Premier League

ပရီးမီယားလိဂ္ကို တံခါးေခါက္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အာဆင္နယ္၊ လီဗာပူးလ္နဲ႔ ဝုလ္ဗ္စ္တုိ႔အေပၚ သက္ေရာက္မွဳေတြရွိခဲ့

ဗုဒၶဟူးေန႔ညမွာ ပြဲက်န္အျဖစ္ ျပန္လည္ယွဥ္ၿပိဳင္ကစားမယ့္ မန္းစီးတီးအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ ပြဲစဥ္ကို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေ႐ႊ႕ဆိုင္းလိုက္ၿပီ ျဖစ္တယ္လို႔ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က တရားဝင္ ေၾကျငာသြားခဲ့ပါသည္။

ျဖစ္စဥ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ အိုလံပီယာေကာ့စ္ကလပ္ပိုင္ရွင္ အီဗန္ဂ်ယ္လို မာရီနာကစ္အေနနဲ႔ အာဆင္နယ္ကြင္းကို လြန္ခဲ့တဲ့ ၁၂ ရက္က လာေရာက္ခဲ့ေသာေၾကာင့္ျဖစ္ၿပီး အခုလို လာေရာက္ခဲ့ေသာေၾကာင့္ အာဆင္နယ္အသင္း ဝန္ထမ္းမ်ား ၊ နည္းျပအဖြဲ႕ဝင္မ်ားႏွင့္ ကစားသမားမ်ား ကူးစက္ႏိုင္ဖြယ္ရွိတဲ့ သံသယရွိတာေၾကာင့္ ပရီးမီးယားလိဂ္တာဝန္ရွိသူေတြက ပြဲရက္ ေ႐ႊ႕ဆိုင္းလိုက္ရျခင္း ျဖစ္ပါတယ္။

ပြဲအျပီး ေနာ့တင္ဟမ္ေဖာရက္စ္အသင္းပုိင္ရွင္ မာရီနာကစ္နဲ႔ ေတြ႔ဆံုခဲ့တဲ့ အာဆင္နယ္၀န္ထမ္း ၄ ဦးနဲ႔ ကစားသမားေတြကို ၁၄ ရက္ျပည့္တဲ့အထိ ေနအိ္မ္မွာသာ ေနထိုင္ေစာင့္ၾကည့္ဖုိ႔ အာဆင္နယ္အသင္းကလည္း ေၾကျငာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

အီဗန္ဂ်ယ္လို မာရီနာကစ္ရဲ႕ ေရာဂါကူးစက္ခံရမႈ သံသယရွိတယ္ဆိုတဲ့ ထုတ္ျပန္ခ်က္ကို သိသိျခင္း ပရီးမီးယားအဖြဲ႔ခ်ဳပ္ရဲ႕ လ်င္ျမန္စြာ ေဆာင္ရြက္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ႀကိဳတင္ကာကြယ္ေရး စစ္ေဆးမႈ အစီအစဥ္ကို အာဆင္နယ္အသင္းနဲ႔ မန္စီးတီးအသင္းတို႔ကလည္း ေ႐ြ႕ဆိုင္းဖို႔ သေဘာတူခဲ့ပါတယ္။

ယခုပြဲအတြက္ လက္မွတ္ဝယ္ထားတဲ့ ႏွစ္ဖက္ပရိသတ္ေတြကေတာ့ အဆင္မေျပမႈ အခက္အခဲေတြျဖစ္ခဲ့ၿပီး နစ္နာခဲ့ရပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ ကစားသမားနဲ႔ ၀န္ထမ္းတခ်ဳိ႕သာ ကူးစက္မႈ ခံခဲ့ရရင္ နစ္နာဆံုးရံႈးမႈေတြ ရိွလာမွာ ျဖစ္ပါတယ္။ ယခုပြဲကို ေရႊ႕ဆိုင္းလိုက္ရတဲ့အတြက္ ပြဲပန္းေနတဲ့ မန္စီးတီးအသင္းကို အႏိုင္ကန္ယူဖို႔ အားခဲထားတဲ့ အာဆင္နယ္အသင္းအေနနဲ႔လည္း အခြင့္အေရးတခု လက္လႊတ္လိုက္ရသလို ျဖစ္ခဲ့ပါတယ္။ က်န္ပြဲစဥ္မ်ားကိုေတာ့ ေ႐ႊ႕ဆိုင္းဖို႔ အစီအစဥ္မရွိဘူးလို႔ ပရီးမီးယားလိဂ္ေဘာလုံးအဖြဲ႕ခ်ဳပ္က ယခု အထိေတာ့ ေၾကျငာထားပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ေတာ့ ယခုပြဲကို ေရႊ႔ဆိုင္းလိုက္တဲ့အတြက္ မန္စီးတီးသာ ရံႈးနိမ့္ခဲ့ရင္ ႏွစ္ ၃၀ ၾကာ မရတာၾကာျပီျဖစ္တဲ့ First Division ဖလား (ယခု ပရီးမီးယားလိဂ္ဖလား)ကို ရာသီမျပီးခင္ ခပ္ေစာေစာ ျပန္လည္ရယူႏိုင္ဖို႔ အခြင့္အေရးရိွေနတဲ့ ႀကဳိးၾကာနီေတြအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

