Premier League

11 Feb နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု


– အာဆင်နယ်ပရိသတ်တွေအနေနဲ့ ကွင်းလယ်လူ ဝီလီယန်ကို အချိန်ပေးသုံးစွဲနေတဲ့ နည်းပြ မီခယ်လ် အာတီတာအပေါ် သည်းခံမှု ကုန်ဆုံးနေပြီဖြစ်ပြီး ဒီလိုမျိုး အသင်းအတွက် အကျိုးမပြုနိုင်တဲ့သူကို ထည့်သွင်းမယ့်အစား လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီကို ကစားခိုင်းဖို့ တောင်းဆိုနေကြ။


– အက်စ်တန်ဗီလာကို ရှုံးတဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးရော အသင်းကနေ ပွဲစဉ်အချို့မှာ ပျောက်ကွယ် နေခဲ့တဲ့ နောက်ခံလူ ကီရန် တီယာနီပါ လာမယ့် လိဒ်စ်နဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မယ်ဆိုတာက အာဆင်နယ်တို့အတွက် အားတက်စရာဖြစ်လာ။


– လေ့ကျင့်ရေးကွင်းမှာ တိုက်စစ်ကစားရင်း လှလှပပ သွင်းယူပြနိုင်ခဲ့တဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ရဲ့ ကန်ချက်ကို မြင်ခဲ့ရတဲ့ အာဆင်နယ်ပရိသတ်တွေက သဘောကျနေပြီး ကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာ အသင်းအတွက် အကောင်းဆုံး ပြန်လာနိုင်တော့မယ်လို့ ဆိုနေကြ။


– အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေက အသင်းဝက်ဘ်ဆိုက်မှာ မဲပေးရွေးချယ်တဲ့ ဇန်နဝါရီလအတွက် အကောင်းဆုံးကစားသမားဆုကို ပရီးမီးယားလိဂ်မှာပါ တစ်လတာ အကောင်းဆုံးအဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ လူငယ်ကစားသမား ဘူကာယို ဆာကာက နှစ်လဆက်တိုက် ဆွတ်ခူးရယူ။


– ဥရောပပြိုင်ပွဲတွေမှာ ရှုံးထွက်အဆင့်ပွဲစဉ်တွေကို ကြားကွင်းတွေမှာ ပြောင်းလဲကျင်းပနေရပြီး ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ ကွင်းပြောင်းကစားရဖို့ ရှိနေချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ UEFA ကို လျော်ကြေးအချို့ ပေးချေသွားရမှာဖြစ်ပြီး ကျန်တဲ့ အသင်းတွေ တစ်ပြားမှ မပေးရဘဲ ဂန်းနားတွေသာ UK ရဲ့ ပေါ်လစီကြောင့် ပေါ်တူဂီကို မသွားရဲလို့ နစ်နာခဲ့ရတာလို့ သိရ။

– အစ္စတန်ဘူလ် ဘာရှက်ရှီဟီယာအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဘယ်နောက်ခံလူ လီမို့စ် အထုတ်ပယ်ခံခဲ့ရတဲ့အတွက် သူ့ရဲ့နေရာမှာ ဝင်ကစားခဲ့ရတဲ့ မီဆွတ် အိုဇေးလ်ကို မုန်းတီးနေတဲ့ အာဆင်နယ်ပရိသတ်တွေက ဖီနာဘာချီကို ပြောင်းခဲ့တာ နောက်တန်းမှာ ကစားဖို့လားလို့ လှောင်ပြောင်ခဲ့ကြ။

– အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ လာမယ့်ရာသီမှာ ခံစစ်ကို အားဖြည့်သွားဖို့အတွက် အလောတကြီး စီစဉ်ဦးမှာ မဟုတ်ဘဲ စတုဂတ်အသင်းမှာ အငှားချထားခဲ့တဲ့ နောက်ခံလူ ကွန်စတန်တီနို့စ် မာဗရိုပါနို့စ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်နေပြီး လက်ရှိအသင်း နည်းပြရဲ့ ချီးကျူးမှုကို ရထားခဲ့တဲ့ ဂရိသားကို အခွင့်အရေးပေးဖို့ စဉ်းစားနေ။


– မန်ချက်စတာစီးတီးအသင်းရဲ့ ဆွမ်းဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ မှတ်တမ်းကို ကျော်ဖြတ်သွားခဲ့ပြီး ပြိုင်ပွဲစုံ ၁၄ ပွဲဆက်တိုက် နိုင်ပွဲဆက်စံချိန်ကို ပရီးမီးယားလိဂ်ဦးဆောင်သူတွေအနေနဲ့ ၁၅ ပွဲနဲ့ ချိုးဖျက်နိုင်ခဲ့။


– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အာဆင်နယ်ကို အငှားပြောင်းရွှေ့ကြေး ပေါင် ၂.၃ သန်းနဲ့ ရောက်ရှိနေခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ရောင်းချသွားဖို့ ရှိနေပြီး လက်ခံနိုင်တဲ့ ငွေကြေးပမာဏ ရရှိမယ်ဆိုရင် နည်းပြ ဇီဒန်းနဲ့ အဆင်မပြေတဲ့ နော်ဝေသားကို အမ်းမရိတ်မှာ ဆက်လက်မြင်တွေ့ရနိုင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ကြင္းလယ္လူ ဝီလီယန္ကို အခ်ိန္ေပးသုံးစြဲေနတဲ့ နည္းျပ မီခယ္လ္ အာတီတာအေပၚ သည္းခံမႈ ကုန္ဆုံးေနၿပီျဖစ္ၿပီး ဒီလိုမ်ိဳး အသင္းအတြက္ အက်ိဳးမျပဳႏိုင္တဲ့သူကို ထည့္သြင္းမယ့္အစား လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီကို ကစားခိုင္းဖို႔ ေတာင္းဆိုေနၾက။


