Premier League

ဆာေနးအေနနဲ႔ အဆင္သင့္ျဖစ္ေနၿပီး အာဆင္နယ္နဲ႔ပြဲမွာ ပါဝင္ႏုိင္ေျခကို ေဖာ္ျပလုိက္တဲ့ ဂြါဒီယိုလာ

ရာသီအဖြင့္ပြဲစဥ္ျဖစ္တဲ့ လီဗာပူးလ္နဲ႔ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ ပြဲခ်ိန္ ၁၃ မိနစ္ကတည္းက ရရွိခဲ့တဲ့ ဒူးအရြတ္စုတ္ျပဲဒဏ္ရာေၾကာင့္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပြဲစဥ္ေတြကို ေတာက္ေလွ်ာက္လြဲေခ်ာ္ေနခဲ့တဲ့ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးအေနနဲ႔ အသင္းနဲ႔အတူ ပါဝင္ကစားႏိုင္ဖို႔ အဆင့္သင့္ျဖစ္ေနၿပီလို႔ နည္းျပ ဂြါဒီယိုလာက အာဆင္နယ္နဲ႔ပြဲမတုိင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလုိက္ပါတယ္။

ေဘာလုံးနဲ႔ ပတ္သက္တဲ့ ဒဏ္ရာေတြထဲမွာ အၾကာဆုံးဒဏ္ရာကို ရရွိခဲ့တဲ့ ဆာေနးဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလထဲမွာ ထရိန္နင္ ျပန္ဆင္းႏုိင္ခဲ့တာလည္းျဖစ္ၿပီး လက္ရွိအေနအထားမွာေတာ့ ယူ-၂၃ အသင္းနဲ႔ ပြဲကစားခဲ့ၿပီးသလို အသင္းႀကီးနဲ႔ ပြဲစဥ္ေတြကို ပါဝင္ကစားဖို႔လည္း ျပင္ဆင္ေနခဲ့တာပါ။

“သူ(ဆာေနး)က ဒဏ္ရာမရွိေတာ့ပါဘူး။ ေလ့က်င့္ခန္းဆင္းေနပါၿပီ။ သူ႕ကို ပြဲကစားခြင့္ေပးဖို႔ ကၽြန္ေတာ္တုိ႔အေနနဲ႔ ေသေသခ်ာခ်ာ အခ်ိန္ယူ စဥ္းစားေနခဲ့တာျဖစ္ၿပီး တကယ္ကေတာ့ လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္ကတည္းက အဆင္သင့္ျဖစ္ေနခဲ့တာပါ။ တစ္ပတ္ၿပီး တစ္ပတ္လည္း ပုိေကာင္းတဲ့ ပုံစံကို ျပသႏုိင္ခဲ့တာကိုလည္း ျမင္ေနရပါတယ္”လို႔ စပိန္သားနည္းျပက ဆုိပါတယ္။

ဂြါဒီယိုလာက ဆာေနးကို အသုံးျပဳဖို႔အတြက္ သူ႕အေနနဲ႔ အႀကိမ္ႀကိမ္ ခ်ိန္ထိုးစဥ္းစားေနခဲ့အၿပီးမွာ အသုံးျပဳဖို႔ကိုေတာ့ ဆုံးျဖတ္ခ်က္ခ်ႏိုင္ဖို႔ ရွိေနတယ္လုိ႔လည္း ဆုိခဲ့ၿပီး ၿပဳိင္ဘက္ လီဗာပူးလ္အသင္းကို ႏွစ္ပြဲဆက္တုိက္ရွဳံးရင္ ခ်န္ပီယံဆုကို ေစာေစာစီးစီးလႊဲေပးရမယ့္ အေျခအေနမ်ဳိးမွာေတာ့ သူ႕ကို လိုအပ္သလို သုံးစြဲဖို႔ ရွိမယ္လုိ႔လည္း ယူဆရပါတယ္။

