Premier League Transfer News

20 Feb ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ ဆီဗီလာအသင်းက ရောင်းချသွားဖွယ်ရှိနေတဲ့ ကွင်းလယ်လူ လူးကပ်စ် အိုကမ်ပို့စ်ကို ခေါ်ယူသွားလိုနေပြီး ကွင်းလယ်တိုက်စစ်အပြင် တောင်ပံတွေမှာပါ ကစားနိုင်တဲ့ အာဂျင်တီးနားသားအတွက် ပေါင် ၅၆ သန်းကို မိုက်ကယ် အက်ဒဝပ်က အရစ်အကျ အကွက်ရွှေ့သွားဖွယ်ရှိနေ။

– သတင်းတချို့ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာအနေနဲ့ သူ့ရဲ့ နောက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် နှုတ်အားဖြင့် သဘောတူညီခဲ့ပြီလို့ ဆိုနေကြပေမယ့် လီဗာပူးလ်အသင်းကတော့ တရားဝင်မဖြစ်သေးချိန်မှာ ကစားသမားကို စိတ်ပြောင်း သွားစေဖို့ ကြိုးပမ်းနေ။

– အသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်မှူး ဆာဒီယို မာနေးဟာ တကယ့်ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး အမြဲတမ်း တိုက်ပွဲဝင်စိတ် ပြသနေတဲ့ စစ်သည်တော်တစ်ဦးလိုပဲလို့ လီဗာပူးလ်ဂန္ထဝင် ဂရေမီ ဆောင်းနက်စ်က ချီးကျူးလိုက်သလို အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ယုံကြည်နေ။

– လီဗာပူးလ်အသင်းက နွေရာသီမှာ ခေါ်ယူဖို့ စဉ်စားနေခဲ့တဲ့ ဖီအိုရင်တီးနားနောက်ခံလူ နီကိုလာ မီလင်ကိုဗစ်ချ်အတွက် ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ဖို့ စီးရီးအေကလပ်ဘက်က သတ်မှတ်ထားမှုအပေါ် ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီအသင်းက ပြိုင်ဆိုင်ခေါ်ယူဖို့ ကြိုးစားနေပေမယ့် အန်းဖီးလ်နဲ့ ပရီးမီးယားလိဂ်ကို ကစားသမားဘက်က ပိုမိုစိတ်ဝင်စားနေ။

– နည်းပြ ယာဂန် ကလော့ပ်က ဂိုးသမား အယ်လစ်ဆန် ဘက်ကာအနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ အမှားတွေ ကျူးလွန်ကောင်း ကျူးလွန်နိုင်ပေမယ့် သူ့ရဲ့ လီဗာပူးလ်အသင်းအပေါ် ပေးဆပ်ထားတဲ့ စိတ်ဓာတ်ကိုတော့ နည်းနည်းလေးမှ သံသယမရှိကြောင်းနဲ့ ကမ္ဘာ့အဆင့်တစ်ဦးအနေနဲ့ ဝေဖန်မှုတွေကို အကောင်းဆုံးတုံ့ပြန်နိုင်လိမ့်မယ်လို့ ပြောကြား။

– အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီ အိမ်ကွင်းပွဲစဉ်ဟာ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုအဖို့တော့ သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲ ၂၀၀ မြောက်ကို စုဆောင်းနိုင်မယ့် ပွဲစဉ်လည်းဖြစ်နေခဲ့ပြီး လီဗာပူးလ်တို့အတွက် ၆၃ ဂိုး ရယူထားခဲ့တဲ့ ဘရာဇီးလ်သားအနေနဲ့ ယာဂန် ကလော့ပ်ရဲ့ မာဆေးဆိုက်ဒါဘီ ရှုံးပွဲမရှိ မှတ်တမ်းမှာ သွင်းဂိုးနဲ့ အမှတ်ရပွဲကို ထပ်မံရယူနိုင်မလား စောင့်ကြည့်ရမည်။

