Match Report Premier League UCL&UEL

အဝေးကွင်းမှာ နိုင်ပွဲစယူပြီး နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ရလဒ်ဆိုးတွေကနေ ပရိသတ်တွေကို ပြန်လည်နှစ်သိမ့်နိုင်ဖို့ ဖာမီနို ပြောထားခဲ့တဲ့အတိုင်း ဂျာမန်အသင်းတွေမှာ ကွင်းထဲ ဘယ်သူမှ မရှိတဲ့ အချက်ကို အခွင့်ကောင်းယူနိုင်ခဲ့သလို ဟန်ဂေရီမှာ ကစားတဲ့ အဝေးကွင်းမှာ ပြတ်ပြတ်သားသား အနိုင်ယူပြီး နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။

နောက်ခံလူသစ် အိုဇန် ကာဘက်ကို ဟန်ဒါဆန်နဲ့အတူ ဗဟိုခံစစ်မှာ ဆက်လက်ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ ကစားအားကောင်းတဲ့ ကားတစ် ဂျုံးစ်ကို သုံးစွဲလာတာကလွဲလို့ ကျန်တဲ့ အမာခံလူစာရင်းကို ဆက်လက်ပွဲထုတ်ခဲ့တဲ့ တိုက်စစ်မှူး မပါဘဲ ကစားခဲ့တဲ့ နာဂဲလ်စ်မန်းကြောင့် ချိန်ခွင်လျှာက အိမ်ရှင်ဘက်မှာ မရှိခဲ့တာလည်းဖြစ်ပါတယ်။

အထောင်တိုက်စစ်မပါဘဲ အွန်ကွန်ကူးနဲ့ ဆာဘစ်ဇာတို့ အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေက အလုပ်မဖြစ်သလို ပွဲချိန် ၃၁ မိနစ်မှာ မိခင်မြေကို ခြေပြန်ချခွင့်ရတဲ့ လီဗာပူးလ်ဂိုးသမားဟောင်း ဂူလာစီရဲ့ အမှားကနေ ရောဘတ်ဆန်က အဝေးကနေ လှမ်းကန်ခဲ့ပေမယ့် ဘားပေါ် နည်းနည်းကျော်ပြီးမှ ဂိုးပိုက်ပေါ် ပြန်ကျခဲ့လို့ နစ်နာခဲ့ရပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်းမှာ ကောင်တာကနေ လွတ်ထွက်လာတဲ့ အွန်ကွန်ကူးရဲ့ ကန်ချက်ကို အယ်လစ်ဆန် ပိတ်ဆို့နိုင်ခဲ့ပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ လိုက်ပ်ဇစ်အသင်းခေါင်းဆောင် ဆာဘစ်ဇာ လူပေးမှားမှုကနေ ဆာလားက ဖြတ်ယူသွားပြီး ဂိုးသမားနဲ့ အတွေ့မှာ အသာအယာ ကန်သွင်းပြီး အဖွင့်ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ ခံစစ်ကနေ ကားတစ် ဂျုံးစ် ကန်တင်လိုက်တဲ့ ဘောလုံးကို လိုက်ပ်ဇစ်နောက်ခံလူ မူကီလီ ဖျက်ထုတ်မှု လွဲချော်သွားတာကနေ နောက်က ပါလာတဲ့ မာနေးက လွတ်လွတ်ကျွတ်ကျွတ် ရသွားခဲ့ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ ညာခြမ်းက ဆာလားကို ပေးမလိုလိုနဲ့ ကန်သွင်းသွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ လီဗာပူးလ်တို့ အနိုင်ရနေပါတယ်။

ဒီနောက်ပိုင်းမှာတော့ လိုက်ပ်ဇစ်ဘက်က ပေါလ်ဆန်၊ အော်ဘန်နဲ့ ဟွမ်းဟီးချန်းတို့တို့ ထည့်သွင်းပြီး ကစားသွားခဲ့ပေမယ့် ကလွိုက်ဗတ်၊ ဆော်လော့သ်တို့ကိုတော့ ထည့်သွင်းခြင်း မရှိခဲ့လို့ တိုက်စစ်က ထင်သလောက်ထိရောက်ခြင်း မရှိခဲ့ဘဲ လီဗာပူးလ်နောက်တန်းက အလွယ်တကူ ဖျက်ထုတ်သွားခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိရလဒ်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

မိုဟာမက် ဆာလားဟာ ယူအီးအက်ဖ်အေက ချီးမြင့်တဲ့ ယခုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဆာလားဟာ လီဗာပူးလ်အသင်းအတွက် ၁၈၆ပွဲ ကစားပေးခဲ့ပြီး ၁၁၈ဂိုး သွင်းယူကာ ဂိုးရရှိအောင် ဖန်တီးပေးမှု ၄၁ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ်မှာ နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးနိမ့်မှုကို ချန်ပီယံလိဂ်နိုင်ပွဲနဲ့ နှစ်သိမ့်နိုင်ခဲ့ပြီး ဆာလားနဲ့ မာနေးတို့ နှစ်ဦးလုံး အတူတူ ဂိုးသွင်းနိုင်ခဲ့မှုနဲ့အတူ ၂၁ ရက်နေ့မှာ ကစားမယ့် မာဆေးဆိုက်ဒါဘီ အိမ်ကွင်းပွဲစဉ်ကို အနိုင်ကစားဖို့ ယုံကြည်ချက်ကို စုဆောင်းနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
လီဗာပူးလ္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ရလဒ္ဆိုးေတြကေန ပရိသတ္ေတြကို ျပန္လည္ႏွစ္သိမ့္ႏိုင္ဖို႔ ဖာမီႏို ေျပာထားခဲ့တဲ့အတိုင္း ဂ်ာမန္အသင္းေတြမွာ ကြင္းထဲ ဘယ္သူမွ မရွိတဲ့ အခ်က္ကို အခြင့္ေကာင္းယူႏိုင္ခဲ့သလို ဟန္ေဂရီမွာ ကစားတဲ့ အေဝးကြင္းမွာ ျပတ္ျပတ္သားသား အႏိုင္ယူၿပီး ေနာက္တစ္ဆင့္အတြက္ အေျခအေနေကာင္းသြားခဲ့ပါတယ္။

