Premier League Transfer News

15 Feb နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားက သူတို့အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လက်မလျှော့သေးလို အမှတ်တူပြိုင်ဘက် လက်စတာစီးတီးကိုလည်း အတူတူ တိုက်ပွဲဝင်ကြမယ်လို့ ဝက်စ်ဘရွန်းနဲ့ပွဲအပြီးမှာ ပြောကြားသွားခဲ့။

– နည်းပြဟောင်း မော်ရင်ညိုလက်အောက်မှာ သူ့အနေနဲ့ အများကြီး လေ့လာခွင့်ရခဲ့ပြီး တိုးတက်လာခဲ့သလို ကျေးဇူးမမေ့ကြောင်း ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ပြောကြားလိုက်ပြီး ဘောလုံးအကြောင်းကို ပိုမိုနားလည်ခွင့်နဲ့ ကွဲပြားတဲ့ အတွေးအမြင် တွေကို ရယူနိုင်ခဲ့တယ်လို့ဆို။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှာ အန်တိုနီ မာစီယယ်လ်ကစားတာကို မတွေ့ချင်တော့ကြောင်း ပရိသတ်တွေက ပေါက်ကွဲခဲ့ကြပြီး အသက် ၂၅ နှစ်အရွယ် ပြင်သစ်ရှေ့တန်းလူအနေနဲ့ ကြိုးစားအားထုတ်မှု မရှိဘဲ ကစားကွက်ထဲမှာ မျှောလိုက်နေခဲ့တာ ဆိုးရွားလွန်းကြောင်း ဝေဖန်ခဲ့ကြ။

– တိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်ကို အတူတွဲဖက် မသုံးစွဲဖို့ ပရိသတ်တချို့က တိုက်တွန်းလိုက်ပြီး တချို့ကတော့ မာစီယယ်လ်ကို ဘောလုံးတစ်အိတ်နဲ့ လဲလှယ်ခဲ့မယ်ဆိုရင်တောင် အသင်းအတွက် လေ့ကျင့်ရာမှာ အသုံးဝင်လိမ့်မယ်ဖြစ်ကြောင်း လှောင်ပြောင်ခဲ့ကြ။

– ပွဲစစချင်းမှာ အထနှေးမှုက မန်ချက်စတာယူနိုက်တက်နဲ့ ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ အီယန်ရိုက်က ဘီဘီစီမှာ ဝေဖန်လိုက်ပြီး မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ကလည်း ဝက်စ်ဘရွန်းတိုက်စစ်မှူး ဒီယာဂနီရဲ့ အနိုင်ကျင့်ခံရတာကို မတုံ့ပြန်နိုင်ဘူးလို့ ထောက်ပြသွားခဲ့။

– မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကြားမှာတော့ လူမျိုးရေးခွဲခြားမှုတွေ မြင့်တက်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နောက်ခံလူ အိတ်ဇယ်လ် တွမ်ဇီဘီအနေနဲ့ သူတို့တွေရဲ့ သားကောင်ဖြစ်ခဲ့ရသလို ဝက်စ်ဘရွန်းပွဲက ခြေစွမ်းအတွက် မာစီယယ်လ်ဟာလည်း လူမျိုးရေး ခွဲခြားပြီး တိုက်ခိုက်ခံခဲ့ရ။

– ဝက်စ်ဘရွန်း ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရတဲ့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားရဲ့ ဖြစ်ရပ်မှာ VAR အခန်းထဲက လူတွေအနေနဲ့ အိပ်ပျော်နေပုံရတယ်လို့ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လှောင်ပြောင်ပြောကြားသွားခဲ့။

– အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရတဲ့ နောက်ခံလူ လင်ဒီလော့ဖ်အနေနဲ့ ဘောလုံးကို ဒီထက်ပိုပြီး ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ရယူသင့်တယ်လို့ ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် သူ့ရဲ့ တွဲဖက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ ဆွီဒင်သားကို ပြစ်ဒဏ်ကျူးလွန်ခံရတာလို့ ကာကွယ်သွား။

– ဆီဗီလာအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ဘက်က အလိုရှိနေတဲ့ နောက်ခံလူ ဂျူးလ် ကွန်ဒီအတွက် လုံးဝ ဈေးလျှော့ပေးမှာ မဟုတ်ကြောင်းနဲ့ သတ်မှတ်တန်ကြေး မရရင် ရောင်းချသွားမှာ မဟုတ်ကြောင်း သတိပေးလိုက်ပြီး ပြင်သစ်လူငယ်အတွက် အနည်းဆုံး ပေါင်သန်း ၇၀ ပေးချေရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီ ဂန္နာ ဆိုးလ္ရွားက သူတို႔အေနနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ လက္မေလွ်ာ့ေသးလို အမွတ္တူၿပိဳင္ဘက္ လက္စတာစီးတီးကိုလည္း အတူတူ တိုက္ပြဲဝင္ၾကမယ္လို႔ ဝက္စ္ဘ႐ြန္းနဲ႔ပြဲအၿပီးမွာ ေျပာၾကားသြားခဲ့။

