Premier League

11 Feb နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု


– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ စကော့ မက်တော်မီနေးနဲ့ တွဲကစားဖို့အတွက် နွေရာသီမှာ ပေါလ် ပေါ့ဘာကိုသာ ရောင်းထုတ်ဖြစ်ခဲ့ရင် ဖရက်ဒ်နဲ့ တွဲပေးမယ့်အစား ဝက်စ်ဟမ်းရဲ့ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ ထရီဗာ ဆင်ကလဲယားတိုက်တွန်း။


– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ မိခင်ဖြစ်သူ အယ်လီဇဘက်သ်အတွက် မိမိတို့ တစ်သင်းလုံး ဝမ်းနည်းကြေကွဲရပါကြောင်း မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တွစ်တာကနေ သတင်းစကား ပေးပို့သွားခဲ့ပြီး ဂျာမန်နည်းပြအနေနဲ့ ကိုဗစ်စည်းမျဉ်းတွေကြောင့် ဈာပနအခမ်းအနားကိုလည်း မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရ။


– ဒီနေ့ညမှာ ရေးဆွဲသွားမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မဲနှိုက်မယ့် ဘောလုံးနံပါတ် ၂ ကို ရှိထားပြီး လက်ရှိအချိန်အထိ ဘုန်းမောက်၊ ရှက်ဖီးလ်ဒ်၊ အဲဗာတန်၊ မန်စီးတီးနဲ့ လက်စတာစီးတီးတို့ နောက်တစ်ဆင့် တက်ရောက်ထားနိုင်ခဲ့ကြ။


– ပရဟိတအလုပ်တွေနဲ့ နာမည်ကျော်ပြီး MBE ဘွဲ့ရထားတဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်တစ်ယောက်တော့ မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေကြားမှာ မျက်နှာကောင်းမရဘဲဖြစ်နေပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ ဘောလုံး ၂၄ ကြိမ် ဆုံးရှုံးခဲ့မှုကြောင့် လောဘကြီးတယ်လို့ အပြစ်တင်ခံနေရ။


– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ လာမယ့်ပွဲတွေမှာ ဂိုးသွင်းစွမ်းရည်ပြသနေခဲ့ပြီး ပြိုင်ပွဲစုံမှာ ၇ ဂိုးအထိ သွင်းယူပေးထားခဲ့တဲ့ ကွင်းလယ်လူ စကော့ မက်တော်မီနေးကို ဂိုးသွင်းနိုင်ဖို့ ရှေ့တက်ကစားခွင့် ပိုမိုပေးသွားမယ်လို့ ပြောကြားခဲ့။


– ယူနိုက်တက်ရှေ့တန်းမှာ ခြေစွမ်းပြနေပေမယ့်လည်း အသက်အရွယ်ကြောင့် ခရီးပန်းမှုနဲ့ ပွဲပန်းမှုတွေကို ပိုမိုခံစားရနိုင်တဲ့ အက်ဒင်ဆန် ကာဗာနီအနေနဲ့ ရစ်ချာလစ်ဆန်ကို ဖျက်ထုတ်ခဲ့တဲ့ အနီကတ်ကြောင့် ဥရုဂွေးအသင်းရဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာ နှစ်ပွဲပယ် ခံလိုက်ရပြီဖြစ်လို့ သွားရောက်စရာ မလိုတော့ဘဲ အိုးလ်ထရက်ဖို့ဒ်ပရိသတ်တွေအတွက်တော့ အဆိုးထဲက အကောင်းဖြစ်လာ။


– မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချဉ်းကပ်ကြိုးစားနေတဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဆာဂျီယို ရာမို့စ် အတွက် ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းက အသာရရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကလည်း ချိတ်ဆက်နေ။


– အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မာ့ခ် ဟယူးချ်က ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ရဲ့ ပုံစံကို မြင်ရတာဟာ စိတ်ပျက်စရာ ဖြစ်ပြီး သူ့အနေနဲ့ ဒီထက်ပိုပြီး စိတ်ဓာတ်ကောင်းကောင်းနဲ့ ကြိုးစားကစားသင့်သလို အသင်းရဲ့ ကစားကွက်တွေမှာ ပါဝင်နေပြီး နေရာအတွက် ထိုက်တန်ကြောင်း ပြသသင့်တယ်လို့ ဝေဖန်။


– မန်ချက်စတာယူနိုက်တက်ကစားသမားတွေအနေနဲ့ ဆုဖလားတွေကို ရယူချင်တယ်ဆိုရင် ဒီထက်ပိုမိုပြီး ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားသင့်ကြောင်း အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ပြောကြားလိုက်ပြီး အနည်းဆုံးတော့ ပရိသတ်တွေအတွက်ဆိုတဲ့ အတွေးမျိုး တွေးထားသင့်ကြောင်းဆို။


– ဘီဘီစီရဲ့ ဘောလုံးခန့်မှန်းသူ လော်ရိုက လက်ရှိအနေအထားမှာ တခြားအသင်းတွေထက် သာလွန်တဲ့ ဒဏ်ရာကင်းစင်မှု အနေအထားအရ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကိုရော ဆုဖလားတွေကို အာရုံစိုက်နိုင်တဲ့ အင်အားရှိတယ်လို့ သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ စေကာ့ မက္ေတာ္မီေနးနဲ႔ တြဲကစားဖို႔အတြက္ ေႏြရာသီမွာ ေပါလ္ ေပါ့ဘာကိုသာ ေရာင္းထုတ္ျဖစ္ခဲ့ရင္ ဖရက္ဒ္နဲ႔ တြဲေပးမယ့္အစား ဝက္စ္ဟမ္းရဲ႕ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူဖို႔ ထရီဗာ ဆင္ကလဲယားတိုက္တြန္း။


– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ အသက္ ၈၁ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့တဲ့ မိခင္ျဖစ္သူ အယ္လီဇဘက္သ္အတြက္ မိမိတို႔ တစ္သင္းလုံး ဝမ္းနည္းေၾကကြဲရပါေၾကာင္း မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ တြစ္တာကေန သတင္းစကား ေပးပို႔သြားခဲ့ၿပီး ဂ်ာမန္နည္းျပအေနနဲ႔ ကိုဗစ္စည္းမ်ဥ္းေတြေၾကာင့္ ဈာပနအခမ္းအနားကိုလည္း မတက္ေရာက္ႏိုင္ခဲ့ဘူးလို႔ သိရ။


– ဒီေန႔ညမွာ ေရးဆြဲသြားမယ့္ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ပြဲစဥ္ေတြမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ မဲႏႈိက္မယ့္ ေဘာလုံးနံပါတ္ ၂ ကို ရွိထားၿပီး လက္ရွိအခ်ိန္အထိ ဘုန္းေမာက္၊ ရွက္ဖီးလ္ဒ္၊ အဲဗာတန္၊ မန္စီးတီးနဲ႔ လက္စတာစီးတီးတို႔ ေနာက္တစ္ဆင့္ တက္ေရာက္ထားႏိုင္ခဲ့ၾက။


– ပရဟိတအလုပ္ေတြနဲ႔ နာမည္ေက်ာ္ၿပီး MBE ဘြဲ႕ရထားတဲ့ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္တစ္ေယာက္ေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ပရိသတ္ေတြၾကားမွာ မ်က္ႏွာေကာင္းမရဘဲျဖစ္ေနၿပီး ဝက္စ္ဟမ္းနဲ႔ပြဲမွာ ေဘာလုံး ၂၄ ႀကိမ္ ဆုံးရႈံးခဲ့မႈေၾကာင့္ ေလာဘႀကီးတယ္လို႔ အျပစ္တင္ခံေနရ။


– မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ လာမယ့္ပြဲေတြမွာ ဂိုးသြင္းစြမ္းရည္ျပသေနခဲ့ၿပီး ၿပိဳင္ပြဲစုံမွာ ၇ ဂိုးအထိ သြင္းယူေပးထားခဲ့တဲ့ ကြင္းလယ္လူ စေကာ့ မက္ေတာ္မီေနးကို ဂိုးသြင္းႏိုင္ဖို႔ ေရွ႕တက္ကစားခြင့္ ပိုမိုေပးသြားမယ္လို႔ ေျပာၾကားခဲ့။


– ယူႏိုက္တက္ေရွ႕တန္းမွာ ေျခစြမ္းျပေနေပမယ့္လည္း အသက္အ႐ြယ္ေၾကာင့္ ခရီးပန္းမႈနဲ႔ ပြဲပန္းမႈေတြကို ပိုမိုခံစားရႏိုင္တဲ့ အက္ဒင္ဆန္ ကာဗာနီအေနနဲ႔ ရစ္ခ်ာလစ္ဆန္ကို ဖ်က္ထုတ္ခဲ့တဲ့ အနီကတ္ေၾကာင့္ ဥ႐ုေဂြးအသင္းရဲ႕ ေတာင္အေမရိကဇုန္ ေျခစစ္ပြဲေတြမွာ ႏွစ္ပြဲပယ္ ခံလိုက္ရၿပီျဖစ္လို႔ သြားေရာက္စရာ မလိုေတာ့ဘဲ အိုးလ္ထရက္ဖို႔ဒ္ပရိသတ္ေတြအတြက္ေတာ့ အဆိုးထဲက အေကာင္းျဖစ္လာ။


– မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ခ်ဥ္းကပ္ႀကိဳးစားေနတဲ့ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ အတြက္ ၿပိဳင္ပြဲမွာ ပီအက္စ္ဂ်ီအသင္းက အသာရရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြကလည္း ခ်ိတ္ဆက္ေန။


– အသင္းရဲ႕ ဂႏၴဝင္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ မာ့ခ္ ဟယူးခ်္က ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ရဲ႕ ပုံစံကို ျမင္ရတာဟာ စိတ္ပ်က္စရာ ျဖစ္ၿပီး သူ႔အေနနဲ႔ ဒီထက္ပိုၿပီး စိတ္ဓာတ္ေကာင္းေကာင္းနဲ႔ ႀကိဳးစားကစားသင့္သလို အသင္းရဲ႕ ကစားကြက္ေတြမွာ ပါဝင္ေနၿပီး ေနရာအတြက္ ထိုက္တန္ေၾကာင္း ျပသသင့္တယ္လို႔ ေဝဖန္။


– မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြအေနနဲ႔ ဆုဖလားေတြကို ရယူခ်င္တယ္ဆိုရင္ ဒီထက္ပိုမိုၿပီး ျပင္းျပတဲ့ စိတ္ဓာတ္နဲ႔ ႀကိဳးစားသင့္ေၾကာင္း အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက ေျပာၾကားလိုက္ၿပီး အနည္းဆုံးေတာ့ ပရိသတ္ေတြအတြက္ဆိုတဲ့ အေတြးမ်ိဳး ေတြးထားသင့္ေၾကာင္းဆို။


– ဘီဘီစီရဲ႕ ေဘာလုံးခန႔္မွန္းသူ ေလာ္႐ိုက လက္ရွိအေနအထားမွာ တျခားအသင္းေတြထက္ သာလြန္တဲ့ ဒဏ္ရာကင္းစင္မႈ အေနအထားအရ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ကိုေရာ ဆုဖလားေတြကို အာ႐ုံစိုက္ႏိုင္တဲ့ အင္အားရွိတယ္လို႔ သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z