Match Report Premier League

အဲဗာတန်ရဲ့ ကောင်းမွန်လွန်းတဲ့ ကစားပုံကြောင့် ၂၂ နှစ်ကျော် တင်ထားတဲ့ မာဆေးဆိုက်ဒါဘီစံချိန်ကောင်း ကျိုးပျက်သွားရတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ မာဆေးဆိုက် အန်းဖီးလ်ဒါဘီမှာ သူတို့ရဲ့ အကောင်းဆုံးလူစာရင်းကို အသုံးပြုခဲ့ပြီး ခံစစ်မှာ ကာဘက်ခ်ကို ဟန်ဒါဆန်နဲ့ ဆက်လက် ခင်းကျင်းခဲ့သလို ကျန်တဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှာ လူစုံပါဝင်ခဲ့ချိန်မှာ အဲဗာတန်ကတော့ အဝေးကွင်းဖြစ်တာကြောင့် သတိကြီးကြီးထားပြီး ၃-၅-၁-၁ ပုံစံနဲ့ ကဲလ်ဗတ်-လူဝင်ကို အရန်ခုံမှာပဲ ထားပြီး ပွဲထွက်လာခဲ့ပါတယ်။

ပွဲချိန် ၃ မိနစ်မှာပဲ လီဗာပူးလ်တို့ အငိုက်မိသွားခဲ့ပြီး ကွင်းလယ်က ဟားမက်စ် ရိုဒရီးရက်ဇ် ချပေးတဲ့ ဘောလုံးကို အထောင်တိုက်စစ်မှူး ရစ်ချာလစ်ဆန်က သူ့ကို ကပ်ထားတဲ့ ကာဘက်ခ်ကို နောက်မှာ ချန်ထားခဲ့ပြီး ဂိုးသမား အယ်လစ်ဆန်နဲ့ တစ်ဦးချင်းအတွေ့မှာ ဘယ်ဘက်တိုင်ခြေကို အပြင်းကန်သွင်းယူသွားခဲ့လို့ အဲဗာတန်တို့ အဝေးကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

မာနေးနဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ရဲ့ တောင်ပံတွေက တိုက်စစ်ဆင်မှုတွေနဲ့ ဘောလုံးကိုင်ကစားနေခဲ့တဲ့ လီဗာပူးလ်အသင်းကို အဲဗာတန်ကတော့ ကစားနေကျ နောက်တန်းလေးယောက်အစား ဗဟိုခံစစ်မှူး သုံးယောက်ကို ကွင်းလယ်က ကူပြီး ဝိုင်းဝန်းပိတ်ဆို့ဖို့နဲ့ ခံစစ်မှာ မာကျောဖို့ကိုပဲ အန်ဆယ်လော့တီက အဓိက ပြင်ဆင်ခဲ့ပါတယ်။

နောက်ခံလူသစ် ကာဘက်ခ်ကတော့ ပရီးမီးယားလိဂ်နဲ့ အခုလို မာဆေးဆိုက်ဒါဘီလို ဖိအားများတဲ့ ပွဲမျိုးတွေအတွက် ကောင်းကောင်း အဆင်သင့်မဖြစ်သေးတာကို တွေ့မြင်ခဲ့ရပြီး လက်စတာနဲ့ ပွဲမှာ အဝင်အထွက်တွေ လွဲခဲ့သလိုမျိုးပဲ ဒီနေ့ပွဲမှာတော့ ပြစ်ဒဏ်ဘောတွေကို မကြာခဏ ကျူးလွန်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၂၀ နဲ့ ၂၁ မိနစ်တွေမှာ လီဗာပူးလ်ဘက်က ဟန်ဒါဆန်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ချက်နဲ့ အလက်ဇန်းဒါး အာနိုးလ်ဒ်ရဲ့ ဧရိယာထိပ်က ကန်ချက်တွေကို ပစ်ခ်ဖို့ဒ် ကာကွယ်ခဲ့ရပြီး ပထမပိုင်းတဝက်လောက်မှာတော့ အဲဗာတန်ရဲ့ ဒူကူယေးနဲ့ ထိခိုက်မိတဲ့ ဟန်ဒါဆန် ဒဏ်ရာရရှိသွားခဲ့လို့ နာသန် ဖိလစ်နဲ့ လူစားလဲခဲ့ရပါတယ်။

