Premier League UCL&UEL

လီဗာပူးလ္တုိ႔ရဲ႕ ဖလားႏွစ္လုံးခရီးလမ္းမွာ အေမ့ခံသူရဲေကာင္းတစ္ေယာက္ ဘယ္ေလာက္ေမာင္းႏွင္ေပးႏိုင္မလဲ

လီဗာပူးလ္အသင္းရဲ႕ ၿပီးခဲ့တဲ့ ရာသီနဲ႔ ဒီရာသီမွာ အေကာင္းဆုံးေျခစြမ္းျပခဲ့ၿပီး ထိေရာက္ၿပီး စဥ္ဆက္မျပတ္ တစ္ဖက္အသင္းအေပၚ ဖိအားေပးတဲ့ ကစားပုံနဲ႔ တစ္ပြဲၿပီးတစ္ပြဲ ေက်ာ္ျဖတ္လာခဲ့ၾကတာမွာ သူရဲေကာင္းျဖစ္ခဲ့သူေတြလည္း မနည္းသလို ႏွစ္သုံးဆယ္ေစာင့္ဆုိင္းမွဳကို ရပ္တန္႔လုိေနတဲ့ ပရိသတ္ေတြအတြက္ေတာ့ နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔တကြ အိုင္ေဒါလ္ေတြလည္း မနည္းခဲ့ပါဘူး။

နည္းျပ ကေလာ့ပ္ရဲ႕ ပရီးမီးယားလိဂ္မွာ တစ္သင္းတည္းပဲ ကစားတတ္တဲ့ မိနစ္ကိုးဆယ္ မေမာမပန္းသက္လုံနဲ႔ Gegenpress အတြက္ ဂုဏ္ယူႏုိင္ၾကသလို မိုဟာမက္ ဆာလားရဲ႕ လွပတဲ့ သြင္းဂိုး၊ ဆာဒီယို မာေနးရဲ႕ လိုအပ္ခ်ိန္တုိင္းမွာ ႀကဳံသလို သြင္းယူႏုိင္တဲ့ ဂိုးေတြ၊ ေရာဘတ္တို ဖာမီႏိုရဲ႕ ေနရာလြတ္ရွာေဖြမွဳနဲ႔ ဖန္တီးမွဳ၊ ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ တည္ၿငိမ္မာေက်ာမွဳနဲ႔ အာႏိုးလ္ဒ္၊ ေရာဘတ္ဆန္တုိ႔ရဲ႕ အဆုတ္ႏွစ္စုံနဲ႔ ကစားေနတယ္လို႔ ထင္ရတဲ့ လုပ္အားႏွဳန္းနဲ႔ ျဖတ္တင္ဖန္တီးမွဳေတြကိုလည္း အသင္းရဲ႕ ဂုဏ္အဂၤါေတြအျဖစ္ ရွဳျမင္ၾကမွာပါ။

၂၀၁၉ ဇန္နဝါရီကတည္းက ရွဳံးပြဲမရွိခဲ့တဲ့ အသင္းအတြက္ လက္ခုပ္ၾသဘာသံေတြနဲ႔ ဘယ္ကစားသမားက ဘယ္ေနရာမွာ ဘယ္လိုေကာင္းတာဆုိတဲ့ ေကာင္းကြက္ေတြကို ရွာေဖြခ်ီးက်ဴးႏုိင္ခဲ့တဲ့ အခ်ိန္ကာလေတြမွာ ကြင္းလယ္ကို စိုးမိုးထားတဲ့ ဖာဘင္ဟိုနဲ႔ ဂိုးေပါက္မွာ ကာကြယ္သလို အကြက္ျမင္တဲ့ ေပးပုိ႔မွဳေတြ လုပ္တတ္တဲ့ အယ္လီဆန္တုိ႔ေတာင္မွ ပရိသတ္ေတြေရွ႕ကို ေခၚယူျပသခဲ့ၾကေပမယ့္ အဲ့ဒါေတြက တစ္ခ်ိန္မွာေတာ့ ထစ္ေငါ့မွဳေတြ ရွိလာခဲ့ပါတယ္။

