Premier League Transfer News

15 Feb နေ့လည်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ သူ့ရဲ့ ဟက်ထရစ်နဲ့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ၈ ဦးမြောက် ဟက်ထရစ်ရှင်ဖြစ်လာခဲ့ပြီး ပြင်သစ်လီဂူးတူးမှာ ကစားခဲ့တဲ့ ဒီယွန်အသင်းနဲ့ ဂိုးတွေကို ဖယ်ထားပြီး ထည့်သွင်းရေတွက်တဲ့ ဥရောပ ထိပ်တန်းအမှတ်ပေးပွဲတွေမှာလည်း သွင်းဂိုး ၁၉၉၊ ၂၀၀ နဲ့ ၂၀၁ ဂိုးမြောက်တွေကို ရရှိသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ နိုင်ပွဲပြန်ရတဲ့ အပတ်မှာပဲ တိုက်ဆိုင်စွာနဲ့ အသင်းရဲ့ ကစားသမားဟောင်းနှစ်ဦးဖြစ်တဲ့ ရှော်လ်ကာနောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်နဲ့ ရှကိုဒရန် မူစတာဖီတို့အနေနဲ့ ယူနီယန် ဘာလင်နဲ့ပွဲမှာ Clean Sheet ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြ။

– လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ကွင်းလယ်တိုက်စစ်ပိုင်းမှာ စမစ်ရိုးနဲ့အတူ အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့တဲ့ အငှားကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်က အာဆင်နယ်အသင်းဆီ အပြီးသတ်ပြောင်းရွှေ့မလားဆိုတဲ့ မေးခွန်းကို လက်ရှိမှာ အကောင်းဆုံး ကူညီသွားဖို့ကိုပဲ အာရုံ စူးစိုက်ထားပြီး ရာသီကုန်မှာ ဘာတွေ ဖြစ်မလဲတော့ မပြောနိုင်သေးကြောင်း ဖြေကြား။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဝါရင့်နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်ကို စာချုပ်သစ်ပေးအပ်သွားဖို့ ဆန္ဒရှိနေပြီး အသက် ၃၃ နှစ်အရွယ် နောက်ခံလူအနေနဲ့ အမ်းမရိတ်မှာ နောက်တစ်နှစ် ဆက်ရှိနေရင် တစ်ပတ်လုပ်ခ ပေါင်ရှစ်သောင်းဝန်းကျင် ရရှိနိုင်တယ်လို့ မီဒီယာတွေက ဖော်ပြနေ။

– တစ်ပတ်ကို ပေါင် ၂၂၀၀၀၀ ပေးချေနေရတဲ့ ကွင်းလယ်လူ ဝီလီယန်အတွက် အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေအားလုံး မျက်နှာ ပျက်စရာဖြစ်နေပြီး လိဒ်စ်နဲ့ပွဲမှာ လူစားဝင်ကစားပြီး ကစားကွက်ကို မကူညီနိုင်ခဲ့သလို အသင်းအတွက် ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်နေပြီလို့ ကစားသမားဟောင်း အလန် စမစ်က ဝေဖန်သွားခဲ့။

– လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ တိုက်စစ်မှူးနောက်ကထက် ဘယ်တောင်ပံကို ပြောင်းရွှေ့ကစားပြီး ခြေစွမ်းပြနိုင်ခဲ့သလို အူဘာမီယန်းရဲ့ ဟက်ထရစ်ပြည့်မြောက်စေမယ့်ဂိုးကို ပါးပါးနပ်နပ် ဖြတ်တင်ပေးသွားခဲ့တဲ့ အီမီးလ် စမစ်ရိုးကို ရောဘတ် ပီရက်စ်နဲ့ နှိုင်းယှဉ်ပြီး အသင်းခေါင်းဆောင်ဆောင် တိုနီ အက်ဒမ်စ်က ချီးကျူးသွားခဲ့။

– တိုက်စစ်မှူး အူဘာမီယန်းဟာ အသင်းကို နိုင်ပွဲတွေအတွက် အလုပ်နဲ့ သက်သေပြပြီး အကောင်းဆုံး ဦးဆောင်နိုင်သူဖြစ်တယ်လို့ သူနဲ့ ပထမဆုံး တွဲဖက်ကစားခွင့်ရတဲ့ လိဒ်စ်နဲ့ နိုင်ပွဲအပြီးမှာ ဟက်ထရစ်ရှင်အသင်းခေါင်းဆောင်ကို ကွင်းလယ်လူ အော်ဒီဂွါဒ် ချီးကျူးသွား။

– ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေမှာ နီကိုလာ ပေပေ၊ ဝီလီယန်နဲ့ မာတင် အော်ဒီဂွါဒ်တို့ကို ခေါ်ယူပြီး တိုက်စစ်ကို အားဖြည့်ခဲ့ပေမယ့် ခံစစ်က လိုအပ်ချက်တွေကို မဖြည့်ဆည်းခဲ့တဲ့ အာဆင်နယ်တာဝန်ရှိသူတွေကို တိုနီ အက်ဒမ်စ်က ဝေဖန်လိုက်ပြီး လိဒ်စ်နဲ့ပွဲက လေးဂိုး ဦးဆောင်ပြီးမှ နှစ်ဂိုး ပြန်ပေးရတာအတွက် ဒေါသထွက်နေ။

– လိဒ်စ်နဲ့ပွဲမှာ လေးဂိုးရရှိခဲ့ပြီးမှ နှစ်ဂိုး ပြန်ပေးခဲ့ရတာအတွက် လက်ထောက်အသင်းခေါင်းဆောင် ဟက်တာ ဘယ်လာရင်ကလည်း စိတ်ပျက်နေပြီး သူတို့အနေနဲ့ ပွဲတွေကို အချိန်ပြည့် အာရုံစူးစိုက်ပြီး ကစားနိုင်ဖို့ လိုအပ်သေးပြီး လေးဂိုးနဲ့ အနိုင်ရရှိထားချိန်မှာ ဘောလုံးကို ခြေထဲထားပြီး ပွဲကို ထိန်းသိမ်းနိုင်ခဲ့သင့်တယ်လို့ ပြောကြား။

– လာမယ့် ၁၉ ရက်နေ့မှာ အီတလီနိုင်ငံ ရောမမြို့က ရိုးမားအသင်းရဲ့ အိမ်ကွင်း အိုလံပီကိုမှာ ကစားရမယ့် ဘင်ဖီကာနဲ့ အဝေးကွင်းပွဲစဉ်အတွက် ကွင်းလယ်လူ သောမတ်စ် ပါတေးနဲ့ နောက်ခံလူ ကီရန် တီယာနီတို့ကို အသုံးပြုဦးမှာ မဟုတ်ဘဲ ဒဏ်ရာတွေအတွက် စိတ်ချရအောင် ဆက်လက် အနားပေးသွားမယ်လို့ သတင်းတွေ ဖော်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ သူ႔ရဲ႕ ဟက္ထရစ္နဲ႔ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ၈ ဦးေျမာက္ ဟက္ထရစ္ရွင္ျဖစ္လာခဲ့ၿပီး ျပင္သစ္လီဂူးတူးမွာ ကစားခဲ့တဲ့ ဒီယြန္အသင္းနဲ႔ ဂိုးေတြကို ဖယ္ထားၿပီး ထည့္သြင္းေရတြက္တဲ့ ဥေရာပ ထိပ္တန္းအမွတ္ေပးပြဲေတြမွာလည္း သြင္းဂိုး ၁၉၉၊ ၂၀၀ နဲ႔ ၂၀၁ ဂိုးေျမာက္ေတြကို ရရွိသြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ႏိုင္ပြဲျပန္ရတဲ့ အပတ္မွာပဲ တိုက္ဆိုင္စြာနဲ႔ အသင္းရဲ႕ ကစားသမားေဟာင္းႏွစ္ဦးျဖစ္တဲ့ ေရွာ္လ္ကာေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္နဲ႔ ရွကိုဒရန္ မူစတာဖီတို႔အေနနဲ႔ ယူနီယန္ ဘာလင္နဲ႔ပြဲမွာ Clean Sheet ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၾက။

– လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ကြင္းလယ္တိုက္စစ္ပိုင္းမွာ စမစ္႐ိုးနဲ႔အတူ အေကာင္းဆုံး တြဲဖက္ကစားႏိုင္ခဲ့တဲ့ အငွားကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္က အာဆင္နယ္အသင္းဆီ အၿပီးသတ္ေျပာင္းေ႐ႊ႕မလားဆိုတဲ့ ေမးခြန္းကို လက္ရွိမွာ အေကာင္းဆုံး ကူညီသြားဖို႔ကိုပဲ အာ႐ုံ စူးစိုက္ထားၿပီး ရာသီကုန္မွာ ဘာေတြ ျဖစ္မလဲေတာ့ မေျပာႏိုင္ေသးေၾကာင္း ေျဖၾကား။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဝါရင့္ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္ကို စာခ်ဳပ္သစ္ေပးအပ္သြားဖို႔ ဆႏၵရွိေနၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ ေနာက္ခံလူအေနနဲ႔ အမ္းမရိတ္မွာ ေနာက္တစ္ႏွစ္ ဆက္ရွိေနရင္ တစ္ပတ္လုပ္ခ ေပါင္ရွစ္ေသာင္းဝန္းက်င္ ရရွိႏိုင္တယ္လို႔ မီဒီယာေတြက ေဖာ္ျပေန။