ဖိလစ် ဝင်လာခဲ့အပြီးမှာ လီဗာပူးလ်ရဲ့ နောက်တန်းအထိုင်က အနည်းငယ် ရုန်းကန်နေခဲ့ရပြီး အဲဗာတန်ကတော့ အိမ်ရှင်တွေရဲ့ အမှားကို စောင့်ကစားရင်း တစ်ချက်တစ်ချက်မှာ ထိုးနှက်နိုင်ဖို့ ကြိုးစားခဲ့ရာမှာ ဘယ်နောက်ခံလူ ဒီညီရဲ့ ဖြတ်တင်မှုကနေ ညာနောက်ခံလူ ကိုးလ်မန်း ခေါင်းတိုက်နိုင်ခဲ့ပေမယ့် အယ်လစ်ဆန် ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ရနေပါတယ်။


ဒုတိယပိုင်း ပြန်စစချင်း ၂ မိနစ်မှာ ဘယ်တောင်ပံမှ ရောဘတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့မှုကို မာနေး အပိုင်ခေါင်းတိုက်ကာ ဂိုးသွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် အဲဗာတန် ဂိုးသမား ပစ်ခ်ဖို့ဒ် အမိဖမ်း ကာကွယ်နိုင်ခဲ့ပါတယ်။


ပွဲကစားချိန် ၅၉ မိနစ်မှာ အဲဗာတန်အသင်းမှ ဂိုးမက်စ်အစား ဆီဂတ်ဆန် နဲ့ ပွဲချိန် ၆၂ မိနစ်မှာ ဟားမက်စ် ရိုဒရီးရက်ဇ်အစား တိုက်စစ်မှူး ကဲလ်ဗတ်-လူဝင်တို့ကို လူစားလဲခဲ့ပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာ လီဗာပူးလ်အသင်းမှလည်း ကားတစ်ဂျုံးစ်အစား ရှာကျီရီကို ဝင်ရောက် ကစားစေခဲ့ပါတယ်။


ပွဲချိန် မိနစ် ၇၀မှာ ရှာကျီရီပေးပို့မှုကနေ ဂိုးရရှိဖို့ မိုဟာမက်ဆာလား အပိုင်ကန်သွင်းပြီး ကြိုးစားခဲ့ပေမယ့်လည်း အင်္ဂလန်နံပါတ် ၁ ဂိုးသမား ပစ်ခ်ဖို့ဒ် လက်စွမ်းပြ ကာကွယ်ခဲ့တဲ့အတွက် လီဗာပူးလ်အသင်း ချေပဂိုးရရှိမယ့် အခွင့်အရေးတစ်ရပ် ဆုံးရှုံးခဲ့ရပြန်ပါတယ်။


ပွဲချိန် မိနစ် ၈၀မှာတော့ လီဗာပူးအသင်း၏ တိုက်စစ်ဆင်မှုကို အဲဗာတန် နောက်တန်းမှ ဖျက်ထုတ်ရင်း ပေးပို့လိုက်တဲ့ ဘောလုံးကို အဲဗာတန်အသင်းတောင်ပံကစားသမား ရစ်ချာလစ်ဆန် ရရှိသွားပြီး ညာတောင်ပံတကြော တောက်လျောက်ဆွဲယူသွားကာ ရှေ့မှာရှိနေတဲ့ တိုက်စစ်မှူး ကဲလ်ဗတ်-လူဝင်ထံထိုးပေးလိုက်ပါတယ်။ ကဲလ်ဗတ်-လူဝင်ရဲ့ ကန်သွင်းယူမှုကို ဂိုးသမား အယ်လစ်ဆန် ကာကွယ်သွားနိုင်ခဲ့ပေမယ့်လည်း ကဲလ်ဗတ်-လူဝင်နဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ ထိခိုက်မှုဖြစ်ခဲ့ပြီး ကဲလ်ဗတ်-လူဝင်လဲကျသွားတဲ့အတွက် ကွင်းလယ်ဒိုင်က ပယ်နယ်တီအဖြစ် သတ်မှတ်ပေးလိုက်ပါတော့တယ်။


ကဲလ်ဗတ်-လူဝင်နဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ ထိခိုက်မှုဟာ မရှင်းလင်းခဲ့တဲ့အတွက် VAR ပြန်ကြည့်ပြီး ဆုံးဖြတ်ခဲ့ရာတွင် မတော်တဆ ထိခိုက်လဲကျမှုသာဖြစ်ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပယ်နယ်တီအဖြစ် ဆက်လက် သတ်မှတ်ပေးခဲ့ပါတယ်။


