Match Report Premier League

လူအင်အားကို မျှမျှတတ ချင့်ချိန်သုံးစွဲပြီး အလွယ်တကူနိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ တိုက်စစ်ပိုင်းကို ပုံမှန်ပွဲထွက်ကစားသမားတွေကို အသုံးပြုခဲ့ပေမယ့် ခံစစ် ၄ ယောက်နဲ့ ဂိုးသမားတို့ကိုတော့ အရန်ခုံထိုင်နေရခဲ့ရတဲ့ ကစားသမားတွေကို အသုံးပြုခဲ့ပြီး ဆွမ်းဆီးကို အဝေးကွင်းမှာ ကစားနေကျ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ပုံစံအတိုင်း ကစားပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။

အရန်တွေဆိုပေမယ့် အသင်းကြီးတစ်သင်းရဲ့ ပွဲထွက်အဆင့်ရှိကြတဲ့ လာပေါ့တ်၊ ဝေါ်လ်ကာ၊ အဲရစ် ဂါစီယာနဲ့ မန်ဒီတို့က အသင်းရဲ့ ရစ်သမ်ကို အပြောင်းအလဲမရှိ စီးမျောနိုင်ခဲ့ပြီး အစောပိုင်းမှာတော့ အိမ်ရှင်ဂိုးသမား ဝုဒ်မန်းနဲ့ ပိတ်ကစားနေတဲ့ ခံစစ်တို့ကြောင့် စီးတီးတို့ ထိုးဖောက်ရ ခက်ခဲခဲ့ပါတယ်။


ပွဲချိန် မိနစ် ၃၀ မှာတော့ ဝေါ်လ်ကာရဲ့ အကွက်မြင်မြင်ပေးပို့မှုကို အတွေ့အကြုံနည်းသေးတဲ့ ချဲလ်ဆီးအငှားကစားသမား ဂူဟီ မတားဆီးလိုက်နိုင်တာကနေ ဖယ်ရန် တောရက်စ်က သူနဲ့ ဂိုးသမားကြားက ပြေးဝင်ပြီး ပိတ်သွင်းဖို့ ကြိုးစားရာမှာ ဘယ်သူနဲ့မှ မထိဘဲ ဝင်သွားခဲ့လို့ ညာနောက်ခံလူရဲ့ ဂိုးအဖြစ်နဲ့ စီးတီးတို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဆွမ်းဆီးတို့အနေနဲ့ စပိန်နောက်ခံလူ အဲရစ် ဂါစီယာရဲ့ အရပ်အမောင်းကို အမြင့်ဘောတွေနဲ့ အခွင့်အရေးယူဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ်ခေါင်းတိုက်မှုတွေ မကောင်းခဲ့သလို စီးတီးတို့ဘက်က စတာလင်ရဲ့ အခွင့်အရေးလည်း ဂိုးမဖြစ်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဧည့်သည်တွေ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး ခဏအကြာ ပွဲချိန် ၄၇ မိနစ်မှာတော့ ဆွမ်ဆီးခံစစ်ညာခြမ်းက ကွက်လပ်ကြီးဖြစ်နေချိန်မှာ ရိုဒရီက ကွက်တိချပေးခဲ့ပြီး ဒါကို စတာလင်က အေးအေးဆေးဆေး ဆွဲပြေးပြီးမှ ဂိုးသမား ဝုဒ်မန်းနဲ့ အတွေ့မှာ နောက်တန်းတစ်ယောက်ကမှ တားဆီးတာကို မခံရဘဲ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းပြီး နောက်တစ်ဂိုး ရယူသွားခဲ့ပါတယ်။

