Premier League

ဂရီးလစ္ရွ္အတြက္ ေပါင္သန္း ၇၀ အထိ ေပးေခ်သြားႏုိင္ဖြယ္ရွိေနတဲ့ မန္ခ်က္စတာယူႏုိက္တက္

ပရီးမီးယားလိဂ္ရဲ႕ တန္းဆင္းဇုန္မွာ ႐ုန္းကန္ေနခဲ့ရတဲ့ အက္စတန္ဗီလာအသင္းရဲ႕ ကြင္းလယ္လူနဲ႔ အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ေႏြရာသီမွာ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၇၀ အထိ ေပးေခ်ၿပီး ေခၚယူသြားဖို႔ ရည္ရြယ္ထားတယ္လုိ႔ သိရပါတယ္။

ဗီလာအသင္းရဲ႕ ရလဒ္ေတြ မေကာင္းေပမယ့္လည္း ေျခစြမ္းက်ဆင္းျခင္း မရွိတဲ့ ဂရီးလစ္ရွ္ကို လာမယ့္ရာသီ မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔အတူ တြဲဖက္အသုံးျပဳဖို႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားက အလိုရွိေနတာျဖစ္ၿပီး ဘုတ္အဖြဲ႕ကလည္း ေထာက္ခံမွဳ ေပးထားတယ္လို႔ ဆုိပါတယ္။

ဒီအသက္ ၂၄ ႏွစ္အရြယ္ အဂၤလိပ္ကြင္းလယ္လူဟာ ဗီလာပါ့ခ္မွာ စာခ်ဳပ္သက္တမ္း ၃ ႏွစ္ က်န္ရွိေနေသးၿပီး စာခ်ဳပ္မွာ ဖ်က္သိမ္းေၾကး ထည့္သြင္းထားတာ မရွိသလို ငယ္ေမြးၿခံေပါက္ကစားသမားတစ္ဦးအျဖစ္ မွတ္ပုံတင္ႏုိင္မွာလည္းျဖစ္တဲ့အတြက္ သူ႕အတြက္ ေပါင္သန္း ၇၀ ဟာ မနည္းလွဘူးဆုိရင္ေတာင္ မ်ားလွတယ္လုိ႔ မဆုိင္ႏုိင္တဲ့ ဒီေန႔ေခတ္ ေဈးကြက္ေပါက္ေဈးလည္းျဖစ္ေနပါတယ္။

ဘာမင္ဂမ္အေျခစိုက္အသင္းရဲ႕ လက္ရွိေျခစြမ္းနဲ႔ နည္းျပ ဒင္းန္ စမစ္ရဲ႕ နည္းဗ်ဴဟာေတြအရေတာ့ အက္စတန္ဗီလာအသင္းဟာ ပရီးမီးယားလိဂ္မွာ တန္းဆင္းဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းလည္းျဖစ္ေနၿပီး ဝတ္ဖို႔ဒ္၊ ဘုန္းေမာက္၊ ဝက္စ္ဟမ္း၊ ဘ႐ိုက္တန္တုိ႔အေနနဲ႔ကေတာ့ အဆင့္ ၁၈ ေနရာကို ေရွာင္လႊဲႏုိင္ဖို႔ လုပ္ေဆာင္ၾကရမွာလည္းျဖစ္ပါတယ္။

အသက္အရြယ္အရ ရင့္က်က္တည္ၿငိမ္မွဳ အျပည့္အဝရွိေနၿပီး တစ္ဆင့္ျမင့္မားတဲ့ ရည္မွန္းခ်က္ေတြနဲ႔ ဗီလာလိုအသင္းမ်ဳိးကေန ထြက္ခြာဖြယ္ရွိေနတဲ့ ဂရီးလစ္ရွ္ကို အာဆင္နယ္နဲ႔ လီဗာပူးလ္တုိ႔ကလည္း စိတ္ဝင္စားေနၿပီး ဘဏၰာေရးအေျခအေနအရေတာ့ ယူႏုိက္တက္အေနနဲ႔ လီဗာပူးလ္နဲ႔သာ ၿပဳိင္ဆုိင္ရဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ တန်းဆင်းဇုန်မှာ ရုန်းကန်နေခဲ့ရတဲ့ အက်စတန်ဗီလာအသင်းရဲ့ ကွင်းလယ်လူနဲ့ အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ကို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အထိ ပေးချေပြီး ခေါ်ယူသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဗီလာအသင်းရဲ့ ရလဒ်တွေ မကောင်းပေမယ့်လည်း ခြေစွမ်းကျဆင်းခြင်း မရှိတဲ့ ဂရီးလစ်ရှ်ကို လာမယ့်ရာသီ မန်ချက်စတာယူနိုက်တက်ကွင်းလယ်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့အတူ တွဲဖက်အသုံးပြုဖို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက အလိုရှိနေတာဖြစ်ပြီး ဘုတ်အဖွဲ့ကလည်း ထောက်ခံမှု ပေးထားတယ်လို့ ဆိုပါတယ်။

ဒီအသက် ၂၄ နှစ်အရွယ် အင်္ဂလိပ်ကွင်းလယ်လူဟာ ဗီလာပါ့ခ်မှာ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးပြီး စာချုပ်မှာ ဖျက်သိမ်းကြေး ထည့်သွင်းထားတာ မရှိသလို ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးအဖြစ် မှတ်ပုံတင်နိုင်မှာလည်းဖြစ်တဲ့အတွက် သူ့အတွက် ပေါင်သန်း ၇၀ ဟာ မနည်းလှဘူးဆိုရင်တောင် များလှတယ်လို့ မဆိုင်နိုင်တဲ့ ဒီနေ့ခေတ် ဈေးကွက်ပေါက်ဈေးလည်းဖြစ်နေပါတယ်။

ဘာမင်ဂမ်အခြေစိုက်အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ နည်းပြ ဒင်းန် စမစ်ရဲ့ နည်းဗျူဟာတွေအရတော့ အက်စတန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်မှာ တန်းဆင်းဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းလည်းဖြစ်နေပြီး ဝတ်ဖို့ဒ်၊ ဘုန်းမောက်၊ ဝက်စ်ဟမ်း၊ ဘရိုက်တန်တို့အနေနဲ့ကတော့ အဆင့် ၁၈ နေရာကို ရှောင်လွှဲနိုင်ဖို့ လုပ်ဆောင်ကြရမှာလည်းဖြစ်ပါတယ်။

အသက်အရွယ်အရ ရင့်ကျက်တည်ငြိမ်မှု အပြည့်အဝရှိနေပြီး တစ်ဆင့်မြင့်မားတဲ့ ရည်မှန်းချက်တွေနဲ့ ဗီလာလိုအသင်းမျိုးကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဂရီးလစ်ရှ်ကို အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကလည်း စိတ်ဝင်စားနေပြီး ဘဏ္ဏာရေးအခြေအနေအရတော့ ယူနိုက်တက်အနေနဲ့ လီဗာပူးလ်နဲ့သာ ပြိုင်ဆိုင်ရဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.