အက္သလက္တီကို မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဂိုးလဲ သိပ္မသြင္းႏုိင္၊ ဖန္တီးမွဳေတြလည္း သိပ္မလုပ္ႏုိင္ဘူးလို႔ တခ်ဳိ႕က ျမင္တတ္ၾကတဲ့ ကစားသမားတစ္ေယာက္ကို ႀကဳိးၾကာနီေတြ ဆုံးရွဳံးခဲ့ရၿပီး သာမန္အားျဖင့္ေတာ့ သူ႕ေနရာကို အစားထိုးႏုိင္လိမ့္မယ္လို႔ ထင္ခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ ရစ္သမ္ပ်က္၊ ေပးဂိုးမ်ား၊ ေနာက္က လိုက္ကစားမွဳေတြနဲ႔ ရွဳံးပြဲမရွိစံခ်ိန္ကိုလည္း က်ဳိးပ်က္ရေတာ့မွ သူဟာ ထင္တာထက္ပုိၿပီး အေရးပါေနေၾကာင္း သိရပါေတာ့တယ္။

အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ ဒဏ္ရာေၾကာင့္ မပါဝင္ႏုိင္ခဲ့ခ်ိန္ကစၿပီး လီဗာပူးလ္ကြင္းလယ္ဟာ ေရွ႕နဲ႔ေနာက္ကို ပုံစံတက် ခ်ိတ္ဆက္ေပးႏုိင္မွဳ ေပ်ာက္ဆုံးခဲ့ၿပီး တစ္ခါတစ္ရံမွာ ခါးျပတ္သလို၊ တစ္ခါတစ္ရံမွာလည္း ေဟာင္းေလာင္းေပါက္ Pressing ႀကီးနဲ႔ တစ္ဖက္အသင္းေတြကို အခြင့္အေရးေတြ ေပးမိၿပီး ဝက္စ္ဟမ္းကို ေနာက္ကလိုက္ကစားၿပီး အႏုိင္ရခဲ့ေပမယ့္ ဝတ္ဖို႔ဒ္နဲ႔ပြဲမွာေတာ့ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ခဲ့ရတာပါ။

ဒီပုံစံဟာ ဒီပြဲနဲ႔တင္ မရပ္ေသးဘဲ ခ်ဲလ္ဆီးနဲ႔ အက္ဖ္ေအဖလားပြဲစဥ္မွာလည္း တူညီတဲ့ လြတ္ကြက္ဟာကြက္ေတြနဲ႔ပဲ ႏွစ္ပြဲဆက္ရွဳံးနိမ့္ခဲ့သလို ေနာက္ဆုံး ဟန္ဒါဆန္ကလြဲလုိ႔ လူျပန္စုံလာခဲ့တဲ့ ပရီးမီးယားလိဂ္အိမ္ကြင္း ဘုန္းေမာက္နဲ႔ပြဲမွာေတာင္မွ အရင္လိုမ်ဳိး ျပတ္သားတဲ့ ရလဒ္ကို မေဖာ္ေဆာင္ႏုိင္ခဲ့တာကို ေတြ႕ခဲ့ရလုိ႔ လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ တမ္းတစရာလည္းျဖစ္ခဲ့ပါတယ္။

အသင္းပရိသတ္ေတြကလြဲရင္ ေသေသခ်ာခ်ာ ေစာင့္ၾကည့္တဲ့သူေတြမ်ဳိးသာ ေတြ႕ရွိႏုိင္မယ့္ လီဗာပူးလ္ကြင္းလယ္က ဟန္ဒါဆန္ရဲ႕ ေမာင္းႏွင္အားဟာ သူမရွိခ်ိန္မွာ အမ်ားႀကီး သိသာသြားခဲ့ၿပီး၊ ခ်ိမ္ဘာလိန္၊ ဗိန္နယ္လ္ဒြမ္၊ ဖာဘင္ဟိုနဲ႔ လယ္လာနာတုိ႔ေတြ တစ္ေယာက္မွ ဒီေနရာကို ဝင္ကစားႏုိင္စြမ္းမရွိသလို သူ႕ရဲ႕ တုိက္စစ္ခံစစ္ကို ခ်ိတ္ဆက္ေပးမွဳ ေပ်ာက္ဆုံးေနခဲ့တာကိုလည္း အလြန္ျမင္သာေနခဲ့ပါတယ္။

