Premier League

မန်ချက်စတာယူနိုက်တက်မှာ သမိုင်းရေးထိုးပြီး အမွေအနှစ်တွေထားခဲ့ချင်တဲ့ ဖရက်ဒ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဒ်က အိုးထရက်ဖို့ဒ်မှာ ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းမှာ သမိုင်းရေးထိုးပြီး အမွေအနှစ်တွေ ချန်ထားခဲ့ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ တနင်္ဂနွေနေ့ညနေက ဝက်စ်ဘရွန်းအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲ ၁၀၀ မြောက်ပွဲစဉ်ကို ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကစားသမားဘဝကို နှေးကွေးစွာစတင်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဆိုးလ်ရှားရဲ့အဓိကပွဲထွက်ကစားသမားတွေထဲကတစ်ဦးအဖြစ် သက်သေပြသထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဖရက်ဒ်ဟာ ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပြီးနောက် အသင်းရဲ့ဂုဏ်ပြုခံကစားသမားများစာရင်းထဲမှာ တစ်နေရာ ရရှိဖို့ ဆက်လုပ်သွားနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲ ၁၀၀ ပြည့် ပါဝင်ကစားပေးခဲ့ပြီးနောက် စိတ်ခံစားမှုကို ဖော်ပြဖို့ မေးမြန်းခြင်းခံခဲ့ရတဲ့အခါမှာ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားက Inside United မဂ္ဂဇင်းကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် တကယ်ကို ပျော်ရွှင်နေပါတယ်။ အဲဒါက ကျွန်တော့်အတွက် အရမ်းကောင်းမွန်တဲ့မှတ်တိုင်တစ်ခုကို ကိုယ်စားပြုပါတယ်။ အဲဒါက အားလုံးရည်ရွယ်တဲ့အရာပါ။ ကိုယ့်လူရာ ဒီဟာကို ကျွန်တော် မျှော်တောင် မမျှော်မှန်းခဲ့ပါဘူး ခင်ဗျား အခု ကျွန်တော့်ကို ပြောတဲ့အချိန်မှာ ကျွန်တော် အံ့အားသင့်သွားခဲ့တယ်။ ကျွန်တော် တကယ်ကို ကျေနပ်မိပါတယ်”

“အဲဒါက အရမ်းကောင်းတဲ့ မှတ်တိုင်တစ်ခုပါ။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော် ယူနိုက်တက်အတွက် ပွဲတွေ ပိုကစားပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီမှာ သမိုင်းအမွေတွေ ချန်ထားရစ်ခဲ့ချင်တယ်။ အဲဒါက ကစားသမားတိုင်း တစ်နေရာရာမှာ ဖြစ်ချင်တဲ့အရာပါ။ အဲဒီတော့ ကျွန်တော် အကောင်းဆုံးလုပ်သွားဖို့ ကြိုးပမ်းသွားမယ်။ ပွဲတွေ ပိုမိုပါဝင်ကစားပေးပြီး ဒီမှာ သမိုင်းရေးထိုးသွားမယ်”လို့ ပြောကြားခဲ့ပါတယ်။

ဖရက်ဒ်ဟာ ၂၀၁၈ နွေရာသီမှာ ရှက်တာဒိုးနတ်အသင်းကနေ အိုးထရက်ဖို့ဒ်ကို ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် အစပိုင်းမှာ နည်းပြမော်ရင်ဟိုလက်အောက် ပတ်ဝန်းကျင်သစ်နဲ့ အသားကျဖို့အတွက် ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဘရာဇီးလ်ကွင်းလယ်ကစားသမားရဲ့ ကြံ့ခိုင်မှုကို လူသိရှင်ကြား မေးခွန်းထုတ်ခဲ့သူဖြစ်ပြီး နည်းပြဆိုးလ်ရှား ရောက်ရှိလာချိန်မှာလည်း အများကြီး တိုးတက်လာခဲ့ခြင်းမရှိသူဖြစ်ပါတယ်။