အဲဗာတန်အသင်းရရှိသွားတဲ့ ပယ်နယ်တီကို လူစားဝင် ကစားသမား ဆီဂတ်ဆန်က ဂိုးသမား အယ်လစ်ဆန်ရဲ့ ညာဘက်ကို မြေလိမ့်ဘောကန်သွားကာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့လို့ အဲဗာတန်အသင်းက လီဗာပူးလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေပါတယ်။


ပွဲချိန် ၈၆ မိနစ်မှာ လီဗာပူးလ်အသင်းမှ အယ်ကန်တာရာအစား တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီ ၊ အဲဗာတန်အသင်းမှ ရစ်ချာလစ်ဆန်အစား အီဝိုဘီတို့ လူစားခဲ့ကြပါတယ်။ ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ တစ်ဖက်နဲ့ တစ်ဖက် ဂိုးထပ်မံ မသွင်းယူနိုင်ကြတော့တဲ့အတွက် အန်းဖီးလ်မှာကစားတဲ့ မာဆေးဆိုဒ်ဒါဘီပွဲမှာ အဲဗာတန်အသင်းက လီဗာပူးလ်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါတယ်။


မာဆေးဆိုက်ဒါဘီပွဲတွေမှာ အဲဗာတန်အသင်းအနေနဲ့ လီဗာပူးအသင်းကို လီဗာပူးလ်အသင်း အိမ်ကွင်း အန်းဖီးလ်မှာ ၁၉၉၉ ထဲကစပြီး ၂၂ ကျော်ကြာ အနိုင်မရရှိခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပြီး လီဗာပူးလ်အသင်းအတွက်တော့ ယနေ့ပွဲဟာ အဆိုးရွားဆုံး မာဆေးဆိုက်ဒါဘီပွဲ တပွဲဖြစ်ခဲ့ရပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္အသင္းအေနနဲ႔ မာေဆးဆိုက္ အန္းဖီးလ္ဒါဘီမွာ သူတို႔ရဲ႕ အေကာင္းဆုံးလူစာရင္းကို အသုံးျပဳခဲ့ၿပီး ခံစစ္မွာ ကာဘက္ခ္ကို ဟန္ဒါဆန္နဲ႔ ဆက္လက္ ခင္းက်င္းခဲ့သလို က်န္တဲ့ ကြင္းလယ္နဲ႔ တိုက္စစ္မွာ လူစုံပါဝင္ခဲ့ခ်ိန္မွာ အဲဗာတန္ကေတာ့ အေဝးကြင္းျဖစ္တာေၾကာင့္ သတိႀကီးႀကီးထားၿပီး ၃-၅-၁-၁ ပုံစံနဲ႔ ကဲလ္ဗတ္-လူဝင္ကို အရန္ခုံမွာပဲ ထားၿပီး ပြဲထြက္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၃ မိနစ္မွာပဲ လီဗာပူးလ္တို႔ အငိုက္မိသြားခဲ့ၿပီး ကြင္းလယ္က ဟားမက္စ္ ႐ိုဒရီးရက္ဇ္ ခ်ေပးတဲ့ ေဘာလုံးကို အေထာင္တိုက္စစ္မႉး ရစ္ခ်ာလစ္ဆန္က သူ႔ကို ကပ္ထားတဲ့ ကာဘက္ခ္ကို ေနာက္မွာ ခ်န္ထားခဲ့ၿပီး ဂိုးသမား အယ္လစ္ဆန္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ဘယ္ဘက္တိုင္ေျခကို အျပင္းကန္သြင္းယူသြားခဲ့လို႔ အဲဗာတန္တို႔ အေဝးကြင္းမွာ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

မာေနးနဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ရဲ႕ ေတာင္ပံေတြက တိုက္စစ္ဆင္မႈေတြနဲ႔ ေဘာလုံးကိုင္ကစားေနခဲ့တဲ့ လီဗာပူးလ္အသင္းကို အဲဗာတန္ကေတာ့ ကစားေနက် ေနာက္တန္းေလးေယာက္အစား ဗဟိုခံစစ္မႉး သုံးေယာက္ကို ကြင္းလယ္က ကူၿပီး ဝိုင္းဝန္းပိတ္ဆို႔ဖို႔နဲ႔ ခံစစ္မွာ မာေက်ာဖို႔ကိုပဲ အန္ဆယ္ေလာ့တီက အဓိက ျပင္ဆင္ခဲ့ပါတယ္။

