Premier League

ဘန်စလေကို ဆက်လက်အနိုင်ယူပြီး ပွဲချောင်ဆဲ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ၃-၄-၃ ကစားကွက်ကိုပဲ သုံးခဲ့ပေမယ့် ကစားသမားအချို့ကိုတော့ အနားပေးခဲ့ပြီး တချို့ကစားသမားတွေ အနေနဲ့ မူလနေရာမဟုတ်ဘဲ ပြောင်းကစားခဲ့ရသလို ခံစစ်သုံးယောက်တန်းအစွန်မှာ အီမာဆန်နဲ့ ကွင်းလယ်ညာတောင်ပံမှာ ဟဒ်ဆန်-အိုဒွိုင်းတို့ကို နေရာချထားခဲ့ပါတယ်။
အုတ်ခ်ဝဲလ်ကွင်းမှာ ဘန်စလေတို့ရဲ့ ကစားပုံက ကျစ်လျစ်ခဲ့ပြီး အိမ်ကွင်းအားသာချက်နဲ့ ကစားခဲ့တာကြောင့် သူတို့တွေကတောင် ပိုမို ထိုးဖောက်ခွင့်ရခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာပဲ ဖရီးကစ်ကနေ နောက်ခံလူတွေ ကာကွယ်ပုံညံ့လို့ အနီးကပ် ကန်သွင်းခံရတာကို ဂိုးသမား ကီပါ ကာကွယ်ခဲ့ရပါတယ်။

နေရာလွတ်တွေကို တောင်ပံမှာသာ ခွင့်ပြုထားပြီး အလယ်မှာ မပေးဘဲ ကစားခဲ့တဲ့ ဘန်လေကြောင့် ချဲလ်ဆီးတိုက်စစ်က အလုပ်မဖြစ်သလို မာကင်မိနေတဲ့ အေဘရာဟမ်ကို တိုက်စစ်သမားနှစ်ဦးဖြစ်တဲ့ ဇီးယက်ရှ်နဲ့ ပူလီရှစ်ချ်တို့ ကောင်းကောင်းမကူနိုင်တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ခရစ္စတင်ဆန်နဲ့ အလွန်ဆိုတို့နေရာမှာ ရူဒီဂါနဲ့ ဂျိမ်းစ်တို့ကို ထည့်ပြီး ၄-၂-၃-၁ ပုံစံ ပြောင်းကစားခဲ့သလို ဘယ်ခြမ်း ထွက်ကစားတဲ့ ဟဒ်ဆန်-အိုဒွိုင်းကြောင့် တိုက်စစ်က ပိုမိုအားကောင်းလာခဲ့ပြီး အိမ်ရှင်တို့ ထိုးဖောက်ခွင့်နည်းခဲ့သလို ချဲလ်ဆီးတို့ ပိုပြီး စီးမိလာခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဂီးလ်မိုး ပေးလိုက်တဲ့ ဘောလုံးကို ညာတောင်ပံက လိုက်တက်လာတဲ့ နောက်ခံလူ ဂျိမ်းစ်က အနိမ့်ဘောဖြတ်ပေးခဲ့ပြီး ဒါကို တိုက်စစ်မှူး အေဘရာဟမ်က ဒီနေ့ပွဲအတွက် တစ်လုံးတည်းသောဂိုးအဖြစ် ပါးနပ်တဲ့ နေရာယူမှုနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘန်စလေတို့ ချေပဂိုးအတွက် ပိုမိုတင်ကစားလာခဲ့ပြီး ဂိုးသမား ကီပါ ကာကွယ်နေခဲ့ရသလို ပွဲချိန် ၇၇ မိနစ်မှာတော့ ဖရီးကစ်ကနေ ကီပါ ထွက်ဆွဲပြီး ပြန်ကျလာတဲ့ ဘောလုံးကို ကန်သွင်းခံခဲ့ရတာကို ဂိုးစည်းပေါ်ကနေ အေဘရာဟမ်က ကာကွယ်ဖျက်ထုတ်ခဲ့ရပြီး နောက်တစ်ဂိုးသွင်းလိုက်သလိုမျိုး တန်ဖိုးရှိခဲ့တာပါ။

ဒီနေ့ပွဲမှာ အကောင်းဆုံးကတော့ ခံစစ်မှာ အမြင့်ဘောတွေကို နိုင်နင်းခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူပေးခဲ့တဲ့ တိုက်စစ်မှူး အေဘရာဟမ်လို့ ဆိုရမှာဖြစ်ပြီး တန်ဖိုးရှိတဲ့ အခိုက်အတန့်တွေများစွာကို မြင်တွေ့ခဲ့ရသလို အသင်းကို အကောင်းဆုံး အကျိုးပြုနိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်မှုတွေနဲ့ပဲ ပွဲက တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ အက်ဖ်အေဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး အရင်လို အလွယ်ဆုံးပြိုင်ဘက်ကို မရနိုင်တော့ပေမယ့်လည်း မခက်ခဲတဲ့ ပြိုင်ဘက်အဖြစ် မတ်လ ၂၀ ရက်နေ့မှာတော့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ ကစားရမှာဖြစ်ပြီး ပြိုင်ပွဲမှာ အောင်မြင်နိုင်တဲ့ လမ်းကြောင်းပေါ် အခြေအနေကောင်းနေဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ၃-၄-၃ ကစားကြက္ကိုပဲ သုံးခဲ့ေပမယ့္ ကစားသမားအခ်ိဳ႕ကိုေတာ့ အနားေပးခဲ့ၿပီး တခ်ိဳ႕ကစားသမားေတြ အေနနဲ႔ မူလေနရာမဟုတ္ဘဲ ေျပာင္းကစားခဲ့ရသလို ခံစစ္သုံးေယာက္တန္းအစြန္မွာ အီမာဆန္နဲ႔ ကြင္းလယ္ညာေတာင္ပံမွာ ဟဒ္ဆန္-အိုဒြိဳင္းတို႔ကို ေနရာခ်ထားခဲ့ပါတယ္။
အုတ္ခ္ဝဲလ္ကြင္းမွာ ဘန္စေလတို႔ရဲ႕ ကစားပုံက က်စ္လ်စ္ခဲ့ၿပီး အိမ္ကြင္းအားသာခ်က္နဲ႔ ကစားခဲ့တာေၾကာင့္ သူတို႔ေတြကေတာင္ ပိုမို ထိုးေဖာက္ခြင့္ရခဲ့ၿပီး ပြဲခ်ိန္ ၁၂ မိနစ္မွာပဲ ဖရီးကစ္ကေန ေနာက္ခံလူေတြ ကာကြယ္ပုံညံ့လို႔ အနီးကပ္ ကန္သြင္းခံရတာကို ဂိုးသမား ကီပါ ကာကြယ္ခဲ့ရပါတယ္။

