Premier League

11 Feb နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု


– ကော့ဘ်ဟမ်းမှာ လေ့ကျင့်နေခဲ့တဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေရဲ့ ပုံစံကို သဘောကျပြီး သူဟာ အသင်းတွေကို ပိုကောင်းအောင် ထောက်ကူပေးနိုင်သူလို့ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က ချီးကျူးခဲ့ပေမယ့် သူ့ရဲ့ အကောင်းဆုံးအချိန်တွေကတော့ ကုန်ဆုံးစပြုနေပြီလို့ ယုံကြည်နေ။


– ချဲလ်ဆီးအသင်းမှာ ဂန္ထဝင်နောက်ခံလူ ဂျွန်တယ်ရီကို ဆက်ခံမယ့် လက်သစ်ကစားသမားကို ရှာတွေ့ခဲ့ပြီလို့ နည်းပြ သောမတ်စ် တူဟယ်လ်က ယူဆနေပြီး အင်္ဂလန်သားကြီးလို နောက်ခံလူတစ်ယောက်တော့ မဟုတ်ဘဲ ကွင်းလယ်လူ မေဆန်မောင့်ကို ဒီနေရာအတွက် ရွေးချယ်ထား။


– ချဲလ်ဆီးတိုက်စစ်မှူး တီမို ဗာနာအနေနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ ပွဲက ဒဏ်ရာက အနားယူဖို့ လိုအပ်နေကြောင်း အတည်ပြုခဲ့ပြီး ခြေထောက်ဒဏ်ရာက ဆိုးရွားပြင်းထန်ခြင်း မရှိပေမယ့် အရေးမကြီးတဲ့ ဘန်စလေနဲ့ပွဲမှာ အသုံးမပြုဘဲ အနားပေးသွားဖို့ရှိနေ။


– အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အဝေးကွင်းပွဲစဉ်အမီ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗား ပြန်လည်ပါဝင်လာနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် နောက် ၃ ရက်အကြာမှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်လည်း ရှိနေတာမို့ ကြံ့ခိုင်မှုအရ တစ်ပွဲမှာပဲ အသုံးပြုနိုင်ဖို့ ရှိနေ။


– ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က အက်သလက်တီကို မက်ဒရစ်ဟာ အိမ်ကွင်းမှာသာ မာကျောတာဖြစ်ပြီး အခုလိုမျိုး ကြားကွင်းတွေမှာ နှစ်ပွဲကစားရမယ့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ သူတို့အသင်းအနေနဲ့ လိုအပ်တဲ့ ရလဒ်ကို ရယူပြီး နောက်တစ်ဆင့် တက်လှမ်းနိုင်မယ်လို့ ပြောကြား။


– နောက်ပိုင်းပွဲတွေမှာ ဂိုးမသွင်းနိုင်ပေမယ့် ကစားပုံကောင်းနဲ့အတူ ဖန်တီးမှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာအနေနဲ့ မကြာခင် အချိန်အတွင်းမှာပဲ ဂိုးတွေ ဆက်တိုက်သွင်းယူတာကို မြင်ရတော့မယ်လို့ ချဲလ်ဆီးတောင်ပံကစားသမားဟောင်း ပက်နဲဗင် ထောက်ခံသွားခဲ့။

– နည်းပြသစ် သောမတ်စ် တူဟယ်လ်အနေနဲ့ ဖရန့် လမ်းပတ်လက်ထက်မှာ ဆိုးရွားတဲ့ လက်စွမ်းတွေနဲ့ နေရာပျောက်ဆုံးနေတဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါကို လူသစ်စိတ်သစ်နဲ့ ပြန်လည်စတင်ပြီး ဦးစားပေးဂိုးသမား အေဒူယာ မန်ဒီနဲ့ ပြိုင်ပွဲဝင်နိုင်ဖို့ အခွင့်အရေး ပေးသွားမှာဖြစ်သလို လောလောဆယ် ဘန်လေနဲ့ ပွဲမှာ Clean Sheet ရမရ စိန်ခေါ်ထားကြောင်း သိရ။


