Premier League UCL&UEL

ပုံမွန္ႀကံ့ခိုင္မွဳနဲ႔ နီးစပ္လာေနၿပီး အက္သလက္တီကိုနဲ႔ပြဲမွာ ပါဝင္ႏုိင္ဖို႔ နီးစပ္ေနတဲ့ ဟန္ဒါဆန္

အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ ပထမအေက်ာ့ အေဝးကြင္းပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့တဲ့ လီဗာပူးလ္အသင္းေခါင္းေဆာင္ကြင္းလယ္လူ ေဂ်ာ္ဒန္ ဟန္ဒါဆန္အေနနဲ႔ ႀကံ့ခိုင္မွဳ ျပည့္ဝဖို႔ နီးစပ္လာခဲ့ၿပီျဖစ္ၿပီး လာမယ့္ ၂၄ နာရီအတြင္းမွာ အေျပာင္းအလဲတစ္စုံတစ္ရာမရွိခဲ့ရင္ ဒုတိယအေက်ာ့ အန္းဖီးလ္ပြဲစဥ္မွာ ပါဝင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

ပထမအေက်ာ့က မက္ဒရစ္ၿမဳိ႕မွာ ရရွိခဲ့တဲ့ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လက္ရွိအခ်ိန္အထိ လီဗာပူးလ္အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ ထားခဲ့တဲ့ ဟန္ဒါဆင္မပါဝင္တဲ့ အသင္းရဲ႕ ကြင္းလယ္ကေတာ့ နားလည္မွဳနဲ႔ ဟန္ခ်က္ေပ်ာက္ဆုံးေနတာ သိသာလြန္းခဲ့ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ ကိုယ္တုိင္ အေျဖရွာမေတြ႕ေသးတာလည္းျဖစ္ပါတယ္။

ဟန္ဒါဆန္မပါဝင္တဲ့ကြင္းလယ္မွာ ခ်ိမ္ဘာလိန္၊ ဗိန္နယ္လ္ဒြမ္နဲ႔ ဖာဘင္ဟိုတုိ႔ဟာ အသင္းရဲ႕ ခံစစ္တန္းေရွ႕မွာ အကာအကြယ္ ပ်က္ယြင္းေစၿပီး ဒီေနရာအတြက္ ဝါရင့္ကြင္းလယ္လူ လယ္လာနာနဲ႔ အစားထိုးသုံးစြဲၾကည့္ေပမယ့္လည္း အသင္းေခါင္းေဆာင္ပါဝင္ေနခ်ိန္ေလာက္ေတာ့ အဆင္မေျပႏုိင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ ဟန္ဒါဆန္ရဲ႕ ဒဏ္ရာအခ်ိန္မီသက္သာလာတဲ့ သတင္းက အားတက္စရာလည္းျဖစ္ၿပီး ခ်န္ပီယံလိဂ္ ဖလားကို ကာကြယ္ရမယ့္ သူတုိ႔အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ကို စိတ္ခ်ႏုိင္ခ်ိန္မွာ ထပ္မံအားထည့္ေတာ့မွာလည္းျဖစ္လို႔ ဒီအသက္ ၂၉ ႏွစ္အရြယ္ အဂၤလန္သားရဲ႕ ေမာင္းႏွင္မွဳက အခရာက်လာေတာ့မွာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဖလားကို မကိုင္ေျမႇာက္ႏုိင္လုိက္တဲ့ အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္ကို တစ္နည္းတစ္လမ္းနဲ႔ အစားထိုးမွဳလည္း ျဖစ္ေနၿပီး ဂ်ရတ္ကိုယ္တုိင္ရဲ႕ ခ်ီးက်ဴးမွဳေတြ ရရွိထားတဲ့ ဟန္ဒါဆန္အေနနဲ႔ ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္နဲ႔ အက္သလက္တီကိုနဲ႔ပြဲစဥ္မွာ ပါဝင္လာဖို႔ နီးစပ္ေနၿပီး ဂိုးသမား အယ္လီဆန္ကေတာ့ ကစားဖို႔ ရာခိုင္ႏွဳန္းအလြန္နည္းပါးေနေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ လီဗာပူးလ်အသင်းခေါင်းဆောင်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်အနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝဖို့ နီးစပ်လာခဲ့ပြီဖြစ်ပြီး လာမယ့် ၂၄ နာရီအတွင်းမှာ အပြောင်းအလဲတစ်စုံတစ်ရာမရှိခဲ့ရင် ဒုတိယအကျော့ အန်းဖီးလ်ပွဲစဉ်မှာ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပထမအကျော့က မက်ဒရစ်မြို့မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် လက်ရှိအချိန်အထိ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော် ထားခဲ့တဲ့ ဟန်ဒါဆင်မပါဝင်တဲ့ အသင်းရဲ့ ကွင်းလယ်ကတော့ နားလည်မှုနဲ့ ဟန်ချက်ပျောက်ဆုံးနေတာ သိသာလွန်းခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ် ကိုယ်တိုင် အဖြေရှာမတွေ့သေးတာလည်းဖြစ်ပါတယ်။

ဟန်ဒါဆန်မပါဝင်တဲ့ကွင်းလယ်မှာ ချိမ်ဘာလိန်၊ ဗိန်နယ်လ်ဒွမ်နဲ့ ဖာဘင်ဟိုတို့ဟာ အသင်းရဲ့ ခံစစ်တန်းရှေ့မှာ အကာအကွယ် ပျက်ယွင်းစေပြီး ဒီနေရာအတွက် ဝါရင့်ကွင်းလယ်လူ လယ်လာနာနဲ့ အစားထိုးသုံးစွဲကြည့်ပေမယ့်လည်း အသင်းခေါင်းဆောင်ပါဝင်နေချိန်လောက်တော့ အဆင်မပြေနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

လီဗာပူးလ်ပရိသတ်တွေအတွက်တော့ ဟန်ဒါဆန်ရဲ့ ဒဏ်ရာအချိန်မီသက်သာလာတဲ့ သတင်းက အားတက်စရာလည်းဖြစ်ပြီး ချန်ပီယံလိဂ် ဖလားကို ကာကွယ်ရမယ့် သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကို စိတ်ချနိုင်ချိန်မှာ ထပ်မံအားထည့်တော့မှာလည်းဖြစ်လို့ ဒီအသက် ၂၉ နှစ်အရွယ် အင်္ဂလန်သားရဲ့ မောင်းနှင်မှုက အခရာကျလာတော့မှာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလားကို မကိုင်မြှောက်နိုင်လိုက်တဲ့ အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်ကို တစ်နည်းတစ်လမ်းနဲ့ အစားထိုးမှုလည်း ဖြစ်နေပြီး ဂျရတ်ကိုယ်တိုင်ရဲ့ ချီးကျူးမှုတွေ ရရှိထားတဲ့ ဟန်ဒါဆန်အနေနဲ့ ဘယ်နောက်ခံလူ ရောဘတ်ဆန်နဲ့ အက်သလက်တီကိုနဲ့ပွဲစဉ်မှာ ပါဝင်လာဖို့ နီးစပ်နေပြီး ဂိုးသမား အယ်လီဆန်ကတော့ ကစားဖို့ ရာခိုင်နှုန်းအလွန်နည်းပါးနေကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.