Match Report Premier League

မေဆန်မောင့် ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဆောက်သမ်တန်ကို စိန့်မေရီမှာ အနိုင်မရခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ အဝေးကွင်း စိန့်မေရီမှာ ဂိုးသမား မန်ဒီကို ပြန်လည်သုံးစွဲခဲ့ပြီး တူဟယ်လ်ရဲ့ မူပိုင်ကစားကွက် ၃-၄-၂-၁ နဲ့ပဲ ပွဲထွက်လာခဲ့သလို ဒဏ်ရာကနေ ကောင်းမွန်လာတဲ့ အေဘရာဟမ်ကို အထောင်တိုက်စစ်မှာ တင်ပြီး နောက်က မေဆန်မောင့်နဲ့ တီမို ဗာနာတို့က ဝန်းရံ ကစားခဲ့ကြပါတယ်။

ဆောက်သမ်တန်ကတော့ ထည့်သုံးစရာ ညာနောက်ခံလူ မရှိချိန်မှာ ဘက်ဒ်နာရက်ခ်ကို တောင်ပံထုတ်ခံစစ်မှာ ထားခဲ့ပြီး ကစားခဲ့တာက အသင်းရဲ့ ခံယူချက်ပိုင်းက ထိုင်ကစားဖို့ ဖြစ်သွားစေပြီး ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၂၇ ရာခိုင်နှုန်းသာ ရခဲ့သလို ချဲလ်ဆီးကတော့ ၇၃ ရာခိုင်နှုန်းအထိ ဖိကစားခဲ့ပါတယ်။

ပွဲချိန် ၆ မိနစ်မှာ ရီးစ် ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောကနေ အလွန်ဆို ကန်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့ပြီး ဒီနောက်ပိုင်းမှာ ဖိကစားပေမယ့်လည်း အရာမထင်ခဲ့ ချဲလ်ဆီးတို့ကို ဆောက်သမ်တန်ကို လီဗာပူးလ်က အငှားနဲ့ လာကစားနေတဲ့ မီနာမီနိုက တန်ပြန်တိုက်စစ်ကနေ ထိုးနှက်သွားခဲ့ပြီး ရက်ဒ်မွန့် ပေးတဲ့ ဘောလုံးကို နောက်တန်းနှစ်ယောက်နဲ့ ဂိုးသမား မန်ဒီကို သွေးအေးအေးနဲ့ လှည့်စားကန်သွင်းနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ ဆောက်သမ်တန်တို့အနေနဲ့ တစ်ကြိမ်တည်းရတဲ့ အခွင့်အရေးမှာ တစ်ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး တစ်ဂိုးရခဲ့သလို ချဲလ်ဆီးကတော့ သုံးကြိမ် ကန်ခွင့်မှာ နှစ်ကြိမ် ဂိုးပေါက်တည့်ခဲ့ပေမယ့် ဂိုးသမား မက္ကာသီကို မကျော်ဖြတ်နိုင်ခဲ့ဘဲ အိမ်ရှင်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့အနေနဲ့ အေဘရာဟမ်အစား ဟဒ်ဆန်-အိုဒွိုင်းနဲ့ တိုက်စစ်မှာ လှုပ်ကစားဖို့ ဗျူဟာပြောင်းလဲခဲ့ပြီး ရှေ့နဲ့နောက် လှလှပပ ချိတ်ဆက်ကစားလာနိုင်ခဲ့သလို ဆောက်သမ်တန်တို့ အနည်းငယ် ပြာလာခဲ့သလို တီမို ဗာနာကလည်း ပိုမိုကြိုးစားခဲ့ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ ထောင့်ကန်ဘောကို အတိုပေးရာကနေ ပင်နယ်တီဧရိယာထဲ ဘောလုံးသယ်လာခဲ့တဲ့ မေဆန်မောင့်ကို ဒန်နီအင်းစ်က