ၿပီးခဲ့တဲ့ မန္ခ်က္စတာဒါဘီကို လြဲေခ်ာ္ခဲ့တဲ့သူႏွစ္ဦးျဖစ္တဲ့ ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္နဲ႔ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားတုိ႔ဟာလည္း ထရိန္နင္ျပန္ဆင္းႏုိင္ေနၿပီလို႔ ဂြါဒီယိုလာက သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္သြားခဲ့ၿပီး ျပန္ကစားႏုိင္ မကစားႏုိင္ကိုေတာ့ မေသခ်ာေသးဘူးလို႔ ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပွဲချိန် ၁၃ မိနစ်ကတည်းက ရရှိခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် မန်ချက်စတာစီးတီးအသင်းရဲ့ ပွဲစဉ်တွေကို တောက်လျှောက်လွဲချော်နေခဲ့တဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးအနေနဲ့ အသင်းနဲ့အတူ ပါဝင်ကစားနိုင်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ နည်းပြ ဂွါဒီယိုလာက အာဆင်နယ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဘောလုံးနဲ့ ပတ်သက်တဲ့ ဒဏ်ရာတွေထဲမှာ အကြာဆုံးဒဏ်ရာကို ရရှိခဲ့တဲ့ ဆာနေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ထရိန်နင် ပြန်ဆင်းနိုင်ခဲ့တာလည်းဖြစ်ပြီး လက်ရှိအနေအထားမှာတော့ ယူ-၂၃ အသင်းနဲ့ ပွဲကစားခဲ့ပြီးသလို အသင်းကြီးနဲ့ ပွဲစဉ်တွေကို ပါဝင်ကစားဖို့လည်း ပြင်ဆင်နေခဲ့တာပါ။

“သူ(ဆာနေး)က ဒဏ်ရာမရှိတော့ပါဘူး။ လေ့ကျင့်ခန်းဆင်းနေပါပြီ။ သူ့ကို ပွဲကစားခွင့်ပေးဖို့ ကျွန်တော်တို့အနေနဲ့ သေသေချာချာ အချိန်ယူ စဉ်းစားနေခဲ့တာဖြစ်ပြီး တကယ်ကတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက အဆင်သင့်ဖြစ်နေခဲ့တာပါ။ တစ်ပတ်ပြီး တစ်ပတ်လည်း ပိုကောင်းတဲ့ ပုံစံကို ပြသနိုင်ခဲ့တာကိုလည်း မြင်နေရပါတယ်”လို့ စပိန်သားနည်းပြက ဆိုပါတယ်။

ဂွါဒီယိုလာက ဆာနေးကို အသုံးပြုဖို့အတွက် သူ့အနေနဲ့ အကြိမ်ကြိမ် ချိန်ထိုးစဉ်းစားနေခဲ့အပြီးမှာ အသုံးပြုဖို့ကိုတော့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ရှိနေတယ်လို့လည်း ဆိုခဲ့ပြီး ပြိုင်ဘက် လီဗာပူးလ်အသင်းကို နှစ်ပွဲဆက်တိုက်ရှုံးရင် ချန်ပီယံဆုကို စောစောစီးစီးလွှဲပေးရမယ့် အခြေအနေမျိုးမှာတော့ သူ့ကို လိုအပ်သလို သုံးစွဲဖို့ ရှိမယ်လို့လည်း ယူဆရပါတယ်။

ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီကို လွဲချော်ခဲ့တဲ့သူနှစ်ဦးဖြစ်တဲ့ နောက်ခံလူ အေးမရစ် လာပေါ့တ်နဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားတို့ဟာလည်း ထရိန်နင်ပြန်ဆင်းနိုင်နေပြီလို့ ဂွါဒီယိုလာက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်သွားခဲ့ပြီး ပြန်ကစားနိုင် မကစားနိုင်ကိုတော့ မသေချာသေးဘူးလို့ ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.