Premier League

18 Feb နေ့လယ်ခင်းနောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်နဲ့ မေဆင် ဂရင်းဝုဒ်တို့လို ကစားသမားတွေ တိုက်စစ်မှာ ရွေးချယ်စရာရှိနေပေမယ့်လည်း နည်းပြဆိုးလ်ရှားဟာ ၎င်းရဲ့ တိုက်စစ်ကို ပိုမိုအားကောင်းစေချင်တာကြောင့် ယခုနွေရာသီမှာ တိုက်စစ်မှူးသစ် ခေါ်ယူသွားချင်နေတယ်လို့ သိရပြီး ဖရန့်ဖတ်တိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗားကို ကင်းထောက်ပြီးနောက် ပစ်မှတ်စာရင်းထဲ ထည့်ထားလိုက်ပြီလို့ Sky Germany က ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က ဦးနှောက်သွေးယိုစီးမှု ဝေဒနာ ခံစားခဲ့ရပြီးနောက် ၎င်းရဲ့အကြီးမားဆုံးကြောက်ရွံ့မှုက မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားမှာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး နာမကျန်းဖြစ်မှုက သားဖြစ်သူ ဂျေဆင် ဒါရိုက်တာလုပ်ရိုက်ကူးထားတဲ့ ၎င်းရဲ့ဘဝမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖို့ လှုံ့ဆော်ပေးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့။

-ရီးရဲလ်ဆိုစီဒက် တောင်ပံကြယ်ပွင့် ယာနူဇေးဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ ပါဝင်ကစားရမယ့်အချိန်မှာ အသင်းဟောင်းကို ၎င်းတို့ ဘာတွေဆုံးရှုံးသွားခဲ့လဲဆိုတာကို ပြန်လည်ပြသချင်နေတယ်လို့ သိရပြီး ယူနိုက်တက်ကို ချစ်ပေမယ့် အနိုင်ယူပြီး ဘယ်လိုကစားသမားမျိုးကို ဆုံးရှုံးခဲ့ရလဲဆိုတာကို ပြသသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့။

-တော့တင်ဟမ်ဟော့စပါးအသင်းဟာ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းအတွက် ပေါင်သန်း ၁၅၀ ဝန်းကျင် ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပြီး ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ဟန်ချက်ညီအောင် အသင်းရဲ့အဓိကကစားသမားကို ရောင်းထုတ်သွားဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို ၂၀၂၅ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေစေမယ့်စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပြီး ၎င်းတို့ရဲ့ အကယ်ဒမီထွက်ကစားသမားဟာ အနာဂတ်မှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ကစားပေးဖို့ ယုံကြည်မှုရှိကြောင်း ပြသတဲ့အနေနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တာဖြစ်တယ်လို့ ကြေညာခဲ့။

-အာဆင်နယ်ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးဟာ ဂျက်ဂရီးလစ်ရှ်ကို နှစ်သက်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပြီး အက်စ်တွန်ဗီလာကြယ်ပွင့်ဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး မန်ချက်စတာယူနိုက်တက်ပစ်မှတ်ဟာ ဘောလုံးပေးပို့မှုမှာ အလွန်ဖန်တီးမှုအားကောင်းတဲ့သူဖြစ်သလို အလိမ်အခေါက်လည်း ပိုင်နိုင်သူဖြစ်တယ်လို့ ချီးကျူး ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အာမက် ဂျယ်လိုဟာ ရီးရဲလ်ဆိုစီဒက်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခွင့် ရရှိဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပြီး အသုံးပြုဖို့ လိုအပ်လာပြီဆိုရင် အိုင်ဗရီကို့စ်ကြယ်ပွင့်နဲ့ အသက် ၁၇ နှစ်အရွယ်တိုက်စစ်မှူး ရှိုလာ ရှိုးတိုင်ရာတို့ကို အသုံးပြုသွားဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားသွားခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံကြယ်ပွင့် ကင်းစလေ ကိုးမန်းကို ခေါ်ယူချင်နေတယ်လို့ Sport Bild ရဲ့ ဖော်ပြချက်အရ သိရပြီး ပြင်သစ်တောင်ပံကစားသမားဟာ ဘိုင်ယန်မြူးနစ်မှာ ရသင့်တဲ့လစာထက် လျော့နည်းရရှိနေတယ်လို့ ယုံကြည်နေတာကြောင့် ယူနိုက်တက်က တစ်ပတ်လုပ်ခလစာပေါင် ၁၃၄၀၀၀ နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္၊ မာစီယယ္လ္နဲ႔ ေမဆင္ ဂရင္းဝုဒ္တို႔လို ကစားသမားေတြ တိုက္စစ္မွာ ေရြးခ်ယ္စရာရွိေနေပမယ့္လည္း နည္းျပဆိုးလ္ရွားဟာ ၎ရဲ့ တိုက္စစ္ကို ပိုမိုအားေကာင္းေစခ်င္တာေၾကာင့္ ယခုေႏြရာသီမွာ တိုက္စစ္မႉးသစ္ ေခၚယူသြားခ်င္ေနတယ္လို႔ သိရၿပီး ဖရန႔္ဖတ္တိုက္စစ္မႉး အန္ဒရီ ေဆးလ္ဗားကို ကင္းေထာက္ၿပီးေနာက္ ပစ္မွတ္စာရင္းထဲ ထည့္ထားလိုက္ၿပီလို႔ Sky Germany က ေဖာ္ျပခဲ့။

-မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ဟာ လြန္ခဲ့တဲ့ ၃ ႏွစ္က ဦးေႏွာက္ေသြးယိုစီးမႈ ေဝဒနာ ခံစားခဲ့ရၿပီးေနာက္ ၎ရဲ့အႀကီးမားဆုံးေၾကာက္ရြံ့မႈက မွတ္ဉာဏ္ေတြ ေပ်ာက္ဆုံးသြားမွာျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ၿပီး နာမက်န္းျဖစ္မႈက သားျဖစ္သူ ေဂ်ဆင္ ဒါရိုက္တာလုပ္ရိုက္ကူးထားတဲ့ ၎ရဲ့ဘဝမွတ္တမ္း႐ုပ္ရွင္ကို ရိုက္ကူးဖို႔ လႈံ႔ေဆာ္ေပးခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-ရီးရဲလ္ဆိုစီဒက္ ေတာင္ပံၾကယ္ပြင့္ ယာႏူေဇးဟာ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ ယူရိုပါလိဂ္ပြဲစဥ္မွာ ပါဝင္ကစားရမယ့္အခ်ိန္မွာ အသင္းေဟာင္းကို ၎တို႔ ဘာေတြဆုံးရႈံးသြားခဲ့လဲဆိုတာကို ျပန္လည္ျပသခ်င္ေနတယ္လို႔ သိရၿပီး ယူနိုက္တက္ကို ခ်စ္ေပမယ့္ အနိုင္ယူၿပီး ဘယ္လိုကစားသမားမ်ိဳးကို ဆုံးရႈံးခဲ့ရလဲဆိုတာကို ျပသသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့။

-ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ မန္ခ်က္စတာယူနိုက္တက္၊ မန္ခ်က္စတာစီးတီးအသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ တိုက္စစ္မႉး ဟယ္ရီကိန္းအတြက္ ေပါင္သန္း ၁၅၀ ဝန္းက်င္ ကမ္းလွမ္းမႈေတြကို နားေထာင္သြားခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သိရၿပီး ဘ႑ာေရးအၾကပ္အတည္းေၾကာင့္ ဟန္ခ်က္ညီေအာင္ အသင္းရဲ့အဓိကကစားသမားကို ေရာင္းထုတ္သြားဖို႔ စီစဥ္ေနတာျဖစ္တယ္လို႔ သိရ။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အသင္းရဲ့လူငယ္တိုက္စစ္မႉး ေမဆင္ဂရင္းဝုဒ္ကို ၂၀၂၅ ခုႏွစ္အထိ အသင္းမွာ ဆက္ရွိေနေစမယ့္စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုနိုင္ခဲ့ၿပီျဖစ္တယ္လို႔ သိရၿပီး ၎တို႔ရဲ့ အကယ္ဒမီထြက္ကစားသမားဟာ အနာဂတ္မွာ ႀကီးမားတဲ့အစိတ္အပိုင္းအျဖစ္ ကစားေပးဖို႔ ယုံၾကည္မႈရွိေၾကာင္း ျပသတဲ့အေနနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္တာျဖစ္တယ္လို႔ ေၾကညာခဲ့။

-အာဆင္နယ္ဂႏၲဝင္နည္းျပႀကီး အာစင္ဝင္းဂါးဟာ ဂ်က္ဂရီးလစ္ရွ္ကို ႏွစ္သက္ေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အက္စ္တြန္ဗီလာၾကယ္ပြင့္ဟာ အလြန္ေကာင္းမြန္တဲ့ ကစားသမားျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ပစ္မွတ္ဟာ ေဘာလုံးေပးပို႔မႈမွာ အလြန္ဖန္တီးမႈအားေကာင္းတဲ့သူျဖစ္သလို အလိမ္အေခါက္လည္း ပိုင္နိုင္သူျဖစ္တယ္လို႔ ခ်ီးက်ဴး ေျပာၾကားခဲ့။

-မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားက အာမက္ ဂ်ယ္လိုဟာ ရီးရဲလ္ဆိုစီဒက္နဲ႔ ကစားရမယ့္ ယူရိုပါလိဂ္ပြဲစဥ္မွာ ပါဝင္ကစားခြင့္ ရရွိဖြယ္ရွိတယ္လို႔ အရိပ္အႁမြက္ေျပာၾကားခဲ့ၿပီး အသုံးျပဳဖို႔ လိုအပ္လာၿပီဆိုရင္ အိုင္ဗရီကို႔စ္ၾကယ္ပြင့္နဲ႔ အသက္ ၁၇ ႏွစ္အရြယ္တိုက္စစ္မႉး ရွိုလာ ရွိုးတိုင္ရာတို႔ကို အသုံးျပဳသြားဖို႔ အဆင္သင့္ရွိတယ္လို႔ ေျပာၾကားသြားခဲ့။

-မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ ေတာင္ပံၾကယ္ပြင့္ ကင္းစေလ ကိုးမန္းကို ေခၚယူခ်င္ေနတယ္လို႔ Sport Bild ရဲ့ ေဖာ္ျပခ်က္အရ သိရၿပီး ျပင္သစ္ေတာင္ပံကစားသမားဟာ ဘိုင္ယန္ျမဴးနစ္မွာ ရသင့္တဲ့လစာထက္ ေလ်ာ့နည္းရရွိေနတယ္လို႔ ယုံၾကည္ေနတာေၾကာင့္ ယူနိုက္တက္က တစ္ပတ္လုပ္ခလစာေပါင္ ၁၃၄၀၀၀ နဲ႔ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.