Premier League Transfer News

16 Feb ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ လက်မလျှော့သေးကြောင်းကို နည်းပြ ပက်ပ် ဂွါဒီယိုလာက အရိပ်အမြွက်ပြောကြားသွားခဲ့ပြီး တစ်ဦးတည်းနဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်မယ့်သူမျိုးကို အလိုရှိတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်သွားခဲ့။

– အဲဗာတန်နဲ့ပွဲကို သွားရောက်ကစားမယ့် မန်စီးတီးလူစာရင်းကနေ အသင်းရဲ့ ဂိုးသွင်းဘုရင် အစ်လ်ကေ ဂွန်ဒိုးဝမ်အနေနဲ့ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး ကီဗင် ဒီဘရိုင်းနားလည်း ပြန်ကစားနိုင်ဦးမှာ မဟုတ်သလို အဂွေရိုကိုတော့ ပွဲထွက်စေဦးမှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာ ရှင်းလင်းလိုက်ပြီး ရူဘင် ဒီယက်စ် ပြန်ပါလာမယ်လို့ဆို။

– မန်ချက်စတာစီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကျန်အဖြစ် ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာ တိုက်စစ်မှူး ဒေါမနစ် ကယ်လ်ဗတ်-လူဝင် ပါဝင်နိုင်မှာ မဟုတ်ကြောင်း နည်းပြ ကာလို အန်ဆယ်လော့တီက အတည်ပြုလိုက်ပြီး ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ ရှုံးပွဲမှာလည်း ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရ။

– ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူနေခဲ့တဲ့ ကွင်းလယ်လူ ဂွန်ဒိုးဝမ်အနေနဲ့ ပေါင်ခြံဒဏ်ရာအနည်းငယ်ရှိနေပြီး အသင်းရဲ့ ခရီးရှည်နှင်ရမယ့် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို မလွဲချော်စေဖို့ အဲဗာတန်နဲ့ပွဲမှာ ကြိုတင်ကာကွယ်မှုအဖြစ် အနားပေးခဲ့တာဖြစ်ကြောင်းဆို။

– လာမယ့် တနင်္ဂနွေညမှာ အာဆင်နယ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အမီ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနိုင်ဖွယ်ရှိတယ်လို့ စီးတီးအတွင်းသတင်းတွေက ဆိုခဲ့ကြပြီး ဒါဟာ သူ့ရဲ့ မူလကစားနိုင်မယ့်ရက်ထက် အနည်းဆုံး တစ်ပတ် ပိုမိုစောခဲ့တာလို့လည်း ဆိုနေကြ။

– မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားနေခဲ့တဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒေးဗစ် အလာဘာအနေနဲ့ အသင်းကနေ နွေရာသီမှာ ထွက်ခွာတော့မယ်လို့ အတည်ပြုလိုက်ပြီး သူ့ကို လိုချင်နေတဲ့အထဲမှာ ထိပ်တန်းနှစ်သင်းဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့နဲ့ အပြိုင်ခေါ်ယူဖွယ်ရှိနေ။

– သူတို့နဲ့ ရင်ဆိုင်ရမယ့် မန်ချက်စတာစီးတီးအသင်းဟာ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နိုင်ပေမယ့် ဘယ်သူမှ အနိုင်မယူနိုင်တဲ့ အသင်းတော့ မဟုတ်တာကြောင့် ဂွတ်ဒီဆန်ပါ့ခ်မှာ ကစားရမယ့် ပွဲစဉ်မှာ သူတို့အနေနဲ့ အနိုင်ယူနိုင်စွမ်းရှိတယ်လို့ အသင်းခေါင်းဆောင် ရှေးမတ်စ် ကိုးလ်မန်း ပြောကြား။

– ရှော်လ်ကာရဲ့ တိုက်စစ်မှာ ဟက်ထရစ်သွင်းပြပြီး ခြေစွမ်းပြနေတဲ့ အမေရိကန်တိုက်စစ်မှူး မက်သယူး ဟော့ပီကို ခေါ်ယူဖို့ မန်ချက်စတာ စီးတီးအသင်းက စောင့်ကြည့်နေပြီး အသက် ၁၉ နှစ်အရွယ် ကစားသမားကို ပေါင် ၁၀ သန်းနဲ့ ရရှိနိုင်မှာဖြစ်လို့ အဝယ်စာရင်းထဲမှာ ထည့်သွင်းစဉ်းစားနေ။

– လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာသွားနိုင်ပြီး လက်ရှိအချိန်အထိ စာချုပ်မချုပ်ရသေးတဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုနေရာ အစားထိုးဖို့ အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးကို မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားနေတယ်လို့ အီတလီမီဒီယာတွေ ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔ လက္မေလွ်ာ့ေသးေၾကာင္းကို နည္းျပ ပက္ပ္ ဂြါဒီယိုလာက အရိပ္အႁမြက္ေျပာၾကားသြားခဲ့ၿပီး တစ္ဦးတည္းနဲ႔ ပြဲအေျဖကို ေျပာင္းလဲႏိုင္မယ့္သူမ်ိဳးကို အလိုရွိတယ္လို႔ သတင္းစာ ရွင္းလင္းပြဲမွာ ထုတ္ေဖာ္သြားခဲ့။