ေနာက္ခံလူသစ္ အိုဇန္ ကာဘက္ကို ဟန္ဒါဆန္နဲ႔အတူ ဗဟိုခံစစ္မွာ ဆက္လက္ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာ ကစားအားေကာင္းတဲ့ ကားတစ္ ဂ်ဳံးစ္ကို သုံးစြဲလာတာကလြဲလို႔ က်န္တဲ့ အမာခံလူစာရင္းကို ဆက္လက္ပြဲထုတ္ခဲ့တဲ့ တိုက္စစ္မႉး မပါဘဲ ကစားခဲ့တဲ့ နာဂဲလ္စ္မန္းေၾကာင့္ ခ်ိန္ခြင္လွ်ာက အိမ္ရွင္ဘက္မွာ မရွိခဲ့တာလည္းျဖစ္ပါတယ္။

အေထာင္တိုက္စစ္မပါဘဲ အြန္ကြန္ကူးနဲ႔ ဆာဘစ္ဇာတို႔ အုပ္စုရဲ႕ ၿခိမ္းေျခာက္မႈေတြက အလုပ္မျဖစ္သလို ပြဲခ်ိန္ ၃၁ မိနစ္မွာ မိခင္ေျမကို ေျချပန္ခ်ခြင့္ရတဲ့ လီဗာပူးလ္ဂိုးသမားေဟာင္း ဂူလာစီရဲ႕ အမွားကေန ေရာဘတ္ဆန္က အေဝးကေန လွမ္းကန္ခဲ့ေပမယ့္ ဘားေပၚ နည္းနည္းေက်ာ္ၿပီးမွ ဂိုးပိုက္ေပၚ ျပန္က်ခဲ့လို႔ နစ္နာခဲ့ရၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းစစခ်င္းမွာ ေကာင္တာကေန လြတ္ထြက္လာတဲ့ အြန္ကြန္ကူးရဲ႕ ကန္ခ်က္ကို အယ္လစ္ဆန္ ပိတ္ဆို႔ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ လိုက္ပ္ဇစ္အသင္းေခါင္းေဆာင္ ဆာဘစ္ဇာ လူေပးမွားမႈကေန ဆာလားက ျဖတ္ယူသြားၿပီး ဂိုးသမားနဲ႔ အေတြ႕မွာ အသာအယာ ကန္သြင္းၿပီး အဖြင့္ဂိုး သြင္းႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ခံစစ္ကေန ကားတစ္ ဂ်ဳံးစ္ ကန္တင္လိုက္တဲ့ ေဘာလုံးကို လိုက္ပ္ဇစ္ေနာက္ခံလူ မူကီလီ ဖ်က္ထုတ္မႈ လြဲေခ်ာ္သြားတာကေန ေနာက္က ပါလာတဲ့ မာေနးက လြတ္လြတ္ကြၽတ္ကြၽတ္ ရသြားခဲ့ၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ ညာျခမ္းက ဆာလားကို ေပးမလိုလိုနဲ႔ ကန္သြင္းသြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ လီဗာပူးလ္တို႔ အႏိုင္ရေနပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လိုက္ပ္ဇစ္ဘက္က ေပါလ္ဆန္၊ ေအာ္ဘန္နဲ႔ ဟြမ္းဟီးခ်န္းတို႔တို႔ ထည့္သြင္းၿပီး ကစားသြားခဲ့ေပမယ့္ ကလြိဳက္ဗတ္၊ ေဆာ္ေလာ့သ္တို႔ကိုေတာ့ ထည့္သြင္းျခင္း မရွိခဲ့လို႔ တိုက္စစ္က ထင္သေလာက္ထိေရာက္ျခင္း မရွိခဲ့ဘဲ လီဗာပူးလ္ေနာက္တန္းက အလြယ္တကူ ဖ်က္ထုတ္သြားခဲ့ၿပီး ႏွစ္ဂိုး-ဂိုးမရွိရလဒ္ကို ဆက္လက္ထိန္းသိမ္းသြားႏိုင္ခဲ့ပါတယ္။

မိုဟာမက္ ဆာလားဟာ ယူအီးအက္ဖ္ေအက ခ်ီးျမင့္တဲ့ ယခုပြဲရဲ႕ အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့ပါတယ္။ ဆာလားဟာ လီဗာပူးလ္အသင္းအတြက္ ၁၈၆ပြဲ ကစားေပးခဲ့ၿပီး ၁၁၈ဂိုး သြင္းယူကာ ဂိုးရရွိေအာင္ ဖန္တီးေပးမႈ ၄၁ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးသုံးပြဲဆက္တိုက္ ရႈံးနိမ့္မႈကို ခ်န္ပီယံလိဂ္ႏိုင္ပြဲနဲ႔ ႏွစ္သိမ့္ႏိုင္ခဲ့ၿပီး ဆာလားနဲ႔ မာေနးတို႔ ႏွစ္ဦးလုံး အတူတူ ဂိုးသြင္းႏိုင္ခဲ့မႈနဲ႔အတူ ၂၁ ရက္ေန႔မွာ ကစားမယ့္ မာေဆးဆိုက္ဒါဘီ အိမ္ကြင္းပြဲစဥ္ကို အႏိုင္ကစားဖို႔ ယုံၾကည္ခ်က္ကို စုေဆာင္းႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z