Bundesliga La Liga Ligue1 Premier League Serie A

ေအာင္ျမင္မွဳေတြနဲ႔အတူ တစ္ႏွစ္လုပ္ခစာရင္းခ်ဳပ္မွာ ပဥၥမေျမာက္အမ်ားဆုံးအသင္းျဖစ္လာခဲ့တဲ့ လီဗာပူးလ္

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ လက္တစ္ကမ္းအလိုမွာ ေရာက္ရွိေနတဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ေအာင္ျမင္မွဳေတြနဲ႔အတူ ကစားသမားေတြရဲ႕ လစာေငြအသုံးစရိတ္ေတြလည္း ျမင့္တက္လာခဲ့ၿပီး တစ္ႏွစ္စာ စာရင္းခ်ဳပ္ရာမွာ ကမာၻ႕ပဥၥမေျမာက္အမ်ားဆုံး လစာေငြကို သုံးစြဲေနရတဲ့အသင္း ျဖစ္လာခဲ့ပါတယ္။

ဒါဟာ ေနာက္ဆုံးတစ္ႏွစ္တာအတြင္း လစာေငြအေနနဲ႔ ရာခိုင္ႏွဳန္းအရၾကည့္ရင္ ၁၇.၅ ရာခိုင္ႏွဳန္း တုိးတက္လာခဲ့တာျဖစ္ၿပီး ကမာၻ႕အေကာင္းဆုံး ကစားသမားအခ်ဳိ႕ကို ထိန္းသိမ္းေနရတဲ့အတြက္လည္းျဖစ္ႏုိင္သလို ေအာင္ျမင္မွဳေတြအရ လစာေငြ တုိးျမႇင့္ေပးၿပီး ဂုဏ္ျပဳခဲ့ရတာလည္း ေပါင္သန္း ၃၁၀ ဆုိတဲ့ ပမာဏကို ေရာက္ရွိလာတာလည္းျဖစ္ႏုိင္ပါတယ္။

ဒါေပမယ့္ လီဗာပူးလ္အသင္းရဲ႕ လစာေငြဟာ ဘာစီလိုနာအသင္းနဲ႔ ယွဥ္ရင္ေတာ့ ေပါင္သန္း ၁၀၀ ေက်ာ္ ကြာဟေနေသးၿပီး ကာတာလန္ အသင္းရဲ႕ ေပါင္ ၄၃၈ သန္းဆုိတဲ့ ပမာဏဟာ ဒုတိယေနရာက မန္ခ်က္စတာယူႏုိက္တက္ထက္ ေပါင္ ၁၀၆ သန္းေတာင္မွ မ်ားျပားေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

လစာေငြသုံးစြဲမွဳ အျမင့္မားဆုံးစာရင္းမွာ မန္ခ်က္စတာစီးတီးအသင္းက ေပါင္ ၃၁၅ သန္းနဲ႔ တတိယ၊ ရီးရဲလ္မက္ဒရစ္အသင္းက ေပါင္ ၃၁၂ သန္းနဲ႔ စတုတၳေနရာမွာ ရွိေနခဲ့ၿပီး လီဗာပူးလ္အသင္းကေတာ့ ဒီထက္ ေပါင္ ၂ သန္း ပုိမိုနည္းပါးခဲ့သလို ထိပ္ဆုံး ၅ သင္းထဲမွာ ပရီးမီးယားလိဂ္ ၃ သင္း ပါဝင္ေနခဲ့တာလည္းျဖစ္ပါတယ္။