ဖာဘင္ဟိုကို စိတ္ခ်လက္ခ် အတက္အဆင္းလုပ္ႏုိင္ေစတဲ့ ကြက္လပ္ျဖည့္ေပးမွဳ၊ ဗိန္နယ္လ္ဒြမ္ကစားႏုိင္တဲ့ တိုက္စစ္ေတာင္ပံေတြအထိ လုိက္ပါကူညီႏိုင္ေအာင္ ေထာက္ကူေပးမွဳနဲ႔ မထင္မွတ္ခ်ိန္ေတြမွာ ေဘာလုံးေတြ တုိက္႐ိုက္ေပးပုိ႔ၿပီး ဖန္တီးႏုိင္မွဳ၊ အခြင့္ႀကဳံလာရင္ ဂိုးေတြ သြင္းယူႏုိင္မွဳဟာ ပရိသတ္ေတြအတြက္ေတာ့ အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္ကို အနည္းနဲ႔ အမ်ားေတာ့ အလြမ္းေျပေစေနခဲ့တာလည္းျဖစ္ၿပီး စပိန္မွာ ဒဏ္ရာရခဲ့တာကေတာ့ ခုလိုမ်ဳိး အသင္းရဲ႕ ရလဒ္ေတြကို ပ်က္ျပားေစခဲ့တာျဖစ္ပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ လီဗာပူးလ္ရဲ႕ ေလ့က်င့္ေရးကြင္း မဲလ္ဝုဒ္မွာ ဟန္ဒါဆန္ကို ျပန္လည္ေလ့က်င့္ႏုိင္ေနႏိုင္ခဲ့တာ ေတြ႕ရၿပီး ပြဲမတုိင္ခင္ ၂၄ နာရီအတြင္း အေျခအေန ေျပာင္းလဲမွဳမရွိရင္ အက္သလက္တီကိုနဲ႔ ဒုတိယအေက်ာ့မွာ ထည့္သြင္းကစားမယ္လုိ႔ ဆုိထားတဲ့အတြက္ ပရိသတ္ေတြအတြက္ေတာ့ အားတက္စရာလည္းျဖစ္ေနခဲ့ပါတယ္။

လာမယ့္ပြဲမွာ အရင္ပြဲေတြလုိ အင္ျပည့္အားျပည့္ မကစားဘဲ ေလွ်ာ့ေပါ့ကစားေစဦး၊ သူ႕အေနနဲ႔ ကြင္းလယ္အတြဲေဖာ္ႏွစ္ေယာက္ထဲက ဗိန္နယ္လ္ဒြမ္ရဲ႕ တုိက္စစ္နဲ႔ ဖာဘင္ဟိုရဲ႕ ခံစစ္ေတြကို ခ်ိတ္ဆက္ကူညီႏုိင္မွာ ေသခ်ာသေလာက္ရွိေနလို႔ နည္းျပ ယာဂန္ ကေလာ့ပ္၊ အသင္းေဖာ္ေတြနဲ႔ ပရိသတ္ေတြကိုေတာ့ အနည္းဆုံး စိတ္ဓာတ္ခြန္အားနဲ႔ ဝမ္းသာမွဳေတြကို ယူေဆာင္လာေပးႏုိင္ေတာ့မွာလည္းျဖစ္ပါတယ္။