ေနရာလြတ္ေတြကို ေတာင္ပံမွာသာ ခြင့္ျပဳထားၿပီး အလယ္မွာ မေပးဘဲ ကစားခဲ့တဲ့ ဘန္ေလေၾကာင့္ ခ်ဲလ္ဆီးတိုက္စစ္က အလုပ္မျဖစ္သလို မာကင္မိေနတဲ့ ေအဘရာဟမ္ကို တိုက္စစ္သမားႏွစ္ဦးျဖစ္တဲ့ ဇီးယက္ရွ္နဲ႔ ပူလီရွစ္ခ်္တို႔ ေကာင္းေကာင္းမကူႏိုင္တာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ခရစၥတင္ဆန္နဲ႔ အလြန္ဆိုတို႔ေနရာမွာ ႐ူဒီဂါနဲ႔ ဂ်ိမ္းစ္တို႔ကို ထည့္ၿပီး ၄-၂-၃-၁ ပုံစံ ေျပာင္းကစားခဲ့သလို ဘယ္ျခမ္း ထြက္ကစားတဲ့ ဟဒ္ဆန္-အိုဒြိဳင္းေၾကာင့္ တိုက္စစ္က ပိုမိုအားေကာင္းလာခဲ့ၿပီး အိမ္ရွင္တို႔ ထိုးေဖာက္ခြင့္နည္းခဲ့သလို ခ်ဲလ္ဆီးတို႔ ပိုၿပီး စီးမိလာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဂီးလ္မိုး ေပးလိုက္တဲ့ ေဘာလုံးကို ညာေတာင္ပံက လိုက္တက္လာတဲ့ ေနာက္ခံလူ ဂ်ိမ္းစ္က အနိမ့္ေဘာျဖတ္ေပးခဲ့ၿပီး ဒါကို တိုက္စစ္မႉး ေအဘရာဟမ္က ဒီေန႔ပြဲအတြက္ တစ္လုံးတည္းေသာဂိုးအျဖစ္ ပါးနပ္တဲ့ ေနရာယူမႈနဲ႔ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘန္စေလတို႔ ေခ်ပဂိုးအတြက္ ပိုမိုတင္ကစားလာခဲ့ၿပီး ဂိုးသမား ကီပါ ကာကြယ္ေနခဲ့ရသလို ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ဖရီးကစ္ကေန ကီပါ ထြက္ဆြဲၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ကန္သြင္းခံခဲ့ရတာကို ဂိုးစည္းေပၚကေန ေအဘရာဟမ္က ကာကြယ္ဖ်က္ထုတ္ခဲ့ရၿပီး ေနာက္တစ္ဂိုးသြင္းလိုက္သလိုမ်ိဳး တန္ဖိုးရွိခဲ့တာပါ။

ဒီေန႔ပြဲမွာ အေကာင္းဆုံးကေတာ့ ခံစစ္မွာ အျမင့္ေဘာေတြကို ႏိုင္နင္းခဲ့ၿပီး တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရယူေပးခဲ့တဲ့ တိုက္စစ္မႉး ေအဘရာဟမ္လို႔ ဆိုရမွာျဖစ္ၿပီး တန္ဖိုးရွိတဲ့ အခိုက္အတန႔္ေတြမ်ားစြာကို ျမင္ေတြ႕ခဲ့ရသလို အသင္းကို အေကာင္းဆုံး အက်ိဳးျပဳႏိုင္ခဲ့ၿပီး သူ႔ရဲ႕ စြမ္းေဆာင္မႈေတြနဲ႔ပဲ ပြဲက တစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ အက္ဖ္ေအဖလားရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ၿပီး အရင္လို အလြယ္ဆုံးၿပိဳင္ဘက္ကို မရႏိုင္ေတာ့ေပမယ့္လည္း မခက္ခဲတဲ့ ၿပိဳင္ဘက္အျဖစ္ မတ္လ ၂၀ ရက္ေန႔မွာေတာ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ ကစားရမွာျဖစ္ၿပီး ၿပိဳင္ပြဲမွာ ေအာင္ျမင္ႏိုင္တဲ့ လမ္းေၾကာင္းေပၚ အေျခအေနေကာင္းေနဆဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z