– တစ္ပတ္ကို ေပါင္ ၂၂၀၀၀၀ ေပးေခ်ေနရတဲ့ ကြင္းလယ္လူ ဝီလီယန္အတြက္ အာဆင္နယ္အသင္းရဲ႕ တာဝန္ရွိသူေတြအားလုံး မ်က္ႏွာ ပ်က္စရာျဖစ္ေနၿပီး လိဒ္စ္နဲ႔ပြဲမွာ လူစားဝင္ကစားၿပီး ကစားကြက္ကို မကူညီႏိုင္ခဲ့သလို အသင္းအတြက္ ႀကီးမားတဲ့ ျပႆနာတစ္ခု ျဖစ္ေနၿပီလို႔ ကစားသမားေဟာင္း အလန္ စမစ္က ေဝဖန္သြားခဲ့။

– လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ တိုက္စစ္မႉးေနာက္ကထက္ ဘယ္ေတာင္ပံကို ေျပာင္းေ႐ႊ႕ကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့သလို အူဘာမီယန္းရဲ႕ ဟက္ထရစ္ျပည့္ေျမာက္ေစမယ့္ဂိုးကို ပါးပါးနပ္နပ္ ျဖတ္တင္ေပးသြားခဲ့တဲ့ အီမီးလ္ စမစ္႐ိုးကို ေရာဘတ္ ပီရက္စ္နဲ႔ ႏႈိင္းယွဥ္ၿပီး အသင္းေခါင္းေဆာင္ေဆာင္ တိုနီ အက္ဒမ္စ္က ခ်ီးက်ဴးသြားခဲ့။

– တိုက္စစ္မႉး အူဘာမီယန္းဟာ အသင္းကို ႏိုင္ပြဲေတြအတြက္ အလုပ္နဲ႔ သက္ေသျပၿပီး အေကာင္းဆုံး ဦးေဆာင္ႏိုင္သူျဖစ္တယ္လို႔ သူနဲ႔ ပထမဆုံး တြဲဖက္ကစားခြင့္ရတဲ့ လိဒ္စ္နဲ႔ ႏိုင္ပြဲအၿပီးမွာ ဟက္ထရစ္ရွင္အသင္းေခါင္းေဆာင္ကို ကြင္းလယ္လူ ေအာ္ဒီဂြါဒ္ ခ်ီးက်ဴးသြား။

– ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကာလေတြမွာ နီကိုလာ ေပေပ၊ ဝီလီယန္နဲ႔ မာတင္ ေအာ္ဒီဂြါဒ္တို႔ကို ေခၚယူၿပီး တိုက္စစ္ကို အားျဖည့္ခဲ့ေပမယ့္ ခံစစ္က လိုအပ္ခ်က္ေတြကို မျဖည့္ဆည္းခဲ့တဲ့ အာဆင္နယ္တာဝန္ရွိသူေတြကို တိုနီ အက္ဒမ္စ္က ေဝဖန္လိုက္ၿပီး လိဒ္စ္နဲ႔ပြဲက ေလးဂိုး ဦးေဆာင္ၿပီးမွ ႏွစ္ဂိုး ျပန္ေပးရတာအတြက္ ေဒါသထြက္ေန။

– လိဒ္စ္နဲ႔ပြဲမွာ ေလးဂိုးရရွိခဲ့ၿပီးမွ ႏွစ္ဂိုး ျပန္ေပးခဲ့ရတာအတြက္ လက္ေထာက္အသင္းေခါင္းေဆာင္ ဟက္တာ ဘယ္လာရင္ကလည္း စိတ္ပ်က္ေနၿပီး သူတို႔အေနနဲ႔ ပြဲေတြကို အခ်ိန္ျပည့္ အာ႐ုံစူးစိုက္ၿပီး ကစားႏိုင္ဖို႔ လိုအပ္ေသးၿပီး ေလးဂိုးနဲ႔ အႏိုင္ရရွိထားခ်ိန္မွာ ေဘာလုံးကို ေျခထဲထားၿပီး ပြဲကို ထိန္းသိမ္းႏိုင္ခဲ့သင့္တယ္လို႔ ေျပာၾကား။

– လာမယ့္ ၁၉ ရက္ေန႔မွာ အီတလီႏိုင္ငံ ေရာမၿမိဳ႕က ႐ိုးမားအသင္းရဲ႕ အိမ္ကြင္း အိုလံပီကိုမွာ ကစားရမယ့္ ဘင္ဖီကာနဲ႔ အေဝးကြင္းပြဲစဥ္အတြက္ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးနဲ႔ ေနာက္ခံလူ ကီရန္ တီယာနီတို႔ကို အသုံးျပဳဦးမွာ မဟုတ္ဘဲ ဒဏ္ရာေတြအတြက္ စိတ္ခ်ရေအာင္ ဆက္လက္ အနားေပးသြားမယ္လို႔ သတင္းေတြ ေဖာ္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.