အေဝးကြင္းမွာ အလစ္အငိုက္မိၿပီး ဆာအူးလ္ ညီးရက္ဇ္ရဲ႕ တစ္လုံးတည္းေသာ ဂိုးနဲ႔ အေဝးဂိုးမရဘဲ ရွဳံးနိမ့္ထားခဲ့တဲ့ ရွဳံးထြက္အဆင့္မွာ လီဗာပူးလ္တုိ႔အေနနဲ႔ ဒုတိယအေက်ာ့အျဖစ္ အန္းဖီးလ္မွာ ျပန္ၿပီး အႏုိင္ကစားရဖို႔ ရွိေနသလို ႏွစ္ဂိုး-တစ္ဂိုးဆုိတဲ့ ရလဒ္မ်ဳိးလည္း ထြက္ေပၚလို႔ မျဖစ္တာေၾကာင့္ တုိက္စစ္ေရာ ခံစစ္ပါ စြမ္းေဆာင္ရည္ေကာင္းဖို႔က အေရးႀကီးေနၿပီး ဒီႏွစ္ပုိင္းစလုံးကို အင္အားျဖည့္တင္းေပးႏုိင္မယ့္သူက အားလုံး တန္ဖိုးကို သိေနၾကၿပီျဖစ္တဲ့ ဟန္ဒါဆန္ပဲ ျဖစ္မွာပါ။

ဂိုးသမားေနရာမွာ အက္ဒရီယန္ကိုပဲ ဖမ္းခိုင္းရဦးမွာျဖစ္လို႔ အယ္လီဆန္ထက္ အင္အားေလ်ာ့နည္းေနတဲ့ ခံစစ္ပိုင္းအတြက္ ေရွ႕က ေနာက္တန္းေလးေယာက္နဲ႔ ကြင္းလယ္ခံစစ္သမားေတြ စြမ္းေဆာင္ရည္ ပုိမိုေကာင္းမြန္ဖို႔ လိုအပ္ေနခ်ိန္မွာ ဘယ္တုန္းကမွ အားလုံးရဲ႕ ေရွ႕က ခ်ီးက်ဴးမခံခဲ့ရတဲ့ Unsung Hero တစ္ေယာက္ကို လီဗာပူးလ္ပရိသတ္ေတြသာမက ေဘာလုံးခ်စ္သူေတြအားလုံး ေမွ်ာ္လင့္ေနၾကပါတယ္။

သူ႕ရဲ႕ ဒဏ္ရာေၾကာင့္ ရပ္တန္႔သြားခဲ့တယ္လို႔ ဆုိေကာင္းဆိုႏုိင္တဲ့ အသင္းရဲ႕ အရွိန္အဟုန္ေတြကို တစ္ေက်ာ့ျပန္ အားျဖည့္ေမာင္းႏွင္ႏိုင္ဖုိ႔ ၂၉ ႏွစ္သား အသင္းေခါင္းေဆာင္ႀကီးတစ္ေယာက္ ယူေဆာင္လာမယ့္ ကြင္းထဲက ကစားပုံအျပင္ စိတ္ဓာတ္ခြန္အားဟာလည္း အေရးႀကီးပါလိမ့္မယ္။ အန္းဖီးလ္မွာ ဘာစီလိုနာကိုေတာင္ ေျပာင္းျပန္လွန္ႏုိင္ခဲ့ခ်ိန္မွာ ခံစစ္နဲ႔ တန္ျပန္တုိက္စစ္အားသန္တဲ့ အက္သလက္တီကိုရဲ႕ ေနာက္ထပ္စိန္ေခၚမွဳသစ္ တစ္ရပ္အတြက္ အေရးႀကီးေနခ်ိန္မွာ ဟန္ဒါဆန္တစ္ေယာက္ မျဖစ္မေနပါဝင္ၿပီး အားလုံးရင္ေအးရဖို႔ ဆႏၵျပဳမိပါတယ္ေလ။

By KIZARNO
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ပြီးခဲ့တဲ့ ရာသီနဲ့ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ထိရောက်ပြီး စဉ်ဆက်မပြတ် တစ်ဖက်အသင်းအပေါ် ဖိအားပေးတဲ့ ကစားပုံနဲ့ တစ်ပွဲပြီးတစ်ပွဲ ကျော်ဖြတ်လာခဲ့ကြတာမှာ သူရဲကောင်းဖြစ်ခဲ့သူတွေလည်း မနည်းသလို နှစ်သုံးဆယ်စောင့်ဆိုင်းမှုကို ရပ်တန့်လိုနေတဲ့ ပရိသတ်တွေအတွက်တော့ နည်းပြ ယာဂန် ကလော့ပ်နဲ့တကွ အိုင်ဒေါလ်တွေလည်း မနည်းခဲ့ပါဘူး။

