မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက် ပထမအကျော့မှာ ရီးရဲလ်ဆိုစီဒက်အသင်းကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ပွဲက အများကြီးအသက်ဝင်နေသေးတယ်လို့ အသင်းဖော်တွေကို သတိပေးခဲ့ပြီး ယူနိုက်တက်ကစားသမားတွေအနေနဲ့ မကြာသေးမီက ဆိုးရွားတဲ့ရလဒ်တွေ ရင်ဆိုင်ခဲ့ရပြီးနောက် တိုးတက်လာဖို့အတွက် လုပ်ရမယ့်အရာအချို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီကွင်းလယ်ကစားသမားဟာ နောက်ထပ်တစ်ကြိမ် အထင်ကြီးဖွယ် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပြီး ကြာသပတေးနေ့ညနေက တူရင်မှာ ပထမပိုင်းအဖွင့်ဂိုး သွင်းယူပေးခဲ့သလို ဒုတိယပိုင်းမှာလည်း နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ်က ၆၄ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် အဆုံးသတ်သွားခဲ့တာဖြစ်ပြီး ဒန်နီရယ် ဂျိမ်းစ်က ပွဲပြီးဆုံးခါနီးမှာ ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းယူပေးပြီး ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ နောက်တဆင့်တက်ရောက်နိုင်ဖို့ သေချာသလောက်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။’
အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်ဟာ ပထမအကျော့နိုင်ပွဲကြောင့် သက်တောင့်သက်သာရှိမယ့် နိုင်ပွဲဖြစ်လာမှာဖြစ်ပေမယ့် ဖာနန်ဒက်စ်က လာမယ့်အပတ် အိမ်ကွင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ပွဲစဉ်ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းထားပြီး ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်ဟာ မပြီးဆုံးသေးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်ဆိုစီဒက်နဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး ဘယ်အရာက စိတ်ကျေနပ်စေခဲ့လဲလို့ မေးမြန်းခဲ့ရာမှာ ဖာနန်ဒက်စ်က “ရလဒ်ပေ့ါ။ ဟုတ်တာပေါ့။ အနိုင်ရဖို့ပဲလေ။ ကျွန်တော်တို့ ပွဲစဉ်တွေကို အနိုင်ရရှိချင်ပြီး ဒီနေ့ ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်”
“အားလုံးက ကောင်းမွန်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ရလဒ်က ကျွန်တော်တို့ ဘက်မှာရှိနေခဲ့ပေမယ့် ဒုတိယအကျော့ကစားရဦးမှာပါ။ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် အိမ်ကွင်းမှာ ထပ်လုပ်ပြရမယ့် ခက်ခဲတဲ့ပွဲစဉ်ရှိနေသေးပြီး နောက်ထပ်အနိုင်ယူပြီး နောက်တဆင့်တက်ဖို့ ခက်ခဲတဲ့ပွဲစဉ်ပါ”
“ကျွန်တော်တို့ ၄-၀ နဲ့ အနိုင်ရရှိခဲ့တာက ကောင်းမွန်တဲ့ရလဒ်ဆိုတာ သိပေမယ့် ကျွန်တော်တို့ ရီးရဲလ်ဆိုစီဒက် ဘာလုပ်နိုင်လဲဆိုတာကို သတိထားရမှာဖြစ်ပြီး ဒုတိယအကျော့အတွက် အဆင်သင့် ဖြစ်နေရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့ပြီး ဖာနန်ဒက်စ်က တိုးတက်လာဖို့ွှတွက် လုပ်ဆောင်ရမယ့် အဓိကအရာတွေရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ရလဒ်တွေကို ကြည့်ရမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ စွမ်းဆောင်ရည်ကို ကြည့်ရမှာပါ။ တချို့ပွဲတွေမှာ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် တချို့ပွဲတွေမှာ ကျွန်တော်တို့ လိုချင်တဲ့ရလဒ်မရဘဲ ကောင်းကောင်းကစားနိုင်ခဲ့တာလည်း ရှိနေပါသေးတယ်”