– အက္စ္တန္ဗီလာကို ရႈံးတဲ့ပြဲမွာ ဒဏ္ရာရရွိသြားခဲ့တဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးေရာ အသင္းကေန ပြဲစဥ္အခ်ိဳ႕မွာ ေပ်ာက္ကြယ္ ေနခဲ့တဲ့ ေနာက္ခံလူ ကီရန္ တီယာနီပါ လာမယ့္ လိဒ္စ္နဲ႔ ပြဲစဥ္မွာ ပါဝင္ႏိုင္မယ္ဆိုတာက အာဆင္နယ္တို႔အတြက္ အားတက္စရာျဖစ္လာ။


– ေလ့က်င့္ေရးကြင္းမွာ တိုက္စစ္ကစားရင္း လွလွပပ သြင္းယူျပႏိုင္ခဲ့တဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္ရဲ႕ ကန္ခ်က္ကို ျမင္ခဲ့ရတဲ့ အာဆင္နယ္ပရိသတ္ေတြက သေဘာက်ေနၿပီး ကိုဗစ္ျဖစ္ၿပီးေနာက္ပိုင္းမွာ အသင္းအတြက္ အေကာင္းဆုံး ျပန္လာႏိုင္ေတာ့မယ္လို႔ ဆိုေနၾက။


– အာဆင္နယ္အသင္းရဲ႕ ပရိသတ္ေတြက အသင္းဝက္ဘ္ဆိုက္မွာ မဲေပးေ႐ြးခ်ယ္တဲ့ ဇန္နဝါရီလအတြက္ အေကာင္းဆုံးကစားသမားဆုကို ပရီးမီးယားလိဂ္မွာပါ တစ္လတာ အေကာင္းဆုံးအျဖစ္ အမည္စာရင္းတင္သြင္းခံထားရတဲ့ လူငယ္ကစားသမား ဘူကာယို ဆာကာက ႏွစ္လဆက္တိုက္ ဆြတ္ခူးရယူ။


– ဥေရာပၿပိဳင္ပြဲေတြမွာ ရႈံးထြက္အဆင့္ပြဲစဥ္ေတြကို ၾကားကြင္းေတြမွာ ေျပာင္းလဲက်င္းပေနရၿပီး ပရီးမီးယားလိဂ္အသင္းေတြအေနနဲ႔ ကြင္းေျပာင္းကစားရဖို႔ ရွိေနခ်ိန္မွာ အာဆင္နယ္အသင္းအေနနဲ႔ UEFA ကို ေလ်ာ္ေၾကးအခ်ိဳ႕ ေပးေခ်သြားရမွာျဖစ္ၿပီး က်န္တဲ့ အသင္းေတြ တစ္ျပားမွ မေပးရဘဲ ဂန္းနားေတြသာ UK ရဲ႕ ေပၚလစီေၾကာင့္ ေပၚတူဂီကို မသြားရဲလို႔ နစ္နာခဲ့ရတာလို႔ သိရ။

– အစၥတန္ဘူလ္ ဘာရွက္ရွီဟီယာအသင္းကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ဘယ္ေနာက္ခံလူ လီမို႔စ္ အထုတ္ပယ္ခံခဲ့ရတဲ့အတြက္ သူ႔ရဲ႕ေနရာမွာ ဝင္ကစားခဲ့ရတဲ့ မီဆြတ္ အိုေဇးလ္ကို မုန္းတီးေနတဲ့ အာဆင္နယ္ပရိသတ္ေတြက ဖီနာဘာခ်ီကို ေျပာင္းခဲ့တာ ေနာက္တန္းမွာ ကစားဖို႔လားလို႔ ေလွာင္ေျပာင္ခဲ့ၾက။

– အာဆင္နယ္အသင္းတာဝန္ရွိသူေတြအေနနဲ႔ လာမယ့္ရာသီမွာ ခံစစ္ကို အားျဖည့္သြားဖို႔အတြက္ အေလာတႀကီး စီစဥ္ဦးမွာ မဟုတ္ဘဲ စတုဂတ္အသင္းမွာ အငွားခ်ထားခဲ့တဲ့ ေနာက္ခံလူ ကြန္စတန္တီႏို႔စ္ မာဗ႐ိုပါႏို႔စ္ရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္ေနၿပီး လက္ရွိအသင္း နည္းျပရဲ႕ ခ်ီးက်ဴးမႈကို ရထားခဲ့တဲ့ ဂရိသားကို အခြင့္အေရးေပးဖို႔ စဥ္းစားေန။


– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဆြမ္းဆီးအသင္းကို အႏိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ အာဆင္နယ္အသင္းရဲ႕ မွတ္တမ္းကို ေက်ာ္ျဖတ္သြားခဲ့ၿပီး ၿပိဳင္ပြဲစုံ ၁၄ ပြဲဆက္တိုက္ ႏိုင္ပြဲဆက္စံခ်ိန္ကို ပရီးမီးယားလိဂ္ဦးေဆာင္သူေတြအေနနဲ႔ ၁၅ ပြဲနဲ႔ ခ်ိဳးဖ်က္ႏိုင္ခဲ့။


– ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ အာဆင္နယ္ကို အငွားေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂.၃ သန္းနဲ႔ ေရာက္ရွိေနခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ေရာင္းခ်သြားဖို႔ ရွိေနၿပီး လက္ခံႏိုင္တဲ့ ေငြေၾကးပမာဏ ရရွိမယ္ဆိုရင္ နည္းျပ ဇီဒန္းနဲ႔ အဆင္မေျပတဲ့ ေနာ္ေဝသားကို အမ္းမရိတ္မွာ ဆက္လက္ျမင္ေတြ႕ရႏိုင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.