ေနာက္ထပ္ ဒီျဖစ္စဥ္ေတြနဲ႔ ဆက္စပ္ေနတဲ့ အသင္းတစ္သင္းကေတာ့ အိုလံပီယာေကာ့စ္အသင္းနဲ႔ ယူရိုပါလိဂ္ ၁၆ သင္းအဆင့္မွာ ေတြ႔ဆံုမယ့္ ပရီးမီးယားလိဂ္ ကလပ္ ၀ုလ္ဗ္စ္အသင္းအေနနဲ႔ ေအသင္ျမိဳ႔မွာ ကစားမယ့္ပြဲကို ပရိတ္သတ္မပါပဲ ကြင္းပိတ္ကစားရမွာ ျဖစ္ပါတယ္။

အသင္းမန္ေနဂ်ာ ႏူႏူ အက္စ္ပရီစီတုိ ဆန္တိုကေတာ့ ဒီဆံုးျဖတ္ခ်က္ကို သေဘာမက်ခဲ့ပဲ အခုလိုမ်ိဳး ပရိတ္သတ္မပါပဲ ကြင္းပိတ္ ကစားရမယ္ဆိုရင္ က်ေနာ္တုိ႔ အဲဒီကို သြားေရာက္ယွဥ္ျပိဳင္ဖို႔ ေပ်ာ္ရႊင္မႈ ရိွမွာ မဟုတ္ပါဘူး။ အခုလုိ ကစားရမွာက ပံုမွန္ မဟုတ္တဲ့ ဘ၀ကို ပံုမွန္ဘ၀လို ဖန္တီးဟန္ေဆာင္ရမွာ ျဖစ္တဲ့အတြက္ ဘာခံစားခ်က္မွ ရိွမွာ မဟုတ္ပါဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ပရီးမီယားလိဂ္အဖြဲ႔ခ်ဳပ္မွ ယခုလာမယ့္ ရက္သတၱပတ္မွာ ကစားမယ့္ ပြဲစဥ္ေတြကစၿပီး ပြဲမစတင္ခင္ ႏွစ္ဖက္ကစားသမားေတြ လက္ဆြဲႏႈတ္ဆက္မယ့္ အစီအစဥ္ကိုလည္း မျပဳလုပ္ဖို႔ ေၾကျငာခ်က္ ထပ္မံထုတ္ျပန္လိုက္ေၾကာင္းလည္း သိရွိရပါတယ္။

REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဗုဒ္ဓဟူးနေ့ညမှာ ပွဲကျန်အဖြစ် ပြန်လည်ယှဉ်ပြိုင်ကစားမယ့် မန်းစီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က တရားဝင် ကြေငြာသွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အိုလံပီယာကော့စ်ကလပ်ပိုင်ရှင် အီဗန်ဂျယ်လို မာရီနာကစ်အနေနဲ့ အာဆင်နယ်ကွင်းကို လွန်ခဲ့တဲ့ ၁၂ ရက်က လာရောက်ခဲ့သောကြောင့်ဖြစ်ပြီး အခုလို လာရောက်ခဲ့သောကြောင့် အာဆင်နယ်အသင်း ဝန်ထမ်းများ ၊ နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများ ကူးစက်နိုင်ဖွယ်ရှိတဲ့ သံသယရှိတာကြောင့် ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ပွဲရက် ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်ပါတယ်။

ပွဲအပြီး နော့တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင် မာရီနာကစ်နဲ့ တွေ့ဆုံခဲ့တဲ့ အာဆင်နယ်ဝန်ထမ်း ၄ ဦးနဲ့ ကစားသမားတွေကို ၁၄ ရက်ပြည့်တဲ့အထိ နေအိမ်မှာသာ နေထိုင်စောင့်ကြည့်ဖို့ အာဆင်နယ်အသင်းကလည်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