“အဲဒီတော့ ကျွန်တော်တို့ နားလည်ဖို့ လိုတာက ကျွန်တော်တို့ တိုးတက်အောင်လုပ်ရမယ်။ ကျွန်တော်တို့ ပိုပိုပြီးတော့ ကောင်းလာရပါမယ်။ ဟုတ်တာပေါ့။ အရေးအကြီးဆုံးက ရလဒ်တွေဖြစ်ပြီး အဲဒါက ခင်ဗျားကို နောက်ပွဲတွေ ဆက်ကစားပြီး နောက်ထပ်တစ်ကြိမ် အနိုင်ရရှိအောင် ကြိုးပမ်းဖို့ ယုံကြည်မှုတွေ ပေးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ဘ႐ူနို ဖာနန္ဒက္စ္ဟာ ယူရိုပါလိဂ္ ၃၂ သင္းရႈံးထြက္ ပထမအေက်ာ့မွာ ရီးရဲလ္ဆိုစီဒက္အသင္းကို ၄-၀ နဲ႔ အနိုင္ရရွိခဲ့ေပမယ့္လည္း ပြဲက အမ်ားႀကီးအသက္ဝင္ေနေသးတယ္လို႔ အသင္းေဖာ္ေတြကို သတိေပးခဲ့ၿပီး ယူနိုက္တက္ကစားသမားေတြအေနနဲ႔ မၾကာေသးမီက ဆိုးရြားတဲ့ရလဒ္ေတြ ရင္ဆိုင္ခဲ့ရၿပီးေနာက္ တိုးတက္လာဖို႔အတြက္ လုပ္ရမယ့္အရာအခ်ိဳ႕ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ေပၚတူဂီကြင္းလယ္ကစားသမားဟာ ေနာက္ထပ္တစ္ႀကိမ္ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ကို ျပသနိုင္ခဲ့တာျဖစ္ၿပီး ၾကာသပေတးေန႔ညေနက တူရင္မွာ ပထမပိုင္းအဖြင့္ဂိုး သြင္းယူေပးခဲ့သလို ဒုတိယပိုင္းမွာလည္း ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ၆၄ မိနစ္မွာ တန္ျပန္တိုက္စစ္ကေနတဆင့္ အဆုံးသတ္သြားခဲ့တာျဖစ္ၿပီး ဒန္နီရယ္ ဂ်ိမ္းစ္က ပြဲၿပီးဆုံးခါနီးမွာ ေထာင့္က်ဥ္းထဲကို အျပင္းကန္သြင္းယူေပးၿပီး ဆိုးလ္ရွားရဲ့ ယူနိုက္တက္ဟာ ေနာက္တဆင့္တက္ေရာက္နိုင္ဖို႔ ေသခ်ာသေလာက္ျဖစ္သြားခဲ့တာျဖစ္ပါတယ္။’
အိုးထရက္ဖို႔ဒ္မွာ ကစားရမယ့္ ဒုတိယအေက်ာ့ပြဲစဥ္ဟာ ပထမအေက်ာ့နိုင္ပြဲေၾကာင့္ သက္ေတာင့္သက္သာရွိမယ့္ နိုင္ပြဲျဖစ္လာမွာျဖစ္ေပမယ့္ ဖာနန္ဒက္စ္က လာမယ့္အပတ္ အိမ္ကြင္းမွာ ခက္ခဲၾကမ္းတမ္းတဲ့ပြဲစဥ္ျဖစ္လာလိမ့္မယ္လို႔ ေမၽွာ္မွန္းထားၿပီး ၃၂ သင္းရႈံးထြက္အဆင့္ပြဲစဥ္ဟာ မၿပီးဆုံးေသးဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ရီးရဲလ္ဆိုစီဒက္နဲ႔ပြဲစဥ္နဲ႔ပတ္သက္ၿပီး ဘယ္အရာက စိတ္ေက်နပ္ေစခဲ့လဲလို႔ ေမးျမန္းခဲ့ရာမွာ ဖာနန္ဒက္စ္က “ရလဒ္ေပ့ါ။ ဟုတ္တာေပါ့။ အနိုင္ရဖို႔ပဲေလ။ ကၽြန္ေတာ္တို႔ ပြဲစဥ္ေတြကို အနိုင္ရရွိခ်င္ၿပီး ဒီေန႔ ကၽြန္ေတာ္တို႔ လုပ္နိုင္ခဲ့တယ္”
“အားလုံးက ေကာင္းမြန္ေနတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ရလဒ္က ကၽြန္ေတာ္တို႔ ဘက္မွာရွိေနခဲ့ေပမယ့္ ဒုတိယအေက်ာ့ကစားရဦးမွာပါ။ ကၽြန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ အိမ္ကြင္းမွာ ထပ္လုပ္ျပရမယ့္ ခက္ခဲတဲ့ပြဲစဥ္ရွိေနေသးၿပီး ေနာက္ထပ္အနိုင္ယူၿပီး ေနာက္တဆင့္တက္ဖို႔ ခက္ခဲတဲ့ပြဲစဥ္ပါ”
“ကၽြန္ေတာ္တို႔ ၄-၀ နဲ႔ အနိုင္ရရွိခဲ့တာက ေကာင္းမြန္တဲ့ရလဒ္ဆိုတာ သိေပမယ့္ ကၽြန္ေတာ္တို႔ ရီးရဲလ္ဆိုစီဒက္ ဘာလုပ္နိုင္လဲဆိုတာကို သတိထားရမွာျဖစ္ၿပီး ဒုတိယအေက်ာ့အတြက္ အဆင္သင့္ ျဖစ္ေနရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ ၆ ပြဲမွာ ၂ ပြဲသာ အနိုင္ရရွိခဲ့ၿပီး ဖာနန္ဒက္စ္က တိုးတက္လာဖို႔ႊတြက္ လုပ္ေဆာင္ရမယ့္ အဓိကအရာေတြရွိေနေသးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“ကၽြန္ေတာ္တို႔ ရလဒ္ေတြကို ၾကည့္ရမွာမဟုတ္ဘူးလို႔ ထင္ပါတယ္။ ကၽြန္ေတာ္တို႔ စြမ္းေဆာင္ရည္ကို ၾကည့္ရမွာပါ။ တခ်ိဳ႕ပြဲေတြမွာ ကၽြန္ေတာ္တို႔ ေကာင္းေကာင္း မကစားနိုင္ခဲ့ဘူးဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ပြဲေတြမွာ ကၽြန္ေတာ္တို႔ လိုခ်င္တဲ့ရလဒ္မရဘဲ ေကာင္းေကာင္းကစားနိုင္ခဲ့တာလည္း ရွိေနပါေသးတယ္”
“အဲဒီေတာ့ ကၽြန္ေတာ္တို႔ နားလည္ဖို႔ လိုတာက ကၽြန္ေတာ္တို႔ တိုးတက္ေအာင္လုပ္ရမယ္။ ကၽြန္ေတာ္တို႔ ပိုပိုၿပီးေတာ့ ေကာင္းလာရပါမယ္။ ဟုတ္တာေပါ့။ အေရးအႀကီးဆုံးက ရလဒ္ေတြျဖစ္ၿပီး အဲဒါက ခင္ဗ်ားကို ေနာက္ပြဲေတြ ဆက္ကစားၿပီး ေနာက္ထပ္တစ္ႀကိမ္ အနိုင္ရရွိေအာင္ ႀကိဳးပမ္းဖို႔ ယုံၾကည္မႈေတြ ေပးပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.