ေနာက္ခံလူသစ္ ကာဘက္ခ္ကေတာ့ ပရီးမီးယားလိဂ္နဲ႔ အခုလို မာေဆးဆိုက္ဒါဘီလို ဖိအားမ်ားတဲ့ ပြဲမ်ိဳးေတြအတြက္ ေကာင္းေကာင္း အဆင္သင့္မျဖစ္ေသးတာကို ေတြ႕ျမင္ခဲ့ရၿပီး လက္စတာနဲ႔ ပြဲမွာ အဝင္အထြက္ေတြ လြဲခဲ့သလိုမ်ိဳးပဲ ဒီေန႔ပြဲမွာေတာ့ ျပစ္ဒဏ္ေဘာေတြကို မၾကာခဏ က်ဴးလြန္ေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၂၀ နဲ႔ ၂၁ မိနစ္ေတြမွာ လီဗာပူးလ္ဘက္က ဟန္ဒါဆန္ရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ခ်က္နဲ႔ အလက္ဇန္းဒါး အာႏိုးလ္ဒ္ရဲ႕ ဧရိယာထိပ္က ကန္ခ်က္ေတြကို ပစ္ခ္ဖို႔ဒ္ ကာကြယ္ခဲ့ရၿပီး ပထမပိုင္းတဝက္ေလာက္မွာေတာ့ အဲဗာတန္ရဲ႕ ဒူကူေယးနဲ႔ ထိခိုက္မိတဲ့ ဟန္ဒါဆန္ ဒဏ္ရာရရွိသြားခဲ့လို႔ နာသန္ ဖိလစ္နဲ႔ လူစားလဲခဲ့ရပါတယ္။

ဖိလစ္ ဝင္လာခဲ့အၿပီးမွာ လီဗာပူးလ္ရဲ႕ ေနာက္တန္းအထိုင္က အနည္းငယ္ ႐ုန္းကန္ေနခဲ့ရၿပီး အဲဗာတန္ကေတာ့ အိမ္ရွင္ေတြရဲ႕ အမွားကို ေစာင့္ကစားရင္း တစ္ခ်က္တစ္ခ်က္မွာ ထိုးႏွက္ႏိုင္ဖို႔ ႀကိဳးစားခဲ့ရာမွာ ဘယ္ေနာက္ခံလူ ဒီညီရဲ႕ ျဖတ္တင္မႈကေန ညာေနာက္ခံလူ ကိုးလ္မန္း ေခါင္းတိုက္ႏိုင္ခဲ့ေပမယ့္ အယ္လစ္ဆန္ ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဧည့္သည္ေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ အႏိုင္ရေနပါတယ္။


ဒုတိယပိုင္း ျပန္စစခ်င္း ၂ မိနစ္မွာ ဘယ္ေတာင္ပံမွ ေရာဘတ္ဆန္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို မာေနး အပိုင္ေခါင္းတိုက္ကာ ဂိုးသြင္းယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဲဗာတန္ ဂိုးသမား ပစ္ခ္ဖို႔ဒ္ အမိဖမ္း ကာကြယ္ႏိုင္ခဲ့ပါတယ္။


ပြဲကစားခ်ိန္ ၅၉ မိနစ္မွာ အဲဗာတန္အသင္းမွ ဂိုးမက္စ္အစား ဆီဂတ္ဆန္ နဲ႔ ပြဲခ်ိန္ ၆၂ မိနစ္မွာ ဟားမက္စ္ ႐ိုဒရီးရက္ဇ္အစား တိုက္စစ္မႉး ကဲလ္ဗတ္-လူဝင္တို႔ကို လူစားလဲခဲ့ပါတယ္။ ပြဲခ်ိန္ ၆၃ မိနစ္မွာ လီဗာပူးလ္အသင္းမွလည္း ကားတစ္ဂ်ဳံးစ္အစား ရွာက်ီရီကို ဝင္ေရာက္ ကစားေစခဲ့ပါတယ္။


ပြဲခ်ိန္ မိနစ္ ၇၀မွာ ရွာက်ီရီေပးပို႔မႈကေန ဂိုးရရွိဖို႔ မိုဟာမက္ဆာလား အပိုင္ကန္သြင္းၿပီး ႀကိဳးစားခဲ့ေပမယ့္လည္း အဂၤလန္နံပါတ္ ၁ ဂိုးသမား ပစ္ခ္ဖို႔ဒ္ လက္စြမ္းျပ ကာကြယ္ခဲ့တဲ့အတြက္ လီဗာပူးလ္အသင္း ေခ်ပဂိုးရရွိမယ့္ အခြင့္အေရးတစ္ရပ္ ဆုံးရႈံးခဲ့ရျပန္ပါတယ္။