အီဗန်ဂျယ်လို မာရီနာကစ်ရဲ့ ရောဂါကူးစက်ခံရမှု သံသယရှိတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို သိသိခြင်း ပရီးမီးယားအဖွဲ့ချုပ်ရဲ့ လျင်မြန်စွာ ဆောင်ရွက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကြိုတင်ကာကွယ်ရေး စစ်ဆေးမှု အစီအစဉ်ကို အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ကလည်း ရွေ့ဆိုင်းဖို့ သဘောတူခဲ့ပါတယ်။

ယခုပွဲအတွက် လက်မှတ်ဝယ်ထားတဲ့ နှစ်ဖက်ပရိသတ်တွေကတော့ အဆင်မပြေမှု အခက်အခဲတွေဖြစ်ခဲ့ပြီး နစ်နာခဲ့ရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ကစားသမားနဲ့ ဝန်ထမ်းတချို့သာ ကူးစက်မှု ခံခဲ့ရရင် နစ်နာဆုံးရှုံးမှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ ယခုပွဲကို ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် ပွဲပန်းနေတဲ့ မန်စီးတီးအသင်းကို အနိုင်ကန်ယူဖို့ အားခဲထားတဲ့ အာဆင်နယ်အသင်းအနေနဲ့လည်း အခွင့်အရေးတခု လက်လွှတ်လိုက်ရသလို ဖြစ်ခဲ့ပါတယ်။ ကျန်ပွဲစဉ်များကိုတော့ ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိဘူးလို့ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ယခု အထိတော့ ကြေငြာထားပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့တော့ ယခုပွဲကို ရွှေ့ဆိုင်းလိုက်တဲ့အတွက် မန်စီးတီးသာ ရှုံးနိမ့်ခဲ့ရင် နှစ် ၃၀ ကြာ မရတာကြာပြီဖြစ်တဲ့ First Division ဖလား (ယခု ပရီးမီးယားလိဂ်ဖလား)ကို ရာသီမပြီးခင် ခပ်စောစော ပြန်လည်ရယူနိုင်ဖို့ အခွင့်အရေးရှိနေတဲ့ ကြိုးကြာနီတွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

နောက်ထပ် ဒီဖြစ်စဉ်တွေနဲ့ ဆက်စပ်နေတဲ့ အသင်းတစ်သင်းကတော့ အိုလံပီယာကော့စ်အသင်းနဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံမယ့် ပရီးမီးယားလိဂ် ကလပ် ဝုလ်ဗ်စ်အသင်းအနေနဲ့ အေသင်မြို့မှာ ကစားမယ့်ပွဲကို ပရိတ်သတ်မပါပဲ ကွင်းပိတ်ကစားရမှာ ဖြစ်ပါတယ်။

အသင်းမန်နေဂျာ နူနူ အက်စ်ပရီစီတို ဆန်တိုကတော့ ဒီဆုံးဖြတ်ချက်ကို သဘောမကျခဲ့ပဲ အခုလိုမျိုး ပရိတ်သတ်မပါပဲ ကွင်းပိတ် ကစားရမယ်ဆိုရင် ကျနော်တို့ အဲဒီကို သွားရောက်ယှဉ်ပြိုင်ဖို့ ပျော်ရွှင်မှု ရှိမှာ မဟုတ်ပါဘူး။ အခုလို ကစားရမှာက ပုံမှန် မဟုတ်တဲ့ ဘဝကို ပုံမှန်ဘဝလို ဖန်တီးဟန်ဆောင်ရမှာ ဖြစ်တဲ့အတွက် ဘာခံစားချက်မှ ရှိမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

ပရီးမီယားလိဂ်အဖွဲ့ချုပ်မှ ယခုလာမယ့် ရက်သတ္တပတ်မှာ ကစားမယ့် ပွဲစဉ်တွေကစပြီး ပွဲမစတင်ခင် နှစ်ဖက်ကစားသမားတွေ လက်ဆွဲနှုတ်ဆက်မယ့် အစီအစဉ်ကိုလည်း မပြုလုပ်ဖို့ ကြေငြာချက် ထပ်မံထုတ်ပြန်လိုက်ကြောင်းလည်း သိရှိရပါတယ်။

REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
SPORTS A2Z.