Premier League UCL&UEL

အက္သလက္တီကိုနဲ႔ပြဲမွာ ေနာက္ထပ္ခမ္းနားတဲ့ အန္းဖီးလ္ညတစ္ညကို ပစ္မွတ္ထားေနတဲ့ ဗန္ဒိုက္

လီဗာပူးလ္အသင္းရဲ႕ အဓိကေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္က လာမယ့္ အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရွဳံးထြက္ဒုတိယအေက်ာ့ အန္းဖီးလ္ကြင္းက ပြဲစဥ္ကို ေနာက္ထပ္ခမ္းခမ္းနားနားနဲ႔ ေအာင္ပြဲခံႏုိင္မယ့္ ညတစ္ညျဖစ္လာဖို႔ ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ ရာသီက လီဗာပူးလ္တုိ႔ရဲ႕ အမွတ္တရျဖစ္ခဲ့ရတဲ့ ပထမေက်ာ့မွာ သုံးဂိုး-ဂိုးမရွိနဲ႔ ရွဳံးနိမ့္ထားခဲ့တဲ့ ဘာစီလိုနာကို အိမ္ကြင္းမွာ ေလးဂိုး-ဂိုးမရွိနဲ႔ မျဖစ္ႏုိင္တဲ့ အေနအထားမ်ဳိးကေန ေျပာင္းျပန္လွန္ပစ္ခဲ့တာျဖစ္ၿပီး ဒါကို ဒီႏွစ္မွာလည္း ဒီေယဂို ဆီမီယြန္နီရဲ႕အသင္းအေပၚ ထပ္ၿပီးလုပ္ျပႏုိင္ဖို႔ ဗန္ဒိုက္က ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ပထမအေက်ာ့မွာ တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိထားခဲ့တဲ့ အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ က်စ္လ်စ္တဲ့ ခံစစ္နဲ႔ လ်င္ျမန္တဲ့ တန္ျပန္တုိက္စစ္ကို အားကိုးၿပီး အန္းဖီးလ္မွာ အေဝးဂိုးရယူႏုိင္ဖို႔ ႀကဳိးစားမွာျဖစ္သလို လီဗာပူးလ္တုိ႔အေနနဲ႔ကေတာ့ ႏွစ္ဂိုး-တစ္ဂိုးဆုိတဲ့ ရလဒ္မ်ဳိးကို ေရွာင္လႊဲႏိုင္ဖို႔ ႀကဳိးစားရမွာလည္းျဖစ္ၿပီး မႏွစ္က ျဖစ္ရပ္နဲ႔ ႏွဳိင္းယွဥ္ရင္ေတာ့ လြယ္မေယာင္နဲ႔ အတူတူပဲ ခက္ခဲမယ္လို႔ ယူဆရပါတယ္။

“ဘာစီလိုနာနဲ႔ ကစားခဲ့တုန္းကလိုပဲ သူတို႔ကို အေဝးဂိုးသြင္းယူဖို႔ လုံးဝအခြင့္အေရးမေပးႏုိင္ဘူးလို႔ ကၽြန္ေတာ္ အျပတ္ေျပာလုိက္မယ္။ ဒီပြဲမွာလည္း မႏွစ္တုန္းကနဲ႔ တူညီတဲ့ ပုံစံ၊ တူညီတဲ့ ခံယူခ်က္နဲ႔ပဲ ကစားရမွာျဖစ္ၿပီး ကစားပုံေကာင္းေကာင္းနဲ႔ အႏုိင္ရႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ပထမဆုံး လုပ္ရမွာကေတာ့ ျပင္းျပတဲ့ စိတ္ဓာတ္နဲ႔ ႀကဳိးစားကစားဖို႔ပါပဲ”လို႔ လီဗာပူးလ္အသင္းရဲ႕ တတိယအသင္းေခါင္းေဆာင္က ဆုိပါတယ္။