– နည္းျပေဟာင္း ေမာ္ရင္ညိဳလက္ေအာက္မွာ သူ႔အေနနဲ႔ အမ်ားႀကီး ေလ့လာခြင့္ရခဲ့ၿပီး တိုးတက္လာခဲ့သလို ေက်းဇူးမေမ့ေၾကာင္း ယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ေျပာၾကားလိုက္ၿပီး ေဘာလုံးအေၾကာင္းကို ပိုမိုနားလည္ခြင့္နဲ႔ ကြဲျပားတဲ့ အေတြးအျမင္ ေတြကို ရယူႏိုင္ခဲ့တယ္လို႔ဆို။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မွာ အန္တိုနီ မာစီယယ္လ္ကစားတာကို မေတြ႕ခ်င္ေတာ့ေၾကာင္း ပရိသတ္ေတြက ေပါက္ကြဲခဲ့ၾကၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ျပင္သစ္ေရွ႕တန္းလူအေနနဲ႔ ႀကိဳးစားအားထုတ္မႈ မရွိဘဲ ကစားကြက္ထဲမွာ ေမွ်ာလိုက္ေနခဲ့တာ ဆိုး႐ြားလြန္းေၾကာင္း ေဝဖန္ခဲ့ၾက။

– တိုက္စစ္ပိုင္းမွာ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္ကို အတူတြဲဖက္ မသုံးစြဲဖို႔ ပရိသတ္တခ်ိဳ႕က တိုက္တြန္းလိုက္ၿပီး တခ်ိဳ႕ကေတာ့ မာစီယယ္လ္ကို ေဘာလုံးတစ္အိတ္နဲ႔ လဲလွယ္ခဲ့မယ္ဆိုရင္ေတာင္ အသင္းအတြက္ ေလ့က်င့္ရာမွာ အသုံးဝင္လိမ့္မယ္ျဖစ္ေၾကာင္း ေလွာင္ေျပာင္ခဲ့ၾက။

– ပြဲစစခ်င္းမွာ အထေႏွးမႈက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပရိသတ္ေတြအတြက္ စိုးရိမ္စရာျဖစ္တယ္လို႔ အီယန္႐ိုက္က ဘီဘီစီမွာ ေဝဖန္လိုက္ၿပီး မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ကလည္း ဝက္စ္ဘ႐ြန္းတိုက္စစ္မႉး ဒီယာဂနီရဲ႕ အႏိုင္က်င့္ခံရတာကို မတုံ႔ျပန္ႏိုင္ဘူးလို႔ ေထာက္ျပသြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြၾကားမွာေတာ့ လူမ်ိဳးေရးခြဲျခားမႈေတြ ျမင့္တက္ေနၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ေနာက္ခံလူ အိတ္ဇယ္လ္ တြမ္ဇီဘီအေနနဲ႔ သူတို႔ေတြရဲ႕ သားေကာင္ျဖစ္ခဲ့ရသလို ဝက္စ္ဘ႐ြန္းပြဲက ေျခစြမ္းအတြက္ မာစီယယ္လ္ဟာလည္း လူမ်ိဳးေရး ခြဲျခားၿပီး တိုက္ခိုက္ခံခဲ့ရ။

– ဝက္စ္ဘ႐ြန္း ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခံခဲ့ရတဲ့ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားရဲ႕ ျဖစ္ရပ္မွာ VAR အခန္းထဲက လူေတြအေနနဲ႔ အိပ္ေပ်ာ္ေနပုံရတယ္လို႔ မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ေလွာင္ေျပာင္ေျပာၾကားသြားခဲ့။

– အဖြင့္ဂိုးကို ခြင့္ျပဳခဲ့ရတဲ့ ေနာက္ခံလူ လင္ဒီေလာ့ဖ္အေနနဲ႔ ေဘာလုံးကို ဒီထက္ပိုၿပီး ျပင္းျပတဲ့ စိတ္ဓာတ္နဲ႔ ရယူသင့္တယ္လို႔ ေဝဖန္မႈေတြ ျမင့္တက္ေနေပမယ့္ သူ႔ရဲ႕ တြဲဖက္ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကေတာ့ ဆြီဒင္သားကို ျပစ္ဒဏ္က်ဴးလြန္ခံရတာလို႔ ကာကြယ္သြား။

– ဆီဗီလာအသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ဘက္က အလိုရွိေနတဲ့ ေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီအတြက္ လုံးဝ ေဈးေလွ်ာ့ေပးမွာ မဟုတ္ေၾကာင္းနဲ႔ သတ္မွတ္တန္ေၾကး မရရင္ ေရာင္းခ်သြားမွာ မဟုတ္ေၾကာင္း သတိေပးလိုက္ၿပီး ျပင္သစ္လူငယ္အတြက္ အနည္းဆုံး ေပါင္သန္း ၇၀ ေပးေခ်ရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.