– အဲဗာတန္နဲ႔ပြဲကို သြားေရာက္ကစားမယ့္ မန္စီးတီးလူစာရင္းကေန အသင္းရဲ႕ ဂိုးသြင္းဘုရင္ အစ္လ္ေက ဂြန္ဒိုးဝမ္အေနနဲ႔ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာျဖစ္ၿပီး ကီဗင္ ဒီဘ႐ိုင္းနားလည္း ျပန္ကစားႏိုင္ဦးမွာ မဟုတ္သလို အေဂြ႐ိုကိုေတာ့ ပြဲထြက္ေစဦးမွာ မဟုတ္ဘူးလို႔ ဂြါဒီယိုလာ ရွင္းလင္းလိုက္ၿပီး ႐ူဘင္ ဒီယက္စ္ ျပန္ပါလာမယ္လို႔ဆို။

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲက်န္အျဖစ္ ကစားရမယ့္ အိမ္ကြင္းပြဲစဥ္မွာ တိုက္စစ္မႉး ေဒါမနစ္ ကယ္လ္ဗတ္-လူဝင္ ပါဝင္ႏိုင္မွာ မဟုတ္ေၾကာင္း နည္းျပ ကာလို အန္ဆယ္ေလာ့တီက အတည္ျပဳလိုက္ၿပီး ၿပီးခဲ့တဲ့ ဖူလ္ဟမ္နဲ႔ ရႈံးပြဲမွာလည္း ပါဝင္ကစားႏိုင္ျခင္း မရွိခဲ့ဘူးလို႔ သိရ။

– ေျခစြမ္းျပၿပီး ဂိုးေတြ သြင္းယူေနခဲ့တဲ့ ကြင္းလယ္လူ ဂြန္ဒိုးဝမ္အေနနဲ႔ ေပါင္ၿခံဒဏ္ရာအနည္းငယ္ရွိေနၿပီး အသင္းရဲ႕ ခရီးရွည္ႏွင္ရမယ့္ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို မလြဲေခ်ာ္ေစဖို႔ အဲဗာတန္နဲ႔ပြဲမွာ ႀကိဳတင္ကာကြယ္မႈအျဖစ္ အနားေပးခဲ့တာျဖစ္ေၾကာင္းဆို။

– လာမယ့္ တနဂၤေႏြညမွာ အာဆင္နယ္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အမီ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ ႀကံ့ခိုင္မႈ ျပည့္ဝႏိုင္ဖြယ္ရွိတယ္လို႔ စီးတီးအတြင္းသတင္းေတြက ဆိုခဲ့ၾကၿပီး ဒါဟာ သူ႔ရဲ႕ မူလကစားႏိုင္မယ့္ရက္ထက္ အနည္းဆုံး တစ္ပတ္ ပိုမိုေစာခဲ့တာလို႔လည္း ဆိုေနၾက။

– မန္ခ်က္စတာစီးတီးအသင္းက စိတ္ဝင္စားေနခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ေဒးဗစ္ အလာဘာအေနနဲ႔ အသင္းကေန ေႏြရာသီမွာ ထြက္ခြာေတာ့မယ္လို႔ အတည္ျပဳလိုက္ၿပီး သူ႔ကို လိုခ်င္ေနတဲ့အထဲမွာ ထိပ္တန္းႏွစ္သင္းျဖစ္ေနတဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးလ္တို႔နဲ႔ အၿပိဳင္ေခၚယူဖြယ္ရွိေန။

– သူတို႔နဲ႔ ရင္ဆိုင္ရမယ့္ မန္ခ်က္စတာစီးတီးအသင္းဟာ အမွတ္ေပးဇယားထိပ္မွာ ရပ္တည္ႏိုင္ေပမယ့္ ဘယ္သူမွ အႏိုင္မယူႏိုင္တဲ့ အသင္းေတာ့ မဟုတ္တာေၾကာင့္ ဂြတ္ဒီဆန္ပါ့ခ္မွာ ကစားရမယ့္ ပြဲစဥ္မွာ သူတို႔အေနနဲ႔ အႏိုင္ယူႏိုင္စြမ္းရွိတယ္လို႔ အသင္းေခါင္းေဆာင္ ေရွးမတ္စ္ ကိုးလ္မန္း ေျပာၾကား။

– ေရွာ္လ္ကာရဲ႕ တိုက္စစ္မွာ ဟက္ထရစ္သြင္းျပၿပီး ေျခစြမ္းျပေနတဲ့ အေမရိကန္တိုက္စစ္မႉး မက္သယူး ေဟာ့ပီကို ေခၚယူဖို႔ မန္ခ်က္စတာ စီးတီးအသင္းက ေစာင့္ၾကည့္ေနၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမားကို ေပါင္ ၁၀ သန္းနဲ႔ ရရွိႏိုင္မွာျဖစ္လို႔ အဝယ္စာရင္းထဲမွာ ထည့္သြင္းစဥ္းစားေန။

– လာမယ့္ေႏြရာသီမွာ အသင္းကေန ထြက္ခြာသြားႏိုင္ၿပီး လက္ရွိအခ်ိန္အထိ စာခ်ဳပ္မခ်ဳပ္ရေသးတဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုေနရာ အစားထိုးဖို႔ အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို မန္ခ်က္စတာစီးတီးအသင္းက စိတ္ဝင္စားေနတယ္လို႔ အီတလီမီဒီယာေတြ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.