Premier League

ကမ္ဘာ့အဆင့်တိုက်စစ်မှူးလိုချင်ရင် စပါးကွင်းသစ်အတွက် အကြွေးဆပ်နိုင်အောင် ကူညီပေးရဖွယ်ရှိနေတဲ့ ယူနိုက်တက်

တော့တင်ဟမ်ဟော့စပါးအသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားနေတဲ့ ဟယ်ရီကိန်းအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်တဲ့ဆန္ဒရှိနေပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ စပါးအသင်းနဲ့ ၆ နှစ်စာချုပ်အလယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် မြောက်လန်ဒန်မှာ ဖလားတစ်လုံးမှ ရရှိသေးခြင်းမရှိဘဲ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုရာသီမှာ စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင် ၎င်းရဲ့အနာဂတ်ကို ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ယခုရာသီမှာ ၁၂ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပြီး ဟိုဆေး မော်ရင်ဟိုက စပါးအသင်းကို ဆုဖလားစိန်ခေါ်သူဖြစ်လာအောင် ပြောင်းလဲမယ့်အစီအစဉ်မှာ အဓိကကျတဲ့ အသင်းခေါင်းဆောင်ကို ဆက်လက်ထိန်းသိမ်းထားချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လညး် စပါးအသင်းဟာ ထိပ်ဆုံးလေးနေရာ မဝင်နိုင်ခဲ့ရင် သို့မဟုတ် ယူရိုပါလိဂ်ဖလားကို မရယူနိုင်ခဲ့ဘူးဆိုရင်တော့ ဘဏ္ဍာရေးအရ ကြီးမားတဲ့ထိခိုက်မှုဖြစ်နေတဲ့အချိန်မှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို ၂ နှစ်ဆက်တိုက် ဝေးကွာရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၎င်းတို့ရဲ့ ၁ ဘီလီယံတန်ကြေးရှိတဲ့ ကွင်းသစ်အတွက် ဘဏ္ဍာရေးကြပ်တည်းမှုကာလတွေ ရှိလိမ့်မယ်ဆိုတာကို လက်ခံထားခဲ့ပြီးဖြစ်ပေမယ့် ကွင်းအတွင်း ပရိသတ်တွေ လာရောက်ကြည့်ရှုနိုင်ခြင်းမရှိတာကြောင့် ၎င်းတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကို ဟန်ချက်ညီအောင် လုပ်ဖို့ မဖြစ်မနေလိုအပ်နေတာဖြစ်ပါတယ်။

ဟယ်ရီကိန်းကို ရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင် တော့တင်ဟမ်ဟော့စပါးအသင်းဟာ ကွင်းသစ်အတွက် ၁၅ ရာခိုင်နှုန်းဝန်းကျင်ကို ပေးချေနိုင်မှာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးအတွက် ပေါင်သန်း ၁၅၀ ဝန်းကျင် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ မန္ခ်က္စတာယူနိုက္တက္နဲ႔ မန္ခ်က္စတာစီးတီးအသင္းက စိတ္ဝင္စားေနတဲ့ ဟယ္ရီကိန္းအတြက္ ကမ္းလွမ္းမႈေတြကို နားေထာင္သြားခ်င္တဲ့ဆႏၵရွိေနၿပီး ၿဗိတိန္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၁၅၀ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ စပါးအသင္းနဲ႔ ၆ ႏွစ္စာခ်ဳပ္အလယ္ကို ေရာက္ရွိေနၿပီျဖစ္ေပမယ့္ ေျမာက္လန္ဒန္မွာ ဖလားတစ္လုံးမွ ရရွိေသးျခင္းမရွိဘဲ အဂၤလန္လက္ေရြးစင္တိုက္စစ္မႉးဟာ ယခုရာသီမွာ စပါးအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့ဘူးဆိုရင္ ၎ရဲ့အနာဂတ္ကို ျပန္လည္သုံးသပ္သြားမွာျဖစ္ပါတယ္။ ဟယ္ရီကိန္းဟာ ယခုရာသီမွာ ၁၂ ဂိုးအထိ သြင္းယူထားၿပီးျဖစ္ၿပီး ဟိုေဆး ေမာ္ရင္ဟိုက စပါးအသင္းကို ဆုဖလားစိန္ေခၚသူျဖစ္လာေအာင္ ေျပာင္းလဲမယ့္အစီအစဥ္မွာ အဓိကက်တဲ့ အသင္းေခါင္းေဆာင္ကို ဆက္လက္ထိန္းသိမ္းထားခ်င္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လညး္ စပါးအသင္းဟာ ထိပ္ဆုံးေလးေနရာ မဝင္နိုင္ခဲ့ရင္ သို႔မဟုတ္ ယူရိုပါလိဂ္ဖလားကို မရယူနိုင္ခဲ့ဘူးဆိုရင္ေတာ့ ဘ႑ာေရးအရ ႀကီးမားတဲ့ထိခိုက္မႈျဖစ္ေနတဲ့အခ်ိန္မွာပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ၂ ႏွစ္ဆက္တိုက္ ေဝးကြာရမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ၎တို႔ရဲ့ ၁ ဘီလီယံတန္ေၾကးရွိတဲ့ ကြင္းသစ္အတြက္ ဘ႑ာေရးၾကပ္တည္းမႈကာလေတြ ရွိလိမ့္မယ္ဆိုတာကို လက္ခံထားခဲ့ၿပီးျဖစ္ေပမယ့္ ကြင္းအတြင္း ပရိသတ္ေတြ လာေရာက္ၾကည့္ရႈနိုင္ျခင္းမရွိတာေၾကာင့္ ၎တို႔ရဲ့ ဘ႑ာေရးအေျခအေနကို ဟန္ခ်က္ညီေအာင္ လုပ္ဖို႔ မျဖစ္မေနလိုအပ္ေနတာျဖစ္ပါတယ္။

ဟယ္ရီကိန္းကို ေရာင္းထုတ္နိုင္ခဲ့မယ္ဆိုရင္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ကြင္းသစ္အတြက္ ၁၅ ရာခိုင္ႏႈန္းဝန္းက်င္ကို ေပးေခ်နိုင္မွာျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးအတြက္ ေပါင္သန္း ၁၅၀ ဝန္းက်င္ ကမ္းလွမ္းမႈေတြကို နားေထာင္သြားဖို႔ ဆႏၵရွိေနတယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.