ဖယ်ရန် တောရက်စ်ကတော့ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ အဆုံးသတ် လွဲချော်မှုတွေ များနေခဲ့လို့ စီးတီးတို့ ဂိုးနည်းခဲ့ရတာဖြစ်ပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ ဆွမ်းဆီးနောက်တန်းက လူပေးမှားတာကို ဂျေဆူးစ်က ပြန်လည်ရယူသွားပြီး ဒီကနေ ဂွန်ဒိုးဝမ် တင်ပေးတဲ့ ဘောလုံးကို တောင်ပံက ပြေးတက်လာတဲ့ ဘာနာဒို ဆေးလ်ဗားက ခေါင်းတိုက်ချပေးတာကို ဘရာဇီးလ်တိုက်စစ်မှူးက သူစတဲ့ အရာကို သူပဲ လှလှပပ ထိန်းသိမ်းပြီး အဆုံးသတ်နိုင်ခဲ့လို့ တတိယဂိုး ရခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဆွမ်းဆီးတို့ နှစ်သိမ့်ဂိုး ရယူနိုင်ခဲ့ပြီး တိုက်စစ်မှူး ဝှစ်တိတ်ကာက ကန်သွင်းရာမှာ ကန်စရာ တစ်ပေါက်တည်းရှိခဲ့ပေမယ့် အထာမနပ်တဲ့ ဂိုးသမား ဇက်ခ် စတက်ဖင် ကာကွယ်ဖို့ နှေးကွေးနေခဲ့တာကြောင့် ဂိုးပြန်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စီးတီးတို့ လီဘာတီကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သလို နောက်တစ်ဆင့်ရဲ့ ပွဲစဉ်ရေးဆွဲမှုမှာတော့ မဲနှိုက်ဖို့ ဘောလုံးနံပါတ် ၇ ကို ရရှိထားတဲ့ ဂွါဒီယိုလာရဲ့ အသင်းအနေနဲ့ မတ်လ ၂၀ ရက်နေ့မှာ ဘယ်အသင်းနဲ့ ကစားရမယ် ဆိုတာကိုတော့ ဒီနေ့ည ပွဲစဉ်တွေ ရေးဆွဲမှုမှာ ပေါ်ထွက်လာမှာဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ တိုက္စစ္ပိုင္းကို ပုံမွန္ပြဲထြက္ကစားသမားေတြကို အသုံးျပဳခဲ့ေပမယ့္ ခံစစ္ ၄ ေယာက္နဲ႔ ဂိုးသမားတို႔ကိုေတာ့ အရန္ခုံထိုင္ေနရခဲ့ရတဲ့ ကစားသမားေတြကို အသုံးျပဳခဲ့ၿပီး ဆြမ္းဆီးကို အေဝးကြင္းမွာ ကစားေနက် ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ပုံစံအတိုင္း ကစားၿပီး အႏိုင္ယူႏိုင္ခဲ့ပါတယ္။

အရန္ေတြဆိုေပမယ့္ အသင္းႀကီးတစ္သင္းရဲ႕ ပြဲထြက္အဆင့္ရွိၾကတဲ့ လာေပါ့တ္၊ ေဝၚလ္ကာ၊ အဲရစ္ ဂါစီယာနဲ႔ မန္ဒီတို႔က အသင္းရဲ႕ ရစ္သမ္ကို အေျပာင္းအလဲမရွိ စီးေမ်ာႏိုင္ခဲ့ၿပီး အေစာပိုင္းမွာေတာ့ အိမ္ရွင္ဂိုးသမား ဝုဒ္မန္းနဲ႔ ပိတ္ကစားေနတဲ့ ခံစစ္တို႔ေၾကာင့္ စီးတီးတို႔ ထိုးေဖာက္ရ ခက္ခဲခဲ့ပါတယ္။


ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ေဝၚလ္ကာရဲ႕ အကြက္ျမင္ျမင္ေပးပို႔မႈကို အေတြ႕အႀကဳံနည္းေသးတဲ့ ခ်ဲလ္ဆီးအငွားကစားသမား ဂူဟီ မတားဆီးလိုက္ႏိုင္တာကေန ဖယ္ရန္ ေတာရက္စ္က သူနဲ႔ ဂိုးသမားၾကားက ေျပးဝင္ၿပီး ပိတ္သြင္းဖို႔ ႀကိဳးစားရာမွာ ဘယ္သူနဲ႔မွ မထိဘဲ ဝင္သြားခဲ့လို႔ ညာေနာက္ခံလူရဲ႕ ဂိုးအျဖစ္နဲ႔ စီးတီးတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဆြမ္းဆီးတို႔အေနနဲ႔ စပိန္ေနာက္ခံလူ အဲရစ္ ဂါစီယာရဲ႕ အရပ္အေမာင္းကို အျမင့္ေဘာေတြနဲ႔ အခြင့္အေရးယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဆုံးသတ္ေခါင္းတိုက္မႈေတြ မေကာင္းခဲ့သလို စီးတီးတို႔ဘက္က စတာလင္ရဲ႕ အခြင့္အေရးလည္း ဂိုးမျဖစ္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဧည့္သည္ေတြ အႏိုင္ရေနခဲ့ပါတယ္။

