Premier League Transfer News

10 Feb ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအနေနဲ့ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ၉၀ ရာခိုင်နှုန်း သေချာနေပြီလို့ ဂျာမန်မဂ္ဂဇင်း BILD က ဖော်ပြခဲ့ပြီး ပရီးမီးယားလိဂ်ကြီးလေးကြီးအသင်းတွေထဲကနေ မန်စီးတီးတို့ လက်ဦးမှု ရယူနိုင်ဖို့ မျှော်လင့်နေ။

– ဘိုင်ယန်မြူးနစ်အသင်းကို ရောင်းချထားခဲ့တဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးအတွက် ဘာဗေးရီးယားကလပ်ဘက်ကနေ အရစ်ကျ ပေးချေမယ့် ယူရို ၁၇ သန်းကို မကြာခင်မှာ ရရှိနိုင်တော့မယ့် မန်ချက်စတာစီးတီးအသင်းအနေနဲ့ ကိုဗစ်ကာလမှာ ဈေးကွက်အတွင်း လှုပ်ရှားနိုင်ဖို့ အထောက်အကူတစ်ရပ်ဖြစ်လာခဲ့။

– ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အလိုရှိနေခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူ့ရဲ့ လုပ်ခကို ပေးချေနိုင်ဖို့အတွက် လက်ထောက်အသင်းခေါင်းဆောင် ကီဗင် ဒီဘရိုင်းနားကို လစာလျှော့ယူဖို့ စာချုပ်သစ်မှာ ကမ်းလှမ်းခဲ့ကြောင်း သူ့ရဲ့ ဘယ်လ်ဂျီယမ်အသင်းဖော်တစ်ဦးက ထုတ်ဖော်သွားခဲ့။

– မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက သူ့ရဲ့ ပင်နယ်တီကန်သွင်းသူကောင်း မရှိဘဲ တစ်ယောက်မဟုတ် တစ်ယောက် လွဲချော်နေတဲ့ အသင်းမှာ နောက်တစ်ခါ ကန်ဖို့လူလဲမယ်ဆိုရင် ဂိုးသမား အီဒါဆန်ကိုပဲ ကန်ခိုင်းတော့မယ်လို့ အင်တာဗျူးမှာ ပြောကြားသွား။

– မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားနေခဲ့တဲ့ ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားအနေနဲ့ လာမယ့် နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ မွန်ချန်ဂလာဘက်ချ်အသင်းဆီ အကြောင်းကြားခဲ့ပြီး ဆွစ်ဇာလန်သားအနေနဲ့ အသင်းက ကမ်းလှမ်းတဲ့ စာချုပ်သစ်ကိုလည်း ငြင်းဆိုထားခဲ့။

– အသင်းရဲ့ နောက်တန်းမှာ ခြေစွမ်းပြနေပြီး အပယ်ခံဘဝကနေ ဦးစားပေးဘဝအထိ ကိုယ့်ကိုယ်ကို ဆွဲတင်နိုင်ခဲ့လို့ ချီးကျူးခံနေရတဲ့ ဗဟိုနောက်ခံလူ ဂျွန်စတုန်းစ်ကို လာမယ့်ရာသီကုန်ချိန်ကျရင် စာချုပ်သစ် သက်တမ်းတိုးသွားမှာဖြစ်ကြောင်း သိရ။

– မန်ချက်စတာစီးတီး ယူ-၂၃ အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ လူငယ်တိုက်စစ်မှူး လီယမ် ဒီလက်ပ်က သူ့အနေနဲ့ စီနီယာအသင်းဖော်တွေထဲက သုံးဦးရဲ့ ကစားပုံကို အတုယူခဲ့ပြီး တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အဂွေရိုနဲ့ ဂျေဆူးစ်တို့ရဲ့ လျင်မြန်တဲ့ အဆုံးသတ်မှုတွေနဲ့ ဖီးလ် ဖိုဒန်ရဲ့ လှုပ်ရှားမှုတွေကို သင်ယူခဲ့ကြောင်း ပြောကြား။

