Article Premier League Transfer News

19 Feb ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လာမယ့်နွေရာသီမှာ လီဗာပူးလ်အသင်းရဲ့ ရောင်းချပြီး အသုံးစရိတ် ရှာဖွေသွားမယ့် ကစားသမားတွေထဲမှာ ပေါ်တိုအသင်းကို အငှားနဲ့ ရောက်ရှိနေခဲ့တဲ့ ဆားဘီးယားကွင်းလယ်လူ မာကို ဂရူယစ်ချ်လည်း ပါဝင်နေပြီး ယူရိုသန်း ၂၀ ကနေ သန်း ၃၀ ကြား ရရှိနိုင်ဖို့ မျှော်လင့်ထား။

– လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းနဲ့ နည်းပြဟောင်း ဂရေမီ ဆောင်းနက်စ်က မိုဟာမက် ဆာလားဟာ သူမြင်သဖူးသမျှ ကစားသမားတွေထဲမှာ တစ်ကိုယ်ကောင်းအဆန်ဆုံးဖြစ်ပြီး အသင်းအတွက် ဂိုးတွေ သွင်းယူပေးနိုင်တဲ့ ကြယ်ပွင့်ဖြစ်လို့ ကိစ္စမရှိပေမယ့် အသင်းဖော်တွေကို ပျော်အောင်တော့ အသင်းဘက်က စီစဉ်ပေးရလိမ့်မယ်လို့ သတိပေး။

– ဘာစီလိုနာအသင်းအပေါ် အနိုင်ယူခဲ့တဲ့ အန်းဖီးလ်အောင်ပွဲရဲ့ သူရဲကောင်းတစ်ဦးဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီအနေနဲ့ ဘယ်တုန်းကမှ လီဗာပူးလ်အသင်းရဲ့ အဆင့်အတန်းမှာ မရှိခဲ့ဘူးလို့ ပြိုင်ပွဲစုံခြေစွမ်းအပေါ် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက သုံးသပ်လိုက်ပြီး အမြန်ဆုံး ရောင်းချဖို့ တိုက်တွန်း။

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့် အဲဗာတန်နဲ့ မာဆေးဆိုက်ဒါဘီမှာ အနိုင်ယူပြီး သူတို့ရဲ့ ဒီရာသီ ရလဒ်တွေကို အဖတ်ဆည်ဖို့ ကြိုးစားရလိမ့်မယ်လို့ အားပေးသူ ဝက်ဘ်ဆိုက်တစ်ခု သတိပေးခဲ့ချိန်မှာ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကတော့ ပြန်လည်ပါဝင်လာနိုင်မှာဖြစ်လို့ အသားမကျသေးတဲ့ ခံစစ်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေ။

– ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာဟာ အသင်းအတွက်တော့ အဖျက်တစ်ခုသာဖြစ်နေတယ်ဆိုတဲ့ ကာရေဂါရဲ့ မှတ်ချက်ဟာ ပြင်းထန်လွန်းပြီး ခံစစ်သမားဟောင်းတစ်ဦးရဲ့ အမြင်သာဖြစ်ကြောင်းနဲ့ ကွင်းလယ်လူတစ်ဦးကို ဒီလိုမျိုး သုံးသပ်ဖို့အတွက် လုံလောက်တဲ့ အချိန်ပေးပြီး ကြည့်ရှုနားလည်ပေးသင့်တယ်လို့ ဂရေမီ ဆောင်းနက်စ် တုံ့ပြန်သွား။

– အထောင်တိုက်စစ်မှူးတစ်ဦးအနေနဲ့ တစ်ရာသီမှာ ပရီးမီးယားလိဂ်ဂိုး ၁၅ ဂိုးလောက် သွင်းယူနိုင်တာမျိုးမရှိဘဲ ဆာလားနဲ့ မာနေးတို့အတွက် ဖန်တီးပေးရုံနဲ့သာ ကျေနပ်နေတဲ့ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုကို နွေရာသီမှာ ရောင်းချပြီး အစားထိုးသွားဖို့ ကာရေဂါတိုက်တွန်းသွား။

– ဒေါ့မွန်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး အာလင်း ဟားလန်း ထွက်ခွာသွားရင် အစားထိုးဖို့ စောင့်ကြည့်နေတဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်တိုက်စစ်မှူး ပတ်ဆန် ဒါကာက သူဟာ လီဗာပူးလ်အသင်းရဲ့ လူးဝစ် ဆွာရက်ဇ်ကို အားကျသူဖြစ်ပြီး အန်းဖီးလ်မှာ ကစားလိုကြောင်း ထုတ်ဖော်သွား။

