Premier League

ပရိသတ္တစ္ဦးရဲ႕ ေမြးလာမယ့္ ကေလးအတြက္ အျပန္အလွန္ေတာင္းဆုိမွဳေတြ လုပ္လိုက္တဲ့ အုိေဇးလ္

အာဆင္နယ္ပရိသတ္တစ္ဦးရဲ႕ ေမြးလာမယ့္ ကေလးအတြက္ တြစ္တာလူမွဳမီဒီယာေပၚမွာ ကြင္းလယ္လူ မီဆတ္ အိုေဇးလ္နဲ႔ ပရိသတ္ျဖစ္သူတုိ႔အေနနဲ႔ အျပန္အလွန္ ေတာင္းဆုိမွဳေတြ ျပဳလုပ္ခဲ့ၾကၿပီး ဒီဂ်ာမန္ကြင္းလယ္ဖန္တီးရွင္ရဲ႕ တျခားသူေတြအေပၚ ဂ႐ုတစိုက္ရွိတဲ့ တုံ႔ျပန္ပုံအတြက္ ပရိသတ္ေတြက ခ်ီးက်ဴးေနၾကပါတယ္။

ဂ်က္ခ္ ေရာ္ဘင္ဆန္လုိ႔ အမည္ရတဲ့ ဒီပရိသတ္ဟာ ဒီမတုိင္ခင္မွာ ကိုယ္ဝန္ေဆာင္ထားၿပီး ဇူလုိင္လမွာ ေမြးဖြားမယ့္ ဇနီးျဖစ္သူနဲ႔ သေဘာတူညီမွဳ ရွိခဲ့ၾကတာျဖစ္ၿပီး ဒါကေတာ့ သူ႕အေနနဲ႔ အုိေဇးလ္ကို ခြင့္ေတာင္းၿပီး ကစားသမားဘက္က Reply ျပန္ခဲ့ရင္ ကေလးရဲ႕နာမည္ကို အုိေဇးလ္လုိ႔ ေပးဖို႔ျဖစ္ပါတယ္။

ဒါေၾကာင့္ ေရာ္ဘင္ဆန္အေနနဲ႔ သူ႕ရဲ႕ တြစ္တာစာမ်က္ႏွာေပၚမွာ အိုေဇးလ္ရဲ႕ @MesutOzil1088 ကုိ မန္းရွင္းေခၚခဲ့ၿပီး “ကၽြန္ေတာ့္ရဲ႕ ဇူလုိင္လမွာ ေမြးမယ့္ ကေလးအတြက္ အုိေဇးလ္လို႔ နာမည္ေပးဖို႔ ေတာင္းဆုိထားတာကို Reply ရမွ သေဘာတူမယ္လို႔ မိန္းမနဲ႔ ေျပာထားတာေၾကာင့္ ကၽြန္ေတာ့္ကို စိတ္ပ်က္ေအာင္ မလုပ္ပါနဲ႔လို႔ သူက မတ္လ ၅ ရက္ေန႔မွာ စတင္ေရးသားခဲ့တာပါ။

သူ႕ရဲ႕ Tweet နဲ႔ မန္းရွင္းကို မတ္လ ၉ ရက္ေန႔မွာ အိုေဇးလ္က Reply လုပ္ခဲ့တာျဖစ္ၿပီး “သေဘာတူတယ္ သူငယ္ခ်င္း၊ မင္းကို စိတ္ပ်က္ေအာင္ ငါမလုပ္ဘူး။ အခု မင္းအလွည့္ပဲ… ဇူလုိင္လမွာ ကေလးေမြးလာတဲ့အခါ သူ႕ရဲ႕ ေမြးစာရင္းမွတ္ပုံတင္ကို ငါၾကည့္ခ်င္တယ္”လို႔ တုံ႔ျပန္သြားခဲ့တာျဖစ္ပါတယ္။

