Premier League Transfer News

15 Feb ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးနည်းပြ သောမတ်စ် ဟူဟယ်လ်က သူ့ရဲ့ ဦးစားပေးကစာသမားတစ်ဦးဖြစ်လာခဲ့တဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းကို ပီအက်စ်ဂျီ အသင်းမှာကတည်းက စောင့်ကြည့်ခဲ့ပြီး ခေါ်ယူချင်ခဲ့တာဖြစ်ကြောင်းနဲ့ လက်ရှိမှာ ကိုင်တွယ်ခွင့်ရလို့ ပျော်ရွှင်နေကြောင်း ပြောလိုက်ပြီး ဂျော်ဂျင်ညိုနဲ့ ရူဒီဂါတို့လည်း သူ့ရဲ့ စာရင်းထဲမှာ ပါဝင်တယ်လို့ဆို။

– အာဆင်နယ်ကွင်းလယ်လူဟောင်းနဲ့ စကိုင်းစပို့စ်ရဲ့ တင်ဆက်သူ ပေါလ်မာဆန်က ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိရှေ့တန်းလူတွေနဲ့ မလုံလောက်သလို အထောင်တိုက်စစ်မှူးကောင်းတစ်ဦး လိုအပ်နေပြီး ဒီအတွက် ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းကို ငွေသုံးခေါ်ယူသွားဖို့ တိုက်တွန်း။

– ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ဦးဖြစ်ခဲ့တဲ့ ရော်ဘတ်တို ကားလို့စ်က သူ့အနေနဲ့ ၂၀၀၇ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာမယ့်အချိန်မှာ ဖီနာဘာချီအပြင် ချဲလ်ဆီးနဲ့ ဆွေးနွေးခဲ့ဖူးပြီး ရောက်ဖို့ နီးစပ်ခဲ့ပြီးမှ အေးဂျင့်တွေကြား ညှိနှိုင်းမှုက အဆင်မပြေခဲ့လို့ တူရကီကိုပဲ သွားခဲ့တာလို့ ပြောကြားသွားခဲ့။

– နည်းပြ တူဟယ်လ်အနေနဲ့ ခြေစွမ်းကျဆင်းနေပြီး အသင်းမှာ အသားမကျဘဲ ဖြစ်နေတဲ့ မော်ရိုကို တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်ကို နယူးကာဆယ်လ်နဲ့ပွဲမှာ ချန်လှပ်ထားဖို့ စီစဉ်နေပြီး မားကို့စ် အလွန်ဆိုကိုလည်း ဘယ်တောင်ပံ Wing Back နေရာမှာ သုံးစွဲသွားဖို့ ရှိနေချိန်မှာ ဟဒ်ဆန်-အိုဒွိုင်းအနေနဲ့ တောင်ပံတိုက်စစ်မှူးအဖြစ် ကစားရဖွယ်ရှိနေ။

– နယူးကာဆယ်လ်အသင်းဟာ မိမိတို့ရဲ့ ရည်မှန်းချက်တွေကို နှောင့်နှေးအောင် ဒုက္ခပေးနိုင်တဲ့ အသင်းဖြစ်နေလို့ သတိထားကစားဖို့ နောက်ခံလူ အန်တိုနီယို ရူဒီဂါက တိုက်တွန်းလိုက်ပြီး နည်းပြ တူဟယ်လ် လက်အောက်မှာ ခံစစ်ကစားပုံ တိုးတက်လာမှုကိုတော့ ဂုဏ်ယူနေကြောင်းဆို။

– ချဲလ်ဆီးအသင်းမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာကို ပြန်လည်ခြေစွမ်းပြနိုင်ပြီး ဂိုးတွေ သွင်းယူနိုင်ဖို့အတွက်ဆိုရင် နည်းပြ တူဟယ်လ်အနေနဲ့ တိုက်စစ်မှာ သူ့ကို ဦးဆောင်ခိုင်းပြီး ဗဟိုပြုကစားတဲ့ ပုံစံကို ပြောင်းလဲရလိမ့်မယ်လို့ RB လိုက်ပ်ဇစ်နည်းပြ နာဂဲလ်စ်မန်းနဲ့ ဗာနာရဲ့ နည်းပြဟောင်းပဲဖြစ်တဲ့ ဆောက်သမ်တန်ရဲ့ ဟေဆန်ဟွတ်တယ်လ်တို့ တိုက်တွန်းခဲ့ကြ။

– နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ လက်အောက်မှာ ချဲလ်ဆီးအသင်းရဲ့ ခြေစွမ်းက တိုးတက်လာခဲ့ပေမယ့် ရာသီကုန်မှာတော့ သူတို့တွေအနေနဲ့ ချန်ပီယံလိဂ်ကစားခွင့်ဖြစ်တဲ့ ထိပ်ဆုံးလေးသင်းနဲ့ ကပ်လွဲလိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန်က BT Sport မှာ ခန့်မှန်းသွား။

– အာလင်း ဟားလန်းကို ချဲလ်ဆီးအသင်းကနေ မန်ချက်စတာစီးတီးကို ကျော်ဖြတ်ပြီး ခေါ်ယူသွားနိုင်ဖို့ အသာရနိုင်တယ်လို့ အီးဗနင်း စတန်းဒတ်သတင်းဌာနက သုံးသပ်လိုက်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ အစ်တီဟတ်ထက် ကစားချိန်ပိုမိုရရှိနိုင်မှုက နော်ဝေသား ရွေးချယ်ဖို့ အလေးသာစေတယ်လို့ဆို။

– ချဲလ်ဆီးအသင်းကနေ အေစီမီလန်အသင်းကို အငှားနဲ့ ထွက်ခွာကစားနေတဲ့ နောက်ခံလူ ဖီကာယို တိုမိုရီရဲ့ အမြင့်ဘောကစားပုံတွေမှာ လိုအပ်ချက်ရှိနေတဲ့ ထရိန်နင်က ခြေစွမ်းကို နည်းပြဟောင်း ဖရန့် လမ်းပတ်က သဘောမကျတာကြောင့် ကစားခွင့် မပေးဘဲ အငှားချဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ ဟူဟယ္လ္က သူ႔ရဲ႕ ဦးစားေပးကစာသမားတစ္ဦးျဖစ္လာခဲ့တဲ့ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္းကို ပီအက္စ္ဂ်ီ အသင္းမွာကတည္းက ေစာင့္ၾကည့္ခဲ့ၿပီး ေခၚယူခ်င္ခဲ့တာျဖစ္ေၾကာင္းနဲ႔ လက္ရွိမွာ ကိုင္တြယ္ခြင့္ရလို႔ ေပ်ာ္႐ႊင္ေနေၾကာင္း ေျပာလိုက္ၿပီး ေဂ်ာ္ဂ်င္ညိဳနဲ႔ ႐ူဒီဂါတို႔လည္း သူ႔ရဲ႕ စာရင္းထဲမွာ ပါဝင္တယ္လို႔ဆို။

– အာဆင္နယ္ကြင္းလယ္လူေဟာင္းနဲ႔ စကိုင္းစပို႔စ္ရဲ႕ တင္ဆက္သူ ေပါလ္မာဆန္က ခ်ဲလ္ဆီးအသင္းအေနနဲ႔ လက္ရွိေရွ႕တန္းလူေတြနဲ႔ မလုံေလာက္သလို အေထာင္တိုက္စစ္မႉးေကာင္းတစ္ဦး လိုအပ္ေနၿပီး ဒီအတြက္ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းကို ေငြသုံးေခၚယူသြားဖို႔ တိုက္တြန္း။

– ကမာၻ႔အေကာင္းဆုံး ေနာက္ခံလူတစ္ဦးျဖစ္ခဲ့တဲ့ ေရာ္ဘတ္တို ကားလို႔စ္က သူ႔အေနနဲ႔ ၂၀၀၇ ခုႏွစ္က ရီးရဲလ္မက္ဒရစ္ကေန ထြက္ခြာမယ့္အခ်ိန္မွာ ဖီနာဘာခ်ီအျပင္ ခ်ဲလ္ဆီးနဲ႔ ေဆြးေႏြးခဲ့ဖူးၿပီး ေရာက္ဖို႔ နီးစပ္ခဲ့ၿပီးမွ ေအးဂ်င့္ေတြၾကား ညႇိႏႈိင္းမႈက အဆင္မေျပခဲ့လို႔ တူရကီကိုပဲ သြားခဲ့တာလို႔ ေျပာၾကားသြားခဲ့။