– သူ့အနေနဲ့ အရင်လိုပဲ အသင်းအတွက် ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ထားကြောင်းနဲ့ ဘယ်လိုမျိုး ဂိုးတွေ ရခဲ့သလို ဖန်တီးမှုတွေကိုလည်း ပြုလုပ်နိုင်ခဲ့တယ်ဆိုတာကိုတော့ ရှင်းမပြတတ်ကြောင်း၊ သတိထားမိတာကတော့ အရင်ထက်ပိုပြီး တိုက်စစ်ကို လိုက်ပါကစားခဲ့တာသာ ဖြစ်ကြောင်း ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ် ရှင်းလင်းသွား။

– လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်းနဲ့ နည်းပြဟောင်း ဂရေမီ ဆောင်းနက်စ်က မန်စီးတီးကွင်းလယ်လူ ဖီးလ် ဖိုဒန်ဟာ လက်ရှိ အင်္ဂလန်နိုင်ငံရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတွေထဲမှာ အကောင်းဆုံးဖြစ်နေပြီး ယူရို ၂၀၂၁ မှာ လက်ရွေးစင်အသင်းရဲ့ ပွဲထွက်တစ်နေရာအတွက် ဂရီးလစ်ရှ်၊ မက်ဒီဆန်၊ မေဆန်မောင့်တို့ကို ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရမယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳအေနနဲ႔ လာမယ့္ေႏြရာသီမွာ အသင္းကေန ထြက္ခြာဖို႔ ၉၀ ရာခိုင္ႏႈန္း ေသခ်ာေနၿပီလို႔ ဂ်ာမန္မဂၢဇင္း BILD က ေဖာ္ျပခဲ့ၿပီး ပရီးမီးယားလိဂ္ႀကီးေလးႀကီးအသင္းေတြထဲကေန မန္စီးတီးတို႔ လက္ဦးမႈ ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေန။

– ဘိုင္ယန္ျမဴးနစ္အသင္းကို ေရာင္းခ်ထားခဲ့တဲ့ ေတာင္ပံကစားသမား လီ႐ြိဳင္း ဆာေနးအတြက္ ဘာေဗးရီးယားကလပ္ဘက္ကေန အရစ္က် ေပးေခ်မယ့္ ယူ႐ို ၁၇ သန္းကို မၾကာခင္မွာ ရရွိႏိုင္ေတာ့မယ့္ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ကိုဗစ္ကာလမွာ ေဈးကြက္အတြင္း လႈပ္ရွားႏိုင္ဖို႔ အေထာက္အကူတစ္ရပ္ျဖစ္လာခဲ့။

– ဘာစီလိုနာအသင္းကေန ထြက္ခြာေတာ့မယ့္ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို အလိုရွိေနခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူ႔ရဲ႕ လုပ္ခကို ေပးေခ်ႏိုင္ဖို႔အတြက္ လက္ေထာက္အသင္းေခါင္းေဆာင္ ကီဗင္ ဒီဘ႐ိုင္းနားကို လစာေလွ်ာ့ယူဖို႔ စာခ်ဳပ္သစ္မွာ ကမ္းလွမ္းခဲ့ေၾကာင္း သူ႔ရဲ႕ ဘယ္လ္ဂ်ီယမ္အသင္းေဖာ္တစ္ဦးက ထုတ္ေဖာ္သြားခဲ့။

– မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာက သူ႔ရဲ႕ ပင္နယ္တီကန္သြင္းသူေကာင္း မရွိဘဲ တစ္ေယာက္မဟုတ္ တစ္ေယာက္ လြဲေခ်ာ္ေနတဲ့ အသင္းမွာ ေနာက္တစ္ခါ ကန္ဖို႔လူလဲမယ္ဆိုရင္ ဂိုးသမား အီဒါဆန္ကိုပဲ ကန္ခိုင္းေတာ့မယ္လို႔ အင္တာဗ်ဴးမွာ ေျပာၾကားသြား။