ဗန္ဒိုက္က သူ႕ရဲ႕အသင္းသားေတြအေနနဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ တန္ျပန္တုိက္စစ္ေတြကို သတိထားရမွာျဖစ္တယ္လုိ႔လည္း သတိေပးေျပာၾကားသြားခဲ့ၿပီး ခံစစ္နဲ႔ တန္ျပန္တုိက္စစ္ကစားတတ္တဲ့ အသင္းေတြထဲမွာ ဒီစပိန္ကလပ္အသင္းဟာ အေကာင္းဆုံးအသင္းျဖစ္လို႔ သတိထားၿပီး ခ်န္ပီယံလိဂ္ကို ကာကြယ္မယ့္လမ္းေၾကာင္းေပၚ ဆက္ရွိေနဖို႔ လုပ္ေဆာင္သြားရမွာျဖစ္တယ္လုိ႔လည္း ေျပာၾကားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ အဓိကနောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်က လာမယ့် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ အန်းဖီးလ်ကွင်းက ပွဲစဉ်ကို နောက်ထပ်ခမ်းခမ်းနားနားနဲ့ အောင်ပွဲခံနိုင်မယ့် ညတစ်ညဖြစ်လာဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ်တို့ရဲ့ အမှတ်တရဖြစ်ခဲ့ရတဲ့ ပထမကျော့မှာ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ထားခဲ့တဲ့ ဘာစီလိုနာကို အိမ်ကွင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ မဖြစ်နိုင်တဲ့ အနေအထားမျိုးကနေ ပြောင်းပြန်လှန်ပစ်ခဲ့တာဖြစ်ပြီး ဒါကို ဒီနှစ်မှာလည်း ဒီယေဂို ဆီမီယွန်နီရဲ့အသင်းအပေါ် ထပ်ပြီးလုပ်ပြနိုင်ဖို့ ဗန်ဒိုက်က မျှော်လင့်နေတာဖြစ်ပါတယ်။

ပထမအကျော့မှာ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိထားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ ကျစ်လျစ်တဲ့ ခံစစ်နဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကို အားကိုးပြီး အန်းဖီးလ်မှာ အဝေးဂိုးရယူနိုင်ဖို့ ကြိုးစားမှာဖြစ်သလို လီဗာပူးလ်တို့အနေနဲ့ကတော့ နှစ်ဂိုး-တစ်ဂိုးဆိုတဲ့ ရလဒ်မျိုးကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားရမှာလည်းဖြစ်ပြီး မနှစ်က ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ရင်တော့ လွယ်မယောင်နဲ့ အတူတူပဲ ခက်ခဲမယ်လို့ ယူဆရပါတယ်။

“ဘာစီလိုနာနဲ့ ကစားခဲ့တုန်းကလိုပဲ သူတို့ကို အဝေးဂိုးသွင်းယူဖို့ လုံးဝအခွင့်အရေးမပေးနိုင်ဘူးလို့ ကျွန်တော် အပြတ်ပြောလိုက်မယ်။ ဒီပွဲမှာလည်း မနှစ်တုန်းကနဲ့ တူညီတဲ့ ပုံစံ၊ တူညီတဲ့ ခံယူချက်နဲ့ပဲ ကစားရမှာဖြစ်ပြီး ကစားပုံကောင်းကောင်းနဲ့ အနိုင်ရနိုင်ဖို့ မျှော်လင့်ပါတယ်။ ပထမဆုံး လုပ်ရမှာကတော့ ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားကစားဖို့ပါပဲ”လို့ လီဗာပူးလ်အသင်းရဲ့ တတိယအသင်းခေါင်းဆောင်က ဆိုပါတယ်။

ဗန်ဒိုက်က သူ့ရဲ့အသင်းသားတွေအနေနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို သတိထားရမှာဖြစ်တယ်လို့လည်း သတိပေးပြောကြားသွားခဲ့ပြီး ခံစစ်နဲ့ တန်ပြန်တိုက်စစ်ကစားတတ်တဲ့ အသင်းတွေထဲမှာ ဒီစပိန်ကလပ်အသင်းဟာ အကောင်းဆုံးအသင်းဖြစ်လို့ သတိထားပြီး ချန်ပီယံလိဂ်ကို ကာကွယ်မယ့်လမ်းကြောင်းပေါ် ဆက်ရှိနေဖို့ လုပ်ဆောင်သွားရမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

REF: SKY SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.