နည်းပြ ကလော့ပ်ရဲ့ ပရီးမီးယားလိဂ်မှာ တစ်သင်းတည်းပဲ ကစားတတ်တဲ့ မိနစ်ကိုးဆယ် မမောမပန်းသက်လုံနဲ့ Gegenpress အတွက် ဂုဏ်ယူနိုင်ကြသလို မိုဟာမက် ဆာလားရဲ့ လှပတဲ့ သွင်းဂိုး၊ ဆာဒီယို မာနေးရဲ့ လိုအပ်ချိန်တိုင်းမှာ ကြုံသလို သွင်းယူနိုင်တဲ့ ဂိုးတွေ၊ ရောဘတ်တို ဖာမီနိုရဲ့ နေရာလွတ်ရှာဖွေမှုနဲ့ ဖန်တီးမှု၊ ဗာဂျီးလ် ဗန်ဒိုက်ရဲ့ တည်ငြိမ်မာကျောမှုနဲ့ အာနိုးလ်ဒ်၊ ရောဘတ်ဆန်တို့ရဲ့ အဆုတ်နှစ်စုံနဲ့ ကစားနေတယ်လို့ ထင်ရတဲ့ လုပ်အားနှုန်းနဲ့ ဖြတ်တင်ဖန်တီးမှုတွေကိုလည်း အသင်းရဲ့ ဂုဏ်အင်္ဂါတွေအဖြစ် ရှုမြင်ကြမှာပါ။

၂၀၁၉ ဇန်နဝါရီကတည်းက ရှုံးပွဲမရှိခဲ့တဲ့ အသင်းအတွက် လက်ခုပ်သြဘာသံတွေနဲ့ ဘယ်ကစားသမားက ဘယ်နေရာမှာ ဘယ်လိုကောင်းတာဆိုတဲ့ ကောင်းကွက်တွေကို ရှာဖွေချီးကျူးနိုင်ခဲ့တဲ့ အချိန်ကာလတွေမှာ ကွင်းလယ်ကို စိုးမိုးထားတဲ့ ဖာဘင်ဟိုနဲ့ ဂိုးပေါက်မှာ ကာကွယ်သလို အကွက်မြင်တဲ့ ပေးပို့မှုတွေ လုပ်တတ်တဲ့ အယ်လီဆန်တို့တောင်မှ ပရိသတ်တွေရှေ့ကို ခေါ်ယူပြသခဲ့ကြပေမယ့် အဲ့ဒါတွေက တစ်ချိန်မှာတော့ ထစ်ငေါ့မှုတွေ ရှိလာခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးလဲ သိပ်မသွင်းနိုင်၊ ဖန်တီးမှုတွေလည်း သိပ်မလုပ်နိုင်ဘူးလို့ တချို့က မြင်တတ်ကြတဲ့ ကစားသမားတစ်ယောက်ကို ကြိုးကြာနီတွေ ဆုံးရှုံးခဲ့ရပြီး သာမန်အားဖြင့်တော့ သူ့နေရာကို အစားထိုးနိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ရစ်သမ်ပျက်၊ ပေးဂိုးများ၊ နောက်က လိုက်ကစားမှုတွေနဲ့ ရှုံးပွဲမရှိစံချိန်ကိုလည်း ကျိုးပျက်ရတော့မှ သူဟာ ထင်တာထက်ပိုပြီး အရေးပါနေကြောင်း သိရပါတော့တယ်။

အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ချိန်ကစပြီး လီဗာပူးလ်ကွင်းလယ်ဟာ ရှေ့နဲ့နောက်ကို ပုံစံတကျ ချိတ်ဆက်ပေးနိုင်မှု ပျောက်ဆုံးခဲ့ပြီး တစ်ခါတစ်ရံမှာ ခါးပြတ်သလို၊ တစ်ခါတစ်ရံမှာလည်း ဟောင်းလောင်းပေါက် Pressing ကြီးနဲ့ တစ်ဖက်အသင်းတွေကို အခွင့်အရေးတွေ ပေးမိပြီး ဝက်စ်ဟမ်းကို နောက်ကလိုက်ကစားပြီး အနိုင်ရခဲ့ပေမယ့် ဝတ်ဖို့ဒ်နဲ့ပွဲမှာတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတာပါ။