– မန္ခ်က္စတာစီးတီးအသင္းက စိတ္ဝင္စားေနခဲ့တဲ့ ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားအေနနဲ႔ လာမယ့္ ေႏြရာသီမွာ အသင္းကေန ထြက္ခြာေတာ့မယ္လို႔ မြန္ခ်န္ဂလာဘက္ခ်္အသင္းဆီ အေၾကာင္းၾကားခဲ့ၿပီး ဆြစ္ဇာလန္သားအေနနဲ႔ အသင္းက ကမ္းလွမ္းတဲ့ စာခ်ဳပ္သစ္ကိုလည္း ျငင္းဆိုထားခဲ့။

– အသင္းရဲ႕ ေနာက္တန္းမွာ ေျခစြမ္းျပေနၿပီး အပယ္ခံဘဝကေန ဦးစားေပးဘဝအထိ ကိုယ့္ကိုယ္ကို ဆြဲတင္ႏိုင္ခဲ့လို႔ ခ်ီးက်ဴးခံေနရတဲ့ ဗဟိုေနာက္ခံလူ ဂြၽန္စတုန္းစ္ကို လာမယ့္ရာသီကုန္ခ်ိန္က်ရင္ စာခ်ဳပ္သစ္ သက္တမ္းတိုးသြားမွာျဖစ္ေၾကာင္း သိရ။

– မန္ခ်က္စတာစီးတီး ယူ-၂၃ အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ လူငယ္တိုက္စစ္မႉး လီယမ္ ဒီလက္ပ္က သူ႔အေနနဲ႔ စီနီယာအသင္းေဖာ္ေတြထဲက သုံးဦးရဲ႕ ကစားပုံကို အတုယူခဲ့ၿပီး တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ အေဂြ႐ိုနဲ႔ ေဂ်ဆူးစ္တို႔ရဲ႕ လ်င္ျမန္တဲ့ အဆုံးသတ္မႈေတြနဲ႔ ဖီးလ္ ဖိုဒန္ရဲ႕ လႈပ္ရွားမႈေတြကို သင္ယူခဲ့ေၾကာင္း ေျပာၾကား။

– သူ႔အေနနဲ႔ အရင္လိုပဲ အသင္းအတြက္ ၁၀၀ ရာခိုင္ႏႈန္း ေပးဆပ္ထားေၾကာင္းနဲ႔ ဘယ္လိုမ်ိဳး ဂိုးေတြ ရခဲ့သလို ဖန္တီးမႈေတြကိုလည္း ျပဳလုပ္ႏိုင္ခဲ့တယ္ဆိုတာကိုေတာ့ ရွင္းမျပတတ္ေၾကာင္း၊ သတိထားမိတာကေတာ့ အရင္ထက္ပိုၿပီး တိုက္စစ္ကို လိုက္ပါကစားခဲ့တာသာ ျဖစ္ေၾကာင္း ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္ ရွင္းလင္းသြား။

– လီဗာပူးလ္အသင္းေခါင္းေဆာင္ေဟာင္းနဲ႔ နည္းျပေဟာင္း ဂေရမီ ေဆာင္းနက္စ္က မန္စီးတီးကြင္းလယ္လူ ဖီးလ္ ဖိုဒန္ဟာ လက္ရွိ အဂၤလန္ႏိုင္ငံရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမားေတြထဲမွာ အေကာင္းဆုံးျဖစ္ေနၿပီး ယူ႐ို ၂၀၂၁ မွာ လက္ေ႐ြးစင္အသင္းရဲ႕ ပြဲထြက္တစ္ေနရာအတြက္ ဂရီးလစ္ရွ္၊ မက္ဒီဆန္၊ ေမဆန္ေမာင့္တို႔ကို ေက်ာ္ျဖတ္ႏိုင္မလား ေစာင့္ၾကည့္ရမယ္လို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.