Premier League

10 Feb ညဦးပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လာမယ့် လက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ အဝေးကွင်းပွဲစဉ်မှာ အသင်းနဲ့အတူ ထရိန်နင် အပြည့်အဝဆင်းပြီးတဲ့ နောက်ခံလူသစ် အိုဇန် ကာဘက်ခ်ကို ထည့်သွင်းဖို့ ဂျာနယ်လစ် ဂျိမ်းစ် ပီးယားစ်က တိုက်တွန်းလိုက်ပြီး မဟုတ်ရင်လည်း ဘာဖြစ်လို့ ခေါ်ခဲ့သလဲလို့ပဲ မေးရတော့မယ်လို့ ပြောကြားသွားခဲ့။


– လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်မှာ လူအင်အား များပြားနေခဲ့လို့ ပွဲထွက်တစ်နေရာအတွက် ခက်ခဲနေစဉ်မှာ ဒဏ်ရာတွေကတော့ သူ့ရဲ့ အနေအထားကို ဆိုးရွားစေပြီး တစ်ရာသီမှာ ပွဲ ၅၀ ရာခိုင်နှုန်းလောက်သာ ကစားနိုင်တဲ့ အဲလက်စ် ချိမ်ဘာလိန်အတွက် အနာဂတ်ကို အချိန်မလွန်ခင် နှစ်ဦးနှစ်ဖက် စဉ်းစားရမယ်လို့ အက်သလက်တစ်ဂျာနယ်လစ် သတိပေး။


– လီဗာပူးလ်တစ်သင်းလုံးဟာ သူ့ထက် ကစားပုံ မြန်ကောင်းမြန်နိုင်ပေမယ့် တွေးခေါ်မြော်မြင်မှုနဲ့ ဖန်တီးမှုမှာတော့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအနေနဲ့ ခြေတစ်လှမ်းသာနေတာကြောင့် အံမဝင်နိုင်သေးတာဖြစ်ပြီး ဒါကို အသားကျအောင် စောင့်ဖို့နဲ့ အပြစ်မတင်ဖို့ ကစားသမားဟောင်း မိုက်ကယ် သောမတ်စ် တိုက်တွန်း။


– ဗုဒ္ဓဟူးနေ့မှာ အသက် ၂၆ နှစ် ပြည့်သွားခဲ့တဲ့ ဂီနီလက်ရွေးစင် နာဘီ ကီးတားဟာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကို အနာဂတ်မှာ ပိုမိုမောင်းနှင်ပြီး ဦးဆောင်နိုင်မယ့်သူလို့ Liverpool Echo က ရေးသားလိုက်ပြီး ဗိုင်နယ်လ်ဒွမ် ထွက်ခွာသွားမယ့်အချိန်မှာ အဓိက ကစားသမားဖြစ်လာဖို့ ရှိနေ။


– လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ အသင်းကနေ မလိုအပ်တဲ့ ကစားသမား ၆ ဦးအထိ ရောင်းချသွားဖို့ လီဗာပူးလ်တို့ ပြင်ဆင်နေပြီး ဂိုးသမား ကားရီးယပ်စ်၊ ကွင်းလယ်လူ ဂရူယစ်ချ်နဲ့ ဝီလ်ဆန်တို့က ဒီအရောင်းစာရင်းထဲမှာ ပါဝင်နေကြောင်း သိရ။


– လိဒ်စ်ယူနိုက်တက်အသင်းကို ဒီနွေရာသီမှာမှ ပြင်သစ်မြေကနေ ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ အသင်းရဲ့ စိတ်ဝင်စားမှုအပေါ် လီဗာပူးလ်ပရိသတ်တွေက ကြိုဆိုခဲ့ကြပြီး မာနေးနဲ့ ရှာကျီရီတို့ကို အစားထိုးနိုင်မယ်လို့ ဆိုနေကြ။


