Premier League

11 Feb ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု


– အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဖာဘင်ညိုနဲ့ သီယာဂို အယ်လ်ကန်တာရာတို့ ဒဏ်ရာရရှိခဲ့ပြန်တယ်လို့ သတင်းထွက်ပေါ်လာခဲ့အပြီး ပရိသတ်တွေကြားထဲမှာ လီဗာပူးလ်အသင်းကို ပြုစားခံထားရတယ်လို့ ထင်မြင်သူတွေ ရှိနေပြီး တတ်ကျွမ်းနားလည်သူနဲ့ ရှင်းလင်းဖို့ တိုက်တွန်းနေကြ။


– လက်စတာစီးတီးအသင်းနဲ့ စနေနေ့မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်မှာ ပရိသတ်တွေ စိတ်သက်သာစရာအဖြစ် အသင်းရဲ့ နောက်ခံလူသစ်နှစ်ဦးဖြစ်ကြတဲ့ အိုဇန် ကာဘက်ခ်နဲ့ ဘန်ဒေးဗီးစ်တို့နှစ်ဦး ပွဲကစားလို့ရတဲ့ ကြံ့ခိုင်မှုမျိုး ရရှိနေပြီဖြစ်ကြောင်း သိရ။

– လီဗာပူးလ်အသင်းရဲ့ နွေရာသီပစ်မှတ်တစ်ခုဖြစ်ခဲ့တဲ့ ဘိုရုရှားမွန်ချန်ဂလာဘက်ချ်အသင်းရဲ့ ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားအနေနဲ့ အသင်းရဲ့ စာချုပ်သစ် သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းဆန်ထားခဲ့ပြီး လာမယ့်အပြောင်းအရွှေ့ဈေးကွက်မှာ မူလသတ်မှတ်ဈေး ပေါင် ၃၇ သန်းထက် လျော့နည်းတဲ့ ဈေးနဲ့ ရရှိနိုင်မည်။


– မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင်ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ပစ်မှတ် ဒေးဗစ် ကာမိုရဲ့ နွေရာသီအလားအလာ ကတော့ စောစောစီးစီးပဲ အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး ပေါ်တိုနဲ့ အိမ်ကွင်းမှာ သရေကျတဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ထမ်းစင်နဲ့ ထုတ်ခဲ့ရတဲ့ ပေါ်တူဂီသားအနေနဲ့ နွေဈေးကွက်အမီ ပြန်ကောင်းဖို့ မဖြစ်နိုင်ဘူးလို့ ဆိုနေကြ။


– လီဗာပူးလ်အသင်းဘက်က လေ့ကျင့်မှုလျော်ကြေးအဖြစ် ပေါင်တစ်သန်းသာ ပေးချေလိုနေပြီး ဖူလ်ဟမ်အသင်းဘက်က ပေါင် ၁၀ သန်းနဲ့ အနာဂတ်ခံစားခွင့်တွေ အလိုရှိနေတဲ့ လူငယ်တိုက်စစ်မှူး ဟာဗီ အီးလီးယော့အတွက် နောက်ဆုံးမှာ အနောက်လန်ဒန်ကလပ်ဆီ ပေါင် ၄.၃ သန်းကို အဆင့်ဆင့် ခံစားခွင့်တွေအဖြစ် ပေးချေဖို့ သဘောတူညီမှုရရှိ။


– လိုက်ပ်ဇစ်အသင်းနဲ့ ကစားရမယ့် ဂျာမန်မြေ ပထမအကျော့ပွဲစဉ်ကို ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှာ ပြောင်းလဲကျင်းပဖို့ UEFA နဲ့ကြား သဘောတူညီမှု ရရှိခဲ့ပြီး ဒုတိယအကျော့ အန်းဖီးလ်ပွဲစဉ်ကိုတော့ မူလအတိုင်း ဆက်လက်ကျင်းပဖို့ မျှော်လင့်နေပေမယ့် ကြားကွင်းကိုပဲ ပြောင်းလဲရဖို့ များနေ။


– လီဗာပူးလ်အသင်းရဲ့ ဝက်ဘ်ဆိုက်က ရွေးချယ်ချီးမြှင့်တဲ့ အသင်းရဲ့ တစ်လတာ အကောင်းဆုံးဂိုးဆုကို တိုက်စစ်မှူး မိုဟာမက် ဆာလားက ဝက်စ်ဟမ်းနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ တန်ပြန်တိုက်စစ်က ဒုတိယဂိုးနဲ့ ရရှိသွားခဲ့ပြီး နောက်ဆုံး ၅ လ ဆက်တိုက် ဒီဆုကို ဆွတ်ခူးနိုင်ခဲ့။