ဒုတိယပိုင္းစၿပီး ခဏအၾကာ ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ဆြမ္ဆီးခံစစ္ညာျခမ္းက ကြက္လပ္ႀကီးျဖစ္ေနခ်ိန္မွာ ႐ိုဒရီက ကြက္တိခ်ေပးခဲ့ၿပီး ဒါကို စတာလင္က ေအးေအးေဆးေဆး ဆြဲေျပးၿပီးမွ ဂိုးသမား ဝုဒ္မန္းနဲ႔ အေတြ႕မွာ ေနာက္တန္းတစ္ေယာက္ကမွ တားဆီးတာကို မခံရဘဲ လြတ္လြတ္ကြၽတ္ကြၽတ္ ကန္သြင္းၿပီး ေနာက္တစ္ဂိုး ရယူသြားခဲ့ပါတယ္။

ဖယ္ရန္ ေတာရက္စ္ကေတာ့ ပထမပိုင္းမွာေရာ ဒုတိယပိုင္းမွာပါ အဆုံးသတ္ လြဲေခ်ာ္မႈေတြ မ်ားေနခဲ့လို႔ စီးတီးတို႔ ဂိုးနည္းခဲ့ရတာျဖစ္ၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဆြမ္းဆီးေနာက္တန္းက လူေပးမွားတာကို ေဂ်ဆူးစ္က ျပန္လည္ရယူသြားၿပီး ဒီကေန ဂြန္ဒိုးဝမ္ တင္ေပးတဲ့ ေဘာလုံးကို ေတာင္ပံက ေျပးတက္လာတဲ့ ဘာနာဒို ေဆးလ္ဗားက ေခါင္းတိုက္ခ်ေပးတာကို ဘရာဇီးလ္တိုက္စစ္မႉးက သူစတဲ့ အရာကို သူပဲ လွလွပပ ထိန္းသိမ္းၿပီး အဆုံးသတ္ႏိုင္ခဲ့လို႔ တတိယဂိုး ရခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဆြမ္းဆီးတို႔ ႏွစ္သိမ့္ဂိုး ရယူႏိုင္ခဲ့ၿပီး တိုက္စစ္မႉး ဝွစ္တိတ္ကာက ကန္သြင္းရာမွာ ကန္စရာ တစ္ေပါက္တည္းရွိခဲ့ေပမယ့္ အထာမနပ္တဲ့ ဂိုးသမား ဇက္ခ္ စတက္ဖင္ ကာကြယ္ဖို႔ ေႏွးေကြးေနခဲ့တာေၾကာင့္ ဂိုးျပန္ေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ စီးတီးတို႔ လီဘာတီကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့သလို ေနာက္တစ္ဆင့္ရဲ႕ ပြဲစဥ္ေရးဆြဲမႈမွာေတာ့ မဲႏႈိက္ဖို႔ ေဘာလုံးနံပါတ္ ၇ ကို ရရွိထားတဲ့ ဂြါဒီယိုလာရဲ႕ အသင္းအေနနဲ႔ မတ္လ ၂၀ ရက္ေန႔မွာ ဘယ္အသင္းနဲ႔ ကစားရမယ္ ဆိုတာကိုေတာ့ ဒီေန႔ည ပြဲစဥ္ေတြ ေရးဆြဲမႈမွာ ေပၚထြက္လာမွာျဖစ္ေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.