– ဘိုင်ယန်မြူးနစ်အသင်းဥက္ကဌ ကားလ်-ဟိုင့်ဇ် ရမ်မာနစ်ဂါက သူဟာ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး ဘာဗေးရီးယားကလပ်မှာ ကစားတာကို မြင်ချင်ကြောင်း ပြောကြားခဲ့ပေမယ့် ဒါဟာ ခေါ်ယူမယ်လို့ ပြောတာမျိုးတော့ မဟုတ်ဘူးလို့ မီဒီယာတွေကို ပြောကြား။


– လီဗာပူးလ်အသင်းရဲ့ စောင့်ကြည့်နေတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဂျေဒန် ဆန်ချိုအနေနဲ့ နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ၉၀ ရာနှုန်း သေချာနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး အင်္ဂလန်လက်ရွေးစင်အတွက် ဒေါ့မွန်အသင်းဘက်က ပေါင်သန်း ၉၀ နဲ့ အထက် အလိုရှိတယ်လို့ဆို။


– ဘာစီလိုနာအသင်းအနေနဲ့ လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်း ပေးပြီး ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုကို သုံးစွဲဖို့ ခက်ခဲနေပြီး သူတို့တွေအနေနဲ့ လာမယ့် ၇ ပွဲကို ကစားခိုင်းခဲ့ရင် နောက်ထပ် ယူရို ၅ သန်း အရစ်ကျ ထပ်မံ ပေးချေရနိုင်မှုကို အတတ်နိုင်ဆုံး ရှောင်လွှဲနေခဲ့ရတယ်လို့ သတင်းတွေ ရေးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လာမယ့္ လက္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔ရဲ႕ အေဝးကြင္းပြဲစဥ္မွာ အသင္းနဲ႔အတူ ထရိန္နင္ အျပည့္အဝဆင္းၿပီးတဲ့ ေနာက္ခံလူသစ္ အိုဇန္ ကာဘက္ခ္ကို ထည့္သြင္းဖို႔ ဂ်ာနယ္လစ္ ဂ်ိမ္းစ္ ပီးယားစ္က တိုက္တြန္းလိုက္ၿပီး မဟုတ္ရင္လည္း ဘာျဖစ္လို႔ ေခၚခဲ့သလဲလို႔ပဲ ေမးရေတာ့မယ္လို႔ ေျပာၾကားသြားခဲ့။


– လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္မွာ လူအင္အား မ်ားျပားေနခဲ့လို႔ ပြဲထြက္တစ္ေနရာအတြက္ ခက္ခဲေနစဥ္မွာ ဒဏ္ရာေတြကေတာ့ သူ႔ရဲ႕ အေနအထားကို ဆိုး႐ြားေစၿပီး တစ္ရာသီမွာ ပြဲ ၅၀ ရာခိုင္ႏႈန္းေလာက္သာ ကစားႏိုင္တဲ့ အဲလက္စ္ ခ်ိမ္ဘာလိန္အတြက္ အနာဂတ္ကို အခ်ိန္မလြန္ခင္ ႏွစ္ဦးႏွစ္ဖက္ စဥ္းစားရမယ္လို႔ အက္သလက္တစ္ဂ်ာနယ္လစ္ သတိေပး။


– လီဗာပူးလ္တစ္သင္းလုံးဟာ သူ႔ထက္ ကစားပုံ ျမန္ေကာင္းျမန္ႏိုင္ေပမယ့္ ေတြးေခၚေျမာ္ျမင္မႈနဲ႔ ဖန္တီးမႈမွာေတာ့ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာအေနနဲ႔ ေျခတစ္လွမ္းသာေနတာေၾကာင့္ အံမဝင္ႏိုင္ေသးတာျဖစ္ၿပီး ဒါကို အသားက်ေအာင္ ေစာင့္ဖို႔နဲ႔ အျပစ္မတင္ဖို႔ ကစားသမားေဟာင္း မိုက္ကယ္ ေသာမတ္စ္ တိုက္တြန္း။


