Match Report Premier League

ပွဲပြည့်ကစားပြီးချိန်မှာ အဲဗာတန်ပေါ် နိုင်ပွဲနဲ့ ပြိုင်ဘက်တွေကို ၁၀ မှတ်ဖြတ်လိုက်တဲ့ စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ အဝေးကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဂွန်ဒိုးဝမ် မပါဝင်နိုင်ဘဲ ပွဲထွက်ခဲ့ရပေမယ့် ကျရာနေရာကနေ အကောင်းဆုံး တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ရှိနေတဲ့ အသင်းသားတွေရဲ့ စုစည်းမှုနဲ့ ခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ရယူနိုင်ခဲ့ပါတယ်။

စောစောစီးစီးမှာပဲ အားထားရတဲ့ နောက်ခံလူ ယယ်ရီ မီနာ နာသွားခဲ့တာက အိမ်ရှင် အဲဗာတန်တို့အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ဂေါ့ဖရီကို ညာခြမ်းမှာ ထားပြီး ခံစစ်ပိတ်ကစားဖို့ ပြင်ဆင်ထားတဲ့ ကစားကွက်က အသင်းခေါင်းဆောင် ကိုးလ်မန်းကို ပြန်ထည့်ပြီး အပြန်အလှန် တိုက်စစ်ကစားဖို့ လုပ်ဆောင်ခဲ့ရချိန်မှာ ထက်မြက်မှုအပိုင်းမှာတော့ စီးတီးတို့နဲ့ မယှဉ်နိုင်ခဲ့တာပါ။

ပွဲချိန် ၃၂ မိနစ်မှာ ဧည့်သည် စီးတီးတို့ အဖွင့်ဂိုး စရခဲ့ပြီး ညာခြမ်းကနေ မာရက်ဇ်တင်ပေးတာကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဖိုဒန်က ညာခြေနဲ့ Volley ကန်သွင်းရာမှာ နောက်ခံလူ ကိုးလ်မန်းနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဂိုးသမား ပစ်ခ်ဖို့ဒ် ကာကွယ်ဖို့ မဖြစ်နိုင်ခဲ့ဘဲ ဂိုးစပေးခဲ့ရပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ အိမ်ရှင်တို့အတွက် ရစ်ချာလစ်ဆန်က ပြန်လည်ချေပခဲ့ပြီး ဘယ်ခြမ်းက ဒီညီရဲ့ ဖြတ်တင်ဘောကို ကာကွယ်မယ့် ဝေါ်လ်ကာနဲ့ ဒီယက်စ်တို့ အရှိန်လွန်ပြီး ဂိုးထဲ ရောက်နေတာကနေ ဘရာဇီးလ်သားက လူမကျွံဘဲ အနီးကပ် ကိုယ်လုံးနဲ့ တိုက်ပြီး ပိတ်သွင်းနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ စီးတီးတို့ ပိုဖိကစားလာခဲ့ပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗား ပေးလိုက်တဲ့ ဘောလုံးကို မာရက်ဇ်က ဂိုးဧရိယာအစပ်ကနေ အဲဗာတန်နောက်ခံလူတွေကို ဝေ့ဝိုက်ပြီး အဝေးတိုင်ထောင့်ကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပစ်ခ်ဖို့ဒ် အငိုက်မိခဲ့ပြီး စီးတီးတို့ ဦးဆောင်ဂိုး ထပ်ယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ကွင်းလယ်ကနေ စီးတီးတို့ အပေးအယူလုပ်လာပြီး ကန်ဆယ်လိုက စတင်ပြီး ဂျေဆူးစ်က ပြန်ချပေးခဲ့တဲ့ ဘောလုံးကို နောက်ကနေ ကစားကွက်ထဲ လိုက်ပါလာတဲ့ ဘာနာဒို ဆေးလ်ဗားက ကန်သွင်းခဲ့ရာမှာ ဂိုးသမား မကာကွယ်နိုင်ခဲ့တာကြောင့် တတိယဂိုးရခဲ့ပြီး ဂွတ်ဒီဆန်ပါ့ခ်မှာ စိတ်အေးနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စတာလင်အစား ဒဏ်ရာက သက်သာလာတဲ့ ကွင်းလယ်လူ ဒီဘရိုင်းနား လူစားဝင်ကစားခဲ့တာက ပရိသတ်တွေ အားတက်စရာဖြစ်ခဲ့ရသလို ပွဲပြီးခါနီးမှာတော့ အဂွေရိုကို ထည့်ဦးမလား မျှော်လင့်မိပေမယ့် မထည့်သွင်းတော့ဘဲ ဖာနန်ဒင်ညိုကို ထပ်လဲပြီး ထိန်းကစား သွားခဲ့လို့ ပွဲအပြီးမှာ သုံးဂိုး-တစ်ဂိုးနဲ့ စီးတီးတို့ အောင်ပွဲခံခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ဂွါဒီယိုလာအနေနဲ့ အန်ဆယ်လော့တီအပေါ် ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်မှာ ရှုံးခဲ့တဲ့ ရှုံးကြွေးကို ဒီရာသီမှာ နှစ်ပွဲဆက်တိုက် အနိုင်ယူပြီး ပြန်ဆပ်နိုင်ခဲ့သလို မန်ချက်စတာစီးတီးတို့အနေနဲ့တော့ ပွဲကျန်ကစားအပြီးမှာ ရမှတ် ၅၆ မှတ်နဲ့ အနီးဆုံးပြိုင်ဘက်တွေကို ၁၀ မှတ်ထိ ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူဖို့ အခြေအနေကောင်းသွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အေဝးကြင္း ဂြတ္ဒီဆန္ပါ့ခ္မွာ အဓိကကစားသမားတစ္ဦးျဖစ္တဲ့ ဂြန္ဒိုးဝမ္ မပါဝင္ႏိုင္ဘဲ ပြဲထြက္ခဲ့ရေပမယ့္ က်ရာေနရာကေန အေကာင္းဆုံး တာဝန္ထမ္းေဆာင္ဖို႔ အဆင္သင့္ရွိေနတဲ့ အသင္းသားေတြရဲ႕ စုစည္းမႈနဲ႔ ခက္ခဲတဲ့ ၿပိဳင္ဘက္ကို အႏိုင္ရယူႏိုင္ခဲ့ပါတယ္။

ေစာေစာစီးစီးမွာပဲ အားထားရတဲ့ ေနာက္ခံလူ ယယ္ရီ မီနာ နာသြားခဲ့တာက အိမ္ရွင္ အဲဗာတန္တို႔အတြက္ ထိုးႏွက္ခ်က္ျဖစ္ခဲ့ၿပီး ေဂါ့ဖရီကို ညာျခမ္းမွာ ထားၿပီး ခံစစ္ပိတ္ကစားဖို႔ ျပင္ဆင္ထားတဲ့ ကစားကြက္က အသင္းေခါင္းေဆာင္ ကိုးလ္မန္းကို ျပန္ထည့္ၿပီး အျပန္အလွန္ တိုက္စစ္ကစားဖို႔ လုပ္ေဆာင္ခဲ့ရခ်ိန္မွာ ထက္ျမက္မႈအပိုင္းမွာေတာ့ စီးတီးတို႔နဲ႔ မယွဥ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၂ မိနစ္မွာ ဧည့္သည္ စီးတီးတို႔ အဖြင့္ဂိုး စရခဲ့ၿပီး ညာျခမ္းကေန မာရက္ဇ္တင္ေပးတာကေန ျပန္က်လာတဲ့ ေဘာလုံးကို ဖိုဒန္က ညာေျခနဲ႔ Volley ကန္သြင္းရာမွာ ေနာက္ခံလူ ကိုးလ္မန္းနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္ ကာကြယ္ဖို႔ မျဖစ္ႏိုင္ခဲ့ဘဲ ဂိုးစေပးခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ အိမ္ရွင္တို႔အတြက္ ရစ္ခ်ာလစ္ဆန္က ျပန္လည္ေခ်ပခဲ့ၿပီး ဘယ္ျခမ္းက ဒီညီရဲ႕ ျဖတ္တင္ေဘာကို ကာကြယ္မယ့္ ေဝၚလ္ကာနဲ႔ ဒီယက္စ္တို႔ အရွိန္လြန္ၿပီး ဂိုးထဲ ေရာက္ေနတာကေန ဘရာဇီးလ္သားက လူမကြၽံဘဲ အနီးကပ္ ကိုယ္လုံးနဲ႔ တိုက္ၿပီး ပိတ္သြင္းႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ စီးတီးတို႔ ပိုဖိကစားလာခဲ့ပါတယ္။ ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ဘာနာဒို ေဆးလ္ဗား ေပးလိုက္တဲ့ ေဘာလုံးကို မာရက္ဇ္က ဂိုးဧရိယာအစပ္ကေန အဲဗာတန္ေနာက္ခံလူေတြကို ေဝ့ဝိုက္ၿပီး အေဝးတိုင္ေထာင့္ကို ကန္သြင္းခဲ့ရာမွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္ အငိုက္မိခဲ့ၿပီး စီးတီးတို႔ ဦးေဆာင္ဂိုး ထပ္ယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ကြင္းလယ္ကေန စီးတီးတို႔ အေပးအယူလုပ္လာၿပီး ကန္ဆယ္လိုက စတင္ၿပီး ေဂ်ဆူးစ္က ျပန္ခ်ေပးခဲ့တဲ့ ေဘာလုံးကို ေနာက္ကေန ကစားကြက္ထဲ လိုက္ပါလာတဲ့ ဘာနာဒို ေဆးလ္ဗားက ကန္သြင္းခဲ့ရာမွာ ဂိုးသမား မကာကြယ္ႏိုင္ခဲ့တာေၾကာင့္ တတိယဂိုးရခဲ့ၿပီး ဂြတ္ဒီဆန္ပါ့ခ္မွာ စိတ္ေအးႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စတာလင္အစား ဒဏ္ရာက သက္သာလာတဲ့ ကြင္းလယ္လူ ဒီဘ႐ိုင္းနား လူစားဝင္ကစားခဲ့တာက ပရိသတ္ေတြ အားတက္စရာျဖစ္ခဲ့ရသလို ပြဲၿပီးခါနီးမွာေတာ့ အေဂြ႐ိုကို ထည့္ဦးမလား ေမွ်ာ္လင့္မိေပမယ့္ မထည့္သြင္းေတာ့ဘဲ ဖာနန္ဒင္ညိဳကို ထပ္လဲၿပီး ထိန္းကစား သြားခဲ့လို႔ ပြဲအၿပီးမွာ သုံးဂိုး-တစ္ဂိုးနဲ႔ စီးတီးတို႔ ေအာင္ပြဲခံခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ ဂြါဒီယိုလာအေနနဲ႔ အန္ဆယ္ေလာ့တီအေပၚ ဘိုင္ယန္နဲ႔ ခ်န္ပီယံလိဂ္မွာ ရႈံးခဲ့တဲ့ ရႈံးေႂကြးကို ဒီရာသီမွာ ႏွစ္ပြဲဆက္တိုက္ အႏိုင္ယူၿပီး ျပန္ဆပ္ႏိုင္ခဲ့သလို မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ေတာ့ ပြဲက်န္ကစားအၿပီးမွာ ရမွတ္ ၅၆ မွတ္နဲ႔ အနီးဆုံးၿပိဳင္ဘက္ေတြကို ၁၀ မွတ္ထိ ျဖတ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို တစ္ေက်ာ့ျပန္ရယူဖို႔ အေျခအေနေကာင္းသြားခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.