Match Report UCL&UEL

တုိက္စစ္ကင္းမဲ့တဲ့ ေမာ္ရင္ဟိုကို သုံးဂိုးသြင္းယူၿပီး လုိက္ပ္ဇစ္တုိ႔ ေနာက္တစ္ဆင့္တက္

UNICODE: ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ RB လိုက်ပ်ဇစ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့ ရက်ဒ်ဘူးလ်အရီနာက ပွဲစဉ်မှာတော့ အိမ်ရှင်အသင်းက သုံးဂိုးသွင်းယူပြီး မော်ရင်ဟိုကို နှစ်ကျော့ပေါင်းမှာ တစ်ဂိုးမှ မပေးခဲ့တဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူးတွေအပြင် တောင်ပံတိုက်စစ်ကစားသမား ဘာ့ဂ်ဗိန်းပါ ရာသီကုန်အထိ အနားယူရမယ့် ဒဏ်ရာရသွားခဲ့တဲ့ စပါးစ်အသင်းအနေနဲ့ လာမယ်လာ၊ အယ်လီနဲ့ လူးကပ်စ် မူရာတို့ သုံးဦးနဲ့ တိုက်စစ်ကို ပြင်ဆင်လာခဲ့ပြီး ကွင်းလယ်က ခံစစ်ထိုင်ကစားဖို့ ကြိုးစားခဲ့ပေမယ့်လည်း မော်ရင်ဟိုရဲ့ ဗျူဟာကတော့ အဆင်မပြေခဲ့တာပါ။

အဖွင့်ဂိုးကိုတော့ ပွဲချိန် ၁၀ မိနစ်မှာတော့ စပါးစ်ဂိုးဧရိယာထိပ်က ကစားသမားတွေ ပိတ်ဆို့ဖို့ နောက်ကျနေတာကတစ်ဆင့် လိုက်ပ်ဇစ်ကပ္ပတိန် ဆာဘစ်ဇာက အနိမ့်ဘောအပြင်းကန်သွင်းခဲ့ရာမှာ ဒိုင်ဗင်ပစ်ကာကွယ်တဲ့ ဂိုးသမား လိုရစ်ရဲ့ လက်ဖျားနဲ့ ထိပြီး ဝင်သွားခဲ့တာကြောင့် အိမ်ရှင်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာလည်း ဆာဘစ်ဇာကပဲ ထောင့်ကျဉ်းအနေအထားက ခေါင်းတိုက်ပြီး ဒုတိယဂိုး ရယူသွားခဲ့ပြီး ဒီဂိုးကတော့ နောက်ခံလူ အော်ရီယေး ခေါင်းတိုက်ပုံ ညံ့ဖျင်းမှုကနေ ပြန်ကျလာတာကို နောက် လိုက်ပါလာတဲ့ အန်ဟဲလီညိုက ဖြတ်တင်ပေးရာမှာ ကာကွယ်တဲ့ ဂိုးသမား လိုရစ်ကပါ နှေးကွေးနေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲသိမ်းဂိုးကိုတော့ ပွဲချိန် ၈၇ မိနစ်မှာ အန်ဟဲလီညိုရဲ့ ဖြတ်တင်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို စပါးစ်နောက်ခံလူတွေ ရှင်းထုတ်ဖို့ နောက်ကျနေတာကနေ လူစားဝင်တိုက်စစ်မှူး ဖော့စ်ဘတ်က သွင်းယူသွားခဲ့လို့ သုံးဂိုး-ဂိုးမရှိနဲ့ ပွဲပြီးဆုံးသွားခဲ့ပြီး ခံစစ်မှာ ဆရာတစ်ဆူလို့ နာမည်ကြီးတဲ့ မော်ရင်ဟိုရဲ့အသင်းကတော့ Second Ball တွေမှာ မပီပြင်မှုတွေနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်နေ လက်ပြနှုတ်ဆက်သွားခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူအီးအက္ဖ္ေအ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရွဳံးထြက္ပြဲစဥ္ ဒုတိယအေက်ာ့အျဖစ္ ကစားခဲ့တဲ့ RB လိုက္ပ္ဇစ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ရဲ႕ ရက္ဒ္ဘူးလ္အရီနာက ပြဲစဥ္မွာေတာ့ အိမ္ရွင္အသင္းက သုံးဂိုးသြင္းယူၿပီး ေမာ္ရင္ဟိုကို ႏွစ္ေက်ာ့ေပါင္းမွာ တစ္ဂိုးမွ မေပးခဲ့တဲ့ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏုိင္ခဲ့ပါတယ္။

