Premier League Transfer News

18 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းကနေ အငှားချထားခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းမှာ လုံလောက်တဲ့ ကစားချိန် ရရှိထားခြင်း မရှိတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို အပြီးသတ် ရောင်းချနိုင်မယ့်အသင်းဆီ နည်းစနစ်ဒါရိုက်တာ အီဒူးက ချိတ်ဆက်နေပြီး စီးရီးအေ ကလပ် ဖီအိုရင်တီးနားအသင်းနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေ။

– ရီးရဲလ်ဆိုစီဒက်အသင်းမှာ ကစားနေတဲ့ နောက်ခံလူ နာချို မွန်ရီးယဲလ်က သူ့အနေနဲ့ အာဆင်နယ်အသင်းကို အာဆင်ဝင်းဂါး ကိုင်တွယ်ခဲ့တဲ့ နေ့တွေကို အမှတ်ရနေပြီး အဲ့ဒီတုန်းက မီခယ်လ် အာတီတာကို တကယ့်ခေါင်းဆောင်တစ်ယောက်လို့ ခေါ်ခဲ့တာကို သတိရသေးတယ်လို့ အသင်းဟောင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ကစားဖော်ဟောင်းကို ချီးကျူးသွား။

– လာမယ့် နွေရာသီမှာ လူငယ်ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေအပေါ် အာဆင်နယ်အသင်းရဲ့ ပြင်သစ်ပရိသတ်တွေက ဒေါသထွက်နေကြပြီး သူ့ကို ရောင်းချမယ့်အစား ဂရာနစ် ချာကာကိုပဲ ရောင်းချသွားဖို့ တုံ့ပြန်ခဲ့ကြ။

– ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နည်းပြ ဇီဒန်းရဲ့ကြားမှာ အာဆင်နယ်တို့ မျက်စိလည်စရာဖြစ်နေပြီး ဇီဒန်းက လိုချင်ပြီး ရီးရဲလ်က မလိုချင်တဲ့ မာတင် အော်ဒီဂွါဒ်နဲ့ ရီးရဲလ်က လိုချင်ပြီး ဇီဒန်းက မလိုချင်တဲ့ ဒါနီ စီဘာယော့စ်တို့ကို နွေရာသီမှာ ခေါ်ယူဖို့ စဉ်းစားရဖွယ်ရှိနေ။

– အာဆင်နယ်ကစားသမားတွေကို နည်းပြ အာတီတာအနေနဲ့ ဘင်ဖီကာနဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွက် စိတ်ဓာတ်မြှင့်တင်ပေးနေပြီး ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ ပထမဆုံးယူရိုပါလိဂ် ရှုံးပွဲနဲ့ လှည့်ပြန်ခဲ့ရတဲ့ အိုလံပီယာကော့စ်နဲ့ပွဲလိုမျိုး ထပ်မဖြစ်ရအောင် ကစားကြဖို့ တိုက်တွန်းထားတယ်လို့ သိရ။

– ဘင်ဖီကာနဲ့ ပွဲစဉ်အတွက် နောက်ခံလူ ကီရန် တီယာနီကို ပွဲကစားမယ့် လူစာရင်းထဲမှာ ထည့်သွင်းထားပြီး ပွဲထွက်ဖို့ကိုတော့ ဆီးဒရစ်ပဲ ဖြစ်လာနိုင်သလို စကော့တလန်သားအနေနဲ့ အရန်ခုံကနေ နည်းစနစ်ပိုင်း အပြောင်းအလဲလုပ်ဖို့ လိုအပ်မှ ပါဝင်ကစားဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက ဘင်ဖီကာနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ခြေစွမ်းပျောက်ဆုံးနေတဲ့ ဘရာဇီးလ်သား ဝီလီယန်ကို ကာကွယ်ပေးလိုက်ပြီး အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူရဲ့ အရည်အသွေးတွေက သက်သေပြခဲ့ပြီးဖြစ်လို့ ဝေဖန်မှုတွေက မတရားဘူးလို့ ဆိုခဲ့သလို သူ့ဘက်က အသင်းအနေနဲ့ ရပ်တည်ပေးသွားမယ်လို့ ပြောကြား။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီအနေနဲ့ အင်္ဂလန်မြေကို နည်းပြအဖြစ် ပြန်လည်ခြေချဖို့ နီးစပ်နေပြီး နည်းပြဖြစ်သူ ဂျေဆန် တင်းဒေါလ်ကို ထုတ်ပယ်ထားပြီး ဂျိုနသန် ဝုဒ်ဂိတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားတဲ့ ချန်ပီယံရှစ်ကလပ် ဘုန်းမောက်က ချဉ်းကပ်ဆွေးနွေးနေပြီး သဘောတူညီခဲ့ရင် ဂျက်ခ် ဝီလ်ရှီးယားနဲ့ ပြန်လည်ဆုံဆည်းနိုင်ဖို့ရှိနေ။