က်န္တဲ့အမ်ားဆုံး ၁၀ သင္း စာရင္းထဲမွာ ပါဝင္ခဲ့တာကေတာ့ ဘုိင္ယန္ျမဴးနစ္ – ေပါင္ ၂၉၂ သန္း၊ ပီအက္စ္ဂ်ီ – ေပါင္သန္း ၂၉၀၊ ခ်ဲလ္ဆီး – ေပါင္ ၂၈၅ သန္း၊ ဂ်ဴဗင္တပ္စ္ – ေပါင္ ၂၈၁ သန္းနဲ႔ အာဆင္နယ္အသင္း – ေပါင္သန္း ၂၃၀ တုိ႔ျဖစ္ၾကၿပီး ဒီစာရင္းေတြထဲမွာ ေအာင္ျမင္မွဳေတြေၾကာင့္ ေပးအပ္ခဲ့ရတဲ့ ဆုေၾကးေငြေတြကိုလည္း ထည့္သြင္းတြက္ခ်က္ထားခဲ့တယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်တစ်ကမ်းအလိုမှာ ရောက်ရှိနေတဲ့ လီဗာပူးလ်အသင်းအနေနဲ့ အောင်မြင်မှုတွေနဲ့အတူ ကစားသမားတွေရဲ့ လစာငွေအသုံးစရိတ်တွေလည်း မြင့်တက်လာခဲ့ပြီး တစ်နှစ်စာ စာရင်းချုပ်ရာမှာ ကမ္ဘာ့ပဉ္စမမြောက်အများဆုံး လစာငွေကို သုံးစွဲနေရတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။

ဒါဟာ နောက်ဆုံးတစ်နှစ်တာအတွင်း လစာငွေအနေနဲ့ ရာခိုင်နှုန်းအရကြည့်ရင် ၁၇.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားအချို့ကို ထိန်းသိမ်းနေရတဲ့အတွက်လည်းဖြစ်နိုင်သလို အောင်မြင်မှုတွေအရ လစာငွေ တိုးမြှင့်ပေးပြီး ဂုဏ်ပြုခဲ့ရတာလည်း ပေါင်သန်း ၃၁၀ ဆိုတဲ့ ပမာဏကို ရောက်ရှိလာတာလည်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်းရဲ့ လစာငွေဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ရင်တော့ ပေါင်သန်း ၁၀၀ ကျော် ကွာဟနေသေးပြီး ကာတာလန် အသင်းရဲ့ ပေါင် ၄၃၈ သန်းဆိုတဲ့ ပမာဏဟာ ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်ထက် ပေါင် ၁၀၆ သန်းတောင်မှ များပြားနေခဲ့တာကိုလည်း တွေ့ရပါတယ်။

လစာငွေသုံးစွဲမှု အမြင့်မားဆုံးစာရင်းမှာ မန်ချက်စတာစီးတီးအသင်းက ပေါင် ၃၁၅ သန်းနဲ့ တတိယ၊ ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၃၁၂ သန်းနဲ့ စတုတ္ထနေရာမှာ ရှိနေခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ဒီထက် ပေါင် ၂ သန်း ပိုမိုနည်းပါးခဲ့သလို ထိပ်ဆုံး ၅ သင်းထဲမှာ ပရီးမီးယားလိဂ် ၃ သင်း ပါဝင်နေခဲ့တာလည်းဖြစ်ပါတယ်။

ကျန်တဲ့အများဆုံး ၁၀ သင်း စာရင်းထဲမှာ ပါဝင်ခဲ့တာကတော့ ဘိုင်ယန်မြူးနစ် – ပေါင် ၂၉၂ သန်း၊ ပီအက်စ်ဂျီ – ပေါင်သန်း ၂၉၀၊ ချဲလ်ဆီး – ပေါင် ၂၈၅ သန်း၊ ဂျူဗင်တပ်စ် – ပေါင် ၂၈၁ သန်းနဲ့ အာဆင်နယ်အသင်း – ပေါင်သန်း ၂၃၀ တို့ဖြစ်ကြပြီး ဒီစာရင်းတွေထဲမှာ အောင်မြင်မှုတွေကြောင့် ပေးအပ်ခဲ့ရတဲ့ ဆုကြေးငွေတွေကိုလည်း ထည့်သွင်းတွက်ချက်ထားခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.