– ဒီတစ်ပတ် မာဆေးဆိုက်ဒါဘီမှာ လီဗာပူးလ်အသင်းအနေနဲ့ နှစ်ဂိုး-တစ်ဂိုးနဲ့ အိမ်ကွင်းမှာ အောင်ပွဲခံနိုင်လိမ့်မယ်လို့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ပြောကြားလိုက်ပေမယ့် ခံစစ်မှူးဟောင်း မာ့ခ် လော်ရင်ဆန်(လော်ရို)ကတော့ တစ်ဂိုးစီ သရေပွဲလို့ ခန့်မှန်းသွားခဲ့။

– လီဗာပူးလ်နဲ့ အဲဗာတန်တို့ရဲ့ မာဆေးဆိုက်ဒါဘီမှာ အနိုင်ရရှိတဲ့ အသင်းဟာ သုံးမှတ်ထက်ပိုတဲ့ အားသာချက်ကို ပိုင်ဆိုင်သွားမှာလည်းဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်နေတဲ့ အသင်းနှစ်သင်းအတွက် တစ်သင်းကို တစ်သင်း အမှတ်ဖြတ်နိုင်ခွင့်လည်းရှိနေ။

– အက်စတန်ဗီလာအသင်းအနေနဲ့ သူတို့ရဲ့ နောက်ခံလူ အက်ဇ်ရီ ကွန်ဆာကို လီဗာပူးလ်အသင်းက ခေါ်ယူသွားမယ့်အရေးကို စိုးရိမ်နေပြီး ၂၀၂၃ နွေရာသီအထိ စာချုပ်ရှိနေပေမယ့်လည်း အန္တရာယ်ကနေ ကာကွယ်သွားနိုင်ဖို့ စာချုပ်သက်တမ်းတိုးသွားဖို့ ပြင်ဆင်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ ဆီဗီလာအသင္းက ေရာင္းခ်သြားဖြယ္ရွိေနတဲ့ ကြင္းလယ္လူ လူးကပ္စ္ အိုကမ္ပို႔စ္ကို ေခၚယူသြားလိုေနၿပီး ကြင္းလယ္တိုက္စစ္အျပင္ ေတာင္ပံေတြမွာပါ ကစားႏိုင္တဲ့ အာဂ်င္တီးနားသားအတြက္ ေပါင္ ၅၆ သန္းကို မိုက္ကယ္ အက္ဒဝပ္က အရစ္အက် အကြက္ေ႐ႊ႕သြားဖြယ္ရွိေန။

– သတင္းတခ်ိဳ႕ရဲ႕ ေဖာ္ျပခ်က္အရ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာအေနနဲ႔ သူ႔ရဲ႕ ေနာက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ႏႈတ္အားျဖင့္ သေဘာတူညီခဲ့ၿပီလို႔ ဆိုေနၾကေပမယ့္ လီဗာပူးလ္အသင္းကေတာ့ တရားဝင္မျဖစ္ေသးခ်ိန္မွာ ကစားသမားကို စိတ္ေျပာင္း သြားေစဖို႔ ႀကိဳးပမ္းေန။

– အသင္းရဲ႕ ဘယ္ေတာင္ပံတိုက္စစ္မႉး ဆာဒီယို မာေနးဟာ တကယ့္ကစားသမားေကာင္းတစ္ေယာက္ျဖစ္ၿပီး အၿမဲတမ္း တိုက္ပြဲဝင္စိတ္ ျပသေနတဲ့ စစ္သည္ေတာ္တစ္ဦးလိုပဲလို႔ လီဗာပူးလ္ဂႏၴဝင္ ဂေရမီ ေဆာင္းနက္စ္က ခ်ီးက်ဴးလိုက္သလို အဲဗာတန္နဲ႔ပြဲမွာ ေျခစြမ္းျပႏိုင္ဖို႔ ယုံၾကည္ေန။

– လီဗာပူးလ္အသင္းက ေႏြရာသီမွာ ေခၚယူဖို႔ စဥ္စားေနခဲ့တဲ့ ဖီအိုရင္တီးနားေနာက္ခံလူ နီကိုလာ မီလင္ကိုဗစ္ခ်္အတြက္ ေပါင္သန္း ၃၀ နဲ႔ ေခၚယူႏိုင္ဖို႔ စီးရီးေအကလပ္ဘက္က သတ္မွတ္ထားမႈအေပၚ ပိုခ်က္တီႏိုရဲ႕ ပီအက္စ္ဂ်ီအသင္းက ၿပိဳင္ဆိုင္ေခၚယူဖို႔ ႀကိဳးစားေနေပမယ့္ အန္းဖီးလ္နဲ႔ ပရီးမီးယားလိဂ္ကို ကစားသမားဘက္က ပိုမိုစိတ္ဝင္စားေန။

