Premier League

12 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု


– လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အာဆင်နယ်အသင်းမှာ ဂိုးသမား ဘန်းဒ် လီနိုနဲ့ နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်တို့ ပွဲပယ်ရာကနေ ပြန်ကစားနိုင်မှာဖြစ်ပြီး ကွင်းလယ်လူ သောမတ်စ် ပါတေးနဲ့ နောက်ခံလူ ကီရန် တီယာနီတို့ကတော့ ဒဏ်ရာတွေကြောင့် လွဲချော်မှာဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက် တရားဝင်ထုတ်ပြန်။


– အာဆင်နယ်အသင်းအနေနဲ့ ဘင်ဖီကာအသင်းနဲ့ ကစားရမယ့် အဝေးကွင်းပွဲစဉ်ကို ပြောင်းလဲစီစဉ်ခဲ့ရရာမှာ UEFA ရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတာကြောင့် တစ်ပွဲကျင်းပမှု ကုန်ကျစရိတ် ပေါင် ၄၄၀၀၀၀ ရဲ့ ဆယ်ရာခိုင်နှုန်း ပေါင် ၄၄၀၀၀ ကို ကုန်ကျစရိတ်အဖြစ် ပေါ်တူဂီကလပ်ဆီ ပေးချေသွားရဖို့ ရှိနေ။

– ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ မပါဝင်နိုင်ဘဲ နောက်ထပ် နှစ်ပတ်လောက် အနားယူရဦးမှာဖြစ်ပြီး ဘင်ဖီကာနဲ့ပွဲကိုပါ လွဲချော်နိုင်တယ်ဆိုတဲ့အပေါ် အာဆင်နယ်ပရိသတ်တွေက ဒေါသထွက်နေကြပြီး နည်းပြ အာတီတာအနေနဲ့ သူ့ကို ဖျက်ဆီးခဲ့တာလို့ ပေါက်ကွဲနေကြ။


– အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ ရှော်လ်ကာအသင်းမှာ အငှားနဲ့ သွားရောက်ကစားနေပြီး ဂျာမန်အသင်းဘက်က အပြီးသတ် အလိုရှိနေခဲ့တဲ့ နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်ကို လာမယ့်နွေရာသီမှာ ပေါင် ၇ သန်းရရင် ရောင်းချသွားမယ်လို့ဆို။


– အာဆင်နယ်အသင်းရဲ့ ၂၀၂၁-၂၂ ရာသီမှာ အသုံးပြုမယ့် ဝတ်စုံသစ်ဒီဇိုင်းကို ပေါက်ကြားလာခဲ့ပြီး နို့နှစ်ရောင်အခံပေါ်မှာ အပြာနဲ့ ဒီဇိုင်းတစ်ခု၊ အညိုနဲ့ ဒီဇိုင်းတစ်ခုကို တွေ့မြင်ခဲ့ရတဲ့ ပရိသတ်တွေအနေနဲ့ ကြွေဆင်းခဲ့ကြသလို ငါတို့ ပိုက်ဆံတွေသာ ယူသွားပါတော့လို့ အမြန်ဆုံးဝယ်ယူလိုကြောင်းဆိုနေကြ။


– အာဆင်နယ်အသင်းနဲ့ ဇန်နဝါရီမှာ ချိတ်ဆက်နေခဲ့ပြီး ပြောင်းရွှေ့လာဖို့ စိတ်ဝင်စားတယ်လို့ ဝန်ခံခဲ့တဲ့ အစ္စရေးလ်တောင်ပံကစားသမား မေနာ ဆော်လမွန်ကို ရှက်ခ်တာဒိုးနက်စ်ခ်အသင်းကနေ ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်အသင်းတွေ ဆွေးနွေးနေကြ။


– တနင်္ဂနွေနေ့မှာ ကစားရမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်အတွက် လိဒ်စ်ယူနိုက်တက်ပရိသတ်တွေက ကြိုတင်လှောင်ပြောင်နေကြပြီး သူတို့ရဲ့ နောက်ခံလူ အက်ဇ်ဂျန် အာလီယော့စကီးအနေနဲ့ သူငယ်ချင်းဟောင်းကြီး နီကိုလာ ပေပေနဲ့ ကစားရမှာကို ပျော်ရွှင်နေပြီလို့ တွစ်တာမှာ ရေးသားနေကြ။


– ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်မှာ အာဆင်နယ်အသင်းအနေနဲ့ အိမ်ခြေယာခြေမဲ့ဖြစ်နေတယ်လို့ မီဒီယာတွေက ရေးသားခဲ့ကြပြီး သူတို့ရဲ့ အိမ်ကွင်းအဖြစ် သတ်မှတ်ကစားရမယ့် ဂျော်ဂျို့စ် ကရေးကာကီးစ်ကို ဂရိနိုင်ငံ၊ အေသင်မြို့မှာ ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာကြောင့် ထပ်မံပြောင်းရွှေ့ရဖို့ များနေ။


– အာဆင်နယ်အသင်းရဲ့ ဇန်နဝါရီ ကွင်းလယ်လူတစ်ဦး အငှားခေါ်ယူဖို့ အစီအစဉ်မှာ ဦးစားပေးအဖြစ် ရှိခဲ့တာကာ ဘာစီလိုနာအသင်းရဲ့ ရီကီပုဂျ်ဖြစ်ပြီး သူ့အတွက် ဆွေးနွေးမှု မအောင်မြင်ခဲ့လို့သာ မာတင် အော်ဒီဂွါဒ်ကို ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူခဲ့တာလို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ အာဆင္နယ္အသင္းမွာ ဂိုးသမား ဘန္းဒ္ လီႏိုနဲ႔ ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္တို႔ ပြဲပယ္ရာကေန ျပန္ကစားႏိုင္မွာျဖစ္ၿပီး ကြင္းလယ္လူ ေသာမတ္စ္ ပါေတးနဲ႔ ေနာက္ခံလူ ကီရန္ တီယာနီတို႔ကေတာ့ ဒဏ္ရာေတြေၾကာင့္ လြဲေခ်ာ္မွာျဖစ္ေၾကာင္း အသင္းဝက္ဘ္ဆိုက္ တရားဝင္ထုတ္ျပန္။


– အာဆင္နယ္အသင္းအေနနဲ႔ ဘင္ဖီကာအသင္းနဲ႔ ကစားရမယ့္ အေဝးကြင္းပြဲစဥ္ကို ေျပာင္းလဲစီစဥ္ခဲ့ရရာမွာ UEFA ရဲ႕ စံႏႈန္းေတြနဲ႔ မကိုက္ညီတာေၾကာင့္ တစ္ပြဲက်င္းပမႈ ကုန္က်စရိတ္ ေပါင္ ၄၄၀၀၀၀ ရဲ႕ ဆယ္ရာခိုင္ႏႈန္း ေပါင္ ၄၄၀၀၀ ကို ကုန္က်စရိတ္အျဖစ္ ေပၚတူဂီကလပ္ဆီ ေပးေခ်သြားရဖို႔ ရွိေန။

– ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ လိဒ္စ္ယူႏိုက္တက္နဲ႔ ပြဲမွာ မပါဝင္ႏိုင္ဘဲ ေနာက္ထပ္ ႏွစ္ပတ္ေလာက္ အနားယူရဦးမွာျဖစ္ၿပီး ဘင္ဖီကာနဲ႔ပြဲကိုပါ လြဲေခ်ာ္ႏိုင္တယ္ဆိုတဲ့အေပၚ အာဆင္နယ္ပရိသတ္ေတြက ေဒါသထြက္ေနၾကၿပီး နည္းျပ အာတီတာအေနနဲ႔ သူ႔ကို ဖ်က္ဆီးခဲ့တာလို႔ ေပါက္ကြဲေနၾက။


– အာဆင္နယ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ေရွာ္လ္ကာအသင္းမွာ အငွားနဲ႔ သြားေရာက္ကစားေနၿပီး ဂ်ာမန္အသင္းဘက္က အၿပီးသတ္ အလိုရွိေနခဲ့တဲ့ ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္ကို လာမယ့္ေႏြရာသီမွာ ေပါင္ ၇ သန္းရရင္ ေရာင္းခ်သြားမယ္လို႔ဆို။


