Ligue1 UCL&UEL

အသင္းရဲ႕ တနလၤာေန႔ ထရိန္နင္ကုိ လည္ေခ်ာင္းနာၿပီး လြဲေခ်ာ္ေနခဲ့တဲ့ အမ္ဘာေပ

ပီအက္စ္ဂ်ီအသင္းရဲ႕ တနလၤာေန႔ ေလ့က်င့္ခန္းအစီအစဥ္ကို လည္ေခ်ာင္းနာတဲ့ ေဝဒနာေၾကာင့္ လြဲေခ်ာ္ခဲ့ရတဲ့ တုိက္စစ္မွဴး ကီလ်န္ အမ္ဘာေပအေနနဲ႔ လာမယ့္ ဗုဒၶဟူးေန႔ညမွာ ကစားမယ့္ ဘို႐ုရွားေဒါ့မြန္နဲ႔ အေရးႀကီးတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ပါဝင္လာႏုိင္ဖို႔ မေသခ်ာဘူးလို႔ ဆုိပါတယ္။

အမ္ဘာေပအေနနဲ႔ လည္ေခ်ာင္းနာေနတဲ့အျပင္ အဖ်ားေဝဒနာလည္း အနည္းငယ္ရွိေနေၾကာင္း ေဒါ့မြန္အသင္းကေန ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕လာခဲ့အၿပီးမွာ အသင္းေဟာင္းကို အသင္းသစ္ရဲ႕ကြင္းမွာ ျပန္လည္ဧည့္ခံရမယ့္ နည္းျပ တိုမတ္စ္ တူဟယ္ကလည္း အတည္ျပဳသြားခဲ့ပါတယ္။

ပထမအေက်ာ့မွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရွဳံးနိမ့္ထားခဲ့တဲ့ ပြဲစဥ္အတြက္ ဒီေန႔ပြဲမွာ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ေရွ႕က ဂိုးသြင္းႏုိင္ဖို႔ အေရးႀကီးေနသလို ခံစစ္ကလည္း ဂိုးေပးရနည္းဖို႔ သတိျပဳရမွာျဖစ္ၿပီး ေနာက္ဆုံးရရွိတဲ့ အေျခအေနေတြအရေတာ့ ကြင္းလယ္လူ မာကို ဗာရက္တီနဲ႔ ညာေနာက္ခံလူ ေသာမတ္စ္ မူနီေယးတို႔ဟာလည္း ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္မွာျဖစ္တယ္လို႔ ဆုိပါတယ္။

ပီအက္စ္ဂ်ီအသင္းအတြက္ ဒီရာသီ ၃၂ ပြဲ ကစားထားရာမွာ ဂိုး ၃၀ သြင္းယူထားႏုိင္ၿပီး ဖန္တီးမွဳ ၁၇ ႀကိမ္ ျပဳလုပ္ထားခဲ့တဲ့ အသက္ ၂၁ ႏွစ္ အရြယ္ တုိက္စစ္မွဴးအတြက္ေတာ့ နည္းျပ တူဟယ္အေနနဲ႔ ဒီပြဲမွာ မပါဝင္ႏုိင္ေတာ့ဘူးလို႔ေတာ့ အတည္မျပဳခဲ့ဘဲ ေနာက္ဆုံးအေျခအေနကို ေစာင့္ဆုိင္း ေနတယ္လုိ႔ သိရပါတယ္။

