Premier League

ဗုဒ္ဓဟူးနေ့ မနက်ခင်း ချန်ပီယံလိဂ် ပွဲပြီးရလဒ်များ နှင့် ထုတ်နုတ်မှတ်သားစရာ ထူးခြားမှတ်တမ်းများ

ဘာစီလိုနာ 1:4 ပီအက်စ်ဂျီ
ဘာစီလိုနာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာတော့ ပွဲချိန် ၂၇ မိနစ်မှာ ဘာစီလိုနာအသင်းမှ မက်ဆီက ပယ်နယ်တီကနေ ၁ ဂိုး စတင်သွားယူခဲ့ပေမယ့် ပွဲအပြီးမှာတော့ ပီအက်စ်ဂျီအသင်းက ဘာစီလိုနာအသင်းကို ဘာစီလိုနာအသင်း အိမ်ကွင်းမှာ ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ကိုင်လျန် အမ်ဘာပေက ယခုပွဲမှာ ခြေစွမ်းပြပြီး ၃ ဂိုးသွင်းယူကာ ဟက်ထရစ် ရယူနိုင်ခဲ့သလို ယူအီးအက်ဖ်အေက ချီးမြင့်တဲ့ ယခုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။


အမ်ဘာပေအနေနဲ့ နယူးကာဆယ်မှ Faustino Asprilla နဲ့ ဒိုင်နမိုကိဗ်မှ ရှက်ချန်ကို ( နှစ်ယောက်စလုံး ၁၉၉၇ မှာ သွင်းယူနိုင်ခဲ့ ) တို့ ပြီးနောက် ချန်ပီယံလိဂ်မှာ ဘာစီလိုနာအသင်းဘက်ကို ဟက်ထရစ် သွင်းယူနိုင်တဲ့ တတိယ ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

RB လိုက်ပ်ဇစ် 0:2 လီဗာပူးလ်
RBလိုက်ပ်ဇစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာတော့ ခြေစွမ်းပြနေတဲ့ RBလိုက်ပ်ဇစ်အသင်းကို ပြည်တွင်းမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ လီဗာပူးလ်အသင်းအနေနဲ့
ဟန်ဂေရီမှာ ကစားတဲ့ အဝေးကွင်းကို လာရောက်ပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့ကာ အိမ်အပြန်လှခဲ့သလို နောက်တဆင့်တက်ဖို့ အခြေအနေကောင်းသွားပါပြီ။ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူးတွေဖြစ်တဲ့ မိုဟာမက်ဆာလားနဲ့ မာနေးတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။


မိုဟာမက် ဆာလားဟာ ယူအီးအက်ဖ်အေက ချီးမြင့်တဲ့ ယခုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဆာလားဟာ လီဗာပူးလ်အသင်းအတွက် ၁၈၆ပွဲ ကစားပေးခဲ့ပြီး ၁၁၈ဂိုး သွင်းယူကာ ဂိုးရရှိအောင် ဖန်တီးပေးမှု ၄၁ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ယခုပွဲမှာ လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ်မှာ ပထမဆုံးပွဲထွက်ကစားတဲ့ နောက်ခံလူသစ် အိုဇန် ကာဘက်ခ်ဟာ ယခုပွဲမှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းမှ ချီးမြင့်တဲ့ လီဗာပူးလ်ဖန်များကဗုတ်ပေးရွေးချယ်ပေးတဲ့ အကောင်းဆုံး ကစားသမားဆုကို ဗုတ်အများဆုံးနဲ့ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ်အသင်းများထဲမှ ပထမဆုံး ပွဲထွက်ကစားတဲ့ တူရကီ ကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