– နည္းျပ ယာဂန္ ကေလာ့ပ္က ဂိုးသမား အယ္လစ္ဆန္ ဘက္ကာအေနနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြမွာ အမွားေတြ က်ဴးလြန္ေကာင္း က်ဴးလြန္ႏိုင္ေပမယ့္ သူ႔ရဲ႕ လီဗာပူးလ္အသင္းအေပၚ ေပးဆပ္ထားတဲ့ စိတ္ဓာတ္ကိုေတာ့ နည္းနည္းေလးမွ သံသယမရွိေၾကာင္းနဲ႔ ကမာၻ႔အဆင့္တစ္ဦးအေနနဲ႔ ေဝဖန္မႈေတြကို အေကာင္းဆုံးတုံ႔ျပန္ႏိုင္လိမ့္မယ္လို႔ ေျပာၾကား။

– အဲဗာတန္နဲ႔ မာေဆးဆိုက္ဒါဘီ အိမ္ကြင္းပြဲစဥ္ဟာ တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုအဖို႔ေတာ့ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲ ၂၀၀ ေျမာက္ကို စုေဆာင္းႏိုင္မယ့္ ပြဲစဥ္လည္းျဖစ္ေနခဲ့ၿပီး လီဗာပူးလ္တို႔အတြက္ ၆၃ ဂိုး ရယူထားခဲ့တဲ့ ဘရာဇီးလ္သားအေနနဲ႔ ယာဂန္ ကေလာ့ပ္ရဲ႕ မာေဆးဆိုက္ဒါဘီ ရႈံးပြဲမရွိ မွတ္တမ္းမွာ သြင္းဂိုးနဲ႔ အမွတ္ရပြဲကို ထပ္မံရယူႏိုင္မလား ေစာင့္ၾကည့္ရမည္။

– ဒီတစ္ပတ္ မာေဆးဆိုက္ဒါဘီမွာ လီဗာပူးလ္အသင္းအေနနဲ႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အိမ္ကြင္းမွာ ေအာင္ပြဲခံႏိုင္လိမ့္မယ္လို႔ တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္က ေျပာၾကားလိုက္ေပမယ့္ ခံစစ္မႉးေဟာင္း မာ့ခ္ ေလာ္ရင္ဆန္(ေလာ္႐ို)ကေတာ့ တစ္ဂိုးစီ သေရပြဲလို႔ ခန႔္မွန္းသြားခဲ့။

– လီဗာပူးလ္နဲ႔ အဲဗာတန္တို႔ရဲ႕ မာေဆးဆိုက္ဒါဘီမွာ အႏိုင္ရရွိတဲ့ အသင္းဟာ သုံးမွတ္ထက္ပိုတဲ့ အားသာခ်က္ကို ပိုင္ဆိုင္သြားမွာလည္းျဖစ္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၿပိဳင္ဆိုင္ေနတဲ့ အသင္းႏွစ္သင္းအတြက္ တစ္သင္းကို တစ္သင္း အမွတ္ျဖတ္ႏိုင္ခြင့္လည္းရွိေန။

– အက္စတန္ဗီလာအသင္းအေနနဲ႔ သူတို႔ရဲ႕ ေနာက္ခံလူ အက္ဇ္ရီ ကြန္ဆာကို လီဗာပူးလ္အသင္းက ေခၚယူသြားမယ့္အေရးကို စိုးရိမ္ေနၿပီး ၂၀၂၃ ေႏြရာသီအထိ စာခ်ဳပ္ရွိေနေပမယ့္လည္း အႏၲရာယ္ကေန ကာကြယ္သြားႏိုင္ဖို႔ စာခ်ဳပ္သက္တမ္းတိုးသြားဖို႔ ျပင္ဆင္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.