– အာဆင္နယ္အသင္းရဲ႕ ၂၀၂၁-၂၂ ရာသီမွာ အသုံးျပဳမယ့္ ဝတ္စုံသစ္ဒီဇိုင္းကို ေပါက္ၾကားလာခဲ့ၿပီး ႏို႔ႏွစ္ေရာင္အခံေပၚမွာ အျပာနဲ႔ ဒီဇိုင္းတစ္ခု၊ အညိဳနဲ႔ ဒီဇိုင္းတစ္ခုကို ေတြ႕ျမင္ခဲ့ရတဲ့ ပရိသတ္ေတြအေနနဲ႔ ေႂကြဆင္းခဲ့ၾကသလို ငါတို႔ ပိုက္ဆံေတြသာ ယူသြားပါေတာ့လို႔ အျမန္ဆုံးဝယ္ယူလိုေၾကာင္းဆိုေနၾက။


– အာဆင္နယ္အသင္းနဲ႔ ဇန္နဝါရီမွာ ခ်ိတ္ဆက္ေနခဲ့ၿပီး ေျပာင္းေ႐ႊ႕လာဖို႔ စိတ္ဝင္စားတယ္လို႔ ဝန္ခံခဲ့တဲ့ အစၥေရးလ္ေတာင္ပံကစားသမား ေမနာ ေဆာ္လမြန္ကို ရွက္ခ္တာဒိုးနက္စ္ခ္အသင္းကေန ေခၚယူႏိုင္ဖို႔ ပရီးမီးယားလိဂ္အသင္းေတြ ေဆြးေႏြးေနၾက။


– တနဂၤေႏြေန႔မွာ ကစားရမယ့္ အာဆင္နယ္အသင္းနဲ႔ ပြဲစဥ္အတြက္ လိဒ္စ္ယူႏိုက္တက္ပရိသတ္ေတြက ႀကိဳတင္ေလွာင္ေျပာင္ေနၾကၿပီး သူတို႔ရဲ႕ ေနာက္ခံလူ အက္ဇ္ဂ်န္ အာလီေယာ့စကီးအေနနဲ႔ သူငယ္ခ်င္းေဟာင္းႀကီး နီကိုလာ ေပေပနဲ႔ ကစားရမွာကို ေပ်ာ္႐ႊင္ေနၿပီလို႔ တြစ္တာမွာ ေရးသားေနၾက။


– ယူ႐ိုပါလိဂ္ ၃၂ သင္း ရႈံးထြက္အဆင့္မွာ အာဆင္နယ္အသင္းအေနနဲ႔ အိမ္ေျခယာေျခမဲ့ျဖစ္ေနတယ္လို႔ မီဒီယာေတြက ေရးသားခဲ့ၾကၿပီး သူတို႔ရဲ႕ အိမ္ကြင္းအျဖစ္ သတ္မွတ္ကစားရမယ့္ ေဂ်ာ္ဂ်ိဳ႕စ္ ကေရးကာကီးစ္ကို ဂရိႏိုင္ငံ၊ ေအသင္ၿမိဳ႕မွာ ကိုဗစ္ျဖစ္ပြားမႈႏႈန္း ျမင့္တက္ေနတာေၾကာင့္ ထပ္မံေျပာင္းေ႐ႊ႕ရဖို႔ မ်ားေန။


– အာဆင္နယ္အသင္းရဲ႕ ဇန္နဝါရီ ကြင္းလယ္လူတစ္ဦး အငွားေခၚယူဖို႔ အစီအစဥ္မွာ ဦးစားေပးအျဖစ္ ရွိခဲ့တာကာ ဘာစီလိုနာအသင္းရဲ႕ ရီကီပုဂ်္ျဖစ္ၿပီး သူ႔အတြက္ ေဆြးေႏြးမႈ မေအာင္ျမင္ခဲ့လို႔သာ မာတင္ ေအာ္ဒီဂြါဒ္ကို ရီးရဲလ္မက္ဒရစ္ကေန ေခၚယူခဲ့တာလို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z