ဘာစီလိုနာ 1:4 ပီအက္စ္ဂ်ီ
ဘာစီလိုနာအသင္းနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ရႈံးထြက္ပြဲစဥ္မွာေတာ့ ပြဲခ်ိန္ ၂၇ မိနစ္မွာ ဘာစီလိုနာအသင္းမွ မက္ဆီက ပယ္နယ္တီကေန ၁ ဂိုး စတင္သြားယူခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ ပီအက္စ္ဂ်ီအသင္းက ဘာစီလိုနာအသင္းကို ဘာစီလိုနာအသင္း အိမ္ကြင္းမွာ ၄ ဂိုး ၁ ဂိုးနဲ႔ ဂိုးျပတ္ အႏိုင္ယူသြားခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္း တိုက္စစ္မႉး ကိုင္လ်န္ အမ္ဘာေပက ယခုပြဲမွာ ေျခစြမ္းျပၿပီး ၃ ဂိုးသြင္းယူကာ ဟက္ထရစ္ ရယူႏိုင္ခဲ့သလို ယူအီးအက္ဖ္ေအက ခ်ီးျမင့္တဲ့ ယခုပြဲရဲ႕ အေကာင္းဆုံး ကစားသမားဆုကိုလည္း ထိုက္ထိုက္တန္တန္ရရွိခဲ့ပါတယ္။


အမ္ဘာေပအေနနဲ႔ နယူးကာဆယ္မွ Faustino Asprilla နဲ႔ ဒိုင္နမိုကိဗ္မွ ရွက္ခ်န္ကို ( ႏွစ္ေယာက္စလုံး ၁၉၉၇ မွာ သြင္းယူႏိုင္ခဲ့ ) တို႔ ၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာအသင္းဘက္ကို ဟက္ထရစ္ သြင္းယူႏိုင္တဲ့ တတိယ ကစားသမားအျဖစ္ မွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။

RB လိုက္ပ္ဇစ္ 0:2 လီဗာပူးလ္
RBလိုက္ပ္ဇစ္အသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္မွာေတာ့ ေျခစြမ္းျပေနတဲ့ RBလိုက္ပ္ဇစ္အသင္းကို ျပည္တြင္းမွာ ရလဒ္ေတြ ဆိုး႐ြားေနတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဟန္ေဂရီမွာ ကစားတဲ့ အေဝးကြင္းကို လာေရာက္ၿပီး ၂ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရယူခဲ့ကာ အိမ္အျပန္လွခဲ့သလို ေနာက္တဆင့္တက္ဖို႔ အေျခအေနေကာင္းသြားပါၿပီ။ လီဗာပူးလ္အသင္းအတြက္ ဂိုးေတြကိုေတာ့ တိုက္စစ္မႉးေတြျဖစ္တဲ့ မိုဟာမက္ဆာလားနဲ႔ မာေနးတို႔က တစ္ဂိုးစီ သြင္းယူေပးခဲ့ၾကပါတယ္။


မိုဟာမက္ ဆာလားဟာ ယူအီးအက္ဖ္ေအက ခ်ီးျမင့္တဲ့ ယခုပြဲရဲ႕ အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့ပါတယ္။ ဆာလားဟာ လီဗာပူးလ္အသင္းအတြက္ ၁၈၆ပြဲ ကစားေပးခဲ့ၿပီး ၁၁၈ဂိုး သြင္းယူကာ ဂိုးရရွိေအာင္ ဖန္တီးေပးမႈ ၄၁ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ယခုပြဲမွာ လီဗာပူးလ္အသင္းအတြက္ ခ်န္ပီယံလိဂ္မွာ ပထမဆုံးပြဲထြက္ကစားတဲ့ ေနာက္ခံလူသစ္ အိုဇန္ ကာဘက္ခ္ဟာ ယခုပြဲမွာ အေကာင္းဆုံး ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး လီဗာပူးလ္အသင္းမွ ခ်ီးျမင့္တဲ့ လီဗာပူးလ္ဖန္မ်ားကဗုတ္ေပးေ႐ြးခ်ယ္ေပးတဲ့ အေကာင္းဆုံး ကစားသမားဆုကို ဗုတ္အမ်ားဆုံးနဲ႔ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္မွာ အဂၤလန္ကလပ္အသင္းမ်ားထဲမွ ပထမဆုံး ပြဲထြက္ကစားတဲ့ တူရကီ ကစားသမားအျဖစ္ မွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z