ပထမအေက်ာ့က ေဒါ့မြန္အသင္းရဲ႕ ဆယ္ေက်ာ္သက္တုိက္စစ္မွဴး အာလင္း ဟားလန္းရဲ႕ ပြဲျဖစ္ခဲ့သလို လာမယ့္ ဒုတိအေက်ာ့မွာ ပီအက္စ္ဂ်ီနဲ႔ ေအာင္ျမင္မွဳအႀကိမ္ႀကိမ္ ရယူထားႏုိင္တဲ့ အမ္ဘာေပရဲ႕ ပြဲျဖစ္မလားလုိ႔ ေမွ်ာ္လင့္ေနတဲ့ ပရိသတ္ေတြအတြက္ေတာ့ အနည္းငယ္ စိတ္ပ်က္စရာလည္း ျဖစ္ေနၿပီး ပါရီသားေတြရဲ႕ တုိက္စစ္ကိုေတာ့ ဝါရင့္တုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ ေနမာ၊ အီကာဒီနဲ႔ ကာဗာနီတုိ႔ကပဲ ဦးေဆာင္လာဖြယ္ရွိေၾကာင္းနဲ႔ သူ႕ကိုေတာ့ အရန္ခုံမွာ ျမင္ေတြ႕ႏိုင္ဖြယ္ရွိေၾကာင္းလည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပီအက်စ်ဂျီအသင်းရဲ့ တနင်္လာနေ့ လေ့ကျင့်ခန်းအစီအစဉ်ကို လည်ချောင်းနာတဲ့ ဝေဒနာကြောင့် လွဲချော်ခဲ့ရတဲ့ တိုက်စစ်မှူး ကီလျန် အမ်ဘာပေအနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် ဘိုရုရှားဒေါ့မွန်နဲ့ အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ပါဝင်လာနိုင်ဖို့ မသေချာဘူးလို့ ဆိုပါတယ်။

အမ်ဘာပေအနေနဲ့ လည်ချောင်းနာနေတဲ့အပြင် အဖျားဝေဒနာလည်း အနည်းငယ်ရှိနေကြောင်း ဒေါ့မွန်အသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လာခဲ့အပြီးမှာ အသင်းဟောင်းကို အသင်းသစ်ရဲ့ကွင်းမှာ ပြန်လည်ဧည့်ခံရမယ့် နည်းပြ တိုမတ်စ် တူဟယ်ကလည်း အတည်ပြုသွားခဲ့ပါတယ်။

ပထမအကျော့မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့တဲ့ ပွဲစဉ်အတွက် ဒီနေ့ပွဲမှာ ပီအက်စ်ဂျီအသင်းအနေနဲ့ ရှေ့က ဂိုးသွင်းနိုင်ဖို့ အရေးကြီးနေသလို ခံစစ်ကလည်း ဂိုးပေးရနည်းဖို့ သတိပြုရမှာဖြစ်ပြီး နောက်ဆုံးရရှိတဲ့ အခြေအနေတွေအရတော့ ကွင်းလယ်လူ မာကို ဗာရက်တီနဲ့ ညာနောက်ခံလူ သောမတ်စ် မူနီယေးတို့ဟာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် ဒီရာသီ ၃၂ ပွဲ ကစားထားရာမှာ ဂိုး ၃၀ သွင်းယူထားနိုင်ပြီး ဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားခဲ့တဲ့ အသက် ၂၁ နှစ် အရွယ် တိုက်စစ်မှူးအတွက်တော့ နည်းပြ တူဟယ်အနေနဲ့ ဒီပွဲမှာ မပါဝင်နိုင်တော့ဘူးလို့တော့ အတည်မပြုခဲ့ဘဲ နောက်ဆုံးအခြေအနေကို စောင့်ဆိုင်း နေတယ်လို့ သိရပါတယ်။

ပထမအကျော့က ဒေါ့မွန်အသင်းရဲ့ ဆယ်ကျော်သက်တိုက်စစ်မှူး အာလင်း ဟားလန်းရဲ့ ပွဲဖြစ်ခဲ့သလို လာမယ့် ဒုတိအကျော့မှာ ပီအက်စ်ဂျီနဲ့ အောင်မြင်မှုအကြိမ်ကြိမ် ရယူထားနိုင်တဲ့ အမ်ဘာပေရဲ့ ပွဲဖြစ်မလားလို့ မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက်တော့ အနည်းငယ် စိတ်ပျက်စရာလည်း ဖြစ်နေပြီး ပါရီသားတွေရဲ့ တိုက်စစ်ကိုတော့ ဝါရင့်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ နေမာ၊ အီကာဒီနဲ့ ကာဗာနီတို့ကပဲ ဦးဆောင်လာဖွယ်ရှိကြောင်းနဲ့ သူ့ကိုတော့ အရန်ခုံမှာ မြင်တွေ့နိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.