– ပီအက်စ်ဂျီအသင်းက လာမယ့်နွေရာသီမှာ ယူရိုသန်း ၂၀၀ ရရှိရင် ရောင်းချသွားမယ်ဆိုတဲ့ တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေကို ရီးရဲလ် မက်ဒရစ်အသင်းအနေနဲ့ လီဗာပူးလ်အသင်းနဲ့ အပြိုင်လုဖို့ လုပ်ဆောင်နေပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကျောနံပါတ် ၇ ကို ပေးအပ်ပြီး စည်းရုံးဖို့ ကြံရွယ်ထား။

– လာမယ့် နွေရာသီမှာ ပီအစ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်မယ့်အသင်းကို လောင်းကစားဒိုင်တွေက အလေးပေး ကြေးဖွင့်ခဲ့ရာမှာ လီဗာပူးလ်အသင်းက ၆ လေး ၁ လေး၊ ရီးရဲလ်မက်ဒရစ်က ၈ လေး ၁ လေး၊ မန်ချက်စတာစီးတီးနဲ့ ဘာစီလိုနာတို့က ၁၆ လေး ၁ လေးနဲ့ ၂၀ လေး ၁ လေး အသီးသီး ဖွင့်လှစ်ခံခဲ့ရ။

– လီဗာပူးလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်းက အောင်မြင်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ပွဲပန်းမှုနဲ့ ဒဏ်ရာတွေရဲ့ သက်ရောက်မှုကို ခံစားခဲ့ရတာဖြစ်ကြောင်းနဲ့ ဒီရာသီကို မေ့ထားပြီး လာမယ့်ရာသီမှာ နည်းပြ ကလော့ပ်နဲ့အတူ အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်မယ်လို့ ဗီလာတိုက်စစ်မှူးဟောင်း အက်ဘွန်လဟော် ခန့်မှန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လာမယ့္ေႏြရာသီမွာ လီဗာပူးလ္အသင္းရဲ႕ ေရာင္းခ်ၿပီး အသုံးစရိတ္ ရွာေဖြသြားမယ့္ ကစားသမားေတြထဲမွာ ေပၚတိုအသင္းကို အငွားနဲ႔ ေရာက္ရွိေနခဲ့တဲ့ ဆားဘီးယားကြင္းလယ္လူ မာကို ဂ႐ူယစ္ခ်္လည္း ပါဝင္ေနၿပီး ယူ႐ိုသန္း ၂၀ ကေန သန္း ၃၀ ၾကား ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ထား။

– လီဗာပူးလ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းနဲ႔ နည္းျပေဟာင္း ဂေရမီ ေဆာင္းနက္စ္က မိုဟာမက္ ဆာလားဟာ သူျမင္သဖူးသမွ် ကစားသမားေတြထဲမွာ တစ္ကိုယ္ေကာင္းအဆန္ဆုံးျဖစ္ၿပီး အသင္းအတြက္ ဂိုးေတြ သြင္းယူေပးႏိုင္တဲ့ ၾကယ္ပြင့္ျဖစ္လို႔ ကိစၥမရွိေပမယ့္ အသင္းေဖာ္ေတြကို ေပ်ာ္ေအာင္ေတာ့ အသင္းဘက္က စီစဥ္ေပးရလိမ့္မယ္လို႔ သတိေပး။

– ဘာစီလိုနာအသင္းအေပၚ အႏိုင္ယူခဲ့တဲ့ အန္းဖီးလ္ေအာင္ပြဲရဲ႕ သူရဲေကာင္းတစ္ဦးျဖစ္ခဲ့တဲ့ တိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီအေနနဲ႔ ဘယ္တုန္းကမွ လီဗာပူးလ္အသင္းရဲ႕ အဆင့္အတန္းမွာ မရွိခဲ့ဘူးလို႔ ၿပိဳင္ပြဲစုံေျခစြမ္းအေပၚ ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက သုံးသပ္လိုက္ၿပီး အျမန္ဆုံး ေရာင္းခ်ဖို႔ တိုက္တြန္း။

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ အဲဗာတန္နဲ႔ မာေဆးဆိုက္ဒါဘီမွာ အႏိုင္ယူၿပီး သူတို႔ရဲ႕ ဒီရာသီ ရလဒ္ေတြကို အဖတ္ဆည္ဖို႔ ႀကိဳးစားရလိမ့္မယ္လို႔ အားေပးသူ ဝက္ဘ္ဆိုက္တစ္ခု သတိေပးခဲ့ခ်ိန္မွာ ၿပိဳင္ဘက္အသင္းရဲ႕ တိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္ကေတာ့ ျပန္လည္ပါဝင္လာႏိုင္မွာျဖစ္လို႔ အသားမက်ေသးတဲ့ ခံစစ္အတြက္ စိန္ေခၚမႈတစ္ခုျဖစ္ေန။

– ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာဟာ အသင္းအတြက္ေတာ့ အဖ်က္တစ္ခုသာျဖစ္ေနတယ္ဆိုတဲ့ ကာေရဂါရဲ႕ မွတ္ခ်က္ဟာ ျပင္းထန္လြန္းၿပီး ခံစစ္သမားေဟာင္းတစ္ဦးရဲ႕ အျမင္သာျဖစ္ေၾကာင္းနဲ႔ ကြင္းလယ္လူတစ္ဦးကို ဒီလိုမ်ိဳး သုံးသပ္ဖို႔အတြက္ လုံေလာက္တဲ့ အခ်ိန္ေပးၿပီး ၾကည့္ရႈနားလည္ေပးသင့္တယ္လို႔ ဂေရမီ ေဆာင္းနက္စ္ တုံ႔ျပန္သြား။

– အေထာင္တိုက္စစ္မႉးတစ္ဦးအေနနဲ႔ တစ္ရာသီမွာ ပရီးမီးယားလိဂ္ဂိုး ၁၅ ဂိုးေလာက္ သြင္းယူႏိုင္တာမ်ိဳးမရွိဘဲ ဆာလားနဲ႔ မာေနးတို႔အတြက္ ဖန္တီးေပး႐ုံနဲ႔သာ ေက်နပ္ေနတဲ့ တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုကို ေႏြရာသီမွာ ေရာင္းခ်ၿပီး အစားထိုးသြားဖို႔ ကာေရဂါတိုက္တြန္းသြား။

– ေဒါ့မြန္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး အာလင္း ဟားလန္း ထြက္ခြာသြားရင္ အစားထိုးဖို႔ ေစာင့္ၾကည့္ေနတဲ့ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္တိုက္စစ္မႉး ပတ္ဆန္ ဒါကာက သူဟာ လီဗာပူးလ္အသင္းရဲ႕ လူးဝစ္ ဆြာရက္ဇ္ကို အားက်သူျဖစ္ၿပီး အန္းဖီးလ္မွာ ကစားလိုေၾကာင္း ထုတ္ေဖာ္သြား။

– ပီအက္စ္ဂ်ီအသင္းက လာမယ့္ေႏြရာသီမွာ ယူ႐ိုသန္း ၂၀၀ ရရွိရင္ ေရာင္းခ်သြားမယ္ဆိုတဲ့ တိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပကို ရီးရဲလ္ မက္ဒရစ္အသင္းအေနနဲ႔ လီဗာပူးလ္အသင္းနဲ႔ အၿပိဳင္လုဖို႔ လုပ္ေဆာင္ေနၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေက်ာနံပါတ္ ၇ ကို ေပးအပ္ၿပီး စည္း႐ုံးဖို႔ ႀကံ႐ြယ္ထား။

– လာမယ့္ ေႏြရာသီမွာ ပီအစ္ဂ်ီတိုက္စစ္မႉး အမ္ဘာေပကို ေခၚယူႏိုင္မယ့္အသင္းကို ေလာင္းကစားဒိုင္ေတြက အေလးေပး ေၾကးဖြင့္ခဲ့ရာမွာ လီဗာပူးလ္အသင္းက ၆ ေလး ၁ ေလး၊ ရီးရဲလ္မက္ဒရစ္က ၈ ေလး ၁ ေလး၊ မန္ခ်က္စတာစီးတီးနဲ႔ ဘာစီလိုနာတို႔က ၁၆ ေလး ၁ ေလးနဲ႔ ၂၀ ေလး ၁ ေလး အသီးသီး ဖြင့္လွစ္ခံခဲ့ရ။

– လီဗာပူးလ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္ရာသီအတြင္းက ေအာင္ျမင္မႈေတြရဲ႕ ေနာက္ဆက္တြဲအျဖစ္ ပြဲပန္းမႈနဲ႔ ဒဏ္ရာေတြရဲ႕ သက္ေရာက္မႈကို ခံစားခဲ့ရတာျဖစ္ေၾကာင္းနဲ႔ ဒီရာသီကို ေမ့ထားၿပီး လာမယ့္ရာသီမွာ နည္းျပ ကေလာ့ပ္နဲ႔အတူ ေအာင္ျမင္မႈေတြ ျပန္လည္ရယူႏိုင္မယ္လို႔ ဗီလာတိုက္စစ္မႉးေဟာင္း အက္ဘြန္လေဟာ္ ခန႔္မွန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.