ဖရက်ဒ်ဟာ ပထမဆုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူစာရင်းထဲမှာ သေးငယ်တဲ့အစိတ်အပိုင်းအနေနဲ့ ကစားခဲ့ရတာဖြစ်ပြီး ဖီအိုရင်တီးနားအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားက ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ၂၀၁၉-၂၀၂၀ ရာသီတစ်လျှောက်လုံး ဖရက်ဒ်အပေါ်မှာ ယုံကြည်မှု ပေးခဲ့ပြီး ၄၈ ပွဲအထိ ပါဝင်ကစားပေးခဲ့ရာမှာ ဆီမီးဖိုင်နယ် ၃ ပွဲနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးလေးနေရာအတွင်း ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ကစားသမား ဖရက္ဒ္က အိုးထရက္ဖို႔ဒ္မွာ ပြဲေပါင္း ၁၀၀ ျပည့္ေျမာက္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူနိုက္တက္အသင္းမွာ သမိုင္းေရးထိုးၿပီး အေမြအႏွစ္ေတြ ခ်န္ထားခဲ့ခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ တနဂၤေႏြေန႔ညေနက ဝက္စ္ဘရြန္းအသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ပြဲ ၁၀၀ ေျမာက္ပြဲစဥ္ကို ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ကစားသမားဘဝကို ေႏွးေကြးစြာစတင္ခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ ဆိုးလ္ရွားရဲ့အဓိကပြဲထြက္ကစားသမားေတြထဲကတစ္ဦးအျဖစ္ သက္ေသျပသထားနိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဖရက္ဒ္ဟာ ပြဲ ၁၀၀ ျပည့္ေျမာက္ခဲ့ၿပီးေနာက္ အသင္းရဲ့ဂုဏ္ျပဳခံကစားသမားမ်ားစာရင္းထဲမွာ တစ္ေနရာ ရရွိဖို႔ ဆက္လုပ္သြားနိုင္မယ္လို႔ ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ပြဲ ၁၀၀ ျပည့္ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ စိတ္ခံစားမႈကို ေဖာ္ျပဖို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခါမွာ အသက္ ၂၇ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားက Inside United မဂၢဇင္းကို အခုလိုပဲ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ တကယ္ကို ေပ်ာ္ရႊင္ေနပါတယ္။ အဲဒါက ကၽြန္ေတာ့္အတြက္ အရမ္းေကာင္းမြန္တဲ့မွတ္တိုင္တစ္ခုကို ကိုယ္စားျပဳပါတယ္။ အဲဒါက အားလုံးရည္ရြယ္တဲ့အရာပါ။ ကိုယ့္လူရာ ဒီဟာကို ကၽြန္ေတာ္ ေမၽွာ္ေတာင္ မေမၽွာ္မွန္းခဲ့ပါဘူး ခင္ဗ်ား အခု ကၽြန္ေတာ့္ကို ေျပာတဲ့အခ်ိန္မွာ ကၽြန္ေတာ္ အံ့အားသင့္သြားခဲ့တယ္။ ကၽြန္ေတာ္ တကယ္ကို ေက်နပ္မိပါတယ္”

“အဲဒါက အရမ္းေကာင္းတဲ့ မွတ္တိုင္တစ္ခုပါ။ ကၽြန္ေတာ္ ေျပာခဲ့တဲ့အတိုင္းပဲ ကၽြန္ေတာ္ ယူနိုက္တက္အတြက္ ပြဲေတြ ပိုကစားေပးနိုင္ဖို႔ ေမၽွာ္လင့္ပါတယ္။ ကၽြန္ေတာ္ ဒီမွာ သမိုင္းအေမြေတြ ခ်န္ထားရစ္ခဲ့ခ်င္တယ္။ အဲဒါက ကစားသမားတိုင္း တစ္ေနရာရာမွာ ျဖစ္ခ်င္တဲ့အရာပါ။ အဲဒီေတာ့ ကၽြန္ေတာ္ အေကာင္းဆုံးလုပ္သြားဖို႔ ႀကိဳးပမ္းသြားမယ္။ ပြဲေတြ ပိုမိုပါဝင္ကစားေပးၿပီး ဒီမွာ သမိုင္းေရးထိုးသြားမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဖရက္ဒ္ဟာ ၂၀၁၈ ေႏြရာသီမွာ ရွက္တာဒိုးနတ္အသင္းကေန အိုးထရက္ဖို႔ဒ္ကို ေပါင္ ၅၂ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ေပမယ့္ အစပိုင္းမွာ နည္းျပေမာ္ရင္ဟိုလက္ေအာက္ ပတ္ဝန္းက်င္သစ္နဲ႔ အသားက်ဖို႔အတြက္ ႐ုန္းကန္ခဲ့ရသူျဖစ္ပါတယ္။ ေမာ္ရင္ဟိုဟာ ဘရာဇီးလ္ကြင္းလယ္ကစားသမားရဲ့ ႀကံ့ခိုင္မႈကို လူသိရွင္ၾကား ေမးခြန္းထုတ္ခဲ့သူျဖစ္ၿပီး နည္းျပဆိုးလ္ရွား ေရာက္ရွိလာခ်ိန္မွာလည္း အမ်ားႀကီး တိုးတက္လာခဲ့ျခင္းမရွိသူျဖစ္ပါတယ္။

ဖရက္ဒ္ဟာ ပထမဆုံးရာသီမွာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ လူစာရင္းထဲမွာ ေသးငယ္တဲ့အစိတ္အပိုင္းအေနနဲ႔ ကစားခဲ့ရတာျဖစ္ၿပီး ဖီအိုရင္တီးနားအသင္းကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြအခိုင္အမာထြက္ေပၚခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားက ဆက္လက္ထိန္းသိမ္းထားဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားဟာ ၂၀၁၉-၂၀၂၀ ရာသီတစ္ေလၽွာက္လုံး ဖရက္ဒ္အေပၚမွာ ယုံၾကည္မႈ ေပးခဲ့ၿပီး ၄၈ ပြဲအထိ ပါဝင္ကစားေပးခဲ့ရာမွာ ဆီမီးဖိုင္နယ္ ၃ ပြဲနဲ႔ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေလးေနရာအတြင္း ဝင္ေရာက္နိုင္ေအာင္ ကူညီေပးနိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.