– လာမယ့်နွေရာသီမှာ ရောင်းချသွားဖွယ်ရှိနေတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်နေရာကို တိုက်ရိုက်အစားထိုးနိုင်မယ့် လူငယ် တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာကို ပေါင် ၁၅ သန်းတည်းနဲ့ ခေါ်ယူနိုင်မယ်လို့ ဆဲလ်တစ်ကစားသမားရဲ့ အသိုင်းအဝိုင်းက အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးဆီ အသိပေးထား။

– ပြီးခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ အဝေးကွင်းပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရပြီး အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် ပွဲစဉ်ကို ထည့်သွင်းမကစားခဲ့ဘဲ ဖိအားတွေနဲ့ ရင်မဆိုင်ရစေဖို့ တောင်ပံကစားသမား နီကိုလာ ပေပေကို ကာကွယ်ပေးသွားခဲ့တဲ့ နည်းပြ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို အာဆင်နယ်ကစားသမားဟောင်း ကီဗင် ကမ်းဘဲလ် ချီးကျူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းကေန အငွားခ်ထားခဲ့ၿပီး အက္သလက္တီကို မက္ဒရစ္အသင္းမွာ လုံေလာက္တဲ့ ကစားခ်ိန္ ရရွိထားျခင္း မရွိတဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို အၿပီးသတ္ ေရာင္းခ်ႏိုင္မယ့္အသင္းဆီ နည္းစနစ္ဒါ႐ိုက္တာ အီဒူးက ခ်ိတ္ဆက္ေနၿပီး စီးရီးေအ ကလပ္ ဖီအိုရင္တီးနားအသင္းနဲ႔ သေဘာတူညီမႈရဖို႔ နီးစပ္ေန။

– ရီးရဲလ္ဆိုစီဒက္အသင္းမွာ ကစားေနတဲ့ ေနာက္ခံလူ နာခ်ိဳ မြန္ရီးယဲလ္က သူ႔အေနနဲ႔ အာဆင္နယ္အသင္းကို အာဆင္ဝင္းဂါး ကိုင္တြယ္ခဲ့တဲ့ ေန႔ေတြကို အမွတ္ရေနၿပီး အဲ့ဒီတုန္းက မီခယ္လ္ အာတီတာကို တကယ့္ေခါင္းေဆာင္တစ္ေယာက္လို႔ ေခၚခဲ့တာကို သတိရေသးတယ္လို႔ အသင္းေဟာင္းရဲ႕ နည္းျပအျဖစ္ ေဆာင္႐ြက္ေနတဲ့ ကစားေဖာ္ေဟာင္းကို ခ်ီးက်ဴးသြား။

– လာမယ့္ ေႏြရာသီမွာ လူငယ္ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ေရာင္းခ်ေတာ့မယ္ဆိုတဲ့ သတင္းေတြအေပၚ အာဆင္နယ္အသင္းရဲ႕ ျပင္သစ္ပရိသတ္ေတြက ေဒါသထြက္ေနၾကၿပီး သူ႔ကို ေရာင္းခ်မယ့္အစား ဂရာနစ္ ခ်ာကာကိုပဲ ေရာင္းခ်သြားဖို႔ တုံ႔ျပန္ခဲ့ၾက။

– ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ နည္းျပ ဇီဒန္းရဲ႕ၾကားမွာ အာဆင္နယ္တို႔ မ်က္စိလည္စရာျဖစ္ေနၿပီး ဇီဒန္းက လိုခ်င္ၿပီး ရီးရဲလ္က မလိုခ်င္တဲ့ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ရီးရဲလ္က လိုခ်င္ၿပီး ဇီဒန္းက မလိုခ်င္တဲ့ ဒါနီ စီဘာေယာ့စ္တို႔ကို ေႏြရာသီမွာ ေခၚယူဖို႔ စဥ္းစားရဖြယ္ရွိေန။