– ဘိုင်ယန်မြူးနစ်ဥက္ကဌ ကားလ်-ဟိုင့်ဇ် ရမ်မာနစ်ဂါက ဆားလားကို အာဖရိက မက်ဆီလို့ ချီးကျူးခဲ့ပြီး သူတို့အသင်းမှာ ကစားဖို့ ထိုက်တန်တဲ့ ခြေစွမ်းနဲ့ အဆင့်အတန်းမျိုးရှိတယ်ဆိုတဲ့ စကားကို လီဗာပူးလ်တာဝန်ရှိသူတွေက အီဂျစ်သားဟာ ရောင်းချဖို့ မဟုတ်ဘူးလို့ တုံ့ပြန်သွားခဲ့။

– အသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ကို နွေရာသီမှာ ဘယ်သူနဲ့ အစားထိုးရမလဲဆိုတဲ့ ပြဿနာက လီဗာပူးလ်အတွက် ပဟေဠိလို ဖြစ်နေခဲ့ပြီး နောက်ဆုံးအနေနဲ့ မိုချန်ဂလာဘက်ချ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဂျာမနီလက်ရွေးစင် ဖလိုရီယန် နွိုင်ဟော့စ်ကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၄၀ နဲ့ ရရှိနိုင်ဖို့ စိတ်ဝင်စားနေ။

isamaila sarr

– လီဗာပူးလ်အသင်းအနေနဲ့ နွေရာသီက တောင်ပံကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ရာမှာ ဝတ်ဖို့ဒ်တောင်ပံကစားသမား အစ္စမိုင်လာ ဆားရ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီးမှာ ဝတ်ဖို့ဒ်အသင်းဘက်က တောင်းဆိုတဲ့ ပေါင် ၃၅ သန်းကို ပေးချေဖို့ အဆင်မပြေခဲ့လို့ ပျက်ပြယ်ခဲ့တယ်လို့ အေးဂျင့် ထုတ်ဖော်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– အသင္းရဲ႕ ေလ့က်င့္ေရးကြင္းမွာ ဖာဘင္ညိဳနဲ႔ သီယာဂို အယ္လ္ကန္တာရာတို႔ ဒဏ္ရာရရွိခဲ့ျပန္တယ္လို႔ သတင္းထြက္ေပၚလာခဲ့အၿပီး ပရိသတ္ေတြၾကားထဲမွာ လီဗာပူးလ္အသင္းကို ျပဳစားခံထားရတယ္လို႔ ထင္ျမင္သူေတြ ရွိေနၿပီး တတ္ကြၽမ္းနားလည္သူနဲ႔ ရွင္းလင္းဖို႔ တိုက္တြန္းေနၾက။


– လက္စတာစီးတီးအသင္းနဲ႔ စေနေန႔မွာ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္ခင္မွာ ပရိသတ္ေတြ စိတ္သက္သာစရာအျဖစ္ အသင္းရဲ႕ ေနာက္ခံလူသစ္ႏွစ္ဦးျဖစ္ၾကတဲ့ အိုဇန္ ကာဘက္ခ္နဲ႔ ဘန္ေဒးဗီးစ္တို႔ႏွစ္ဦး ပြဲကစားလို႔ရတဲ့ ႀကံ့ခိုင္မႈမ်ိဳး ရရွိေနၿပီျဖစ္ေၾကာင္း သိရ။

– လီဗာပူးလ္အသင္းရဲ႕ ေႏြရာသီပစ္မွတ္တစ္ခုျဖစ္ခဲ့တဲ့ ဘို႐ုရွားမြန္ခ်န္ဂလာဘက္ခ်္အသင္းရဲ႕ ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားအေနနဲ႔ အသင္းရဲ႕ စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈကို ျငင္းဆန္ထားခဲ့ၿပီး လာမယ့္အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ မူလသတ္မွတ္ေဈး ေပါင္ ၃၇ သန္းထက္ ေလ်ာ့နည္းတဲ့ ေဈးနဲ႔ ရရွိႏိုင္မည္။


– မန္ခ်က္စတာယူႏိုက္တက္နဲ႔ အၿပိဳင္ေခၚယူဖို႔ စိတ္ဝင္စားေနခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္ ေဒးဗစ္ ကာမိုရဲ႕ ေႏြရာသီအလားအလာ ကေတာ့ ေစာေစာစီးစီးပဲ အဆုံးသတ္သြားခဲ့ၿပီျဖစ္ၿပီး ေပၚတိုနဲ႔ အိမ္ကြင္းမွာ သေရက်တဲ့ ပြဲစဥ္မွာ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ ထမ္းစင္နဲ႔ ထုတ္ခဲ့ရတဲ့ ေပၚတူဂီသားအေနနဲ႔ ေႏြေဈးကြက္အမီ ျပန္ေကာင္းဖို႔ မျဖစ္ႏိုင္ဘူးလို႔ ဆိုေနၾက။


