Premier League

မန္ခ်က္စတာယူႏုိက္တက္ဘက္ ေနာက္ျပန္လွည့္ဖြယ္ရွိေနၿပီး စာခ်ဳပ္သစ္အတြက္ ေပါ့ဘာ စဥ္းစားေန

နည္းျပေဟာင္း ေမာ္ရင္ဟိုလက္ထက္ကတည္းက အသင္းနဲ႔ အဆင္မေျပျဖစ္ေနခဲ့တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို မန္ခ်က္စတာ ယူႏိုက္တက္တာဝန္ရွိသူေတြနဲ႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားတုိ႔အေနနဲ႔ ေျပလည္ေအာင္ စည္း႐ုံးႏုိင္ခဲ့တယ္လို႔ ယူဆရၿပီး လက္ရွိအခ်ိန္မွာေတာ့ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ စဥ္းစားေနၿပီလို႔ ဆုိပါတယ္။

ေအးဂ်င့္ျဖစ္သူ မီႏို ႐ိုင္ယိုလာရဲ႕ အသင္းတာဝန္ရွိသူေတြ မႀကဳိက္တဲ့ ပုံစံေတြကို မၾကာခဏလုပ္ေဆာင္မွဳအျပင္ သူ႕ရဲ႕ ကစားသမားေတြကို အုိးလ္ထရက္ဖို႔ဒ္ကို ထပ္မပို႔ေတာ့ဘူးလို႔ စိန္ေခၚသလိုမ်ဳိး ေျပာၾကားခဲ့ဖူးတာေၾကာင့္ ေပါ့ဘာနဲ႔ ယူႏုိက္တက္တုိ႔ရဲ႕ ေႏြရာသီလမ္းခြဲကို လူေတြက ခန္႔မွန္းေနၾကခ်ိန္မွာ ဆန္႔က်င္ဘက္အျဖစ္ စာခ်ဳပ္သစ္သတင္း ထြက္ေပၚလာခဲ့တာလည္းျဖစ္ပါတယ္။

ေဒးလီးေမးလ္သတင္းဌာနရဲ႕ သုံးသပ္ခ်က္အရေတာ့ ဒီကမာၻ႔အဆင့္ျပင္သစ္ကြင္းလယ္လူအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္မွာ သူ႕ရဲ႕ အနာဂတ္ကို အခ်ိန္ၾကာၾကာဆက္ရွိသြားဖို႔ ျပင္ဆင္ေနၿပီး ဒီရာသီကုန္ အသင္းရဲ႕ ရပ္တည္မွဳကေတာ့ သူ႕ကို ပိုၿပီး ဆုံးျဖတ္ခ်က္ ခုိင္မာႏုိင္မလား စိတ္ေျပာင္းဦးမလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဒီအသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူအေနနဲ႔ ဒဏ္ရာေတြေၾကာင့္ ယူႏုိက္တက္ရဲ႕ ဒီရာသီပြဲစဥ္အေတာ္မ်ားမ်ားကို လြဲေခ်ာ္ခဲ့ရၿပီး ျပန္လည္ ေကာင္းမြန္လာခ်ိန္မွာေတာ့ နည္းျပ ဆုိးလ္ရွားရဲ႕ စည္း႐ုံးမွဳနဲ႔အတူ ကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ ကစားသမားသစ္ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ အသင္းကို ပုိမုိေတာင့္တင္းေအာင္ ကူညီေပးဖို႔ စိတ္ဝင္စားလာခဲ့ပုံလည္းျဖစ္ပါတယ္။

