Premier League

12 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


– မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ် ပါကားက လက်ရှိအသင်းခေါင်းဆောင် နောက်ခံလူ ဟာရီ မက်ဂွိုင်းယားဟာ သူ့အတွက်သာ သူကစားတတ်ပြီး အသင်းဖော်တွေအပေါ် ဦးဆောင်နိုင်သူမဟုတ်တာကြောင့် အမြန်ဆုံး လူသစ်တစ်ယောက်ကို ပြောင်းလဲခန့်အပ်တာဝန်ပေးဖို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို တိုက်တွန်းသွား။


– စပိန်အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ နောက်ဆုတ်ရဖွယ်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ထပ်ပြီး စိတ်ပျက်စရာအဖြစ်ကို ရင်ဆိုင်ရဖို့ ရှိနေပြီး သူ့ကို လက်လွှတ်မယ့် ရီးရဲလ်မက်ဒရစ်အနေနဲ့ ဆီဗီလာနောက်ခံလူ ဂျူးလ် ကွန်ဒီကို ခေါ်ယူမှုမှာ လာရောက်နှောင့်ယှက်ဖို့ရှိနေ။


– ယူရိုပါလိဂ် ၃၂ အသင်းအဆင့် ရှုံးထွက်ပြိုင်ပွဲမှာ ရင်ဆိုင်ကစားရမယ့် ရီးရဲလ်ဆိုစီဒက်အသင်းရဲ့ အဓိကတိုက်စစ်မှူး မိုက်ကယ် အိုယာဇာဘယ်လ်အနေနဲ့ ပေါင်နောက်ကြောဒဏ်ရာကို ရရှိနေပြီး ပွဲစဉ်နှစ်ကျော့စလုံးကို လွဲချော်မှာဖြစ်လို့ အင်အားလျော့နည်းနေတဲ့ အသင်းကို ယူနိုက်တက်တို့ ကျော်ဖြတ်ဖို့ လွယ်ကူနိုင်ဖွယ်ရှိနေ။


– ပေါ့ဘာအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဘာမှ ပြောစရာမရှိဘဲ ရာသီအလယ်ကြီး ပွဲတွေ ကစားနေတုန်းမှာ ဘယ်သူ့ကိုမှ စိတ်လှုပ်ရှားစေမယ့် စကားတွေ မပြောချင်ဘူးလို့ မေးခွန်းတွေကို အေးဂျင့် ရိုင်ယိုလာ တုံ့ပြန်သွား။


– အေစီမီလန်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ဆီက အငှားခေါ်ယူထားတဲ့ နောက်ခံလူ ဒီယိုဂို ဒါလော့ကို သဘောကျနေပေမယ့် အပြီးသတ် ခေါ်ယူမှုကိုတော့ အလျင်စလို လုပ်ဦးမှာ မဟုတ်ဘဲ ရာသီကုန်အထိ စောင့်ဆိုင်းသွားဖို့ အားကစားဒါရိုက်တာ ပေါ်လို မာလ်ဒီနီက အစီအစဉ်ဆွဲထား။


– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကံကောင်းလို့သာ ဈေးကြီးပေးငှားပြီး အလုပ်မဖြစ်တဲ့ ဂါရက်သ် ဘေးလ်အစား အက်ဒင်ဆန် ကာဗာနီကို ခေါ်ယူဖြစ်ခဲ့တာဖြစ်ကြောင်း ပရိသတ်တွေက နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းကို ထိုးနှက်ခဲ့ကြ။

– အက်ဖ်အေဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်စတာစီးတီးကို အဝေးကွင်းပွဲကျပ်အဖြစ် ရင်ဆိုင်ကစားရဖို့ ပွဲစဉ်ရေးဆွဲခံခဲ့ရပြီး အလွယ်ကူဆုံးပြိုင်ဘက်တဲ့ ချန်ပီယံရှစ်ရဲ့ တစ်သင်းတည်းကျန် ဘုန်းမောက်အသင်းကိုတော့ ဆောက်သမ်တန်အသင်းက ရရှိသွားခဲ့။


– ဝက်စ်ဘရွန်းအသင်းနဲ့ ဟောသွန်းကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားသမားအများစု ကြံ့ခိုင်မှု ပြည့်ဝနေကြပြီး နောက်ခံလူ အဲရစ် ဘိုင်လီနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာတို့နှစ်ဦးတည်းသာ ဒဏ်ရာကြောင့် လွဲချော်မယ်လို့ သိရ။


– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ဝါရင့်ကွင်းလယ်လူ ဟွမ်မာတာနဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီတို့ရဲ့ နွေရာသီမှာ ကုန်ဆုံးမယ့် စာချုပ်တွေကို သက်တမ်းတိုးဖို့ လက်ရှိအချိန်အထိ လုပ်ဆောင်ရသေးခြင်းမရှိဘူးလို့ သတင်းထွက်ပေါ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:


– မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူေဟာင္း ေပါလ္ ပါကားက လက္ရွိအသင္းေခါင္းေဆာင္ ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားဟာ သူ႔အတြက္သာ သူကစားတတ္ၿပီး အသင္းေဖာ္ေတြအေပၚ ဦးေဆာင္ႏိုင္သူမဟုတ္တာေၾကာင့္ အျမန္ဆုံး လူသစ္တစ္ေယာက္ကို ေျပာင္းလဲခန႔္အပ္တာဝန္ေပးဖို႔ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကို တိုက္တြန္းသြား။