တုိက္စစ္မွဴးေတြအျပင္ ေတာင္ပံတုိက္စစ္ကစားသမား ဘာ့ဂ္ဗိန္းပါ ရာသီကုန္အထိ အနားယူရမယ့္ ဒဏ္ရာရသြားခဲ့တဲ့ စပါးစ္အသင္းအေနနဲ႔ လာမယ္လာ၊ အယ္လီနဲ႔ လူးကပ္စ္ မူရာတုိ႔ သုံးဦးနဲ႔ တုိက္စစ္ကို ျပင္ဆင္လာခဲ့ၿပီး ကြင္းလယ္က ခံစစ္ထိုင္ကစားဖို႔ ႀကဳိးစားခဲ့ေပမယ့္လည္း ေမာ္ရင္ဟိုရဲ႕ ဗ်ဴဟာကေတာ့ အဆင္မေျပခဲ့တာပါ။

အဖြင့္ဂိုးကိုေတာ့ ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ စပါးစ္ဂိုးဧရိယာထိပ္က ကစားသမားေတြ ပိတ္ဆို႔ဖို႔ ေနာက္က်ေနတာကတစ္ဆင့္ လိုက္ပ္ဇစ္ကပၸတိန္ ဆာဘစ္ဇာက အနိမ့္ေဘာအျပင္းကန္သြင္းခဲ့ရာမွာ ဒိုင္ဗင္ပစ္ကာကြယ္တဲ့ ဂိုးသမား လိုရစ္ရဲ႕ လက္ဖ်ားနဲ႔ ထိၿပီး ဝင္သြားခဲ့တာေၾကာင့္ အိမ္ရွင္တုိ႔ ဦးေဆာင္ႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာလည္း ဆာဘစ္ဇာကပဲ ေထာင့္က်ဥ္းအေနအထားက ေခါင္းတုိက္ၿပီး ဒုတိယဂိုး ရယူသြားခဲ့ၿပီး ဒီဂိုးကေတာ့ ေနာက္ခံလူ ေအာ္ရီေယး ေခါင္းတုိက္ပုံ ညံ့ဖ်င္းမွဳကေန ျပန္က်လာတာကို ေနာက္ လုိက္ပါလာတဲ့ အန္ဟဲလီညဳိက ျဖတ္တင္ေပးရာမွာ ကာကြယ္တဲ့ ဂိုးသမား လိုရစ္ကပါ ေႏွးေကြးေနခဲ့တာလည္းျဖစ္ပါတယ္။

ပြဲသိမ္းဂိုးကိုေတာ့ ပြဲခ်ိန္ ၈၇ မိနစ္မွာ အန္ဟဲလီညဳိရဲ႕ ျဖတ္တင္ေဘာကေန ျပန္က်လာတဲ့ ေဘာလုံးကို စပါးစ္ေနာက္ခံလူေတြ ရွင္းထုတ္ဖို႔ ေနာက္က်ေနတာကေန လူစားဝင္တုိက္စစ္မွဴး ေဖာ့စ္ဘတ္က သြင္းယူသြားခဲ့လို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ပြဲၿပီးဆုံးသြားခဲ့ၿပီး ခံစစ္မွာ ဆရာတစ္ဆူလို႔ နာမည္ႀကီးတဲ့ ေမာ္ရင္ဟိုရဲ႕အသင္းကေတာ့ Second Ball ေတြမွာ မပီျပင္မွဳေတြနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ေန လက္ျပႏွဳတ္ဆက္သြားခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.