ဒီပုံစံဟာ ဒီပွဲနဲ့တင် မရပ်သေးဘဲ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာလည်း တူညီတဲ့ လွတ်ကွက်ဟာကွက်တွေနဲ့ပဲ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့သလို နောက်ဆုံး ဟန်ဒါဆန်ကလွဲလို့ လူပြန်စုံလာခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း ဘုန်းမောက်နဲ့ပွဲမှာတောင်မှ အရင်လိုမျိုး ပြတ်သားတဲ့ ရလဒ်ကို မဖော်ဆောင်နိုင်ခဲ့တာကို တွေ့ခဲ့ရလို့ လီဗာပူးလ်ပရိသတ်တွေအတွက်တော့ တမ်းတစရာလည်းဖြစ်ခဲ့ပါတယ်။

အသင်းပရိသတ်တွေကလွဲရင် သေသေချာချာ စောင့်ကြည့်တဲ့သူတွေမျိုးသာ တွေ့ရှိနိုင်မယ့် လီဗာပူးလ်ကွင်းလယ်က ဟန်ဒါဆန်ရဲ့ မောင်းနှင်အားဟာ သူမရှိချိန်မှာ အများကြီး သိသာသွားခဲ့ပြီး၊ ချိမ်ဘာလိန်၊ ဗိန်နယ်လ်ဒွမ်၊ ဖာဘင်ဟိုနဲ့ လယ်လာနာတို့တွေ တစ်ယောက်မှ ဒီနေရာကို ဝင်ကစားနိုင်စွမ်းမရှိသလို သူ့ရဲ့ တိုက်စစ်ခံစစ်ကို ချိတ်ဆက်ပေးမှု ပျောက်ဆုံးနေခဲ့တာကိုလည်း အလွန်မြင်သာနေခဲ့ပါတယ်။

ဖာဘင်ဟိုကို စိတ်ချလက်ချ အတက်အဆင်းလုပ်နိုင်စေတဲ့ ကွက်လပ်ဖြည့်ပေးမှု၊ ဗိန်နယ်လ်ဒွမ်ကစားနိုင်တဲ့ တိုက်စစ်တောင်ပံတွေအထိ လိုက်ပါကူညီနိုင်အောင် ထောက်ကူပေးမှုနဲ့ မထင်မှတ်ချိန်တွေမှာ ဘောလုံးတွေ တိုက်ရိုက်ပေးပို့ပြီး ဖန်တီးနိုင်မှု၊ အခွင့်ကြုံလာရင် ဂိုးတွေ သွင်းယူနိုင်မှုဟာ ပရိသတ်တွေအတွက်တော့ အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်ကို အနည်းနဲ့ အများတော့ အလွမ်းပြေစေနေခဲ့တာလည်းဖြစ်ပြီး စပိန်မှာ ဒဏ်ရာရခဲ့တာကတော့ ခုလိုမျိုး အသင်းရဲ့ ရလဒ်တွေကို ပျက်ပြားစေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ လီဗာပူးလ်ရဲ့ လေ့ကျင့်ရေးကွင်း မဲလ်ဝုဒ်မှာ ဟန်ဒါဆန်ကို ပြန်လည်လေ့ကျင့်နိုင်နေနိုင်ခဲ့တာ တွေ့ရပြီး ပွဲမတိုင်ခင် ၂၄ နာရီအတွင်း အခြေအနေ ပြောင်းလဲမှုမရှိရင် အက်သလက်တီကိုနဲ့ ဒုတိယအကျော့မှာ ထည့်သွင်းကစားမယ်လို့ ဆိုထားတဲ့အတွက် ပရိသတ်တွေအတွက်တော့ အားတက်စရာလည်းဖြစ်နေခဲ့ပါတယ်။

