Premier League

17 Feb နေ့လယ်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ ဟာဆန်ဟာတဲလ်ရဲ့ တီမိုဗာနာ ပုံကြမ်းအတိုင်း အသုံးပြုပြီး ဂျာမန်တိုက်စစ်မှူးရဲ့ ကာလရှည် ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်အောင် ကူညီပေးခဲ့တာဖြစ်တယ်လို့ hampshirelive က ဖော်ပြခဲ့ပြီး ဆောက်သမ်တန်နည်းပြ ဟာဆန်ဟာတဲလ်က လိုက်ပ်ဇစ်မှာတုန်းက တီမိုဗာနာဆီက အကောင်းဆုံးပုံစံကို ရအောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပြီးနောက် တူဟယ်က မှန်ကန်ကြောင်း သက်သေပြသခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက ကီပါအနေနဲ့ သောမတ်စ် တူဟယ်လက်အောက်မှာ ၎င်းရဲ့ ချဲလ်ဆီးကစားသမားဘဝကို ပြန်လည်အသက်သွင်းနိုင်လိမ့်မယ်လို့ မျှော်မှန်းမထားကြောင်း ပြောကြားခဲ့ပြီး အသင်းက ငွေကြေးများစွာသုံးစွဲခဲ့ရတဲ့ကစားသမားဆီက အကောင်းဆုံးပုံစံရအောင် လုပ်ဖို့ တူဟယ်ကို ပြောခဲ့တဲ့အတွက် ပြန်လည်ပါဝင်ကစားနေရတာသာ ဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးအသင်းဟာ အေစီမီလန်ကွင်းလယ်ကြယ်ပွင့် ဖရန့်ခ်ကက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ilmilanista.it ရဲ့ဖော်ပြချက်အရ သောမတ်စ် တူဟယ်ဟာ အိုင်ဗရီကို့စ်လက်ရွေးစင်ကြယ်ပွင့်ရဲ့ ပရိသတ်ဖြစ်တာကြောင့် တိုမိုရီကို ငါးစားအဖြစ် အသုံးပြုပြီး ကြိုးပမ်းသွားဖွယ်ရှိတယ်လို့ သိရ။

-ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က နယူးကာဆယ်နဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး တန်မီ အေဘရာဟမ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို မသိရသေးဘူးလို့ ပြောကြားခဲ့ပြီး Telegraph ရဲ့ ဖော်ပြချက်အရ အေဘရာဟမ်ဟာ ပြင်းထန်တဲ့ခြေချင်းဝတ်ဒဏ်ရာမရရှိခဲ့ဘဲ အစောပိုင်းလက္ခဏာတွေအရ ကာလရှည်အနားယူရမှာမဟုတ်ဘူးလို့ သိရ။

-ချဲလ်ဆီးနောက်ခံကစားသမား ခရစ္စတင်ဆန်က ချဲလ်ဆီးအသင်းဟာ ထိပ်ဆုံးလေးနေရာအတွင်း ပြန်လည်တက်ရောက်နိုင်ခဲ့ပြီးနောက် ပြန်လည်အသက်ဝင်လာနေပြီဖြစ်တယ်လို့ ပြိုင်ဘက်အသင်းတွေကို သတိပေးပြောကြားခဲ့ပြီး ထိပ်ဆုံးလေးနေရာအတွင်းမှာပဲ ရာသီပြီးဆုံးပြီး ချန်ပီယံလိဂ်သေချာပေါက်ကစားရအောင် လုပ်သွားတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့။

-ချဲလ်ဆီးတောင်ပံကြယ်ပွင့် ဟာကင်း ဇီယက်ရှ်က နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် ချန်လှပ်ထားခြင်းခံခဲ့ရပြီးနောက် နည်းပြ သောမတ်စ် တူဟယ်ကို သတင်းစကား ပေးပို့ခဲ့ပြီး ၎င်းရဲ့ အင်စတာဂရမ်အကောင့်မှာ ပွဲမကစားခဲ့ရတာကို ဆွေးနွေးရမယ့်အစား ပရိသတ်တွေကို လက်ရှိကစားနေတဲ့ PlayStation ဂိမ်း Nuketown ကို ကစားနေကြောင်း ရေးသားခဲ့။

-ချဲလ်ဆီးအသင်းဂိုးသမား ကီပါဟာ နယူးကာဆယ်အသင်းမှာ ပေးဂိုးမရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့သူဖြစ်ပြီး Chelsea FC subreddit က အလွန်ပါးနပ်တဲ့ ပရိသတ်တစ်ဦးဟာ တစ်စုံတရာက ကီပါကို ကံကောင်းခြင်းတွေ သယ်ဆောင်ပေးခဲ့တယ်ဆိုတာကို သတိပြုမိခဲ့ပြီး ချဲလ်ဆီးအပယ်ခံဂိုးသမားဟာ ၎င်းရဲ့ လက်ကို ခြောက်သွေ့အောင် သုတ်ဖို့အတွက် မန်ဒီလိုမျိုး မျက်နှာသုတ်ပုဝါအကြီးကြီးကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့။