Premier League

ပရီးမီးယားလိဂ္အေကာင္းဆုံးကို ရမယ့္သူက ဗန္ဒုိက္မျဖစ္ႏုိင္ေလာက္ဘူးလို႔ သုံးသပ္ခဲ့တဲ့ ဖာဒီနန္

လီဗာပူးလ္အသင္းရဲ႕ ေျခစြမ္းျပႏုိင္ပြဲေတြနဲ႔ ဒီရာသီခ်န္ပီယံျဖစ္ခဲ့ရင္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကစားသမားဆုကို ရမယ့္သူကေတာ့ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္မျဖစ္ႏိုင္ေလာက္ဘူးလို႔ သူ႕ရဲ႕ ပုံမွန္သုံးသပ္ေနက် BT Sport ရဲ႕ အစီအစဥ္မွာ ေျပာၾကားလုိက္ပါတယ္။

ဖာဒီနန္က ဗန္ဒိုက္အေနနဲ႔ ဒီဆုကို ဆက္လက္ထိန္းသိမ္းထားဖို႔ေတာ့ ျဖစ္ႏိုင္ေျခနည္းေၾကာင္းနဲ႔ သူ႕ဆီက ဒီဆုကို လႊဲေျပာင္းရယူမယ့္သူေတြဟာ လီဗာပူးလ္အသင္းေဖာ္ေတြျဖစ္ၾကတဲ့ ဆာဒီယို မာေနးနဲ႔ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္တုိ႔ျဖစ္ၾကတယ္လုိ႔လည္း ဆိုလိုက္ပါတယ္။

“ဗန္ဒိုက္ဟာ အေကာင္းဆုံးေနာက္ခံလူတစ္ေယာက္ျဖစ္တယ္ဆုိတာကို အျငင္းပြားစရာ ဘာအေၾကာင္းမွ မရွိဘူးဗ်။ ဗဟိုေနာက္ခံလူေနရာမွာ ကမာၻ႕အေကာင္းဆုံးလို႔ ေျပာလို႔ရပါတယ္”လို႔ ဖာဒီနန္က ဆုိခဲ့ၿပီး သူ႕အေနနဲ႔ တစ္ရာသီစာအေကာင္းဆုံး ေနာက္ခံလူဆုကို ရရွိႏိုင္ေပမယ့္ အေကာင္းဆုံး ကစားသမားအတြက္ဆိုရင္ေတာ့ တျခားလူေတြက ရသြားလိမ့္မယ္လုိ႔လည္း သုံးသပ္ခဲ့ပါတယ္။

ဖာဒီနန္က သူ႕အတြက္ဆုိရင္ေတာ့ ေဂ်ာ္ဒန္ ဟန္ဒါဆန္ရဲ႕ ဦးေဆာင္မွဳကို အမွတ္ေပးမိမွာျဖစ္တယ္လုိ႔လည္း ဆုိခဲ့ၿပီး ေတာင္ပံကစားသမား ဆာဒီယို မာေနးကေတာ့ လီဗာပူးလ္အသင္းကို သူၾကည့္မိတုိင္း အႀကဳိက္ႏွစ္သက္ဆုံးကစားသမားလို႔လည္း ဝန္ခံသြားခဲ့ပါတယ္။

“မာေနးက လီဗာပူးလ္ပြဲေတြကို ၾကည့္မိတုိင္း ကၽြန္ေတာ့္ကို စိတ္လွဳပ္ရွားစြာနဲ႔ ထိုင္ခုံက ထရပ္မိေအာင္ လုပ္ႏုိင္တဲ့ ကစားသမားပါ။ သူ႕အေနနဲ႔ တစ္ရာသီစာအေကာင္းဆုံးဆုကို ရယူႏုိင္ဖို႔ မ်ားပါတယ္။ သူ႕ေနာက္မွာေတာ့ ဂိုးေတြ သြင္းျပေနတဲ့ ဗာဒီနဲ႔ ဒီဘ႐ိုင္းနားတို႔ ရွိမွာပါ။ ဒီရာသီအတြက္ အေကာင္းဆုံးအျဖစ္ စဥ္းစားစရာက တကယ္တမ္းမွာ နာမည္နည္းနည္းပဲ ရွိပါတယ္”လို႔ ဖာဒီနန္က ေျပာၾကားသြားေၾကာင္း သိရွိရပါတယ္။