လာမယ့်ပွဲမှာ အရင်ပွဲတွေလို အင်ပြည့်အားပြည့် မကစားဘဲ လျှော့ပေါ့ကစားစေဦး၊ သူ့အနေနဲ့ ကွင်းလယ်အတွဲဖော်နှစ်ယောက်ထဲက ဗိန်နယ်လ်ဒွမ်ရဲ့ တိုက်စစ်နဲ့ ဖာဘင်ဟိုရဲ့ ခံစစ်တွေကို ချိတ်ဆက်ကူညီနိုင်မှာ သေချာသလောက်ရှိနေလို့ နည်းပြ ယာဂန် ကလော့ပ်၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေကိုတော့ အနည်းဆုံး စိတ်ဓာတ်ခွန်အားနဲ့ ဝမ်းသာမှုတွေကို ယူဆောင်လာပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။

အဝေးကွင်းမှာ အလစ်အငိုက်မိပြီး ဆာအူးလ် ညီးရက်ဇ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အဝေးဂိုးမရဘဲ ရှုံးနိမ့်ထားခဲ့တဲ့ ရှုံးထွက်အဆင့်မှာ လီဗာပူးလ်တို့အနေနဲ့ ဒုတိယအကျော့အဖြစ် အန်းဖီးလ်မှာ ပြန်ပြီး အနိုင်ကစားရဖို့ ရှိနေသလို နှစ်ဂိုး-တစ်ဂိုးဆိုတဲ့ ရလဒ်မျိုးလည်း ထွက်ပေါ်လို့ မဖြစ်တာကြောင့် တိုက်စစ်ရော ခံစစ်ပါ စွမ်းဆောင်ရည်ကောင်းဖို့က အရေးကြီးနေပြီး ဒီနှစ်ပိုင်းစလုံးကို အင်အားဖြည့်တင်းပေးနိုင်မယ့်သူက အားလုံး တန်ဖိုးကို သိနေကြပြီဖြစ်တဲ့ ဟန်ဒါဆန်ပဲ ဖြစ်မှာပါ။

ဂိုးသမားနေရာမှာ အက်ဒရီယန်ကိုပဲ ဖမ်းခိုင်းရဦးမှာဖြစ်လို့ အယ်လီဆန်ထက် အင်အားလျော့နည်းနေတဲ့ ခံစစ်ပိုင်းအတွက် ရှေ့က နောက်တန်းလေးယောက်နဲ့ ကွင်းလယ်ခံစစ်သမားတွေ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ဖို့ လိုအပ်နေချိန်မှာ ဘယ်တုန်းကမှ အားလုံးရဲ့ ရှေ့က ချီးကျူးမခံခဲ့ရတဲ့ Unsung Hero တစ်ယောက်ကို လီဗာပူးလ်ပရိသတ်တွေသာမက ဘောလုံးချစ်သူတွေအားလုံး မျှော်လင့်နေကြပါတယ်။

သူ့ရဲ့ ဒဏ်ရာကြောင့် ရပ်တန့်သွားခဲ့တယ်လို့ ဆိုကောင်းဆိုနိုင်တဲ့ အသင်းရဲ့ အရှိန်အဟုန်တွေကို တစ်ကျော့ပြန် အားဖြည့်မောင်းနှင်နိုင်ဖို့ ၂၉ နှစ်သား အသင်းခေါင်းဆောင်ကြီးတစ်ယောက် ယူဆောင်လာမယ့် ကွင်းထဲက ကစားပုံအပြင် စိတ်ဓာတ်ခွန်အားဟာလည်း အရေးကြီးပါလိမ့်မယ်။ အန်းဖီးလ်မှာ ဘာစီလိုနာကိုတောင် ပြောင်းပြန်လှန်နိုင်ခဲ့ချိန်မှာ ခံစစ်နဲ့ တန်ပြန်တိုက်စစ်အားသန်တဲ့ အက်သလက်တီကိုရဲ့ နောက်ထပ်စိန်ခေါ်မှုသစ် တစ်ရပ်အတွက် အရေးကြီးနေချိန်မှာ ဟန်ဒါဆန်တစ်ယောက် မဖြစ်မနေပါဝင်ပြီး အားလုံးရင်အေးရဖို့ ဆန္ဒပြုမိပါတယ်လေ။

By KIZARNO
PHOTOS & VIDEOS CREDIT TO OWNERS
SPORTS A2Z.