Premier League

12 Feb ညနေခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု


– မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်ကွင်းလယ်လူ ဖီးလ် ဖိုဒန်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲကို ပါဝင်နေပြီလို့ မြို့ခံပြိုင်ဘက်အသင်းရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်နီက အသင်းဟောင်းရဲ့ အမျက်ဒေါသကို ခံရနိုင်မှန်း သိလျက်နဲ့ မအောင့်အည်းနိုင်ဘဲ ချီးကျူးသွားခဲ့။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်မှာတော့ ပွဲကျပ်ရင်ဆိုင်ရတော့မှာဖြစ်ပြီး သူတို့အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကိုဗစ်နှောင့်ယှက်မှုကြောင့် မကစားရသေးတဲ့ အဲဗာတန်အသင်းနဲ့ အဝေးကွင်း ဂွတ်ဒီဆန်ပါ့ခ်မှာ သွားရောက် ကစားရဖို့ရှိနေ။


– ဂျက်ခ် ဂရီးလစ်ရှ်နဲ့ ဖီးလ် ဖိုဒန်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူနှစ်ဦးဖြစ်ပြီး မိမိတို့အနေနဲ့ ဗီလာနဲ့ မန်စီးတီး ကွင်းလယ်လူနှစ်ဦးကို ဒီပြိုင်ပွဲမှာ ပိုင်ဆိုင်ထားတာနဲ့ နှစ်ဦးစလုံးဟာ အင်္ဂလန်ကို ကိုယ်စားပြုနေတာဟာ ကြီးမားတဲ့ ကံကောင်းမှုဖြစ်ကြောင်း ဂျွန်တယ်ရီ ပြောကြား။


– ဆွမ်းဆီးနဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ကွင်းလယ်လူ ရိုဒရီအနေနဲ့ နောက်ပွဲအမီ ပြန်ကောင်းနိုင်လိမ့်မယ်လို့ ယူဆကြောင်းနဲ့ ဖာနန်ဒင်ညိုမှာ ဒဏ်ရာပြဿနာအနည်းငယ်နဲ့ ရူဘင် ဒီယက်စ်ကတော့ အဖျားဝေဒနာကြောင့် ဝမ်းဗိုက်မှာ ဝေဒနာခံစားနေရတယ်လို့ နည်းပြ ဂွါဒီယိုလာ ရှင်းလင်းသွား။


– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘိုရုရှား မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူ ဖလိုရီယန် နွိုင်ဟော့စ်ကို လီဗာပူးလ်အသင်းနဲ့အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပြီး သူတို့နှစ်သင်းကို ဒေါ့မွန်အသင်းကလည်း ဒါဘီပြိုင်ဘက်အသင်းဆီက ခေါ်ယူဖို့ ပြိုင်ဆိုင်လာဖွယ်ရှိနေ။


– မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ လာမယ့် မတ်လဆန်းပိုင်းမှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခြေ ရှိနေပြီး တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအတွက်တော့ ဘာမှ ရေရေရာရာ မပြောနိုင်သေးသလို အသင်းမှာလည်း သူ့ရဲ့ အခန်းကဏ္ဍက လျော့ကျနေပြီး ပရိသတ်တွေကြားမှာလည်း စိတ်ဝင်စားမှု နည်းပါးနေ။


– ပက်ပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းသွားဖွယ်ရှိနေပြီး ဇာတာကျနေသလို ခံစစ်မှာ အမှားအယွင်းများစွာနဲ့ ပေးဂိုးများနေခဲ့တဲ့ ဂျိုဆေး မော်ရင်ညိုရဲ့ စပါးစ်အသင်းကို ပထမအကျော့ ရလဒ်အတွက် လက်စားချေသွားဖို့ ရှိနေတယ်လို့ AFP ရေးသား။


– ကမ္ဘာ့ကလပ်ချန်ပီယံဆုကို ဆွတ်ခူးပြီး တစ်နှစ်အတွင်းမှာ ဖလား ၆ လုံး ဆက်တိုက်ရရှိခဲ့တဲ့ စံချိန်ကို ရရှိသွားခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ်ကို နည်းပြ ဂွါဒီယိုလာက ချီးကျူးလိုက်ပြီး သူနဲ့ ၆ လုံးသမားချင်း ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ လီယွန်နယ် မက်ဆီကို သူခေါ်ပြီး ၇ လုံးမြောက်ဖလားအတွက် ကြိုက်တဲ့ အချိန်နဲ့ နေရာမှာ ကစားမယ်လို့ ဆိုလိုက်တဲ့ စကားကြောင့် အာဂျင်တီးနားသားအတွက် အပြောင်းအရွှေ့ ခန့်မှန်းမှု မြင့်တက်လာခဲ့။


– လီဗာပူးလ်အသင်းက စိတ်ဝင်စားနေခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ဘရာဇီးလ်လူငယ်တိုက်စစ်မှူး ကေကီကို ခေါ်ယူဖို့ မန်စီးတီးဘက်က စိတ်ဝင်စားနေပြီး ဖလူမီနန်စီအသင်းအနေနဲ့ နေမာလက်သစ်လို့ ဆိုထားခဲ့တဲ့ ချာတိတ်အတွက် ပေါင် ၁၅ သန်း ဝန်းကျင်နဲ့ လက်လွှတ်သွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z