တစ္ပတ္ကို ေပါင္သုံးသိန္းနီးပါးရရွိေနၿပီး အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ က်န္ရွိေသးတဲ့ ေပါ့ဘာအေနနဲ႔ အသင္းနဲ႔ တစ္ေက်ာ့ျပန္ ခ်စ္ၾကည္ရင္းႏွီးမွဳကို တည္ေဆာက္ႏုိင္ဖို႔ ရွိေနသလို စာခ်ဳပ္သစ္ ခ်ဳပ္ဆုိျဖစ္ခဲ့ရင္ သူ႕အေနနဲ႔ တစ္ပတ္ကို ေပါင္ေလးသိန္းဝန္းက်င္ ရရွိႏိုင္မယ္လုိ႔ သိရၿပီး လာမယ့္ စပါးစ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ကို ျပန္လည္ပါဝင္ႏုိင္ဖို႔ ပစ္မွတ္ထားေလ့က်င့္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နည်းပြဟောင်း မော်ရင်ဟိုလက်ထက်ကတည်းက အသင်းနဲ့ အဆင်မပြေဖြစ်နေခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို မန်ချက်စတာ ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားတို့အနေနဲ့ ပြေလည်အောင် စည်းရုံးနိုင်ခဲ့တယ်လို့ ယူဆရပြီး လက်ရှိအချိန်မှာတော့ စာချုပ်သစ်ချုပ်ဆိုဖို့ စဉ်းစားနေပြီလို့ ဆိုပါတယ်။

အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာရဲ့ အသင်းတာဝန်ရှိသူတွေ မကြိုက်တဲ့ ပုံစံတွေကို မကြာခဏလုပ်ဆောင်မှုအပြင် သူ့ရဲ့ ကစားသမားတွေကို အိုးလ်ထရက်ဖို့ဒ်ကို ထပ်မပို့တော့ဘူးလို့ စိန်ခေါ်သလိုမျိုး ပြောကြားခဲ့ဖူးတာကြောင့် ပေါ့ဘာနဲ့ ယူနိုက်တက်တို့ရဲ့ နွေရာသီလမ်းခွဲကို လူတွေက ခန့်မှန်းနေကြချိန်မှာ ဆန့်ကျင်ဘက်အဖြစ် စာချုပ်သစ်သတင်း ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒေးလီးမေးလ်သတင်းဌာနရဲ့ သုံးသပ်ချက်အရတော့ ဒီကမ္ဘာ့အဆင့်ပြင်သစ်ကွင်းလယ်လူအနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ သူ့ရဲ့ အနာဂတ်ကို အချိန်ကြာကြာဆက်ရှိသွားဖို့ ပြင်ဆင်နေပြီး ဒီရာသီကုန် အသင်းရဲ့ ရပ်တည်မှုကတော့ သူ့ကို ပိုပြီး ဆုံးဖြတ်ချက် ခိုင်မာနိုင်မလား စိတ်ပြောင်းဦးမလားတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီအသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူအနေနဲ့ ဒဏ်ရာတွေကြောင့် ယူနိုက်တက်ရဲ့ ဒီရာသီပွဲစဉ်အတော်များများကို လွဲချော်ခဲ့ရပြီး ပြန်လည် ကောင်းမွန်လာချိန်မှာတော့ နည်းပြ ဆိုးလ်ရှားရဲ့ စည်းရုံးမှုနဲ့အတူ ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ်နဲ့ အသင်းကို ပိုမိုတောင့်တင်းအောင် ကူညီပေးဖို့ စိတ်ဝင်စားလာခဲ့ပုံလည်းဖြစ်ပါတယ်။

တစ်ပတ်ကို ပေါင်သုံးသိန်းနီးပါးရရှိနေပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိသေးတဲ့ ပေါ့ဘာအနေနဲ့ အသင်းနဲ့ တစ်ကျော့ပြန် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ဖို့ ရှိနေသလို စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့ရင် သူ့အနေနဲ့ တစ်ပတ်ကို ပေါင်လေးသိန်းဝန်းကျင် ရရှိနိုင်မယ်လို့ သိရပြီး လာမယ့် စပါးစ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပြန်လည်ပါဝင်နိုင်ဖို့ ပစ်မှတ်ထားလေ့ကျင့်နေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.