REF: METRO & BT SPORT
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ခြေစွမ်းပြနိုင်ပွဲတွေနဲ့ ဒီရာသီချန်ပီယံဖြစ်ခဲ့ရင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရမယ့်သူကတော့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်မဖြစ်နိုင်လောက်ဘူးလို့ သူ့ရဲ့ ပုံမှန်သုံးသပ်နေကျ BT Sport ရဲ့ အစီအစဉ်မှာ ပြောကြားလိုက်ပါတယ်။

ဖာဒီနန်က ဗန်ဒိုက်အနေနဲ့ ဒီဆုကို ဆက်လက်ထိန်းသိမ်းထားဖို့တော့ ဖြစ်နိုင်ခြေနည်းကြောင်းနဲ့ သူ့ဆီက ဒီဆုကို လွှဲပြောင်းရယူမယ့်သူတွေဟာ လီဗာပူးလ်အသင်းဖော်တွေဖြစ်ကြတဲ့ ဆာဒီယို မာနေးနဲ့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်တို့ဖြစ်ကြတယ်လို့လည်း ဆိုလိုက်ပါတယ်။

“ဗန်ဒိုက်ဟာ အကောင်းဆုံးနောက်ခံလူတစ်ယောက်ဖြစ်တယ်ဆိုတာကို အငြင်းပွားစရာ ဘာအကြောင်းမှ မရှိဘူးဗျ။ ဗဟိုနောက်ခံလူနေရာမှာ ကမ္ဘာ့အကောင်းဆုံးလို့ ပြောလို့ရပါတယ်”လို့ ဖာဒီနန်က ဆိုခဲ့ပြီး သူ့အနေနဲ့ တစ်ရာသီစာအကောင်းဆုံး နောက်ခံလူဆုကို ရရှိနိုင်ပေမယ့် အကောင်းဆုံး ကစားသမားအတွက်ဆိုရင်တော့ တခြားလူတွေက ရသွားလိမ့်မယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။

ဖာဒီနန်က သူ့အတွက်ဆိုရင်တော့ ဂျော်ဒန် ဟန်ဒါဆန်ရဲ့ ဦးဆောင်မှုကို အမှတ်ပေးမိမှာဖြစ်တယ်လို့လည်း ဆိုခဲ့ပြီး တောင်ပံကစားသမား ဆာဒီယို မာနေးကတော့ လီဗာပူးလ်အသင်းကို သူကြည့်မိတိုင်း အကြိုက်နှစ်သက်ဆုံးကစားသမားလို့လည်း ဝန်ခံသွားခဲ့ပါတယ်။

“မာနေးက လီဗာပူးလ်ပွဲတွေကို ကြည့်မိတိုင်း ကျွန်တော့်ကို စိတ်လှုပ်ရှားစွာနဲ့ ထိုင်ခုံက ထရပ်မိအောင် လုပ်နိုင်တဲ့ ကစားသမားပါ။ သူ့အနေနဲ့ တစ်ရာသီစာအကောင်းဆုံးဆုကို ရယူနိုင်ဖို့ များပါတယ်။ သူ့နောက်မှာတော့ ဂိုးတွေ သွင်းပြနေတဲ့ ဗာဒီနဲ့ ဒီဘရိုင်းနားတို့ ရှိမှာပါ။ ဒီရာသီအတွက် အကောင်းဆုံးအဖြစ် စဉ်းစားစရာက တကယ်တမ်းမှာ နာမည်နည်းနည်းပဲ ရှိပါတယ်”လို့ ဖာဒီနန်က ပြောကြားသွားကြောင်း သိရှိရပါတယ်။

REF: METRO & BT SPORT
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.