ဂ်က္ခ္ ေရာ္ဘင္ဆန္ရဲ႕ အမ်ဳိးသမီးျဖစ္သူ ဟက္သာကေတာ့ အိုေဇးလ္ရဲ႕ Reply အတြက္ သူ႕အေနနဲ႔ မယုံႏုိင္ေအာင္ျဖစ္ခဲ့ရၿပီး နာမည္ေပးဖို႔ သူ႕ေယာက္်ားက ကံေကာင္းလြန္းခဲ့တယ္လို႔ ဆုိခဲ့သလို ဒီနာမည္ကို ေပးမယ္လုိ႔ အတည္ျပဳသြားခဲ့ၿပီး သူတုိ႔ကို တျခားအာဆင္နယ္ပရိသတ္ေတြနဲ႔ သူငယ္ခ်င္းေတြက ဝိုင္းဝန္းဂုဏ္ျပဳခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: TURKISH FOOTBALL & TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်ပရိသတ်တစ်ဦးရဲ့ မွေးလာမယ့် ကလေးအတွက် တွစ်တာလူမှုမီဒီယာပေါ်မှာ ကွင်းလယ်လူ မီဆတ် အိုဇေးလ်နဲ့ ပရိသတ်ဖြစ်သူတို့အနေနဲ့ အပြန်အလှန် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး ဒီဂျာမန်ကွင်းလယ်ဖန်တီးရှင်ရဲ့ တခြားသူတွေအပေါ် ဂရုတစိုက်ရှိတဲ့ တုံ့ပြန်ပုံအတွက် ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

ဂျက်ခ် ရော်ဘင်ဆန်လို့ အမည်ရတဲ့ ဒီပရိသတ်ဟာ ဒီမတိုင်ခင်မှာ ကိုယ်ဝန်ဆောင်ထားပြီး ဇူလိုင်လမှာ မွေးဖွားမယ့် ဇနီးဖြစ်သူနဲ့ သဘောတူညီမှု ရှိခဲ့ကြတာဖြစ်ပြီး ဒါကတော့ သူ့အနေနဲ့ အိုဇေးလ်ကို ခွင့်တောင်းပြီး ကစားသမားဘက်က Reply ပြန်ခဲ့ရင် ကလေးရဲ့နာမည်ကို အိုဇေးလ်လို့ ပေးဖို့ဖြစ်ပါတယ်။

ဒါကြောင့် ရော်ဘင်ဆန်အနေနဲ့ သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ အိုဇေးလ်ရဲ့ @MesutOzil1088 ကို မန်းရှင်းခေါ်ခဲ့ပြီး “ကျွန်တော့်ရဲ့ ဇူလိုင်လမှာ မွေးမယ့် ကလေးအတွက် အိုဇေးလ်လို့ နာမည်ပေးဖို့ တောင်းဆိုထားတာကို Reply ရမှ သဘောတူမယ်လို့ မိန်းမနဲ့ ပြောထားတာကြောင့် ကျွန်တော့်ကို စိတ်ပျက်အောင် မလုပ်ပါနဲ့လို့ သူက မတ်လ ၅ ရက်နေ့မှာ စတင်ရေးသားခဲ့တာပါ။

သူ့ရဲ့ Tweet နဲ့ မန်းရှင်းကို မတ်လ ၉ ရက်နေ့မှာ အိုဇေးလ်က Reply လုပ်ခဲ့တာဖြစ်ပြီး “သဘောတူတယ် သူငယ်ချင်း၊ မင်းကို စိတ်ပျက်အောင် ငါမလုပ်ဘူး။ အခု မင်းအလှည့်ပဲ… ဇူလိုင်လမှာ ကလေးမွေးလာတဲ့အခါ သူ့ရဲ့ မွေးစာရင်းမှတ်ပုံတင်ကို ငါကြည့်ချင်တယ်”လို့ တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။

ဂျက်ခ် ရော်ဘင်ဆန်ရဲ့ အမျိုးသမီးဖြစ်သူ ဟက်သာကတော့ အိုဇေးလ်ရဲ့ Reply အတွက် သူ့အနေနဲ့ မယုံနိုင်အောင်ဖြစ်ခဲ့ရပြီး နာမည်ပေးဖို့ သူ့ယောက်ျားက ကံကောင်းလွန်းခဲ့တယ်လို့ ဆိုခဲ့သလို ဒီနာမည်ကို ပေးမယ်လို့ အတည်ပြုသွားခဲ့ပြီး သူတို့ကို တခြားအာဆင်နယ်ပရိသတ်တွေနဲ့ သူငယ်ချင်းတွေက ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: TURKISH FOOTBALL & TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.