Premier League

ရော်နယ်ဒို ဂိုးပေါက်ပျောက်ခဲ့ပြီး ပေါ်တူဂီမြေမှာ ရှုံးပွဲတွေ့ခဲ့တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ ပေါ်တူဂီမြေမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲမှာတော့ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာ တိုက်စစ်မှူး ပေါ်လို ဒီဘာလား ဒဏ်ရာရနေတဲ့အတွက်ကြောင့် တိုက်စစ်မှာ ခရစ်စ္စတိယာနို ရော်နယ်ဒို နဲ့ ကူလူဆက်ဗ်စကီးတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။


ပွဲစစချင်း ၆၁ စက္ကန့်မှာပဲ ဂျူဗင်တပ်စ်ကွင်းလယ် ကစားသမား ဘန်တာကာရဲ့ ပေ့ါဆစွာ ဂိုးသမား ရှက်ဇနီဆီ ပြန်ပေးလိုက်တဲ့ ဘောလုံးကို ပေါ်တို တိုက်စစ်မှူးတာရီမီက ကြားဖြတ်ရရှိသွားပြီး ဂိုးသမား ရှက်ဇနီနဲ့ တစ်ဦးချင်းအတွေ့မှာ သွင်းယူခဲ့ပြီး ပေါ်တိုအသင်းက ဦးဆောင်ဂိုး ရရှိသွားပါတယ်။


ပထမပိုင်း ၄၆ မိနစ်မှာ ပေါ်တို ညာနောက်ခံလူ မာနာဖာရဲ့ ဂျူဗင်တပ်စ်နောက်တန်း ၃ ယောက် ပိတ်ဆို့ထားတဲ့ကြားကနေ လွတ်လွတ်ကျွတ်ကျွတ်ပေးပို့တဲ့ ဘောလုံးကို ရရှိသွားတဲ့ ပေါ်တို တိုက်စစ်မှူးမာရီဂါက တချက်ထိန်းပြီး အပြင်းကန်သွင်းကာ ပေါ်တိုအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ ပထမပိုင်းပြီးချိန်မှာ ပေါ်တိုအသင်းက ဂျူဗင်တပ်စ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိနေပါတယ်။


၆၃ မိနစ်မှာ မက်ကန်းနီအစား မိုရာတာ ၊ ၇၇ မိနစ်မှာ ကူလူဆက်ဗ်စကီးအစား အာရွန်ရမ်ဆေးတို့ လူစား ဝင်ကစားခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းအနေနဲ့ ခြေပဂိုး မရရှိပဲ ဖြစ်နေခဲ့ပြီး မိုရာတာအနေနဲ့ အပိုင်အခွင့်အရေး ၂ ကြိမ်လောက်ကို ဖြုန်းတီးခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဂိုးသမား ရှက်ဇနီ လက်စွမ်းပြ ကာကွယ်နေတဲ့အတွက် ဂျူဗင်တပ်စ်အသင်း နောက်ထပ် ဂိုးမပေးရတာဖြစ်ပါတယ်။


ပွဲကစားချိန် ၈၂ မိနစ်မှာတော့ ရာဘီရော့ရဲ့ ဘယ်တောင်ပံမှဖြတ်တင်ပေးပို့မှုကို ညာဘက်မှ ပြေးတက်လာတဲ့ ကွင်းလယ်လူ ချီဆာက အပိုင်ကန်သွင်းနိုင်တဲ့အတွက် ဂျူဗင်တပ်စ်အသင်း ချေပဂိုး ၁ ဂိုးရရှိခဲ့ပေမယ့် ပွဲသိမ်းခရာမှုတ်ချိန်အထိ ထပ်မံ မသွင်းယူနိုင်တဲ့အတွက် ၂ ဂိုး ၁ ဂိုးနဲ့ ပေါ်တူဂီမြေမှာ ရှုံးနိမ့်ခဲ့ရပါတယ်။


ဂျူဗင်တပ်စ် တိုက်စစ်မှူးခရစ်စ္စတိယာနို ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းရဲ့ နောက်ဆုံး၂နှစ်အတွင်း ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေမှာ အသင်းရဲ့ သွင်းဂိုးအားလုံးကို ( အက်သလက်တီကို ၃ဂိုး ၊ အေဂျက်စ် ၂ဂိုး ၊ လိုင်ယွန် ၂ဂိုး ) တစ်ဦးတည်း သွင်းယူထားခဲ့ပေမယ့် ယခုပွဲမှာတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိပဲ စံချိန်ကျိုးပျက်ခဲ့ရပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဂ်ဴဗင္တပ္စ္အသင္းဟာ ေပၚတူဂီေျမမွာ ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ ေပၚတိုအသင္းနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲမွာေတာ့ ၂ ဂိုး ၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ရပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းမွာ တိုက္စစ္မႉး ေပၚလို ဒီဘာလား ဒဏ္ရာရေနတဲ့အတြက္ေၾကာင့္ တိုက္စစ္မွာ ခရစ္စၥတိယာႏို ေရာ္နယ္ဒို နဲ႔ ကူလူဆက္ဗ္စကီးတို႔နဲ႔ ပြဲထြက္ခဲ့ပါတယ္။