– အာဆင္နယ္ကစားသမားေတြကို နည္းျပ အာတီတာအေနနဲ႔ ဘင္ဖီကာနဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္အတြက္ စိတ္ဓာတ္ျမႇင့္တင္ေပးေနၿပီး ၿပီးခဲ့တဲ့ ရာသီက သူ႔ရဲ႕ ပထမဆုံးယူ႐ိုပါလိဂ္ ရႈံးပြဲနဲ႔ လွည့္ျပန္ခဲ့ရတဲ့ အိုလံပီယာေကာ့စ္နဲ႔ပြဲလိုမ်ိဳး ထပ္မျဖစ္ရေအာင္ ကစားၾကဖို႔ တိုက္တြန္းထားတယ္လို႔ သိရ။

– ဘင္ဖီကာနဲ႔ ပြဲစဥ္အတြက္ ေနာက္ခံလူ ကီရန္ တီယာနီကို ပြဲကစားမယ့္ လူစာရင္းထဲမွာ ထည့္သြင္းထားၿပီး ပြဲထြက္ဖို႔ကိုေတာ့ ဆီးဒရစ္ပဲ ျဖစ္လာႏိုင္သလို စေကာ့တလန္သားအေနနဲ႔ အရန္ခုံကေန နည္းစနစ္ပိုင္း အေျပာင္းအလဲလုပ္ဖို႔ လိုအပ္မွ ပါဝင္ကစားဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ နည္းျပ အာတီတာက ဘင္ဖီကာနဲ႔ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျခစြမ္းေပ်ာက္ဆုံးေနတဲ့ ဘရာဇီးလ္သား ဝီလီယန္ကို ကာကြယ္ေပးလိုက္ၿပီး အသက္ ၃၂ ႏွစ္အ႐ြယ္ ကြင္းလယ္လူရဲ႕ အရည္အေသြးေတြက သက္ေသျပခဲ့ၿပီးျဖစ္လို႔ ေဝဖန္မႈေတြက မတရားဘူးလို႔ ဆိုခဲ့သလို သူ႔ဘက္က အသင္းအေနနဲ႔ ရပ္တည္ေပးသြားမယ္လို႔ ေျပာၾကား။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း သီယာရီ အြန္နရီအေနနဲ႔ အဂၤလန္ေျမကို နည္းျပအျဖစ္ ျပန္လည္ေျခခ်ဖို႔ နီးစပ္ေနၿပီး နည္းျပျဖစ္သူ ေဂ်ဆန္ တင္းေဒါလ္ကို ထုတ္ပယ္ထားၿပီး ဂ်ိဳနသန္ ဝုဒ္ဂိတ္ကို ယာယီနည္းျပအျဖစ္ ခန႔္အပ္ထားတဲ့ ခ်န္ပီယံရွစ္ကလပ္ ဘုန္းေမာက္က ခ်ဥ္းကပ္ေဆြးေႏြးေနၿပီး သေဘာတူညီခဲ့ရင္ ဂ်က္ခ္ ဝီလ္ရွီးယားနဲ႔ ျပန္လည္ဆုံဆည္းႏိုင္ဖို႔ရွိေန။

– လာမယ့္ေႏြရာသီမွာ ေရာင္းခ်သြားဖြယ္ရွိေနတဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ေနရာကို တိုက္႐ိုက္အစားထိုးႏိုင္မယ့္ လူငယ္ တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာကို ေပါင္ ၁၅ သန္းတည္းနဲ႔ ေခၚယူႏိုင္မယ္လို႔ ဆဲလ္တစ္ကစားသမားရဲ႕ အသိုင္းအဝိုင္းက အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူးဆီ အသိေပးထား။

– ၿပီးခဲ့တဲ့ လိဒ္စ္ယူႏိုက္တက္နဲ႔ အေဝးကြင္းပြဲစဥ္မွာ ထုတ္ပယ္ခံခဲ့ရၿပီး အိမ္ကြင္းမွာ ရင္ဆိုင္ရမယ့္ ပြဲစဥ္ကို ထည့္သြင္းမကစားခဲ့ဘဲ ဖိအားေတြနဲ႔ ရင္မဆိုင္ရေစဖို႔ ေတာင္ပံကစားသမား နီကိုလာ ေပေပကို ကာကြယ္ေပးသြားခဲ့တဲ့ နည္းျပ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္ကို အာဆင္နယ္ကစားသမားေဟာင္း ကီဗင္ ကမ္းဘဲလ္ ခ်ီးက်ဴး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.