္ကေန ေျခစြမ္းျပႏိုင္ခဲ့တဲ့ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္သာ လာမယ့္ရာသီမွာ အငွားနဲ႔ ျပန္လာၿပီး အသင္းမွာ ဆက္ကစားခဲ့မယ္ဆိုရင္ ကြင္းလယ္မွာ အားကိုးႏိုင္မွာျဖစ္ေၾကာင္း အဂၤလန္လက္ေ႐ြးစင္ကို ေစာင့္ၾကည့္ေနၾကတဲ့ အာဆင္နယ္ပရိသတ္ေတြ ခ်ီးက်ဴးခဲ့ၾက။

– မန္စီးတီးနဲ႔ပြဲမွာ ေပေပနဲ႔ ေအာ္ဒီဂြါဒ္ကို သုံးစြဲခဲ့လို႔ အသင္းရဲ႕ ကစားကြက္ ပ်က္စီးခဲ့ရတယ္လို႔ ေနာက္ခံလူေဟာင္းႀကီး မာတင္ ကီးယြန္းက ေဝဖန္လိုက္ၿပီး လာမယ့္ပြဲေတြမွာ လာကာဇက္ကို အေထာင္ထားၿပီး သူ႔ေနာက္က စမစ္႐ိုးနဲ႔ ဘယ္ညာမွာ အူဘာမီယန္းနဲ႔ ဆာကာတို႔ကိုပဲ ျမင္ခ်င္တယ္လို႔ နည္းျပ အာတီတာကို သတိေပး။

– ႐ိုင္ယန္ဟာ မိမိတို႔အသင္းအတြက္ တာဝန္ေက်တဲ့ ဝန္ထမ္းတစ္ဦးျဖစ္ခဲ့တယ္လို႔ ဘ႐ိုက္တန္အသင္းေခါင္းေဆာင္ လူးဝစ္ ဒန႔္ခ္က ေျပာၾကားလိုက္ၿပီး လက္ရွိမွာ ေရာဘတ္ ဆန္ခ်က္ဇ္က ပိုေကာင္းတဲ့ ဂိုးသမားလို႔ ဆိုခဲ့တာေၾကာင့္ ၾသစေၾတးလ်လက္ေ႐ြးစင္အေနနဲ႔ လာမယ့္ရာသီမွာ အာဆင္နယ္ရဲ႕ နံပတ္ ၂ အျဖစ္ ဆက္ရွိမလားဆိုတာကိုပဲ ေစာင့္ၾကည့္ရဖို႔ရွိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.