Premier League

12 Feb နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု


– အက်ဖ်အေဖလား ဘန်စလေနဲ့ ပွဲမှာ နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ အမှားသုံးခု ကျူးလွန်ခဲ့ပြီး ခံစစ်ကို အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ခြင်း၊ တိုက်စစ်မှာ ဗျူဟာချထားပုံ အားနည်းပြီး ဂိုးရဖို့ ခက်ခဲခဲ့ခြင်း၊ အားနည်းတဲ့ ပြိုင်ဘက်ကို ဖိကစားရမယ့်အစား လေးစားမှု ထားလွန်းပြီး အမှားစောင့်ကစားခဲ့တာတွေဖြစ်တယ်လို့ ဒေးလီးစတားသုံးသပ်။


– ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ချဲလ်ဆီးအသင်းက ခေါ်ယူခဲ့တဲ့ သူ့ရဲ့ လက်ရွေးစင်အသင်းဖော်တွေဖြစ်ကြတဲ့ တိုက်စစ်မှူး တီမို ဗာနာနဲ့ ကွင်းလယ်လူ ခိုင် ဟာဗတ်ဇ်တို့ဟာ အရည်အသွေးကောင်းတွေ ရှိကြပြီး မကြာခင်မှာပဲ ခြေစွမ်းပြမယ်လို့ ယုံကြည်ကြောင်း နောက်ခံလူ အန်တိုနီယို ရူဒီဂါပြောကြား။


– လူမှုမီဒီယာတွေက ချဲလ်ဆီးပရိသတ်တွေကြားမှာ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ အနိုင်ဂိုးအတွက်ရော ကာကွယ်ဖျက်ထုတ်မှုမှာပါ ကောင်းမွန်ခဲ့တဲ့ ကြိုးစားကစားပုံကို သဘောကျနေကြပြီး ဘန်စလေနဲ့ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ချီးကျူးခဲ့ကြ။


– ချဲလ်ဆီးအသင်းရဲ့ ညာနောက်ခံလူဟောင်း ဂလင်း ဂျွန်ဆန်က ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာမယ့် နောက်ခံလူ ဒေးဗစ် အလာဘာကို ခေါ်ယူဖို့ အသင်းဟောင်းဆီ တိုက်တွန်းလိုက်ပြီး တောင်ပံနဲ့ ဗဟိုမှာ နေရာစုံ အသုံးပြုနိုင်တဲ့ သြစတြီးယားလက်ရွေးစင်ရဲ့ အသုံးဝင်မှုကို ထောက်ပြခဲ့။


– ဝက်စ်ဘရွန်းအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ပရိသတ်တွေ မျက်စိကျစရာ ခြေစွမ်းတချို့ကို ပြသနိုင်ခဲ့သလို ပရီးမီးယားလိဂ် သွင်းဂိုး ၂ ဂိုး ရယူထားနိုင်ခဲ့တဲ့ ကွင်းလယ်လူ ကွန်နာ ဂယ်လက်ဂါအနေနဲ့ ဒီပြိုင်ပွဲမှာ ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ မိခင်အသင်း ချဲလ်ဆီးကို ရည်ရွယ်ပြောကြားသွားခဲ့။

– ဘန်စလေနဲ့ ပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က မိမိတို့အသင်းဟာ တစ်ဖက်အသင်းအပေါ် လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ကြောင်းနဲ့ အသင်းလိုက် ကစားအား မတင်နိုင်ခဲ့ဘဲ အရှိန်အဟုန် ပျောက်ဆုံးနေခဲ့ကြောင်း ဝန်ခံပြောကြားသွားခဲ့။


– လာမယ့် နွေရာသီမှာ အင်တာမီလန်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်ကို ဂျော်ဂျင်ညိုနဲ့ လဲလှယ်ဖို့ အဆိုပြုနေပြီး နည်းပြသစ် တူဟယ်လ်လက်ထက်မှာ ၃-၄-၃ ပုံစံကို ပြောင်းလဲသွားခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့တော့ အကျိုးရှိတဲ့ ခေါ်ယူမှုဖြစ်လာဖို့ သံသယဖြစ်ဖွယ်ရှိနေ။


– စီးရီးအေ အင်အားကြီးကလပ်အသင်းတွေဖြစ်ကြတဲ့ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတွေအနေနဲ့ ချဲလ်ဆီးအသင်းမှာ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဟာကင်းမ် ဇီးယက်ရှ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး အင်္ဂလန်မြေနဲ့ အသားမကျတဲ့ မော်ရိုကိုသားကို ရာသီကုန်မှာ ကြိုးစားသွားဖို့ စီစဉ်နေကြ။


– ဘန်စလေအသင်းရဲ့ နည်းပြ ဗလာရီယန် အစ္စမေးလ်က ချဲလ်ဆီးအသင်းရဲ့ တစ်လုံးတည်းသောဂိုးကို တိုက်စစ်မှူး အေဘရာဟမ် သွင်းယူချိန်မှာ လူကျွံနေတယ်လို့ ယူဆနေပြီး သူတို့ကွင်းမှာ VAR မရှိတာ နာကြောင်း ဝေဖန်ခဲ့ပေမယ့် ဘီဘီစီရဲ့ ပြန်လည်တင်ဆက်မှုမှာ ဒိုင်လူကြီးတွေအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း ပေါ်ထွက်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– အက္ဖ္ေအဖလား ဘန္စေလနဲ႔ ပြဲမွာ နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ အမွားသုံးခု က်ဴးလြန္ခဲ့ၿပီး ခံစစ္ကို အေျပာင္းအလဲမ်ားစြာ ျပဳလုပ္ခဲ့ျခင္း၊ တိုက္စစ္မွာ ဗ်ဴဟာခ်ထားပုံ အားနည္းၿပီး ဂိုးရဖို႔ ခက္ခဲခဲ့ျခင္း၊ အားနည္းတဲ့ ၿပိဳင္ဘက္ကို ဖိကစားရမယ့္အစား ေလးစားမႈ ထားလြန္းၿပီး အမွားေစာင့္ကစားခဲ့တာေတြျဖစ္တယ္လို႔ ေဒးလီးစတားသုံးသပ္။


– ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္းမွာ ခ်ဲလ္ဆီးအသင္းက ေခၚယူခဲ့တဲ့ သူ႔ရဲ႕ လက္ေ႐ြးစင္အသင္းေဖာ္ေတြျဖစ္ၾကတဲ့ တိုက္စစ္မႉး တီမို ဗာနာနဲ႔ ကြင္းလယ္လူ ခိုင္ ဟာဗတ္ဇ္တို႔ဟာ အရည္အေသြးေကာင္းေတြ ရွိၾကၿပီး မၾကာခင္မွာပဲ ေျခစြမ္းျပမယ္လို႔ ယုံၾကည္ေၾကာင္း ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါေျပာၾကား။


– လူမႈမီဒီယာေတြက ခ်ဲလ္ဆီးပရိသတ္ေတြၾကားမွာ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ရဲ႕ အႏိုင္ဂိုးအတြက္ေရာ ကာကြယ္ဖ်က္ထုတ္မႈမွာပါ ေကာင္းမြန္ခဲ့တဲ့ ႀကိဳးစားကစားပုံကို သေဘာက်ေနၾကၿပီး ဘန္စေလနဲ႔ပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ခ်ီးက်ဴးခဲ့ၾက။


– ခ်ဲလ္ဆီးအသင္းရဲ႕ ညာေနာက္ခံလူေဟာင္း ဂလင္း ဂြၽန္ဆန္က ဘိုင္ယန္ျမဴးနစ္အသင္းကေန ထြက္ခြာမယ့္ ေနာက္ခံလူ ေဒးဗစ္ အလာဘာကို ေခၚယူဖို႔ အသင္းေဟာင္းဆီ တိုက္တြန္းလိုက္ၿပီး ေတာင္ပံနဲ႔ ဗဟိုမွာ ေနရာစုံ အသုံးျပဳႏိုင္တဲ့ ၾသစႀတီးယားလက္ေ႐ြးစင္ရဲ႕ အသုံးဝင္မႈကို ေထာက္ျပခဲ့။


– ဝက္စ္ဘ႐ြန္းအသင္းမွာ အငွားနဲ႔ သြားေရာက္ကစားခဲ့ၿပီး ပရိသတ္ေတြ မ်က္စိက်စရာ ေျခစြမ္းတခ်ိဳ႕ကို ျပသႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ သြင္းဂိုး ၂ ဂိုး ရယူထားႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ကြန္နာ ဂယ္လက္ဂါအေနနဲ႔ ဒီၿပိဳင္ပြဲမွာ ကစားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ မိခင္အသင္း ခ်ဲလ္ဆီးကို ရည္႐ြယ္ေျပာၾကားသြားခဲ့။

– ဘန္စေလနဲ႔ ပြဲအၿပီးမွာ ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္က မိမိတို႔အသင္းဟာ တစ္ဖက္အသင္းအေပၚ လႊမ္းမိုးႏိုင္ျခင္း မရွိခဲ့ေၾကာင္းနဲ႔ အသင္းလိုက္ ကစားအား မတင္ႏိုင္ခဲ့ဘဲ အရွိန္အဟုန္ ေပ်ာက္ဆုံးေနခဲ့ေၾကာင္း ဝန္ခံေျပာၾကားသြားခဲ့။


– လာမယ့္ ေႏြရာသီမွာ အင္တာမီလန္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္ကို ေဂ်ာ္ဂ်င္ညိဳနဲ႔ လဲလွယ္ဖို႔ အဆိုျပဳေနၿပီး နည္းျပသစ္ တူဟယ္လ္လက္ထက္မွာ ၃-၄-၃ ပုံစံကို ေျပာင္းလဲသြားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ေတာ့ အက်ိဳးရွိတဲ့ ေခၚယူမႈျဖစ္လာဖို႔ သံသယျဖစ္ဖြယ္ရွိေန။


– စီးရီးေအ အင္အားႀကီးကလပ္အသင္းေတြျဖစ္ၾကတဲ့ ေအစီမီလန္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြအေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူ ဟာကင္းမ္ ဇီးယက္ရွ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကၿပီး အဂၤလန္ေျမနဲ႔ အသားမက်တဲ့ ေမာ္႐ိုကိုသားကို ရာသီကုန္မွာ ႀကိဳးစားသြားဖို႔ စီစဥ္ေနၾက။


– ဘန္စေလအသင္းရဲ႕ နည္းျပ ဗလာရီယန္ အစၥေမးလ္က ခ်ဲလ္ဆီးအသင္းရဲ႕ တစ္လုံးတည္းေသာဂိုးကို တိုက္စစ္မႉး ေအဘရာဟမ္ သြင္းယူခ်ိန္မွာ လူကြၽံေနတယ္လို႔ ယူဆေနၿပီး သူတို႔ကြင္းမွာ VAR မရွိတာ နာေၾကာင္း ေဝဖန္ခဲ့ေပမယ့္ ဘီဘီစီရဲ႕ ျပန္လည္တင္ဆက္မႈမွာ ဒိုင္လူႀကီးေတြအေနနဲ႔ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ေၾကာင္း ေပၚထြက္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z