ပြဲခ်ိန္ မိနစ္ ၈၀မွာေတာ့ လီဗာပူးအသင္း၏ တိုက္စစ္ဆင္မႈကို အဲဗာတန္ ေနာက္တန္းမွ ဖ်က္ထုတ္ရင္း ေပးပို႔လိုက္တဲ့ ေဘာလုံးကို အဲဗာတန္အသင္းေတာင္ပံကစားသမား ရစ္ခ်ာလစ္ဆန္ ရရွိသြားၿပီး ညာေတာင္ပံတေၾကာ ေတာက္ေလ်ာက္ဆြဲယူသြားကာ ေရွ႕မွာရွိေနတဲ့ တိုက္စစ္မႉး ကဲလ္ဗတ္-လူဝင္ထံထိုးေပးလိုက္ပါတယ္။ ကဲလ္ဗတ္-လူဝင္ရဲ႕ ကန္သြင္းယူမႈကို ဂိုးသမား အယ္လစ္ဆန္ ကာကြယ္သြားႏိုင္ခဲ့ေပမယ့္လည္း ကဲလ္ဗတ္-လူဝင္နဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ ထိခိုက္မႈျဖစ္ခဲ့ၿပီး ကဲလ္ဗတ္-လူဝင္လဲက်သြားတဲ့အတြက္ ကြင္းလယ္ဒိုင္က ပယ္နယ္တီအျဖစ္ သတ္မွတ္ေပးလိုက္ပါေတာ့တယ္။


ကဲလ္ဗတ္-လူဝင္နဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ ထိခိုက္မႈဟာ မရွင္းလင္းခဲ့တဲ့အတြက္ VAR ျပန္ၾကည့္ၿပီး ဆုံးျဖတ္ခဲ့ရာတြင္ မေတာ္တဆ ထိခိုက္လဲက်မႈသာျဖစ္ေပမယ့္ ကြင္းလယ္ဒိုင္ကေတာ့ ပယ္နယ္တီအျဖစ္ ဆက္လက္ သတ္မွတ္ေပးခဲ့ပါတယ္။


အဲဗာတန္အသင္းရရွိသြားတဲ့ ပယ္နယ္တီကို လူစားဝင္ ကစားသမား ဆီဂတ္ဆန္က ဂိုးသမား အယ္လစ္ဆန္ရဲ႕ ညာဘက္ကို ေျမလိမ့္ေဘာကန္သြားကာ ဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့လို႔ အဲဗာတန္အသင္းက လီဗာပူးလ္အသင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ ဦးေဆာင္ေနပါတယ္။


ပြဲခ်ိန္ ၈၆ မိနစ္မွာ လီဗာပူးလ္အသင္းမွ အယ္ကန္တာရာအစား တိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီ ၊ အဲဗာတန္အသင္းမွ ရစ္ခ်ာလစ္ဆန္အစား အီဝိုဘီတို႔ လူစားခဲ့ၾကပါတယ္။ ပြဲကစားခ်ိန္ မိနစ္ ၉၀ ျပည့္တဲ့အထိ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးထပ္မံ မသြင္းယူႏိုင္ၾကေတာ့တဲ့အတြက္ အန္းဖီးလ္မွာကစားတဲ့ မာေဆးဆိုဒ္ဒါဘီပြဲမွာ အဲဗာတန္အသင္းက လီဗာပူးလ္အသင္းကို ၂ ဂိုး ဂိုးမရွိျဖင့္ အႏိုင္ရရွိသြားပါတယ္။


မာေဆးဆိုက္ဒါဘီပြဲေတြမွာ အဲဗာတန္အသင္းအေနနဲ႔ လီဗာပူးအသင္းကို လီဗာပူးလ္အသင္း အိမ္ကြင္း အန္းဖီးလ္မွာ ၁၉၉၉ ထဲကစၿပီး ၂၂ ေက်ာ္ၾကာ အႏိုင္မရရွိခဲ့မႈကို အဆုံးသတ္ႏိုင္ခဲ့ၿပီး လီဗာပူးလ္အသင္းအတြက္ေတာ့ ယေန႔ပြဲဟာ အဆိုး႐ြားဆုံး မာေဆးဆိုက္ဒါဘီပြဲ တပြဲျဖစ္ခဲ့ရပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.