– စပိန္အသင္းေခါင္းေဆာင္ ဆာဂ်ီယို ရာမို႔စ္ကို ေခၚယူဖို႔ ၿပိဳင္ပြဲမွာ ေနာက္ဆုတ္ရဖြယ္ရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ထပ္ၿပီး စိတ္ပ်က္စရာအျဖစ္ကို ရင္ဆိုင္ရဖို႔ ရွိေနၿပီး သူ႔ကို လက္လႊတ္မယ့္ ရီးရဲလ္မက္ဒရစ္အေနနဲ႔ ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီကို ေခၚယူမႈမွာ လာေရာက္ေႏွာင့္ယွက္ဖို႔ရွိေန။


– ယူ႐ိုပါလိဂ္ ၃၂ အသင္းအဆင့္ ရႈံးထြက္ၿပိဳင္ပြဲမွာ ရင္ဆိုင္ကစားရမယ့္ ရီးရဲလ္ဆိုစီဒက္အသင္းရဲ႕ အဓိကတိုက္စစ္မႉး မိုက္ကယ္ အိုယာဇာဘယ္လ္အေနနဲ႔ ေပါင္ေနာက္ေၾကာဒဏ္ရာကို ရရွိေနၿပီး ပြဲစဥ္ႏွစ္ေက်ာ့စလုံးကို လြဲေခ်ာ္မွာျဖစ္လို႔ အင္အားေလ်ာ့နည္းေနတဲ့ အသင္းကို ယူႏိုက္တက္တို႔ ေက်ာ္ျဖတ္ဖို႔ လြယ္ကူႏိုင္ဖြယ္ရွိေန။


– ေပါ့ဘာအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ထြက္ခြာမယ္ဆိုတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ ဘာမွ ေျပာစရာမရွိဘဲ ရာသီအလယ္ႀကီး ပြဲေတြ ကစားေနတုန္းမွာ ဘယ္သူ႔ကိုမွ စိတ္လႈပ္ရွားေစမယ့္ စကားေတြ မေျပာခ်င္ဘူးလို႔ ေမးခြန္းေတြကို ေအးဂ်င့္ ႐ိုင္ယိုလာ တုံ႔ျပန္သြား။


– ေအစီမီလန္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ဆီက အငွားေခၚယူထားတဲ့ ေနာက္ခံလူ ဒီယိုဂို ဒါေလာ့ကို သေဘာက်ေနေပမယ့္ အၿပီးသတ္ ေခၚယူမႈကိုေတာ့ အလ်င္စလို လုပ္ဦးမွာ မဟုတ္ဘဲ ရာသီကုန္အထိ ေစာင့္ဆိုင္းသြားဖို႔ အားကစားဒါ႐ိုက္တာ ေပၚလို မာလ္ဒီနီက အစီအစဥ္ဆြဲထား။


– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ကံေကာင္းလို႔သာ ေဈးႀကီးေပးငွားၿပီး အလုပ္မျဖစ္တဲ့ ဂါရက္သ္ ေဘးလ္အစား အက္ဒင္ဆန္ ကာဗာနီကို ေခၚယူျဖစ္ခဲ့တာျဖစ္ေၾကာင္း ပရိသတ္ေတြက နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ထိုးႏွက္ခဲ့ၾက။

– အက္ဖ္ေအဖလားရဲ႕ ကြာတားဖိုင္နယ္အဆင့္မွာ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ လက္စတာစီးတီးကို အေဝးကြင္းပြဲက်ပ္အျဖစ္ ရင္ဆိုင္ကစားရဖို႔ ပြဲစဥ္ေရးဆြဲခံခဲ့ရၿပီး အလြယ္ကူဆုံးၿပိဳင္ဘက္တဲ့ ခ်န္ပီယံရွစ္ရဲ႕ တစ္သင္းတည္းက်န္ ဘုန္းေမာက္အသင္းကိုေတာ့ ေဆာက္သမ္တန္အသင္းက ရရွိသြားခဲ့။


– ဝက္စ္ဘ႐ြန္းအသင္းနဲ႔ ေဟာသြန္းကြင္းမွာ ယွဥ္ၿပိဳင္ကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကစားသမားအမ်ားစု ႀကံ့ခိုင္မႈ ျပည့္ဝေနၾကၿပီး ေနာက္ခံလူ အဲရစ္ ဘိုင္လီနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာတို႔ႏွစ္ဦးတည္းသာ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မယ္လို႔ သိရ။


– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဝါရင့္ကြင္းလယ္လူ ဟြမ္မာတာနဲ႔ တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီတို႔ရဲ႕ ေႏြရာသီမွာ ကုန္ဆုံးမယ့္ စာခ်ဳပ္ေတြကို သက္တမ္းတိုးဖို႔ လက္ရွိအခ်ိန္အထိ လုပ္ေဆာင္ရေသးျခင္းမရွိဘူးလို႔ သတင္းထြက္ေပၚလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z