– နည္းျပ တူဟယ္လ္အေနနဲ႔ ေျခစြမ္းက်ဆင္းေနၿပီး အသင္းမွာ အသားမက်ဘဲ ျဖစ္ေနတဲ့ ေမာ္႐ိုကို ေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္ကို နယူးကာဆယ္လ္နဲ႔ပြဲမွာ ခ်န္လွပ္ထားဖို႔ စီစဥ္ေနၿပီး မားကို႔စ္ အလြန္ဆိုကိုလည္း ဘယ္ေတာင္ပံ Wing Back ေနရာမွာ သုံးစြဲသြားဖို႔ ရွိေနခ်ိန္မွာ ဟဒ္ဆန္-အိုဒြိဳင္းအေနနဲ႔ ေတာင္ပံတိုက္စစ္မႉးအျဖစ္ ကစားရဖြယ္ရွိေန။

– နယူးကာဆယ္လ္အသင္းဟာ မိမိတို႔ရဲ႕ ရည္မွန္းခ်က္ေတြကို ေႏွာင့္ေႏွးေအာင္ ဒုကၡေပးႏိုင္တဲ့ အသင္းျဖစ္ေနလို႔ သတိထားကစားဖို႔ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါက တိုက္တြန္းလိုက္ၿပီး နည္းျပ တူဟယ္လ္ လက္ေအာက္မွာ ခံစစ္ကစားပုံ တိုးတက္လာမႈကိုေတာ့ ဂုဏ္ယူေနေၾကာင္းဆို။

– ခ်ဲလ္ဆီးအသင္းမွာ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့တဲ့ တိုက္စစ္မႉး တီမို ဗာနာကို ျပန္လည္ေျခစြမ္းျပႏိုင္ၿပီး ဂိုးေတြ သြင္းယူႏိုင္ဖို႔အတြက္ဆိုရင္ နည္းျပ တူဟယ္လ္အေနနဲ႔ တိုက္စစ္မွာ သူ႔ကို ဦးေဆာင္ခိုင္းၿပီး ဗဟိုျပဳကစားတဲ့ ပုံစံကို ေျပာင္းလဲရလိမ့္မယ္လို႔ RB လိုက္ပ္ဇစ္နည္းျပ နာဂဲလ္စ္မန္းနဲ႔ ဗာနာရဲ႕ နည္းျပေဟာင္းပဲျဖစ္တဲ့ ေဆာက္သမ္တန္ရဲ႕ ေဟဆန္ဟြတ္တယ္လ္တို႔ တိုက္တြန္းခဲ့ၾက။

– နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ လက္ေအာက္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ ေျခစြမ္းက တိုးတက္လာခဲ့ေပမယ့္ ရာသီကုန္မွာေတာ့ သူတို႔ေတြအေနနဲ႔ ခ်န္ပီယံလိဂ္ကစားခြင့္ျဖစ္တဲ့ ထိပ္ဆုံးေလးသင္းနဲ႔ ကပ္လြဲလိမ့္မယ္လို႔ မန္ခ်က္စတာယူႏိုက္တက္ ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က BT Sport မွာ ခန႔္မွန္းသြား။

– အာလင္း ဟားလန္းကို ခ်ဲလ္ဆီးအသင္းကေန မန္ခ်က္စတာစီးတီးကို ေက်ာ္ျဖတ္ၿပီး ေခၚယူသြားႏိုင္ဖို႔ အသာရႏိုင္တယ္လို႔ အီးဗနင္း စတန္းဒတ္သတင္းဌာနက သုံးသပ္လိုက္ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ အစ္တီဟတ္ထက္ ကစားခ်ိန္ပိုမိုရရွိႏိုင္မႈက ေနာ္ေဝသား ေ႐ြးခ်ယ္ဖို႔ အေလးသာေစတယ္လို႔ဆို။

– ခ်ဲလ္ဆီးအသင္းကေန ေအစီမီလန္အသင္းကို အငွားနဲ႔ ထြက္ခြာကစားေနတဲ့ ေနာက္ခံလူ ဖီကာယို တိုမိုရီရဲ႕ အျမင့္ေဘာကစားပုံေတြမွာ လိုအပ္ခ်က္ရွိေနတဲ့ ထရိန္နင္က ေျခစြမ္းကို နည္းျပေဟာင္း ဖရန႔္ လမ္းပတ္က သေဘာမက်တာေၾကာင့္ ကစားခြင့္ မေပးဘဲ အငွားခ်ဖို႔ ဆုံးျဖတ္ခဲ့တာလို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.