အဖျက်ကြမ်းခဲ့လို့ ရတဲ့ ပင်နယ်တီကနေ မောင့်က သူကိုယ်တိုင်ပဲ ဂိုးသမားကို လှည့်စားပြီး ညာဘက်တိုင်ခြေကို ကန်သွင်းချေပခဲ့နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မိနစ် ၇၀ ကျော်မှာ အိမ်ရှင်ဘက်က နောက်ခံလူ ဗက်စတာဂတ်ရဲ့ ထောင့်ကန်ဘောက ခေါင်းတိုက်ချက် ဘားထိထွက်ခဲ့သလို ချဲလ်ဆီးရဲ့ အခွင့်အရေးကောင်းကနေ မေဆန်မောင့် ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား မက္ကာသီ ကာကွယ်နိုင်ခဲ့သလို လူကျွံနေခဲ့တာကြောင့် တဖြည်းဖြည်း ပွဲပြီးချိန် နီးလာတဲ့အထိ သရေပဲဖြစ်နေခဲ့ပြီး တူဟယ်လ်ကတော့ အလုပ်မဖြစ်တဲ့ ဟဒ်ဆန်-အိုဒွိုင်းကို ဇီးယက်ရှ်နဲ့ ထပ်လဲခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ မေဆန်မောင့် ခြေစွမ်းပြပေမယ့် ချဲလ်ဆီးအသင်းရဲ့ ဖန်တီးမှုတွေက အားရစရာ မဖြစ်ခဲ့သလို အဆုံးသတ်မှုတွေကလည်း ဂိုးနဲ့ ဝေးနေခဲ့တာကြောင့် စိန့်မေရီကွင်းမှာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပြီး အိမ်ရှင် ဆောက်သမ်တန်တို့ကတော့ ၆ ပွဲဆက်တိုက် ရှုံးပွဲကို ရပ်တန့်သွားနိုင်ခဲ့ပြီး အဆင့်လေးကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ နည်းပြ တူဟယ်လ်နဲ့ ပရိသတ်တွေအတွက်တော့ အားမရစရာ ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အေဝးကြင္း စိန႔္ေမရီမွာ ဂိုးသမား မန္ဒီကို ျပန္လည္သုံးစြဲခဲ့ၿပီး တူဟယ္လ္ရဲ႕ မူပိုင္ကစားကြက္ ၃-၄-၂-၁ နဲ႔ပဲ ပြဲထြက္လာခဲ့သလို ဒဏ္ရာကေန ေကာင္းမြန္လာတဲ့ ေအဘရာဟမ္ကို အေထာင္တိုက္စစ္မွာ တင္ၿပီး ေနာက္က ေမဆန္ေမာင့္နဲ႔ တီမို ဗာနာတို႔က ဝန္းရံ ကစားခဲ့ၾကပါတယ္။

ေဆာက္သမ္တန္ကေတာ့ ထည့္သုံးစရာ ညာေနာက္ခံလူ မရွိခ်ိန္မွာ ဘက္ဒ္နာရက္ခ္ကို ေတာင္ပံထုတ္ခံစစ္မွာ ထားခဲ့ၿပီး ကစားခဲ့တာက အသင္းရဲ႕ ခံယူခ်က္ပိုင္းက ထိုင္ကစားဖို႔ ျဖစ္သြားေစၿပီး ပထမပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈ ၂၇ ရာခိုင္ႏႈန္းသာ ရခဲ့သလို ခ်ဲလ္ဆီးကေတာ့ ၇၃ ရာခိုင္ႏႈန္းအထိ ဖိကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာ ရီးစ္ ဂ်ိမ္းစ္ရဲ႕ ျဖတ္တင္ေဘာကေန အလြန္ဆို ကန္ခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္သြားခဲ့ၿပီး ဒီေနာက္ပိုင္းမွာ ဖိကစားေပမယ့္လည္း အရာမထင္ခဲ့ ခ်ဲလ္ဆီးတို႔ကို ေဆာက္သမ္တန္ကို လီဗာပူးလ္က အငွားနဲ႔ လာကစားေနတဲ့ မီနာမီႏိုက တန္ျပန္တိုက္စစ္ကေန ထိုးႏွက္သြားခဲ့ၿပီး ရက္ဒ္မြန႔္ ေပးတဲ့ ေဘာလုံးကို ေနာက္တန္းႏွစ္ေယာက္နဲ႔ ဂိုးသမား မန္ဒီကို ေသြးေအးေအးနဲ႔ လွည့္စားကန္သြင္းႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ ေဆာက္သမ္တန္တို႔အေနနဲ႔ တစ္ႀကိမ္တည္းရတဲ့ အခြင့္အေရးမွာ တစ္ႀကိမ္ ဂိုးေပါက္တည့္ခဲ့ၿပီး တစ္ဂိုးရခဲ့သလို ခ်ဲလ္ဆီးကေတာ့ သုံးႀကိမ္ ကန္ခြင့္မွာ ႏွစ္ႀကိမ္ ဂိုးေပါက္တည့္ခဲ့ေပမယ့္ ဂိုးသမား မကၠာသီကို မေက်ာ္ျဖတ္ႏိုင္ခဲ့ဘဲ အိမ္ရွင္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ေအဘရာဟမ္အစား ဟဒ္ဆန္-အိုဒြိဳင္းနဲ႔ တိုက္စစ္မွာ လႈပ္ကစားဖို႔ ဗ်ဴဟာေျပာင္းလဲခဲ့ၿပီး ေရွ႕နဲ႔ေနာက္ လွလွပပ ခ်ိတ္ဆက္ကစားလာႏိုင္ခဲ့သလို ေဆာက္သမ္တန္တို႔ အနည္းငယ္ ျပာလာခဲ့သလို တီမို ဗာနာကလည္း ပိုမိုႀကိဳးစားခဲ့ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကို အတိုေပးရာကေန ပင္နယ္တီဧရိယာထဲ ေဘာလုံးသယ္လာခဲ့တဲ့ ေမဆန္ေမာင့္ကို ဒန္နီအင္းစ္က အဖ်က္ၾကမ္းခဲ့လို႔ ရတဲ့ ပင္နယ္တီကေန ေမာင့္က သူကိုယ္တိုင္ပဲ ဂိုးသမားကို လွည့္စားၿပီး ညာဘက္တိုင္ေျခကို ကန္သြင္းေခ်ပခဲ့ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မိနစ္ ၇၀ ေက်ာ္မွာ အိမ္ရွင္ဘက္က ေနာက္ခံလူ ဗက္စတာဂတ္ရဲ႕ ေထာင့္ကန္ေဘာက ေခါင္းတိုက္ခ်က္ ဘားထိထြက္ခဲ့သလို ခ်ဲလ္ဆီးရဲ႕ အခြင့္အေရးေကာင္းကေန ေမဆန္ေမာင့္ ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးသမား မကၠာသီ ကာကြယ္ႏိုင္ခဲ့သလို လူကြၽံေနခဲ့တာေၾကာင့္ တျဖည္းျဖည္း ပြဲၿပီးခ်ိန္ နီးလာတဲ့အထိ သေရပဲျဖစ္ေနခဲ့ၿပီး တူဟယ္လ္ကေတာ့ အလုပ္မျဖစ္တဲ့ ဟဒ္ဆန္-အိုဒြိဳင္းကို ဇီးယက္ရွ္နဲ႔ ထပ္လဲခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေမဆန္ေမာင့္ ေျခစြမ္းျပေပမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ ဖန္တီးမႈေတြက အားရစရာ မျဖစ္ခဲ့သလို အဆုံးသတ္မႈေတြကလည္း ဂိုးနဲ႔ ေဝးေနခဲ့တာေၾကာင့္ စိန႔္ေမရီကြင္းမွာ သေရရလဒ္နဲ႔သာ ေက်နပ္ခဲ့ရၿပီး အိမ္ရွင္ ေဆာက္သမ္တန္တို႔ကေတာ့ ၆ ပြဲဆက္တိုက္ ရႈံးပြဲကို ရပ္တန႔္သြားႏိုင္ခဲ့ၿပီး အဆင့္ေလးကို ဆက္လက္ထိန္းသိမ္းဖို႔ ႀကိဳးစားေနတဲ့ နည္းျပ တူဟယ္လ္နဲ႔ ပရိသတ္ေတြအတြက္ေတာ့ အားမရစရာ ပြဲတစ္ပြဲျဖစ္ခဲ့ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.