Premier League

17 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

-မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းနဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ ကိုင်လီယန် ဘတ်ပီကို ချီးကျူးခဲ့ပြီး လီယွန်နယ်မက်ဆီထက်တောင် ပိုမိုတောက်ပခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးကို တွစ်တာကနေ ကောင်းလိုက်တဲ့စွမ်းဆောင်ရည်လို့ ရေးသားပြီး ချီးကျူးခဲ့။

-မန်ချက်စတာယူနိုက်တက်အသင်း ပရိသတ်တွေဟာ လိုက်ပ်ဇစ်အသင်းက လီဗာပူးလ်အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်ရဲ့သွင်းဂိုးတွေကို လွယ်လွယ်လေးနဲ့ ခွင့်ပြုခဲ့ရတဲ့ အူပါမီကာနိုရဲ့ ဆိုးရွားလွန်းတဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်အနေနဲ့ ဂျင်းမိမယ့်အရေးကနေ လွတ်သွားခဲ့တာလို့ ပြောကြားခဲ့ကြ။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဖက်ဒရီကို ဗယ်ဗာဒီကို ပေါ့ဂ်ဘာနေရာမှာ အစားထိုးခေါ်ယူမှုဖြစ်နိုင်ဖွယ်ကစားသမားအဖြစ် အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပြီး အသက် ၂၂ နှစ်အရွယ် ဥရုဂွေးကွင်းလယ်ကစားသမားဟာ နေရာစုံကစားနိုင်တာကြောင့် ပရိးမီးယားလိဂ်ကလပ်တွေရဲ့ စိတ်ဝင်စားခြင်းခံနေရတာဖြစ်တယ်လို့ သိရ။

-မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာနောက်ခံကစားသမား ဂျူးစ် ကွန်ဒေးကို လာမယ့်နွေရာသီမှာ ပေါင် ၆၁ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ La Razon က ဖော်ပြခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ရာမို့စ်ရဲ့နေရာမှာ ကာလရှည်အစားထိုးမှုအဖြစ် ခေါ်ယူချင်နေပေမယ့် ယူနိုက်တက်လို ကမ်းလှမ်းနိုင်တဲ့ အင်အားမရှိဘူးလို့ သိရ။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က လီဗာပူးလ်ကွင်းလယ်ကစားသမား သီယာဂို အယ်လ်ကန်တာရာကို နှစ်သက်တယ်လို့ ပြောကြားခဲ့ပြီး အကြိုဖန်တီးမှုဖြစ်တဲ့ နောက်ဆုံးဘောလုံးဘောလုံးပေးပို့မှုကို လုပ်ဖို့ မဖြစ်မနေ မလိုအပ်ဘဲ တစ်စုံတယောက် ရောက်လာအောင် ဘောလုံးကို ကစားရမယ့်သူဖြစ်တယ်လို့ BT Sport ကို ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့နဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေကို မပြုလုပ်ရသေးဘူးလို့ Daily Mail က ဖော်ပြခဲ့ပြီး ၂၀၂၂ ခုနှစ် နွေရာသီမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဆိုးလ်ရှားဟာ လာမယ့်နွေရာသီမှာ စာချုပ်ကိစ္စ ဆွေးနွေးစရာအချိန်အများကြီးရှိတာကြောင့် လက်ရှိမှာတော့ အလုပ်အပေါ်ပဲ အာရုံစိုက်နေတယ်လို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်က ဝက်စ်ဘရွန်းအသင်းနဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲစဉ်က ပင်နယ်တီပြစ်ဒဏ်ဘော ပယ်ဖျက်ခံခဲ့ရတာနဲ့ပတ်သက်ပြီး မက်ဂွိုင်းယားအနေနဲ့ အရှက်ရခဲ့လိမ့်မယ်လို့ ပြောကြားခဲ့ပြီး ဒိုင်လူကြီး ခရိတ်ပေါ်ဆင်က ရှင်းလင်းနေတဲ့ ပင်နယ်တီကို ဘာကြောင့် VAR ပြန်ကြည့်ခဲ့လဲဆိုတာကို နားမလည်ဘူးလို့ ပြောကြားခဲ့။

-မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ရီးရဲလ်ဆိုစီဒက်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်အတွက် လူစာရင်းမှာ လူငယ်ကြယ်ပွင့်ကစားသမား ၂ ဦးဖြစ်တဲ့ အာမက် ဂျယ်လိုနဲ့ ရှိုလာ ရှိုးတိုင်ရာတို့ ပါဝင်လာတာကြောင့် ဝမ်းမြောက်ပျော်ရွှင်နေကြပြီး နည်းပြဆိုးလ်ရှားကို လူငယ်ကစားသမားတွေ အလှည့်ကျ အသုံးပြုပြီး ကစားချင်နေကြတယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:









REF: INTERNET SOURCES
SPORTS A2Z.