– လီဗာပူးလ္အသင္းဘက္က ေလ့က်င့္မႈေလ်ာ္ေၾကးအျဖစ္ ေပါင္တစ္သန္းသာ ေပးေခ်လိုေနၿပီး ဖူလ္ဟမ္အသင္းဘက္က ေပါင္ ၁၀ သန္းနဲ႔ အနာဂတ္ခံစားခြင့္ေတြ အလိုရွိေနတဲ့ လူငယ္တိုက္စစ္မႉး ဟာဗီ အီးလီးေယာ့အတြက္ ေနာက္ဆုံးမွာ အေနာက္လန္ဒန္ကလပ္ဆီ ေပါင္ ၄.၃ သန္းကို အဆင့္ဆင့္ ခံစားခြင့္ေတြအျဖစ္ ေပးေခ်ဖို႔ သေဘာတူညီမႈရရွိ။


– လိုက္ပ္ဇစ္အသင္းနဲ႔ ကစားရမယ့္ ဂ်ာမန္ေျမ ပထမအေက်ာ့ပြဲစဥ္ကို ဟန္ေဂရီႏိုင္ငံ၊ ဘူဒါပက္စ္ၿမိဳ႕မွာ ေျပာင္းလဲက်င္းပဖို႔ UEFA နဲ႔ၾကား သေဘာတူညီမႈ ရရွိခဲ့ၿပီး ဒုတိယအေက်ာ့ အန္းဖီးလ္ပြဲစဥ္ကိုေတာ့ မူလအတိုင္း ဆက္လက္က်င္းပဖို႔ ေမွ်ာ္လင့္ေနေပမယ့္ ၾကားကြင္းကိုပဲ ေျပာင္းလဲရဖို႔ မ်ားေန။


– လီဗာပူးလ္အသင္းရဲ႕ ဝက္ဘ္ဆိုက္က ေ႐ြးခ်ယ္ခ်ီးျမႇင့္တဲ့ အသင္းရဲ႕ တစ္လတာ အေကာင္းဆုံးဂိုးဆုကို တိုက္စစ္မႉး မိုဟာမက္ ဆာလားက ဝက္စ္ဟမ္းနဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ တန္ျပန္တိုက္စစ္က ဒုတိယဂိုးနဲ႔ ရရွိသြားခဲ့ၿပီး ေနာက္ဆုံး ၅ လ ဆက္တိုက္ ဒီဆုကို ဆြတ္ခူးႏိုင္ခဲ့။


– ဘိုင္ယန္ျမဴးနစ္ဥကၠဌ ကားလ္-ဟိုင့္ဇ္ ရမ္မာနစ္ဂါက ဆားလားကို အာဖရိက မက္ဆီလို႔ ခ်ီးက်ဴးခဲ့ၿပီး သူတို႔အသင္းမွာ ကစားဖို႔ ထိုက္တန္တဲ့ ေျခစြမ္းနဲ႔ အဆင့္အတန္းမ်ိဳးရွိတယ္ဆိုတဲ့ စကားကို လီဗာပူးလ္တာဝန္ရွိသူေတြက အီဂ်စ္သားဟာ ေရာင္းခ်ဖို႔ မဟုတ္ဘူးလို႔ တုံ႔ျပန္သြားခဲ့။

– အသင္းရဲ႕ ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ကို ေႏြရာသီမွာ ဘယ္သူနဲ႔ အစားထိုးရမလဲဆိုတဲ့ ျပႆနာက လီဗာပူးလ္အတြက္ ပေဟဠိလို ျဖစ္ေနခဲ့ၿပီး ေနာက္ဆုံးအေနနဲ႔ မိုခ်န္ဂလာဘက္ခ်္ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဂ်ာမနီလက္ေ႐ြးစင္ ဖလိုရီယန္ ႏြိဳင္ေဟာ့စ္ကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၄၀ နဲ႔ ရရွိႏိုင္ဖို႔ စိတ္ဝင္စားေန။

isamaila sarr

– လီဗာပူးလ္အသင္းအေနနဲ႔ ေႏြရာသီက ေတာင္ပံကစားသမားသစ္တစ္ဦး ေခၚယူဖို႔ လုပ္ေဆာင္ခဲ့ရာမွာ ဝတ္ဖို႔ဒ္ေတာင္ပံကစားသမား အစၥမိုင္လာ ဆားရ္နဲ႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈ ရရွိခဲ့ၿပီးမွာ ဝတ္ဖို႔ဒ္အသင္းဘက္က ေတာင္းဆိုတဲ့ ေပါင္ ၃၅ သန္းကို ေပးေခ်ဖို႔ အဆင္မေျပခဲ့လို႔ ပ်က္ျပယ္ခဲ့တယ္လို႔ ေအးဂ်င့္ ထုတ္ေဖာ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z