– ဗုဒၶဟူးေန႔မွာ အသက္ ၂၆ ႏွစ္ ျပည့္သြားခဲ့တဲ့ ဂီနီလက္ေ႐ြးစင္ နာဘီ ကီးတားဟာ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္ကို အနာဂတ္မွာ ပိုမိုေမာင္းႏွင္ၿပီး ဦးေဆာင္ႏိုင္မယ့္သူလို႔ Liverpool Echo က ေရးသားလိုက္ၿပီး ဗိုင္နယ္လ္ဒြမ္ ထြက္ခြာသြားမယ့္အခ်ိန္မွာ အဓိက ကစားသမားျဖစ္လာဖို႔ ရွိေန။


– လာမယ့္ေႏြရာသီမွာ ကစားသမားသစ္ေတြ ေခၚယူႏိုင္ဖို႔ အသင္းကေန မလိုအပ္တဲ့ ကစားသမား ၆ ဦးအထိ ေရာင္းခ်သြားဖို႔ လီဗာပူးလ္တို႔ ျပင္ဆင္ေနၿပီး ဂိုးသမား ကားရီးယပ္စ္၊ ကြင္းလယ္လူ ဂ႐ူယစ္ခ်္နဲ႔ ဝီလ္ဆန္တို႔က ဒီအေရာင္းစာရင္းထဲမွာ ပါဝင္ေနေၾကာင္း သိရ။


– လိဒ္စ္ယူႏိုက္တက္အသင္းကို ဒီေႏြရာသီမွာမွ ျပင္သစ္ေျမကေန ေရာက္ရွိလာခဲ့ၿပီး ေျခစြမ္းျပေနတဲ့ ေတာင္ပံကစားသမား ရာဖင္ညာကို ေခၚယူဖို႔ အသင္းရဲ႕ စိတ္ဝင္စားမႈအေပၚ လီဗာပူးလ္ပရိသတ္ေတြက ႀကိဳဆိုခဲ့ၾကၿပီး မာေနးနဲ႔ ရွာက်ီရီတို႔ကို အစားထိုးႏိုင္မယ္လို႔ ဆိုေနၾက။


– ဘိုင္ယန္ျမဴးနစ္အသင္းဥကၠဌ ကားလ္-ဟိုင့္ဇ္ ရမ္မာနစ္ဂါက သူဟာ လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားရဲ႕ ပရိသတ္တစ္ဦးျဖစ္ၿပီး ဘာေဗးရီးယားကလပ္မွာ ကစားတာကို ျမင္ခ်င္ေၾကာင္း ေျပာၾကားခဲ့ေပမယ့္ ဒါဟာ ေခၚယူမယ္လို႔ ေျပာတာမ်ိဳးေတာ့ မဟုတ္ဘူးလို႔ မီဒီယာေတြကို ေျပာၾကား။


– လီဗာပူးလ္အသင္းရဲ႕ ေစာင့္ၾကည့္ေနတဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ ေဂ်ဒန္ ဆန္ခ်ိဳအေနနဲ႔ ေႏြရာသီမွာ အသင္းေျပာင္းေ႐ႊ႕ဖို႔ ၉၀ ရာႏႈန္း ေသခ်ာေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကၿပီး အဂၤလန္လက္ေ႐ြးစင္အတြက္ ေဒါ့မြန္အသင္းဘက္က ေပါင္သန္း ၉၀ နဲ႔ အထက္ အလိုရွိတယ္လို႔ဆို။


– ဘာစီလိုနာအသင္းအေနနဲ႔ လီဗာပူးလ္အသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၄၂ သန္း ေပးၿပီး ေခၚယူခဲ့တဲ့ ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညိဳကို သုံးစြဲဖို႔ ခက္ခဲေနၿပီး သူတို႔ေတြအေနနဲ႔ လာမယ့္ ၇ ပြဲကို ကစားခိုင္းခဲ့ရင္ ေနာက္ထပ္ ယူ႐ို ၅ သန္း အရစ္က် ထပ္မံ ေပးေခ်ရႏိုင္မႈကို အတတ္ႏိုင္ဆုံး ေရွာင္လႊဲေနခဲ့ရတယ္လို႔ သတင္းေတြ ေရးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.