ပြဲစစခ်င္း ၆၁ စကၠန႔္မွာပဲ ဂ်ဴဗင္တပ္စ္ကြင္းလယ္ ကစားသမား ဘန္တာကာရဲ႕ ေပ့ါဆစြာ ဂိုးသမား ရွက္ဇနီဆီ ျပန္ေပးလိုက္တဲ့ ေဘာလုံးကို ေပၚတို တိုက္စစ္မႉးတာရီမီက ၾကားျဖတ္ရရွိသြားၿပီး ဂိုးသမား ရွက္ဇနီနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ သြင္းယူခဲ့ၿပီး ေပၚတိုအသင္းက ဦးေဆာင္ဂိုး ရရွိသြားပါတယ္။


ပထမပိုင္း ၄၆ မိနစ္မွာ ေပၚတို ညာေနာက္ခံလူ မာနာဖာရဲ႕ ဂ်ဴဗင္တပ္စ္ေနာက္တန္း ၃ ေယာက္ ပိတ္ဆို႔ထားတဲ့ၾကားကေန လြတ္လြတ္ကြၽတ္ကြၽတ္ေပးပို႔တဲ့ ေဘာလုံးကို ရရွိသြားတဲ့ ေပၚတို တိုက္စစ္မႉးမာရီဂါက တခ်က္ထိန္းၿပီး အျပင္းကန္သြင္းကာ ေပၚတိုအသင္းအတြက္ ဒုတိယဂိုးကို သြင္းယူေပးႏိုင္ခဲ့လို႔ ပထမပိုင္းၿပီးခ်ိန္မွာ ေပၚတိုအသင္းက ဂ်ဴဗင္တပ္စ္အသင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိေနပါတယ္။


၆၃ မိနစ္မွာ မက္ကန္းနီအစား မိုရာတာ ၊ ၇၇ မိနစ္မွာ ကူလူဆက္ဗ္စကီးအစား အာ႐ြန္ရမ္ေဆးတို႔ လူစား ဝင္ကစားခဲ့ေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ေျခပဂိုး မရရွိပဲ ျဖစ္ေနခဲ့ၿပီး မိုရာတာအေနနဲ႔ အပိုင္အခြင့္အေရး ၂ ႀကိမ္ေလာက္ကို ျဖဳန္းတီးခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ဂိုးသမား ရွက္ဇနီ လက္စြမ္းျပ ကာကြယ္ေနတဲ့အတြက္ ဂ်ဴဗင္တပ္စ္အသင္း ေနာက္ထပ္ ဂိုးမေပးရတာျဖစ္ပါတယ္။


ပြဲကစားခ်ိန္ ၈၂ မိနစ္မွာေတာ့ ရာဘီေရာ့ရဲ႕ ဘယ္ေတာင္ပံမွျဖတ္တင္ေပးပို႔မႈကို ညာဘက္မွ ေျပးတက္လာတဲ့ ကြင္းလယ္လူ ခ်ီဆာက အပိုင္ကန္သြင္းႏိုင္တဲ့အတြက္ ဂ်ဴဗင္တပ္စ္အသင္း ေခ်ပဂိုး ၁ ဂိုးရရွိခဲ့ေပမယ့္ ပြဲသိမ္းခရာမႈတ္ခ်ိန္အထိ ထပ္မံ မသြင္းယူႏိုင္တဲ့အတြက္ ၂ ဂိုး ၁ ဂိုးနဲ႔ ေပၚတူဂီေျမမွာ ရႈံးနိမ့္ခဲ့ရပါတယ္။


ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးခရစ္စၥတိယာႏို ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ေနာက္ဆုံး၂ႏွစ္အတြင္း ခ်န္ပီယံလိဂ္ ရႈံးထြက္ပြဲစဥ္ေတြမွာ အသင္းရဲ႕ သြင္းဂိုးအားလုံးကို ( အက္သလက္တီကို ၃ဂိုး ၊ ေအဂ်က္စ္ ၂ဂိုး ၊ လိုင္ယြန္ ၂ဂိုး ) တစ္ဦးတည္း သြင္းယူထားခဲ့ေပမယ့္ ယခုပြဲမွာေတာ့ ဂိုးသြင္းယူႏိုင္ျခင္းမရွိပဲ စံခ်ိန္က်ိဳးပ်က္ခဲ့ရပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.