Premier League

ရော်နယ်ဒိုက မက်ဆီထက် အမြဲသာနေလိမ့်မယ်လို့ ပြောခဲ့တဲ့ ဘွန်ဒက်စ်လီဂါကြယ်ပွင့်

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဘာစီလိုနာကြယ်ပွင့် မက်ဆီတို့့ကြားက ရရှိခဲ့တဲ့ အောင်မြင်မှုတွေမှာ ကြီးမားတဲ့ကွဲပြားခြားနားမှုတွေရှိခဲ့တာကြောင့် ပေါ်တူဂီကြယ်ပွင့်က အမြဲတမ်း အာဂျင်တီးနားကြယ်ပွင့်ထက် အမြဲတမ်းသာနေလိမ့်မယ်လို့ လီယွန် ဘိုင်လေက ပြောကြားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် လေဗာကူဆင်ကြယ်ပွင့် လီယွန်ဘိုင်လေဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာနေသူဖြစ်ပြီး ဥရောပထိပ်တန်းအသင်းကြီးတွေအများအပြားရဲ့ ပစ်မှတ်စာရင်းထဲမှာ ပြန်လည်ပါဝင်လာနေသူဖြစ်ပါတယ်။ ရော်နယ်ဒိုက ဘာကြောင့် ၎င်းရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့ အပေါ်မှာ ရပ်တည်နေရတာလဲဆိုတာကို ဘိုင်လေက ရိုးရှင်းတဲ့ အမြင်ကို ပြောပြခဲ့တာဖြစ်ပြီး မက်ဆီဟာ ဘာစီလိုနာမှာပဲ အချိန်အကြာကြီး ကုန်ဆုံးခဲ့ပြီး မတူညီတဲ့အသင်း သို့မဟုတ် မတူညီတဲ့လိဂ်တွေမှာ သက်သေမပြသနိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“မက်ဆီက အသင်းတစ်သင်းတည်းမှာ အချိန်အကြာကြီး ရှိနေခဲ့လို့ ကျွန်တော် ထင်ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ကြားက ကြီးမားတဲ့ကွာခြားချက်က ရော်နယ်ဒိုက မတူညီတဲ့အသင်းတွေမှာ အရမ်းကောင်းမွန်တဲ့အရာတွေကို လုပ်နိုင်ခဲ့ပြီး အဲဒါကပဲ သူ့ကို အကောင်းဆုံးဖြစ်စေခဲ့တာပါ”

“သူတို့တွေက အရမ်းကောင်းတဲ့ကစားသမား ၂ ဦးဆိုတာ သိသာပေမယ့် ရော်နယ်ဒိုကတော့ အမြဲတမ်း သာနေမှာပါ”

ဂျမေကာလက်ရွေးစင်ကစားသမားက ရော်နယ်ဒိုထက်စာရင် မက်ဆီက ပိုပြီး မွေးရာပါအရည်အချင်းတွေ ပိုများတယ်လို့ ယုံကြည်နေပြီး ရော်နယ်ဒိုကတော့ ၎င်းရဲ့မျက်လုံးထဲမှာ ပိုမိုအောင်မြင်တယ်လို့ မြင်ကြောင်း ပြောကြားခဲ့ပါတယ်။

“မက်ဆီက ခရစ္စတီယာနိုထက် ပိုပြီး ပါရမီ ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့့် အောင်မြင်မှုအပိုင်းမှာတော့ ကျွန်တော် ရော်နယ်ဒိုကိုပဲ အကြိမ် ၁၀၀ လောက် ရွေးရလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ဴဗင္တပ္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒိုနဲ႔ ဘာစီလိုနာၾကယ္ပြင့္ မက္ဆီတို႔့ၾကားက ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြမွာ ႀကီးမားတဲ့ကြဲျပားျခားနားမႈေတြရွိခဲ့တာေၾကာင့္ ေပၚတူဂီၾကယ္ပြင့္က အျမဲတမ္း အာဂ်င္တီးနားၾကယ္ပြင့္ထက္ အျမဲတမ္းသာေနလိမ့္မယ္လို႔ လီယြန္ ဘိုင္ေလက ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ေလဗာကူဆင္ၾကယ္ပြင့္ လီယြန္ဘိုင္ေလဟာ ယခုရာသီမွာ ပုံမွန္ေျခစြမ္း ျပန္လည္ရရွိလာေနသူျဖစ္ၿပီး ဥေရာပထိပ္တန္းအသင္းႀကီးေတြအမ်ားအျပားရဲ့ ပစ္မွတ္စာရင္းထဲမွာ ျပန္လည္ပါဝင္လာေနသူျဖစ္ပါတယ္။ ေရာ္နယ္ဒိုက ဘာေၾကာင့္ ၎ရဲ့ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ လီယြန္နယ္မက္ဆီရဲ့ အေပၚမွာ ရပ္တည္ေနရတာလဲဆိုတာကို ဘိုင္ေလက ရိုးရွင္းတဲ့ အျမင္ကို ေျပာျပခဲ့တာျဖစ္ၿပီး မက္ဆီဟာ ဘာစီလိုနာမွာပဲ အခ်ိန္အၾကာႀကီး ကုန္ဆုံးခဲ့ၿပီး မတူညီတဲ့အသင္း သို႔မဟုတ္ မတူညီတဲ့လိဂ္ေတြမွာ သက္ေသမျပသနိုင္ခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“မက္ဆီက အသင္းတစ္သင္းတည္းမွာ အခ်ိန္အၾကာႀကီး ရွိေနခဲ့လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ၾကားက ႀကီးမားတဲ့ကြာျခားခ်က္က ေရာ္နယ္ဒိုက မတူညီတဲ့အသင္းေတြမွာ အရမ္းေကာင္းမြန္တဲ့အရာေတြကို လုပ္နိုင္ခဲ့ၿပီး အဲဒါကပဲ သူ႔ကို အေကာင္းဆုံးျဖစ္ေစခဲ့တာပါ”

“သူတို႔ေတြက အရမ္းေကာင္းတဲ့ကစားသမား ၂ ဦးဆိုတာ သိသာေပမယ့္ ေရာ္နယ္ဒိုကေတာ့ အျမဲတမ္း သာေနမွာပါ”

ဂ်ေမကာလက္ေရြးစင္ကစားသမားက ေရာ္နယ္ဒိုထက္စာရင္ မက္ဆီက ပိုၿပီး ေမြးရာပါအရည္အခ်င္းေတြ ပိုမ်ားတယ္လို႔ ယုံၾကည္ေနၿပီး ေရာ္နယ္ဒိုကေတာ့ ၎ရဲ့မ်က္လုံးထဲမွာ ပိုမိုေအာင္ျမင္တယ္လို႔ ျမင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“မက္ဆီက ခရစၥတီယာနိုထက္ ပိုၿပီး ပါရမီ ရွိတယ္လို႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္။ ဒါေပမယ့့္ ေအာင္ျမင္မႈအပိုင္းမွာေတာ့ ကၽြန္ေတာ္ ေရာ္နယ္ဒိုကိုပဲ အႀကိမ္ ၁၀၀ ေလာက္ ေရြးရလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.