– ချဲလ်ဆီးအသင်းကနေ နည်းပြသစ် တူဟယ်လ်ကို ခန့်အပ်လိုက်တဲ့ ရည်ရွယ်ချက်ထဲမှာ အသင်းက ဂျာမန်ကစားသမားတွေရဲ့ ခြေစွမ်းကို မြှင့်တင်ပေးနိုင်ဖို့က အဓိက ရည်ရွယ်ချက်တစ်ရပ်ဖြစ်နေပေမယ့် ဒဏ်ရာ၊ ရေမြေပြောင်းလဲမှုနဲ့ ကိုဗစ်နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေတွေနဲ့ ရုန်းကန်နေရတဲ့ ခိုင် ဟာဗတ်ဇ်ကို ဒီရာသီမှာ ခြေစွမ်းပြအောင်လုပ်ပေးနိုင်ဖို့ကတော့ ခက်ခဲမယ်လို့ ဝေဖန်နေကြ။


– အသင်းရဲ့ သုံးယောက်တန်းခံစစ်မှာ နေရာပြန်ရနေပြီဖြစ်တဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါက ချဲလ်ဆီးနည်းပြဟောင်း ဖရန့် လမ်းပတ်ဟာ သူဘာလိုချင်လဲဆိုတာ ကောင်းကောင်းမသိခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပြီး နည်းပြသစ် တူဟယ်လ်ကတော့ သူနဲ့ အံဝင်ခွင်ကျရှိတယ်လို့ ဆိုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– ေကာ့ဘ္ဟမ္းမွာ ေလ့က်င့္ေနခဲ့တဲ့ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတရဲ႕ ပုံစံကို သေဘာက်ၿပီး သူဟာ အသင္းေတြကို ပိုေကာင္းေအာင္ ေထာက္ကူေပးႏိုင္သူလို႔ ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္က ခ်ီးက်ဴးခဲ့ေပမယ့္ သူ႔ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြကေတာ့ ကုန္ဆုံးစျပဳေနၿပီလို႔ ယုံၾကည္ေန။


– ခ်ဲလ္ဆီးအသင္းမွာ ဂႏၴဝင္ေနာက္ခံလူ ဂြၽန္တယ္ရီကို ဆက္ခံမယ့္ လက္သစ္ကစားသမားကို ရွာေတြ႕ခဲ့ၿပီလို႔ နည္းျပ ေသာမတ္စ္ တူဟယ္လ္က ယူဆေနၿပီး အဂၤလန္သားႀကီးလို ေနာက္ခံလူတစ္ေယာက္ေတာ့ မဟုတ္ဘဲ ကြင္းလယ္လူ ေမဆန္ေမာင့္ကို ဒီေနရာအတြက္ ေ႐ြးခ်ယ္ထား။


– ခ်ဲလ္ဆီးတိုက္စစ္မႉး တီမို ဗာနာအေနနဲ႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ ပြဲက ဒဏ္ရာက အနားယူဖို႔ လိုအပ္ေနေၾကာင္း အတည္ျပဳခဲ့ၿပီး ေျခေထာက္ဒဏ္ရာက ဆိုး႐ြားျပင္းထန္ျခင္း မရွိေပမယ့္ အေရးမႀကီးတဲ့ ဘန္စေလနဲ႔ပြဲမွာ အသုံးမျပဳဘဲ အနားေပးသြားဖို႔ရွိေန။


– အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ အေဝးကြင္းပြဲစဥ္အမီ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗား ျပန္လည္ပါဝင္လာႏိုင္ဖို႔ ပစ္မွတ္ထားေနေပမယ့္ ေနာက္ ၃ ရက္အၾကာမွာ ကစားရမယ့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲစဥ္လည္း ရွိေနတာမို႔ ႀကံ့ခိုင္မႈအရ တစ္ပြဲမွာပဲ အသုံးျပဳႏိုင္ဖို႔ ရွိေန။


– ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္က အက္သလက္တီကို မက္ဒရစ္ဟာ အိမ္ကြင္းမွာသာ မာေက်ာတာျဖစ္ၿပီး အခုလိုမ်ိဳး ၾကားကြင္းေတြမွာ ႏွစ္ပြဲကစားရမယ့္ ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္မွာ သူတို႔အသင္းအေနနဲ႔ လိုအပ္တဲ့ ရလဒ္ကို ရယူၿပီး ေနာက္တစ္ဆင့္ တက္လွမ္းႏိုင္မယ္လို႔ ေျပာၾကား။


– ေနာက္ပိုင္းပြဲေတြမွာ ဂိုးမသြင္းႏိုင္ေပမယ့္ ကစားပုံေကာင္းနဲ႔အတူ ဖန္တီးမႈေတြ ဆက္တိုက္ျပဳလုပ္ေနခဲ့တဲ့ တိုက္စစ္မႉး တီမို ဗာနာအေနနဲ႔ မၾကာခင္ အခ်ိန္အတြင္းမွာပဲ ဂိုးေတြ ဆက္တိုက္သြင္းယူတာကို ျမင္ရေတာ့မယ္လို႔ ခ်ဲလ္ဆီးေတာင္ပံကစားသမားေဟာင္း ပက္နဲဗင္ ေထာက္ခံသြားခဲ့။

– နည္းျပသစ္ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ ဖရန႔္ လမ္းပတ္လက္ထက္မွာ ဆိုး႐ြားတဲ့ လက္စြမ္းေတြနဲ႔ ေနရာေပ်ာက္ဆုံးေနတဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါကို လူသစ္စိတ္သစ္နဲ႔ ျပန္လည္စတင္ၿပီး ဦးစားေပးဂိုးသမား ေအဒူယာ မန္ဒီနဲ႔ ၿပိဳင္ပြဲဝင္ႏိုင္ဖို႔ အခြင့္အေရး ေပးသြားမွာျဖစ္သလို ေလာေလာဆယ္ ဘန္ေလနဲ႔ ပြဲမွာ Clean Sheet ရမရ စိန္ေခၚထားေၾကာင္း သိရ။


– ခ်ဲလ္ဆီးအသင္းကေန နည္းျပသစ္ တူဟယ္လ္ကို ခန႔္အပ္လိုက္တဲ့ ရည္႐ြယ္ခ်က္ထဲမွာ အသင္းက ဂ်ာမန္ကစားသမားေတြရဲ႕ ေျခစြမ္းကို ျမႇင့္တင္ေပးႏိုင္ဖို႔က အဓိက ရည္႐ြယ္ခ်က္တစ္ရပ္ျဖစ္ေနေပမယ့္ ဒဏ္ရာ၊ ေရေျမေျပာင္းလဲမႈနဲ႔ ကိုဗစ္ေနာက္ဆက္တြဲ က်န္းမာေရး အေျခအေနေတြနဲ႔ ႐ုန္းကန္ေနရတဲ့ ခိုင္ ဟာဗတ္ဇ္ကို ဒီရာသီမွာ ေျခစြမ္းျပေအာင္လုပ္ေပးႏိုင္ဖို႔ကေတာ့ ခက္ခဲမယ္လို႔ ေဝဖန္ေနၾက။


– အသင္းရဲ႕ သုံးေယာက္တန္းခံစစ္မွာ ေနရာျပန္ရေနၿပီျဖစ္တဲ့ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါက ခ်ဲလ္ဆီးနည္းျပေဟာင္း ဖရန႔္ လမ္းပတ္ဟာ သူဘာလိုခ်င္လဲဆိုတာ ေကာင္းေကာင္းမသိခဲ့ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး နည္းျပသစ္ တူဟယ္လ္ကေတာ့ သူနဲ႔ အံဝင္ခြင္က်ရွိတယ္လို႔ ဆိုသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z